Sunday, August 30, 2009

ကပ္ပိယကျော်ခေါင်း နှင့် ဒူးယူ..ပေါင်ယူ...

justify;"တစ်နေ့..ကပ္ပိယကျော်ခေါင် သည်၊ ဗဟုသုတ ရလိုရငြား ရွာဦးကျောင်းအနီး ဇရပ်ပျက်ကြီးတွင် အကြီးအကျယ် ဖွင့်လစ်သင်ကြားနေသော နွေရာသီ ကျူရှင်ပြရာသို့သွားရောက် နားထောင်နေလေ၏၊
ကျောင်းသားလေးများ အပြန်အလှန် ပြောဆိုနေသော အင်္ဂလိပ်စကားများ နားထောင်ရင်း ဘယ်သူက လေယူလေသိမ်းညံ့ကြောင်း ဘယ်သူကဖြင် ကောင်းကြောင်းကို သူ၏ ဝသီအရ ဗုမသိဘမသိ ဝေဖန်နေလိုက်သေး၏၊ do you know my name? do you....? do you ....? သို့သော် ကပ္ပိယကျော်ခေါင်တစ်ယောက် တစ်လုံးတစ်ပါဒမျှ နားလည်ခြင်းမရှိပေ၊နောက်ဆုံးတွင်ကား.. ကပ္ပိယကျော်ခေါင်သည် သူဘာမှနားမလည်သည်ကို ကျောင်းသားလေးများ ရိပ်မိမှားစိုး၍ ဤကဲ့သို့ဝေဖန် ပြစ်တင်ကာ ထွက်ခွါသွားလေတော့၏၊
မင်းတို့စာသင်တာလဲကွာ...ဘာတွေလည်း။ ဒူး ယူတာတွေရော...ပေါင် ယူတာတွေရော...ရူုတ်ယှက်ကို ခတ်နေတာပဲ ဘာတွေလဲ။ ။

Wednesday, August 26, 2009

သုံးလမ်းမှတ်တိုင်

မိုးတွေတဖွဲဖွဲအောက်မှာဘဲ
သုံးလမ်းမှတ်တိုင်လေးကတော့ မီးတောက်လောက်မြိုက်လို့….။

အတိတ်ကိုထိုင်မျှားနေတဲ့မိုးတိမ်တွေ
ပစ္စုပ္ပန်ကိုရှုသွင်းနေတဲ့ပင့်သက်တွေ
ဒါတွေအားလုံး ကားလမ်းမပေါ်ပစ်ချ
အလင်းအမှောင်မညီမျှတဲ့ပုံရိပ်တွေက
မိုးပေါက်တွေနဲ့ရောပြီးခုန်းဆင်းလာကြတယ်…….

ဟော
ပြောရင်းဆိုရင်း တိမ်တစ်အုပ်က
လှည်းတန်းဘက်ဆီပြေးသွားကြပြန်ပြီ…………။

သမိုင်းအစကတည်းက
လူနဲ့တိုင်းပြီးထုတ်လုပ်ထားတဲ့လူ့ဦးနှောက်မှာ
ဘာပုံရိပ်တွေကိုမှကြိုတင်ထည့်မထားပါဘူးကွယ့်
မင်းနဲ့ပတ်သက်သမျှ
စာမေးပွဲခန်းထဲကကျောင်းသားတစ်ယောက်လို
အကြိမ်ကြိမ်ပြန်ရွတ်ရ
အကြိမ်ကြိမ်ပြန်သတိရ
အကြိမ်ကြိမ်တေးမှတ်ရ
နောက်ဆုံ မင်းရဲ့ခြေရာတွေကို
လမင်းမှာကော်နဲ့ကပ်ပြီး ကဗျာတွေစပ်တဲ့ည
ဟိုး…အဝေးကသုံးလမ်းမှတ်တိုင်လေးလဲ
ငါအိပ်မက်တွေထဲ တစ်ဖျောက်ဖျောက်...ကြွေ...ကျ………။

ဒီမှတ်တိုင်လေးမှာ
ငါတို့အိပ်မက်တွေ စတင်မျက်နှာသစ်ခဲ့ရ
ငါတို့နာရီတွေ အတူတူဆေးရောင်ချယ်ခဲ့ကြ
ငါတို့စိုက်ခင်းတွေကို အတူထိုင်ကြည့်ရင်းကြည်နူးခဲ့ရ
၄၆ ဘတ်စ်ကားတွေနောက်က
ငါ့မျက်လုံးတွေတစ်ကောက်ကောက်ပြေးလိုက်ရင်း
မင်းအတွက် ခြေနင်းခုန်လေးမှာ ကင်းစောင့်ပေးခဲ့ရဘူးတယ်…..။

အခုလဲ….
မင်းနဲ့ဝေးတဲ့ နှစ်နှစ်ခွဲကာလ
မင်းရဲ့လက်ဖ၀ါးနုနုလေးကို
အိတ်ကပ်ထဲက ထုတ်ထုတ်ကြည့်ဆဲခဏမှာဘဲ
သုံးလမ်းမှတ်တိုင်မှာ မိုးတွေ....သဲသဲမဲမဲရွာချလို့………………။

August 27, 2009

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏သြ၀ါဒကထာ

အများအကျိုး

ရွက်သယ်ပိုးက

ခနိုးခနဲ့

ဆိုကဲ့ရဲ့လည်း

မရွဲ့မစောင်း

ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်

ရှေးရှုနှင်လော.....

သံဃသာမ၈္ဂီသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏။

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်၊ လူအများ ချမ်းသာရန်၊ လူအများ အကျိုးရှိရန်၊ နတ်လူတို့ အကျိုးစီးပွါး ရှိရန် ချမ်းသာရန်သာ ဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။ သံဃာညီညွတ်မှုတည်း။

ရဟန်းတို့ သံဃာ ညီညွတ်သည်ရှိသော် သံဃာ ညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။

ထိုသံဃာ ညီညွတ်ရာ၌ မကြည်ညိုသေးသော သူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီး သူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို - ''သံဃာ ညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည် လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂ လေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏။

၉ - သံဃသာမဂ္ဂီသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။သံဃသာမဂ္ဂီသုတ်။

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏။

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်၊ လူအများ ချမ်းသာရန်၊ လူအများ အကျိုးရှိရန်၊ နတ်လူတို့ အကျိုးစီးပွါး ရှိရန် ချမ်းသာရန်သာ ဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။ သံဃာညီညွတ်မှုတည်း။

ရဟန်းတို့ သံဃာ ညီညွတ်သည်ရှိသော် သံဃာ ညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။

ထိုသံဃာ ညီညွတ်ရာ၌ မကြည်ညိုသေးသော သူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီး သူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို - ''သံဃာ ညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည် လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂ လေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏။

၉ - သံဃသာမဂ္ဂီသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။
(နစ်နေမန်း ဘလော့မှကူးယူဖော်ပြပါသည်)

မိမိသည်သာ.....

Pray not! The darkness will not brighten!
Ask Nought from the Silence, for it cannot Speak!
Vex not your mournful minds with pious pains!
Ah, Brothers, Sisters, seek.
Nought from the helpless gods by gifts and Hymn, Nor bribe with blood,
nor feed with fruit and cakes.
Within yourselves deliverance must be sought Each man his prison makes.

The Light of Asia
by Sir Edwin Arnold

***ဆုမတောင်းလင့်၊ အမှောင်ထုက လင်းလာလိမ့်မည်မဟုတ်၊
***ဆိတ်ငြိမ်ထုမှလည်း ဆုမတောင်းလင့်၊ ဆိငြိမ်ထုကား စကားပင်မပြောနိုင်၊
***သင်တို့၏ ငြိုငြင်ပင်ပန်းနေသည့် စိတ်ဓာတ်တို့ကို ဘုရား တရားကို ကြည်ညိုသည့် ဒုက္ခဆင်းရဲတို့ဖြင့် အနှောက်အယှက် မပြုပါလင့်၊
***အို....ညီတော် နောင်တော် နှမတော်တို့...အားကိုးရာမဲ့ နတ်သိကြားတို့ထံတွင် ပူဇော်ခြင်း၊ ဓမ္မဂီတ သီဆိုခြင်းတို့ဖြင့် ရှိမခိုးကြပါလင့်၊
***ယဇ်ပူဇော်ခြင်း သစ်သီးမုန့်ပဲသရေစာတို့ဖြင့် ပူဇော်ပသခြင်း အမှု့တို့ကိုလည်း မပြုပါလင့်၊ ***လွတ်မြောက်မှု့ကို အသင်တို့ ခန္ဓာကိုယ်အတွင်းမှာ ရှာဖွေကြပါကုန်လော့၊
***လူတိုင်း လူတိုင်းကိုယ့်အကျဉ်းထောင်ကို ကိုယ်တည်ဆောက်နေခြင်းသာဖြစ်သည်၊

နတ်မှီတောရ တောင်တွင်းကြီးဆရာတော်
ဆရာတော် ဦးဥက္ကဌ ၏
ဘ၀ဖြစ်စဉ် စာအုပ်မှ
Page-274

Sunday, August 23, 2009

လျှောက်ထားလွှာ

လျှောက်ထားလွှာ
ရိုသေစွာလျှောက်ထားအပ်ပါသည် ကျောင်သားအဖွဲ့ဝင် အရှင်သူမြတ်တို့ဘုရား
ယနေ့ ကွန်ပျူတာသင်တန်းကို စတင်ဖွင့်လှစ် ပါသည်ဘုရား။နောက်ထပ် အတန်းများလည်း ထပ်မံဖွင့်လှစ် ရန်ရှိပါသည်ဘုရား အဖွဲ့အစည်းမှ သင်ကြားပေးရပါမည် ဖြစ်ပါသောကြောင့် အဖွဲ့ဝင် များနှင့် ကော်မတီဝင်များ တိုင်ပင်ဆွေးနွေးညှိနိုင်းတော်မူကြပါဘုရား။
ဘလော့မှ အသိပေးလျှောက်ထားလွှာများ နှင့် အကြံအညာဏ်များ ပေးတော်မူကြပါဘုရား။
စာအုပ်ဖိုးမှာလည်း အတွက်မှားသွားပါသည်ဘုရား စုစုပေါင်း ၁၀ အုပ် အတွက် ၃၀၀ ဘတ်သာ ကျသင့်ပါသည်ဘုရား။

Saturday, August 22, 2009

ငါအိုသွားတဲ့အခါ



ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး
ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ၊

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ
အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ
အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ
ငါ့ကို မရွံ့ပါနဲ့
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ၊

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ
စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း
တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေ
စတဲ့ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ
ငါ့ကို မငြိုငြင်ပါနဲ့
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို
မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို
စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ၊

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး
လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့
ငါ့ကို ကူတွဲပေးကြပါ၊

လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်လေ့ကျင့် ပေးခဲ့တာတွေကို သတိရပေးပါ၊

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး
ဝမ်းမနည်းပါနှင့် နားလည်ပေးပါ၊ အားပေးပါ၊

အရင်တုန်းက လူ့ဘ၀တစ်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ
ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေတွေ့ရမှာပါ။

(အိုပယ်ဇာတ်ကားထဲမှ ကူးယူဖော်ပြပါသည်။

အသိပေးလျှောက်ထားလွှာ

ကျောင်းသားအဖွဲ့အစည်း MSMO မှ မနက်ဖြန် ၀ါလာလပ် အထည်ချုပ်စက်ရုံတွင် ကွန်ပျူတာသင်တန်း နှင့် အင်္ဂလိပ်စာသင်တန်း သင်ကြားပို့ချမည် ဖြစ်ပါသည်. ပထမဆုံး အဖြစ် သင်တန်းသားများအား လေ့ကျင့်ခန်းစာအုပ် အခမဲ့ပေးဝေပါသည်.
MSMO (ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့) မှ
တစ်အုပ်လျှင် ၇၇ ဘတ် နှင့် ၁၀ အုပ် စုစုပေါင်း ၇၇၀ ဘတ် လှူဒါန်းပါသည်။



Friday, August 21, 2009

ငါ

မနက်စောစော အိပ်ရာထ၊
တောက်တိုမယ်ရ ဗရပွနဲ့ ၊
ကမ္ဘာကို ခြေကန်ချင်နေတဲ့ ငါ၊
ကောင်းကင်ကို မော့ကြည့်ရင်း၊
မြေကြီးကို လက်သီး ထိုးမိခဲ့။ ။

ဒလက်တောပုံပြင်


ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။

ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေးတစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။

ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ကြာခဲ့ပြီ။

မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှနိုင်ငံရယ် လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ် မရှိသလောက် နည်းတဲ့ ဒလက်တောရွာကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့် တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါးသိရတာ။

ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။ တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန်တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ်ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။

အာဇာနည်စိတ်ရှိပြီး စစ်အစိုးရကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက်ထားခဲ့စမ်းဆိုတော့ ကိုထွန်းဝါလည်း တင်ပါ့ ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီး လည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက်ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက်တစ်ရွက်ထဲ ချရေး လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃

ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။
ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။
လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။
ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။

ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်

ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေးသလိုလို အရေးအသားနဲ့ ဘာကိုဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်းပါတယ်။ ဦးစိန်မောင် နာမည် လည်း ပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲတစ်ခုကိုသွားဖို့ နွားလှည်း အလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီးရေးထားတဲ့ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။

ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။

“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာမဟုတ်လားဘုရား။ ဘာလို့ စာတတန်၊ ပေတတန်ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများရှိလို့လားဘုရား”

ဆရာတော်က အ တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး

“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင်ထုတ်ခဲ့ရတယ်ဟ”

“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”

“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့မပါဘူး။ လိုရင်းကို ထိရောက်အောင် ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာမလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်းရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာလုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက် တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”

ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝအနားက ခြံစည်းရိုးအစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။

“ဗျို့ ဦးစိန်မောင်။ ဆရာတော့်ကျောင်းဘက်လာဦးဗျ”

“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”

ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက်ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွား တာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။

မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။

စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်းအလှူရှင်များ အဖွဲ့ဝင်။

သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက်ပိုင်းလေးပေါ်မှာ ခဲတံတုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။

ကပ္ပိယကြီးက ကြေညာသည်။

ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရပ်ကို ရွာသားများနဲ့အတူ လုံးဝကြိုဆို တယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေးအတွက် အထောက်အကူကောင်းလို့ ယုံကြည် မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။

တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။

ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက်ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေး တတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။

ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက်ပြန်ထုတ်နဲ့ ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာကြည့်တော့။

ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကားလိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတူပြီးသားရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြောထားမည်။
စိုးမောင်၊ သမီးအဖေ။
………………………………………….
အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
………………………………………….
မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဥာဏ်ကြီးရေးပေးသည်)

အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက် ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလိုပြန်ကြေညာမယ်နဲ့ပဲ နှုတ်ဆက်ကြ တော့တယ်။

ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝမှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့်ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖတ်ပြီး အကြောင်းကြားပေးတဲ့ မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။

စာမရေးတတ်၊ မဖတ်တတ်တဲ့လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံတစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။

အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတော့ ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။

တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃

ငါနဲ့ စိန်မောင်ကလွဲပြီးကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက်မထုတ်နဲ့လို့ တားမြစ်လိုက်သည်။ သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။

မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။

ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက်ထုတ်ရတာကို သဘောတွေ့နေတဲ့လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခုထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင် သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။

“ခြေတံရှည်အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာနေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။

နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက် ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထားမတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်း ရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင် လာဘ် သိပ်မရွှင်တော့ဘူးလေ။

ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။

“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”

“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီလိုပါသလဲဘုရား”

“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။

“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”

“ဟေ… ဘာတဲ့လဲကွ”

“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီမဟုတ်လားဘုရား”

“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”

“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”


“မင်းပဲ ကြေညာချက်က ထုတ်တိုင်းမကောင်းဘူးဆိုကွ”

“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။

တရွာလုံးကို အသိပေးလိုက်သည်။ နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။ အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။ အရင်လို ပြန်နေကြ။ မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်

မှတ်ချက်-မိမိမေးထဲသို့forwardဖြင့်ရောက်လာသောဤပုံပြင်လေးကို ကြိုက်နှစ်သက်သဖြင့်ကူးယူဖော်ပြခြင်း

ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဆန်းသစ်အောင်

Thursday, August 20, 2009

ဘာသာစကားများကို ထိန်းသိမ်းခြင်း

ခိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသားမှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။

ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ်များစွာမှာမူ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။

ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံးပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။

အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။

ဘာသာစကား ၂ မျိုးသင်ကြားရေးနည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။

အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လူနည်းစုတိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေရန်မှာ ကမ္ဘာ့လူ့မှုအသိုင်းအ၀ိုင်းတစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။

ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။

ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။

မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း

တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက်တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ထည့်သွင်းသင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသားခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ်အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေးအဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေးမူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်းသင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီပညာရေးစနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများရရှိစေရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများသင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။

Tuesday, August 18, 2009

ဗုဒ္ဓခေတ်မြတ် တွေ့ ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊
ခိုင်ဖြီးသဒ္ဓါ။ လှူပြီးကာမျှ၊
ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနဲ့။

မစဲညနေ့၊ ဘုရားရှေ့တွင်၊
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍၊
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု၊
ယုံကြည်အားရ၊ စိတ်မချနဲ့။

ဓာရဏနှင့်၊ ဓမ္မစကြာ၊
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊
ကြီးမည့်တေဇော်၊ မစောင့်မျှော်နဲ့။


ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်၊
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်၊
လုံလောက်လှပြီ၊ မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး၊
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊
တရာ့ရှစ်သီး၊ စိပ်ပုတီးကို၊
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနဲ့။

ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က၊
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊
သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ၊
ယုံကြည်စွဲလျက်၊
အမြဲနေ့ည၊ ၀ိပဿနာ၊ ဘာဝနာကို၊
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ၊
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊
စွဲမှတ်သတိ၊ ရှိပါစေ။

( ဦးချိုရှိန် )

The life of the Buddha

Friday, August 14, 2009

Bloggerတစ်ယောက်၏ဆန္ဒ




စာမူရေးခ

ငွေမရလည်း

ငါ့ဘလော့မှာ

လည်ပတ်သူလာရင်

ရင်မှာပီတိ

ဝေဖြာမိ၏။

ထိုမှတစ်ဖန်

ဆက်ကြည့်ပြန်လျှင်

စီဘောက်ထဲတွင်

မက်ဆေ့မြင်သော်

အတိုင်းအဆမရှိ

ပျော်ရွှင်မိ၏။

အသိပေးခြင်း

အသိပေးအပ်ပါသည်.....

၀၈.၀၈.၂၀၀၉ နေ့ အစည်းဝေးတွင် တင်ပြခဲ့သည့်အတိုင်း ကျောင်းသားများ အင်္ဂလိပ်စာအရည်အချင်း ပိုမိုမြင့်မားစေရေးကို ရည်ရွယ်၍ အင်္ဂလိပ်စာမျှဝေသင်ကြားခြင်းကို မနက်ဖြန် ၁၄.၀၈.၂၀၀၉ (စနေနေ့)တွင် ၀တ်တလုံးကျောင်း၌ စတင်ပါမည်၊ ၂.နာရီမှ ၄.နာရီထိဖြစ်ပါသည်၊ စာရင်းပေးထားသည်ဖြစ်စေ မပေးထားသည်ဖြစ်စေ စိတ်ပါဝင်စားပါက လာရောက်ပါဝင်လက်တွဲနိုင်ပါသည်၊

မိမိတို့သိထားသော Vocabularies များ Idioms များ Usages များကို အချင်းချင်း ဖလှယ်နိုင်ပါသည်၊ အတန်းရှေ့တွင် မတ်တပ်ရပ်ကာ Presentation လုပ်ခြင်းများ၊ ကြိုက်နှစ်သက်ရာ Topic တစ်ခုခုကိုရွေးချယ် ထပြောခြင်းများ၊ Question & Answer လုပ်စေခြင်းများ ပြုလုပ်ကြရန် စီစဉ်ထားပါသည်၊

နောင်တွင် အတန်းတက်ချိန်အတွင်း အင်္ဂလိပ်လိုချည်းပြောဆိုကြစေရန်လည်း တိုက်တွန်းအပ်ပါသည်၊ သို့မှသာ အင်္ဂလိပ်လို ပြောကျင့်ရကာ လူအများအလယ်တွင် ပြောရဲဆိုရဲ ရှိပါမည်၊ အထူးအသိပေးလိုသည်မှာ မိမိသည် တော်၍ တတ်၍ ပြန်သင်ခြင်းမဟုတ်ပါ၊ မိမိသိသလောက် နားလည်သလောက်ကို ရဟန်းတော်တို့အား ပြန်လည် မျှဝေယင်း မိမိလည်း အင်္ဂလိပ်စာကို လေ့လာမှု့ အမျှင်မပြတ်အောင်၊ ဖတ်ယင်းဖတ်ယင်းဖြင့် ကိုယ်တိုင်လည်း ဝေါဟာရကြွယ်အောင် မျှဝေခြင်း သက်သက်သာဖြစ်ပါသည်၊

နောက်ထပ်အသိပေးလိုသည်မှာ New Opportunities Education for life စာအုပ်များ ၁၁-အုပ် ၀ယ်ထားပါသည်၊ စာရင်းပေးထားသော အရေအတွက်အလိုက် ၀ယ်ထားခြင်းဖြစ်ပြီး Intermediate Level ဖြစ်ပါသည်၊ တစ်အုပ်လျင် ၂၉၀-ဘတ်ကျသင့်ပြီး ကုန်ကျငွေကို သင်တန်းတက်သူနှင့် MSMO အဖွဲ့မှ တစ်ဝက်စီကျခံစေရန် ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး များနှင့် သက်ဆိုင်ရာကော်မတီများ ဆုံးဖြတ်ထားကြပါသည်၊ သင်တန်းတက်သူများမှ စာအုပ်အတွက် တစ်ပါးလျင် ၁၅၀-ဘတ်ကျသင့်ပါမည်၊ ကျောင်းသားများ ပညာရေးအတွက် အဖွဲ့၏ ပထဆုံးသော ခြေလှမ်းဆိုလျင်လည်း မှန်ပါသည်၊ နောက်နောင်တွင် ထိုင်းစကားသင်တန်းများ၊ နည်းပညာဖလှယ်ပွဲများ ဖြစ်မြောက်လာမည်ဟုလည်း မျှော်လင့်မိပါသည်၊

နောက်ဆုံးအနေနဲ့ ပြောကြားလိုသည်မှာ စာရင်းပေးထားသည်ဖြစ်စေ မပေးထားသည်ဖြစ်စေ စိတ်ပါဝင်စားပါက လာရောက်ပါဝင်လက်တွဲနိုင်ပါသည်၊ မိမိတို့သိထားသော Vocabularies များ Idioms များ Usages များကို အချင်းချင်း ဖလှယ်ကြပါရန်လည်း နှိုးဆော်အပ်သည်။ ။

Thursday, August 13, 2009

ကပ္ပိယကျော်ခေါင်း နှင့် သူမသိသေးသော အကြောင်းအရာများ

တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်းသည်၊ ရွာဦးကျောင်းနောက်ဖက် ဇရပ်အိုကြီး၌ အနားယူနေစဉ်၊ ဆရာတော်ခေါ်သဖြင့် အပြေးအလွှား ကျောင်းကြီးပေါ်သို့ ရောက်ရှိလာ၏၊ ‘‘အမိန့်ရှိပါဘုရား ’’ ဟု၍ လျှောက်ထားလိုက်ရာ ၊ ဆရာတော်သည်း ဤသို့ အမိန့်ရှိလေ၏ ။ ‘‘ ငကျော်ခေါင်း မင်းနဲ့ ငါ နောက်အပတ်ထဲမှာ အညာဖက်ကို ခရီးအတူသွားကြမယ်ကွဲ့ မင်းလည်း ဗဟုသုတ တိုးတာပေါ့ ’’ ဟူ၍ ပြောဆိုလေ၏ ။ ကပ္ပိယကျော်ခေါင် သည် မရောက်ဖူးသောနေရာကို လိုက်ချင်သော်လည်း၊ သူ့အား ‘‘ဗဟုသုတ တိုးတာပေါ့’’ ဟုပြောဆိုသော ဆရာတော့်စကားကို သိပ်ဘဝင်မကျလှပေ ၊ သူသည် သူ့ကိုယ်သူ အင်မတန် ဗဟုသုတ ရှိသူတစ်ယောက်ဟူ၍ ခံယူထားလေ၏ ၊ ဟုတ်လည်းဟုတ်ပေသည်၊ ကပ္ပိယကျော်ခေါင် သည် ညနေစောင်း အချိန်တိုင်း ရွာလယ်က ဒေါပုကုန်စုံဆိုင်သို့ သွားကာ အိမ်ရှင်မများအား အကဲခတ်လေ့ရှိ၏ ။
justify;"ကပ္ပိယကျော်ခေါင် သည် သူအမြဲမပြတ်လေ့လားထားသော ရှားလော့ဟုမ်း၏ စုံထောက် ပညာ နှင့် ဆားပုလင်းနှင်းမောင် တို့ ၏ ပညာများကို လက်တွေ့ အသုံးချလေ့ရှိ၏ ၊ အိမ်ရှင်မများ၏ ဆွဲခြင်းကို ကြည့်သောအားဖြင့် မနက်ဖြန် ရွာဦးကျောင်း၌ အဘယ်ဟင်းများ နေရာယူမည်ကို သူ သေသေချာချာသိလေသည်၊ သို့သော် သူမသိသေးသည်မှာကား ၊ အိမ်ရှင်မများ၏ ဆွဲခြင်းထဲ့၌ ပါသွားသော ကြက်သား ဝက်သားများသည်း အဘယ်ြေုကာင့် ရွာဦးကျောင်းကို ရောက်မလာခဲ့သနည်း၊ ဤသည်ကား ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းအရာထည့်တွင် တစ်ခုအပါအဝင် ဖြစ်လေသည်။
ရွာဦးကျောင်းဆရာတော် နှင့် ကပ္ပိယကျော်ခေါင် တို့ ခရီးထွက်ခဲ့လေပြီ ၊။
ရန်ုကုန်တွင် ခရီးစဉ်တစ်ထောက်နား၍ ကပ္ပိယအတွက် လိုအပ်သော အဝတ်အစားမျုားကို ဝယ်ကာ အညာခရီးကို စတင်လေတော့၏ ။ မန္တလေး ဂေါဝိန်ဆိပ်မှ တောင်တို သင်္ဘောကြီးဖြင့် ဧရာဝတီမြစ်ကြော်အတိုင်း စုန်ဆင်းခဲ့လေ၏ ။ ကပ္ပိယကျော်ခေါင် သည် မြင်သမျှတွေ့သမျှအားလုံးကို အတတ်နိုင်ဆုံးမှတ်သားထားလေ၏၊ ညနေစောင်း အချိန်ခန့်တွင် ဆီမီးခုံ မြို့အနီ၌ တောင်တို သင်္ဘောကြီး သောင်တင်သဖြင့် ၊ ငကျော်ခေါင် နှင့် တစ်ကွ ကာလသားများ အားလုံး ရေထဲဆင်ကာ သင်္ဘောအား တွန်းခဲ့ရလေသည် ။ ငကျော်ခေါင် အတွက် အင်မတန်မှ ထူးဆန်းသော ဖြစ်ရပ်ဖြစ်လေ၏ ၊ သူကြားဖူးသည်မှာ ကားကိုသာ ဆင်း၍တွန်းရသည် ဟု ကြားဖူးထား၏ ၊ ယခုမူ သင်္ဘောကို ဆင်းတွန်းရသဖြင့် ဒိုင်ယာရီ မှတ်ထားရမလောက် အံ့အိုနေမိ၏ ။ နတ်တိုလ ရာသီ၏ ဒီရေတိုက်စာမူကြောင့် ဧရာဝတီဖြစ်၏ ရေကြောင်း ပုံမှန်မဟုတ်သည်ကိုကား ငကျော်ခေါင် တစ်ယောက် သိမထားပေ။ သူသည် ထုံစံအတိုင်း မျက်စိကို ပေကလပ်ပေကလပ်လုပ်ကာ ဧရာဝတီ ရှူ့ ခင်းများကို အလွန်ပင် အံ့အိုလာခဲလေ၏ ၊အတော် မိုးချုပ်မှ ဆရာတော် နှင့် ကပ္ပိယတို့ ၊ သွားလိုရာ မြင်းခြံမြို့နယ် ကံတော်ရွာသို့ ရောက်လေတော့၏၊ ဆရာတော်သည် အလွန်ပင်ပန်း သဖြင့် စောစော ကျိန်းစက်လေ၏ ၊ ငကျော်ခေါင်းမှာကား သဘောဖြူ ရွှေညာသူလေးများနဲ့ လေပန်းကာမအိပ်ပဲ ကျန်နေသေး၏ ၊ ငကျော်ခေါင်း ပြောသောစကားထဲ့တွင် မိမိသည်သာလျှင် အဓိက မိမိသည်သာလျှင်ဇာတ်လိုက် ဖြစ်လေ၏ ။ ။ မက်ဆိုပိုးတေးမီယား စစ်မြေပြင်မှာ စွန့်စားခဲ့သော ဂျမဒါ မင်းထင် အကြောင်း ၊ ကမ္ဘာ့ ပထမဆုံး ကွန်မန်ဒို အော်တိုစကော့ဇန်ီ အကြောင်း ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ စေခိုင်းချက်အရ ဂျူလူမျိုး ခြောက်သန်းကျော်တို့ ကို အရှင်လတ်လတ် သတ်ခဲ့သူ အဒေါ့အိုက်ခမန်း အကြောင်း၊ သဲကန္ဒာရမြေခွေးဟု အမည်းတွင်ခဲ့သော စစ်သူကြီး ရွမ်းမဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားရာ အခြေခံအကြောင်းတရားဖြစ်သော ဂျနီဖာ စာချုတ်အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်ရာ နော်မန်ဒီကမ်းတက်တိုက်ပွဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ အကြောက်ဆုံးဖြစ်ခဲ့ရသည့် နေးဗရွမ်း တောင်ကုန်းမှ အမြောက်ကြီးများအကြောင်း၊ နပိုလီယံအကြောင်း ၊ ရိုးမသူရဲကောင်း အားခီးလီး အကြောင်း၊ ထရွိုင်းမြို့တော်ကို ပျက်စီးအောင် ဖန်တီးပေးခဲ့တဲ့ ထရိုဂျင်း သစ်သားမြင်းရုပ်ကြီင်္းအကြောင်း နှင့် ပျောက်ဆုံးနေသော မြို့တော် ရှန်ဗေလား (ခေါ်) ရှန်းဂရီးလား အကြောင်း များကို ရေပက်မဝင် တတွတ်တွတ် ပြောနေလေတော့၏ ၊ သို့သော ကပ္ပိယကျော်ခေါင်း သည် ရန်ကုန်တွင် ခေတ္တနားနေခဲ့စဉ် ရွှင်ပျော်ပျော်စားသောက်ဆိုင်တွင် ထမင်းစားရင်း အလည်၌ တည်ထားသော ပန်းအိုးကို ငပိရည်နဲ့ တော့ခဲ့သည်ကိုမူ ယောင်လို့တောင်မှ မပြောဖြစ်ခဲ့ပေ ၊ သဘောဖြူ ရွှေညာသူလေးများမှာလည်း ကပ္ပိယကျော်ခေါင်းကို အလွန်အထင်ကြီးလေးစားကာ ထန်းမြစ်မီးဖုတ်များကို ပျားရည်နှင့် ဧည့်ခံကြလေတော့၏ ၊ ကပ္ပိယကျော်ခေါင် သည် ၄င်းထန်းဖြစ်များအား ပျားရည်တွင်တော့ကာ အီကြာကွေးကို ငရုပ်ဆီနှင့်စားသကဲ့သို့ အခွံမနွှာပဲ အချောင်းလိုက်ကိုက်လေတော့၏ ။ ထိုအခါ အညာသူလေးများသည် ခိခိခစ်ခစ်ရယ်မောကြလေ၏ ၊ ကပ္ပိယကျော်ခေါင် သည်ကာ သူ၏ ပျက်လုံးများကို ရယ်သည်ဟု အမှတ်ဖြင့် ရော၍ ရယ်ရင်း ထန်းမြစ်များကို အချောင်းလိုက် စားမြဲစားလေတော့သတည်း။ ။ ဤသည်မှာလည်း ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းတရားများတွင် တစ်ပါးအပါအဝင် ဖြစ်လေတော့သတည်း။ ။

Tuesday, August 11, 2009

ကပ္ပိယကျော်ခေါင်း နှင့် ကမ္ဘာ့ဘယ်သန်ကြီးများ

တစ်နေ့ သ၌ ရွဦးကျောင်းရှေ့ သရက်ပင်ကြီးအောက်တွင် ကပ္ပိယကျော်ခေါင် တစ်ယောက် နဂိုကမှ မကြည့်လင်သော သူ၏ မျက်နှာကို ပုပ်သိုးသိုး ဖြစ်အောင် အစွန်းကုန်ဖန်တီလျှက် ၊ တစ်စုံတစ်ခုကို ဘဝင်မကျသည့်ဟန်ဖြင့် မိမိ၏ လက်မောင်းတို့ ကို ကွေးလိုက်ဆန့် လိုက်လုပ်ကာ ၊ ဒေါသဖြစ်နေလေ၏ ။ ထိုအခြင်းအရာကို တွေ့ မြင်သော ရွာဦးကျောင်းဆရာတော်သည် ‘‘ ဟေ့ - ငကျော်ခေါင်း လာခဲ့ စမ်း’’ ဟုခေါ်ကား ၊ မင်းဘာတွေ ဘဝင်မကျဖြစ်နေတာလဲ ပြောစမ်း’’ ဟူ၍ မေးမြန်းလေတော့၏ ။ ထိုအခါ ကပ္ပိယကျော်ခေါင် သည် သူ့၏ ထုံးစံအတိုင်း မျက်စိကို ပေကလပ်ကလပ် လုပ်ကာ၊ အတီတေ ဗာရာဏသီ ချီလေတော့၏ ။ ‘‘ မှန်လှပါ ဘုရား တပည့်တော် ဟို ငယ်ငယ်လေးကတည်းက ဘယ်သန်လို့ ဘယ်နဲ့ စားရေးလာတာကို ဆရာအသိပါပဲ ဘုရား’’ ။ ‘‘အဲဒါ ဘာဖြစ်တာတုန်း ငကျော်ခေါင် ရဲ ’’ ၊ မှန်ပါ= အခုမှလာပြီး တပည့်တော်ကို ရွာကကောင်းလေးတွေက ဘယ်ချီးကိုင်လို့ ခေါ်ပါတယ် ဘုရား ။ အဲဒါကို မကြေနပ်လို့ ပါဘုရား ။ ထိုအခါ ရွာဦးကျောင်းဆရာတော်သည် မိမိ၏ တပည့်အပေါ် သနားကရုဏာ သက်မိ၍ ။ အောင်ပါ အြေုကာင်းအရာကို ပြောဆိုကာ အားပေးစကား ပြောလေ၏ ။

ဆရာတော်၏ စကားကို ကြားရပြီးတဲ့ နောက်၊ ကပ္ပိယကျော်ခေါင် သည် အင်မတန်မှ လျှင်မြန်သော အဟုန်ဖြင့် ၊ တိုက်ခန်းထဲံတွင်ရှိသော ပိတ်ဖြူစကြီးကို ယူပြီလျှင် ကျောင်းနှင့်မလှန်းမကမ်း တစ်နေရာ၌ အကြီးတကာ့ အကြီးဆုံး ဆိုင်းပုတ်ကြီးတစ်ခုကို စိုက်ထူလိုက်လေတော့သတည်း ။ ၄င်းဆိုင်းပုတ်ကြီး၌ ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။( သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ) ။ ပြီးလျှင် ကမ္ဘာကျော် ဘယ်သန်ကြီးများကို လည်း အောက်ပါအတိုင်းရေးထားလိုက်လေ၏ ။
၁။ ကပ္ပိယကျော်ခေါင်( ရွာဦးကျောင်း)
၂။ အိုင်စတိုင်း
၃။ ဘေသိုဗင်
၎။ ဘင်ဂျမင်ဖရန်ကလင်
၅။ ဂျူးလီယက်ဆီဇာ
၆။ လီယိုနာဒို ဒါဗင်ချီ
၇။ မက်တွိုင်း
၈။ မိုက်ကယ်အိန်ဂျလို
၉။ နပိုလီယန် ဘိုနာပတ်
၁၀။ ဘတ်ဘလို ပီကာဆို
၁၁။ ၀ိတိုရိယ ဘုရင်မကြီး
၁၂။ စီလင်ဒီယွန်း(ဂီတ)
၁၃။ ဂျော့မိုက်ကယ်(ဘတ်စကက်)
၁၄။ ဂျင်မီဟင်းဒရစ်
၁၅။ ဖီးလ်ကိုလင်း(တင်းနစ်)
၁၆။ ပေါ်လ်မက္ကနေး(us သမ္မတ)
၁၇။ အန်တိုနီပါကင်း
၁၈။ ဘရုစ်လီ
၁၉။ ကာရိုးဘားနတ်
၂၀။ ဒန်နီကာရေး
၂၁။ တွမ်ခရု“
၂၂။ ကီးနူးရိဗ်
၂၃။ မော်ဂန် ဖရီးမင်း
၂၄။ ဆာရာဂျက် ဆီကာ ပတ်ကား
၂၅။ မာရီလင်မွန်ရိုး
၂၇။ အိဗာသွန်ပဆန်
၂၈။ ဂျက်ဆန် အလက်ဇန္ဒြား
၂၉။ ဂျင်ကဲရင်း
၃၀။ ဂျူလီယာရောဘတ်
၃၁။ လုပယ်ရီ
၃၂။ နီကိုကစ်ဒ်မင်း
၃၃။ အော်ပရာဝင်းဖရေး
၃၄။ ပီလီ(ဘောလုံး)
၃၅။ လာရီဘတ်
၃၆။ ဘေးလ်ဝယ်တန်
၃၇။ ဂျင်မီကော်နာစ်
၃၈။ ဂျိမ်းစ် ဂါဖီးလ်
၃၉။ အားဘတ်ဟုးမား
၄၀။ ဟယ်ရီအက်စ် ထရူးမင်း
၄၁။ ဂါးရက်စ်ဖို့ဒ်မင်း
၄၂။ ရော်နယ်လ်ရေဂင်
၄၃။ ဂျော့ဘုခ်ျ
၄၅။ ဘီးလ် ကလင်တန်
၄၆။ ရာဇာနေ၀င်း(ပြည်တွင်းဖြစ်)
၄၇။ အိန္ဒြာကျော်ဇင်( ။ )
၄၈။ သီဟတင်စိုး ( ။ )
၄၉။ သျှီသူုအောင်(ရတီမင်္ဂဇင်းအေဒီတာ) ဟူ၍ ရေးသားထားလေ၏ ။
နဂိုကတည်းကမှ ဆောင့်ကြွကြွနိုင်လွန်းသော ကပ္ပိယကျော်ခေါင်းသည်ကား ၊ ယခုကဲ့သို့ နပိုလီယံကအစ ရာဇာနေ၀င်း အဆုံး ရှိသော ပုဂ္ဂိုလ်များသည်လည်း သူ့ကဲ့သို့ ဘယ်သန်များ ဟု သိလိုက်ရသဖြင့် ။ အလွန်ဂုဏ်ယူ ဝင့်ကြွားလျှက်ရှိလေတော့ သထည်း ။ ။
သြဂုတ်လ ၁၃ ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ဘယ်သန်များနေအာ့း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ။

Monday, August 10, 2009

ဘ၀တူသံသရာခရီးသည်များအတွက်လက်ဆောင်(၂)

မိတ်ဆွေများအားလုံးအတွက်အခုတစ်
ခါထပ်မံ၍လက်ဆောင်အဖြစ်ပေးပို့လိုက်တာကတော့“ပထမရွှေကျင်ဆရာတော်ဘုရားကြီး”ရဲ့ဆုံးမဩ၀ါဒကထာများဖြစ်ပါတယ်။
မိမိသိသလောက်မှတ်မိသလောက်အချို့ကိုထုတ်နှုတ်တင်ပြရခြင်းဖြစ်ပါသည်။

၁။ယစ်မသည် ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည် သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။
၃၁။ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။နွားကျောင်းသားသည် နွားခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ဆရာသည်တပည့် ကိလေသာခြင်မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ပုထုဇဉ်သည်လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ကြာပင်အောက်ကဖား ကြာဝတ်ဆံမစားရွှံ့စားသည်။ပိတုံးကား အဝေးမှကြာဝတ်ဆံ လားစားသည်။
၄၁။သာသနာရိပ်တွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအားရှက်သင့်သည်။
၄၂။သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။သူတော်ကောင်းသည် ညှင်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်ဆိုကိုမတတ်နိုင်။
၄၆။မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။
၅၁။ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ရန်သူကိုမီးခဲ ကိုင်ပစ်လျှင် မိမိလက်ရှေးဦးစွာ လောင်ဧ။် ။
၅၃။ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ်ရှေးဦးစွာ ပျက်ဧ။် ။
၅၄။ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲဧ။် ။
၅၅။မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။သမုဒ္ဒရာရေ မီးကြောင့်မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့်မလှုပ်၊ ကျောက်ခဲ ရေကြောင့်မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ရန်သူညှင်းဆဲခြင်းသည် မိမိဧ။် ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။
၆၁။ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သားဧ။် ရန်သူလော။
၆၂။သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူဧ။် ရန်သူလော။
၆၃။စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံးဧ။် ။
၆၄။အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်ဧ။် ။
၆၅။မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်ဧ။် ။
၆၆။စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်ဧ။် ။
၆၇။မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်ဧ။် ။
၆၈။သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။မသူတော်လက်နက်ကား ဒေါသ။
၇၁။သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူဧ။် အန္တရာယ်မရှိ။
၇၃။ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူဧ။် ။ အပါယ်မရောက်။
၇၄။ရေရှိမှကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူဧ။် ။
၇၆။ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူဧ။် ။
၇၇။သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။
၈၁။သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ဆီမီးသည် လင်းခိုက် လူလယ်တင့်ဧ။် ။ငြိမ်းလျှင် မှောင်ဧ။် ။ညှော်နံ့ထွက်ဧ။် ။
၈၃။သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်ဧ။် ။ ပျက်လျှင်မှောက်ဧ။် ။ညှော်နံ့ထွက်ဧ။် ။
၈၄။တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်ဧ။် ။
၈၅။သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်ဧ။် ။
၈၆။ပေါက်ဖတ်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက်ရောက်သည်။
၈၇။မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ်ရောက်သေးသည်။
၈၉။ခြင်္သေ့သည်ကျားကိုနိုင်ဧ။် ကိုယ်တွင်းခွေးလေးသန်းကိုမနိုင်။
၉၀။မသူတော်သည်သူတော်ကောင်းကိုနိုင်ဧ။် ။ ကိုယ်တွင်းအကုသိုလ်ကိုမနိုင်။
၉၁။ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။မီးခဲသည် ပူသောအခါ လက်လောင်ဧ။် အေးသောအခါ လက်မဲဧ။် ။
၉၄။မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်ဧ။် ။
၉၅။ခွေးရူးကိုက်လျှင် ထိုသူရူးဧ။် ။ ထိုသူကိုက်လျှင် နောက်လူ ရူးဧ။် ။
၉၆။ခွေးရူးးသည် လူကောင်းအဆက်ဆက်ကို ရူးစေဧ။် ။
၉၇။မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေဧ။် ။
၉၈။ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။သူတော်ကောင်းသည် အဆက်ပြတ်သေည်လည်း မေတ္တာမပြတ်။
၁၀၀။အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း။
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

မိတ်ဆွေအပေါင်းသူတော်ကောင်းတို့ရဲ့ အနာဂါတ်ပန်းများ လှပစွာဖြင့် ပွင့်လန်းနိုင်ကြပါစေ..............။
++++++++++++++++++++++++++++++++++++++++++++++++++++++

Sunday, August 9, 2009

လမ်းပျော်

မေမေက သူ့ရွာကလေးမှာ
ပညာတတ်ရဲ့ မိခင်ကြီးဖြစ်ချင်လို့
ချွေးနဲ့ ငွေစက္ကူတွေ ၀ယ်ပြီး
ကျွန်တော့်ကို မြို့ကျောင်းပို့ခဲ့တယ်၊

ကျွန်တော်က စိတ်တွေအိုက်စပ်လာတိုင်း
ကိုယ့်ကိုယ်ကို ရွံမုန်းစရာ ကောင်းလောက်အောင်
နောက်ဖေးပေါက်မှာ
အသက်ရှူသံတွေ ပြင်းပြင်းပျပျ၊

လျောက်ခဲ့တဲ့ ခြေလှမ်းတွေကို ပြန်ကြည့်ဖြစ်တဲ့အခါ
ဒိုးယိုပေါက်ဟာနေလို့
မိုးရွာတိုင်း ရေယိုတယ်၊

မေမေ့ ချွေးစက်တွေနဲ့
ဘ၀ါဘ၀ကုသိုလ်လေးက
လူလိုသူလို ပန်းပွင့်စေချင်ပေမဲ့
ကျောင်းသား အရေခြုံထားတဲ့ ၀ံပုလွေတစ်ကောင်ကတော့
လမ်းတွေပေါ်မှာ တရားမဲ့ဆဲပဲလေ ။ ။ ။

လွမ်းငြိမ်း

Vagrant

*My mother sent me to school in city,
Investing her sweat and much money
To be mom of educated man in village.

# Whenever i feel in haze
Loathing by myself,
And breath at back door intensely.

*When i looked back the ways I've walked,
There're holes so wide
And water fall whenever it rains.

#Though my mother's sweat
And past good deeds what i did in my life
Make me become somebody,
Impostor as a student,
Go about one's daily routine without fairness.

ဧဏီမင်း

လွန်ခဲ့တဲ့ လေး ငါးနှစ်လောက်က နပသ တက္ကသိုလ်က သူငယ်ချင်းတွေ စုပြီး ကဗျာတစ်အုပ် ထုတ်ဖြစ်ခဲ့ကြပါတယ်၊ အဲဒီထဲမှာပါတဲ့ ကျနော့်ဘော်ဒါအရင်း "လွမ်းငြိမ်း" ရဲ့ကဗျာလေးပါ၊ ကျနော် သိပ်ခရေဇီဖြစ်ခဲ့တယ်ဆိုယင်လည်း မမှားပါဘူး၊ ဒါ့ကြောင့်ပဲ စာအုပ်မရှိတော့ပေမဲ့ ဒီကဗျာလေးကို အလွတ်ရဆဲပါပဲ၊ ပြီး...ကြိုက်လွန်းလို့ဆိုပြီး အင်္ဂလိပ်လို ဘာသာပြန်ပြီး The Light of Eng Magazine "Nursery"ကို ပို့ခဲ့ပါတယ်၊ အဲဒီမှာ ဖေါ်ပြခြင်းလည်း ခံရပါတယ်၊ နေရာ အရွေ့အပြောင်းများတဲ့ ကျနော် အခု အဲဒီစာအုပ်ကိုရှာမတွေ့တော့ပါဘူး၊ ဒါ့ကြောင့် ဘယ်လ ဘယ်နှစ်မှာ ဖေါ်ပြထားတယ်ဆိုတာ မသိတော့ပါ၊

ကဗျာကို ဘာသာပြန်ပြီး ပို့ခဲ့စဉ်က သူငယ်ချင်း လွမ်းငြိမ်း ကိုလည်း အဆက်သွယ်မရတာနဲ့ အကြောင်းမကြားနိုင်ခဲ့ပါ၊ သူလည်း Light Magazine ဖတ်လို့ သူ့ကဗျာတွေ့ရတော့ အရမ်းအံသြမိကြောင်း နောင် ပြန်ဆုံတော့ ပြောခဲ့ပါသည်၊ ဘာရယ်မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်း ကဗျာဆရာနဲ့ ဒီကဗျာလေး အကြောင်းကို စာဖတ်သူတို့ သိအောင်လို့ မိတ်ဆက်ပေးတာပါပဲ၊
အားလုံး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ။


*****ဧဏီမင်း ရဲ့ ရင်ခွင်သစ်ဘလောမှ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်*****

Saturday, August 8, 2009

ကောသလမင်း အိပ်မက် (၁၆) ချက် လင်္ကာ

လူကြီး (ပေါင်းတည်) ဆရာတော်အတွက် ပြန်ကြားချက်ပါဘုရား........



ကောသလ အိပ်မက် (၁၆) ချက် လင်္ကာ
ဘုရင်မေး (၁) နွာနက်လေးခု ၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်။
ဘုရားဖြေ အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး ၊ မိုးဝေးလွင့်ပျောက်စင်။
မေး (၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။
ဖြေ အရွယ်မမျှ၊ လုံမပျိုခင်၊ သမီးသား၊ လင်သားအိမ်ထောင်ဆင်။
မေး (၃) ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေတာ။
ဖြေ သမီးနှင့်သား၊ စီးပွားပိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရတာ။
မေး (၄) နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
ဖြေ ကြီးသူဖယ်ရှား၊ မြှောက်စားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့တယ်။
မေး (၅) ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးလေသမျှ၊ မ၀နိုင်တာ။
ဖြေ မှုးမတ်မင်းစိုး၊ လာတ်ထိုးသူရှာ၊ နှစ်ဖက်စား၊ တရားစီရင်မှာ။
မေး (၆) ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
ဖြေ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
မေး (၇) ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
ဖြေ လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား၊ မယားလောကွတ်ပို။
မေး (၈) အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
ဖြေ ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်အတွက်၊ နှိပ်စက်ငွေကောက်ခံ။
မေး (၉) ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဖက်ကြည်ပြန်။
ဖြေ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စီကားရန်။
မေး (၁၀) တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
ဖြေ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
မေး (၁၁) မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
ဖြေ အလဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
မေး (၁၂) သံကြေးမပေါင်း၊ ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
ဖြေ ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။
မေး (၁၃) အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လား။
ဖြေ ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်လာ။
မေး (၁၄) အဆိပ်ပြင်းထောက်၊ မြွေဟောက်ကြီးကို၊ ဖားမငယ်များ၊ ကိုက်ဝါးကာမျို။
ဖြေ ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
မေး (၁၅) အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
ဖြေ ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀တ်တွားနေရမှာ။
မေး (၁၆) ဆိပ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့ သစ် ကျား၊ ခုန်လွှားပြေးပြန်။
ဖြေ သူယုတ်မားများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်တောမြိုင်ယံ။
(၅၅၀- မဟာသုပိနဇာတ်)
ဗုဒ္ဓ္ဓဘာသာဆိုင်ရာအထွေထွေဗဟုသုတ မာတိကာကျမ်း, စိန္တာမဏိ ဦးချစ်မောင်၊ စာမျက်နှာ ၁၇၇ မှ ကူးယူဖေါ်ပြပါသည်။

ဆရာကို ဆရာကြီးလုပ်ချင်ကြသူများအကြောင်း ( ၄ )

တစ်နေ့သ၌= ရွာဦးကျောင်းနှင့်မလှန်းမကမ်း တစ်နေရာတွင် ကပ္ပိယကျော်ခေါင်း အပါအ၀င် ကာလသား တစ်စု စုဝေးနေကြလေ၏။ ထိုကာလသားတို့ အနက်၊ ဖိုးတေ ဆိုသောကောင်လေးက ဤသို့ စတင်ကာ ပြောဆိုလေ၏၊ ဟေ့ကောင်တွေ ထောင်ပြီးချတာကောင်းတယ်ကွ၊ ထောင်ပြီချကြ ။ ထိုအခါ နောက်တစ်ယောက်ကလည်း - ထောင်ပြီးချတာ မကောင်းဘူးကွ လှဲပြီးချတာအကောင်းဆုံးပဲ ဟု ပြောဆိုကာ ဖိုးတေ၏ စကားကို ကန့်ကွက်လေ၏ ။ ထိုကဲသို့ အခြေအတင် ငြင်းခုန်းနေစဉ် ၊ ကပ္ပိယကျော်ခေါင်သည်ကား၊ မျက်စိ ပေကလပ် ပေကလပ်ဖြင့် အနည်းငယ် စဉ်းစားသလို့ လုပ်လိုက်ပြီးမှ ၊ ဤသို့ပြောလိုက်လေ၏ - မင်းတို့ ပြောတာတွေ ဘာတစ်ခုမှ မကောင်းဘူး ၊ ငါက လက်တွေ့သမားကွ ၊ မင်းတို့ က ဘာသိလို့လဲ ၊ ဖိုးတေ ပြောသလို ထောင်ပြီးချတာလဲ မကောင်းဘူး လူပင်ပန်းတယ် ၊ ဟိုကောင်ပြောသလို လှဲပြီးချတာလဲ မကောင်းဘူး ၊ ငါကတော့ ထောင်လို့ လဲ မချဘူး လှဲလို့ လည်းမချဘူး ၊ အောက်က တစ်ခုခု ခံပြီး ခပ်စောင်းစောင်းလေး ချတာပဲ ကြိုက်တယ် ၊ အဲဒါက လူလည်း သက်သာတယ် ၊ ပစ္စည်းလည်း မထိခိုက်ဘူးကွ..ဟု ပြောလေ၏ ။ကပ္ပိယကျော်ခေါင်း ၏ စကားကို မည်သူမျှ ပြန်လည် မချေပရဲ ကြချေ ၊ အကြောင်းကား = ကပ္ပိယကျော်ခေါင်းသည် ဤကျောင်းတိုက်အတွင်း၌ ဆရာတော်ပြီးရင် သူသာ ဆရာအဖြစ်ထိုက်ဆုံး ဟု ကိုယ့်ကိုကိုယ် ခံယူထားသော စိတ်ကြောင့် အတော်အတန် ထောင်လွှားတတ်သောကြောင့် ဖြစ်လေ၏ ။ ထိုသို့ပြောနေစဉ် ရွာလူကြီးဖြစ်သူ ရောက်ချလာကာ = ဟေ့ ကောင်တွေ မင်းတို့ ကောင်တွေ ဒီလိုငြင်းနေလို့ ကိစ္စမပြီးဘူးကွ ၊ ထောင်ပြီးချတာတွေ လှဲပြီးချတာတွေ ခပ်စောင်းစောင်းချတာတွေ ငါ စိတ်မ၀င်စားဘူး
အရေးကြီးတာ ပြီးဖို့ ပဲ ဟု - တစ်လောကလုံးကို သူတစ်ယောက်တည်း လုပ်ကြွေးထားသကဲ့သို့ ၊ ပြောဆိုကြိမ်းမောင်းလေတော့၏ ။ ထိုအခါ ကပ္ပိယကျော်ခေါင်းနှင့် အဖွဲ့သည် ၊ ကိုယ့်ပုဆိန် ကိုယ်ကိုင်ပြီး နီးစပ်ရာ ထင်းတုန်းတွေကို အလုအယက် မျက်နှာလို မျက်နှာရဖြင့် ၊ ထောင်ပြီးပေါက်ချသူက ပေါက်ချ ၊ လှဲပြီး ပေါက်ချသူက ပေါက်ချ ၊ အောင်က တုန်းတစ်ခု ခံပြီး ခပ်စောင်းစောင်းလေး ပေါက်ချသူက ပေါက်ချကြလေတော့၏ ။ မကြာမီပင်လျှင် ရွာဦးကျောင်း အလှူမင်္ဂလာပွဲကြီးအတွက် လုံလောက်သော ထင်းပုံတစ်ပုံကို ရရှိလေတော့၏ ။ အလှူမင်္ဂလာပွဲကြီးကား စတင်ခဲ့လေပြီး.... ရွာဦးကျောင်းဆရာတော်သည်လည်း တရားဒေသနာတော်များကို ဟောကြားနေလေတော့၏ ၊ ဆရာတော်သည် အပ်ကြောင်းထပ်နေပြီဖြစ်သော မိမိ၏ လက်သုံးစကားကို တပည့်ဒကာ ဒကာမတို့ အား ဤသို့ ပြောဆိုကာ ဆုံးမသြ၀ါဒပေးလေ၏ ။ ပရိသတ်အပေါင်းသူတော်ကောင်းတို့ ....ဆရာကို ဆရာလာမလုပ်နဲ၊့ဆရာကို ဆရာလုပ်တာ ဆရာမကြိုက်ဘူး ၊ ဆရာကို ဆရာလုပ်ချင်ရင် ဆရာထက်တော်အောင် ကြိုးစားကြ ။ ထိုသို့ ပြောဆိုသည်ကို ကြားရပေါင်းများနေပြီးဖြစ်သော တပည့်ကျော် ကပ္ပိယကျော်ခေါင်သည် ၊ ဤကဲ့သို့ ပြန်လည် ပြောကြားလိုက်လေ၏... ဆရာမလုပ်ရ မနေနိုင်လို့ လုပ်ချင်တယ်ဆိုရင် ကျော်ခေါင် ဆီကိုလာခဲ့ ပါ ...အေးဆေးပဲ ...လုပ်ပေးမယ်= ဗျို့ ... ဆိုက္ကားဆရာ ဆိုက္ကားအားလား ။ ။ သို့ သော် ကပ္ပိယကျေုာ်ခေါင် ၏ စကားသည်ကား ဆရာတော်၏ အန်မတန် ကြီးမြတ်သော အရှိန်အ၀ါကြောင့် အပြင်သို့ ထွက်လာခဲ့ခြင်း မရှိခဲ့ ပေ ။ ။

အားဆေးလေးတွေသောက်လိုက်ပါဦး

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူ လောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ အပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။ ဘယ်လိုလုပ်မလဲ ?



from--
Hello!...<3<3. thanks writer

အစည်းအဝေးဆုံးဖြတ်ချက်များ

8th August,2009(Saturday)
အစည်းအဝေးအောင်မြင်စွာရပ်နားခြင်း
MYANMAR STUDENT MONKS ORGANIZATION IN THAILAND(M.S.M.O) ဧ။်အစည်းဝေးကို ယနေ့(၂)နာရီမှစတင်ကျင်းပရာ(၅)နာရီတွင်အောင်မြင်စွာရပ်နားခဲကြပါသည်၊
ယနေ့အစည်းဝေးဧ။်ဆုံးဖြတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(၁)အသင်းဧ။်တံဆိပ်တုံးအတည်ပြုပြီးဆီးခြင်း၊
(၂)၈ုဏ်ပြုလွှာအတည်ပြုပြီးဆီးခြင်း၊
(၃)လာမည့်(၃)လပါတ်အစည်းဝေးတွင်အဖွဲ့ဧ။်စည်းမျဉ်းကိုဖြည့်စွက်ရေးသားရန်၊
(၄)ဘလော့စည်မျဉ်းကိုဒု-ဥက္ကဌမှရေးဆွဲ၍အဖွဲ့ဝင်အားလုံးမှအတည်ပြုပေးရန်၊
(၅)အဖွဲ့ဝင်များဧ။်အကြံပေးချက်အရဒုဥက္ကဌမှအပါတ်စဉ်စနေနေ့တိုင်းဝပ်တစ်လုံးကျောင်းတွင်(၂)နာရီမှ(၄)နာရီထိ
အင်္ဂလိပ်စာပို့ချပါမည်၊
(၆)အဖွဲ့နှင့်ကော်မတီဝင်များဧ။်တာဝန်ပေးချက်အရလိုအပ်လွဲချော်နေသောကျောင်းသားစာရင်းများကို
ဦးတေဇမှပြန်လည်ပြုပြင်ရန်။

ယနေ့အစည်းဝေးတွင်ဤအချက်အလက်များကိုချမှတ်နိုင်ခဲ့ကြပါသည်။


Friday, August 7, 2009

တံဆိပ်တုံ့းမူရင်း၊မူကြမ်းနှင့်၊၈ုဏ်ပြုလွှာမူကြမ်း





အခမ်းအနားအစီအစဉ်ပါဘုရား

8th,August,2009(Saturday)
အခမ်းအနားအစီအစဉ်ပါဘုရား
(၁)နမောတဿ(၃)ကြိမ်ရွတ်ဆို၍အခမ်းအနားဖွင့်လစ်ရန်၊
(၂)အဖွင့်မှာစကားပြောကြားရန်၊
(၃)အဖွဲ့၏တံဆိပ်တုံးကိစ္စဆွေးနွေးအတည်ပြုအပြီးသတ်ရန်၊
(၄)၈ုဏ်ပြုလွှာဆွေးနွေးအတည်ပြုရန်၊
(၅)ထိုင်းဘာသာသင်တန်းကိစ္စဆွေးနွေးရန်၊
(၆)ဘလော့စဉ်းမျဉ်းရေးဆွဲခြင်းကိစ္စဆွေးနွေးရန်၊
(၇)အဖွဲ့စည်းမျဉ့်း(သို့မဟုတ်)ဥပဒေသနှင့်ပါတ်သက်၍ဆွေးနွေးရန်၊
(၈)ကျောင်းသားစာရင်းများစီစစ်၍မိမိ၏တက္ကသိုလ်အလိုက်ပြန်လည်အတည်ပြုရန်၊
(၉)ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍အခမ်းအနားကိုအောင်မြင်စွာ ရပ်နားရန်၊



အရည်အသွေးနဲ့အရည်အတွက်

အရည်အသွေးကောင်းဖို့ အရေးကြီးပါတယ် တစ်နေ့တစ်ရက်တည်းနဲ့ လုပ်ယူလို့မရပါဘူး........
အချိန်တွေ ဆန္ဒတွေမြိုသိပ်ခဲ့ရတယ် ပေးဆပ်ခဲ့ရတယ် တကယ်အရည်အသွေးကောင်းရင် တကယ်အဖိုးတန်ပါတယ် ............သူ့ရဲ့ပေးဆပ်ခြင်းတွေနဲ့ ရယူထားရတဲ့ အရည်အသွေးတွေကိုလည်း ပေးဆပ်ခြင်း နဲ့ဘဲ ပြန်လည်ရယူနိုင်ပါတယ်.............ပေးဆပ်တဲ့အခါမှာ အရေအတွက်များများကိုပေးဆပ်လေလေ သူ့အတွက် အကျိုးကျေးဇူးများလေလေပါဘဲနော် တစ်ခါတစ်ရံတစ်ကိုယ်ကောင်းဆန်သွားရင် ပေးဆပ်ထားတာတွေဟာ ပေးဆပ်ရုံသက်သက်ပဲဖြစ်သွားတတ်ပါတယ်.........
အရည်အတွက်တွေဟာ အရည်အချင်းရှိသူတွေအတွက် ပါရမီဖြည့်ဖက်တွေပါ.......ပါရမီများများဖြည့်လေလေ ပါရမီတွေပြည့်လေလေပါဘဲနော်......... အရည်အချင်းရှိသူတွေ ပါရမီများများဖြည့်နိုင်ပါမှ အရေအတွက်တွေဟာလည်း တစ်နေ့မှာ အရည်အသွေးပြည့် လာပြီး တန်ဖန် ပြည်လည်ပေးဆပ် နိုင်လာမှာပါ
အရည်အသွေးကောင်းသူတွေ
အများအကျိုးသယ်ပိုးနိုင်ပါစေ

အစည်းအဝေးဖိတ်ကြားလွှာပါဘုရား

အကြောင်းကြားအပ်ပါသည်။

အကြောင်းအရာ ။ ။ အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားလွှာ၊


အဖွဲ့ အစည်း တစ်ခု အတွက် အလွန်းအရေးကြီးသော တံဆိပ်တုံး အပြီးသတ် အတည်ပြု ပြုလုပ်ရန်နှင့် ၊ အသိအမှတ် ပြုလွှာအစရှိသော လိုအပ်ချက်များ ဆွေးနွေးကြရန်၊ ကော်မတီဝင်များနှင့်တကွ ကျောင်းသားအဖွဲ့ ဝင် သံဃာတော်များ အားလုံးတို့ အား အကြောင်းကြား လျှောက်ထားအပ်ပါသည်။ ။



ကျင်းပမည့်နေရာ ။ ။ ၀တ်တလုမ်ကျောင်း ။
ကျင်းပမည့်နေ့ရက် ။ ။ ၈ ၊ ၈ ၊ ၂၀၀၉ ။စနေ
ကျင်းပမည့်အချိန် ။ ။ နေ့လည် ( ၂ ) နာရီ ။





Informgroup1@gmail.com (ပြန်ကြားရေးအဖွဲ့)
Phone-0846690607
- 0851235054
- 0805558708


Thursday, August 6, 2009

တွေးမိသမျှကဗျာလေးပါ

အတွေးမကြွယ်သေးတဲ့
ကလေးအရွယ်က
ရွာမှာပျော်မွေ့
အဖေအမေတို့ရဲ့
အေးမြတဲ့ ရိပ်မြုံမှာပေါ့...

သိတတ်တဲ့အရွယ်
မိဘတို့မေတ္တာ အရင်ဖြာလို့
သံယောဇဉ်ခွါလျက်
ဆရာ့ထံအပ်နှံကာ
မြတ်ပညာ သင်ယူဖို့
ထားပြန်ပြီပေါ့...

ဆရာထံရောက်ပြန်တော့
ကကြီးကို ဘယ်လိုရေး
ခကွေးကို ဒီလိုကွေးရတယ်
စေတနာဒေါသတွေနဲ့
ကြိမ်ပြကာသင်ကြားရှာတယ်
မြတ်ပညာ အခြေခိုင်စေဖို့
တတ်သလောက်ပညာ
ပေးဝေကာအားမရနိုင်လို့
ငါ့တပည့်ကြီး ပညာတတ်ပါစေလို့
မြတ်စေတနာတွေနဲ့
ကျမ်းဂန်တတ်အကျော်
မြတ်ဆရာတော်တွေထံပရိယတ္တိဝေဖြာဖို့
ထပ်မံကာအပ်ပြန်တယ်...

မြတ်စေတနာတွေနဲ့
သားတပည့် ကိုရင်ရေ-----
မိဘကိုလည်းမလွမ်းနဲ့
ဆရာ့ကိုလည်းမတမ်းတနဲ့
သောကတွေမျိုသိပ်
အံတွေကိုကြိတ်လို့
ကျလုလု မျက်ရည်တွေကို
မျက်တောင်ခတ်ကာ
တားဆီးရင်းနဲ့
သားတပည့်ကိုရင်
စာပေကိုတတ်အောင်သင်နော်
အကြိမ်ကြိမ်မှာတမ်းချွေကြတဲ့
ဆရာ့အသံ မိဘအသံကို
ယနေ့အထိကြားယောင်နေဆဲပါ...

မြို့ပြရဲ့စာသင်တိုက်တွေမှာ
ပရိယတ္တိစာပေ
တတ်စွမ်းသမျှ အားထုတ်
အောင်မြင်ခြင်း
ကျဆုံးခြင်းတွေရင်မှာပိုက်လို့
ဝမ်းနည်းစွာနုတ်ဆက်ရင်း
A,B,Cဆိုတဲ့လမ်းကို
သားတပည့်လျှောက်လှမ်းလိုက်ရပါတယ်...

ဆရာမိဘတို့ရေ------
ကမ္ဘာသုံးA.B.C.မို့
သားတပည့် ကမ္ဘာကြီးနဲ့
အနည်းအငယ် ဆက်သွယ်လို့တော့ရခဲ့ပါပြီ
တိုးတက်တဲ့ခေတ်မို့
သားတပည့်တို့ မျိုးဆက်သစ်တွေ
ကွန်ပျူတာ အင်တာနက်တွေနဲ့
ကမ္ဘာကြီးကို မျက်ခြေမပျက်အောင်
ချိတ်ဆက်နေကြပြီလေ...

ရွာမှာနေ မိဘဆရာတွေကတော့
ခေတ်ရဲ့ပြောင်းပြန်
နောက်ကျံလို့နေခဲ့ပြီပေါ့
သို့ပေမယ့်
ဆရာမိဘတို့--ရယ်---
သားတပည့်သိသမျှ
မိဘဆရာတို့ ရေလောင်းပေါင်းသင်
ပြုပြင်လို့စိုက်ပျိုး
မနွမ်းမငြိုးအောင်
ထမ်းပိုးသည်ဆောင်ပေးခဲ့တာပါ
မိဘဆရာတို့ရယ်---------။

လမ်းပြသခင် မီးအိမ်ရှင်တွေကိုမေ့
အဆောင်အယောင်တွေပြည့်နေတဲ့
တိုးတက်နေတဲ့ တိုင်ပြည်မှာ
သားတပည့် ပျော်နေပါပြီ...

အခုတော့---------
မိခင်ရွာ မိခင်သာသနာမှာ
ဆရာလည်းပန်း သာသနာလည်းမလန်းတော့
ငါတို့ရဲ့ သားတပည့်တစ်ယောက်
မြို့မှာရောက်လို့
ပညာတွေလည်းတိုး
ငါတို့ရွာ ငါတို့သာသနာ
အားကိုးလောက်ပြီလို့
မှန်းဆလို့ရည်မျှော်
တမ်းတလို့ လှမ်းခေါ်တဲ့
မိဘဆရာ မေတ္တာစေတနာဖြင့်
သားတပည့်အမြန်ပြန်လာစေကြောင်း
အမှာပါးစာလွှာကို
သားတပည့်ငြင်းဆန်
အတင်းကန်ကာနေခဲ့မိတယ်...

ကန်ရေကိုသောက်တဲ့ ပါးစပ်
အခုတော့
ရေသန့်ဘူးကိုသောက်ချင်တယ်
ဆရာခြေဖ၀ါး နှိပ်ခဲ့တဲ့လက်
ကွန်ပျူတာကိုမှနှိပ်ချင်တယ်
မီးမှိန်မှိန်ဘ၀က
အခုတော့ မီးထိန်ထိန်မှာနေချင်တယ်
မမျှော်မှန်းသေးတဲ့ဘ၀ကနေ
အခု ဖုန်းလေး တကားကားလေးနဲ့
ကြွားဝါးလို့ ဖွန်ကြောင်နေတတ်ပြီ...

သာသနာ့အရေကိုခြုံ
မာန်မာန အစွယ်ဟုန်တွေနဲ့
တတ်ယောင်ကားလုပ်ကာ
ခင်ဗျာ့ကြီးတို့ဘာမှမသိပါဘုးလို့
ဆရာမိဘတို့ကို စော်ကားခဲ့ပြီ
ီခွင့်လွတ်ကြပါဆရာမိဘတို့ရယ်။

မီးမှိန်မှိန်နဲ့ အင်တာနက်မရှိတဲ့
တောခေါင်ခေါင် နေပူကျဲကျဲမှာ
သားတပည့်မနေချင်ဘူး
ကန်ရေကိုသောက်
ဆရာ့ရှေ့မှောက်မှာ
ဒူးမထောက်ချင်ဘူး
စည်းစိမ်းမှာပျော်မွေ့
မိခင်ရွာမိခင်သာသနာမှာ
သားတပည့်မပျော်မွေ့ချင်ဘူးလို့
မျှော်လင့်ချက်တွေထား
သောကတွေမျိုကာသိပ်လို့
မှာတမ်းချွေခဲ့ကြတဲ့
မိဘဆရာတို့ရဲ့အသံကို မေ့ပျောက်ကာ
ဆရာမိဘကိုမထောက်
သာသနာကိုပါ ညာရာရောက်ခဲ့ပါပြီ...

မိခင်ရွာက ပေးအပ်လှုဒါန်း
ဒါနဆွမ်းတွေကို
ငါဘာကြောင့်စားခဲ့ရသလဲဆိုတာ
ငါလည်းမသိ
မင်းကော----------------လား။

မျောက်လောက်မှအသုံးမကျသောဦးနှောက်

တစ်ခါတစ်ရံ ရမ်းတစ်လုံး
ပုဇွန်းလုံးကြော်တစ်ပွဲ
ဖုိက္သုံးလုံးတစ္ဘူးေ
ရော့(ခ်)မြူးမြူးတေးတစ်ပုဒ်နဲ့
အခန်းကျဉ်းကျဉ်းလေးထဲမှာ
ငါရယ်-----သူရယ်။
တစ်ခါတစ်ရံ
သပိတ်တစ်လုံး
သင်္ကန်းသုံးထည်
ထီးနီတစ်လက်နဲ့
ကျေငှက်တွေသံစုံနှောတဲ့
တောတစ်တောမှာ
ငါရယ် ------အမှန်တရားရယ်
သြော်---------တကယ်တော့
မှားမှန်းသိလျှက် အရွေးခက်
ခါးမှန်းသိလျှက် အထွေးခက်
အစွန်းမထွက်တဲ့ ချိတ်ခွင်လျှာ
ထိုအခါ လူ့ဦးနှောက်
မျောက်လောက်မှ
အသုံးမကျပါလား။

အိုဘယ့်ချက်တင်(chatting)

အိုဘယ့်ချက်တင်(chatting)…..

၁။ငါတို့နေရာ၊ ဒီကမ္ဘာ၊ ချက်(chat)ကာလာကြပြီ။

၂။ချက်တင်စေရာ၊ မနေသာ၊ ဖွေရှာချက်ရသည်။

၃။ချက်တဲ့ထဲမှာ၊ အများစုဟာ ၊လိမ်ညာနေကြသည်။

၎။ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူတွေလဲ ချက်ကြသည်။

၅။ချက်တင်မှာဘဲ၊ ထိုင်နေမြဲ ၊ဒူလာစွဲဘို့ နီးခဲ့ပြီ။

ဒီမှာ ဒုတိယအပိုဒ် ဆက်ရေးပါ။

သာသနာရေသောက်မြစ် နိုင်ငံချစ်တဲ့စိတ်ဓာတ်ဖြစ်

နိုင်ငံက သာသနာမပါရင် မတက်သလို -သာသနာကလည်း နိုင်ငံမပါရင် မတိုးတက်နိုင်ပါဘူး။သာသနာမပါဘဲ တက်သွားရင်လည်း အဲဒီနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူတွေ စိတ်ချမ်းသာဖို့ မလွယ်ကူနိုင်ပါဘူး။
ဘုန်းကြီးရဟန်းကသူတော်ကောင်း၊ပြည်သူလူထုကစေတနာကောင်းရင်အဲဒီရဟန်းရှင်လူပည်သူလူထုတို့
နေထိုင်ကြတဲ့နိုင်ငံကြီးလွပ်လပ်ပြီးတိုးတက်ကောင်းစားလာနိုင်မှာပါ။

လူတိုင်းစိတ်ချမ်းသာချင်တယ်ဆိုရင် လူတိုင်း သာသနာကို ကာကွယ်စောင့်ရှောက်ရမှာပါ။ သာသနာကို တိုးတက်အောင် မကြိုးစားနိုင်သောသူကို မပြောလိုသော်လည်း သာသနာကို နှောက်ယှက်ဖျက်ဆီးလာတဲ့ ကမ္ဘာ့ရန်သူ အာဏာရှင်တို့၏ အန္တရာယ်ကိုတော့ စိတ်ချမ်းသာချင်တဲ့ ရဟန်းရှင်လူ ပြည်သူလူထုက ၀ိုင်းဝန်းပြီး တော်လှန်ကြရမှာကာကွယ်ကြရမှာပါ.။ဒီလိုဝိုင်းဝန်းပြီးကာကွယ်နိုင်မှတစ်ဘက်ကမိမိတို့လိုချင်တောင်းတနေတဲ့ DEMOCRACY ကိုရရှိနိုင်မှာပါ။ ဒါကြောင့် DEMOCRACYကို လူတိုင်းလိုချင်ရင် လူတိုင်း DEMOCRACY လှုပ်ရှားမှုထဲ ပါဝင်ကြ တော်လှန်ကြရမှာပါ။ ထမင်းအတွက် အသက်ရှင်ဖို့အတွက် ရုန်းကန်ရင်းနေရတာ သေရတာထက် သာသနာလွတ်မြောက်ရေး ရဟန်းရှင်လူ ပြည်သူလူထုလွတ်မြောက်ရေးအတွက် ရုန်းကန်ရတာ တော်လှန်ရတာ ပိုပြီးမြင့်မြတ်တယ်၊ ပိုပြီး လူပီသပါတယ်။အဲဒီလို ရုန်းကန်တဲ့ တော်လှန်တဲ့စိတ်ဓာတ်ဟာ သာသနာအတွက်၊ရဟန်းရှင်လူပြည်သူလူထုအတွက်၊နိုင်ငံအတွက်အောင်ပွဲခံတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။

မည်သည့်သမိုင်းထဲကတော်လှန်ရေးကိုပဲထုတ်ကြည့်ကြည့်၊နုတ်ကြည့်ကြည့်၊ရဟန်းရှင်လူပြည်သူလူထုဟာအဓိကအခန်းက
အက္ခရာပါပဲ။ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့အခါရုန်းကန်ရေးတော်လှန်ရေးဟာနောက်ဆုံးအောင်ပွဲ
ခံနိုင်တာပါပဲ။

Wednesday, August 5, 2009

စည်းလုံးခြင်းရဲ့အင်အား


ဒို့တွေနေတဲ့ကျောင်းကလေးက ဘန်ကောက်မြို့အစွန်က လူနေမထူထပ်. ကားတွေမရှုပ်.တိုက်မြင့်မြင့်ကြီးတွေ လည်းမရှိတဲ့ ရွှေမြန်မာတို့ပျော်စံရာ ၀ပ်တလုမ်း ကျောင်းတော်လေးပါ။ မြောက်ဘက်မှာ ငါးလေးတွေ လွတ်လပ်စွာလှုပ်ရှားသွားလာကူးခတ်နေတဲ့ တသွင်သွင်စီးဆင်းနေတဲ့ ကြည်နူးဘွယ်ရာ ချောင်းလေးရယ်. နေ့စဉ်နဲ့အမျှ လူသားတွေကို ကောင်းကြိုးတွေ သယ်ဆောင်ပေးတဲ့ နေမင်းကြီး ထွက်တဲ့ အရှေ့ဘက်မှာ ဆွဲလဲသံလေးတွေလို သာယာနာပျော်ဘွယ်ကောင်းအောင် အဆင်တန်ဆာပေးတဲ့ မူလတန်း ကျောင်းကလေးရယ်.
တောင်ဘက်မှာတော့ မြန်မာတွေအတွက် ထာဝရ ကြိုဆိုလျက်ပါလို့ ဆိုင်းဘုတ် တတ်မထားပေမဲ့ အမြဲထာဝစဉ် ကြိုဆိုနေတဲ့ ဆိုင်းဘုတ် ကလေးရယ်. အော် နောက်ဘက် နေညိုညို ဂေါ၇ာ ကျွန်းဆီမှာတော့ ထိုင်းနိုင်ငံကို အစဉ်ထာဝရ လှပစေရမယ်ဆိုတဲ့ ဦးတည်ချက်ကို ဦးထိပ်ထား ဒုက္ခ တွေကို ရင်မှာပိုက်ပြီး သာသနာ့ဝန် မိသားစုဝန်တွေကို ထမ်းဆောင်ရင်း မပြီးသေးတဲ့တံတားဖြူဖြူကြီးကို ဆောက်လုပ်နေတဲ့ ဒို့မြန်မာ ရွှေ့ပြောင်း လုပ်သမားတွေရယ် အော် ကျောင်းကြီးရဲ့ အလယ်မှာတော့ ဘုံတွေပြဿာဒ် တွေနဲ့ ထည်ထည်ဝါ၀ါဆောက်ထား ထဲ့ ကျောင်းတော်ကြီးရယ် ကျောင်ထဲမှာတော့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ လူတွေခေါ်တဲ့ စုစားပြားအိပ် ဘုန်းဘုန်းတွေလည်း ငါးထပ်ကျောင်းဆောင်ကြီးမပြီးသေးလို့ စုဘုဉ်း ပြားကျိန်းနေကြတဲ့ စာသင်သား သံဃာတော်တွေရယ်. ဒိုင်းနီး ၇ွန်း ထဲမှာတော့ စက်ရုံအသီးသီးက လာပို့ထားတဲ့ မြန်မာပြည်အလွမ်းပြေ်ျငရုပ်သီးကြော်၊ငါးပိုကြော်တွေရယ် ကြက်သွန်ဖြူ နန်းချင်းနဲ့ သရက်သီး ဂန်းတွေရယ် (ရေးရင်းတောင်ဆာသလိုလိုဘဲ) အင်း ဆရာတော် တစ်ပါး ရယ်စရာ အမိန့်ရှိသလိုပေါ့ လှူဒါန်းတဲ့ ဒကါတွေ ဒကါမတွေ ကျန်းမာ ချမ်းသာကြပါစေ ။ မလှူတဲ့ ဒကါမတွေ တော့ ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်။ ရယ်စရာလေး တွေပြောတာပါ ။ ထိုင်းနိုင်ငံမှာနေတဲ့ ဒကါတွေ ဒကါမတွေ ကတော့ အနာထပိန်တို့ ၀ိသာခါတို့တောင် လက်မြောက်အရှုံးပေးရအောင်လှူကြတာပါ. သာဓု သာဓု သာဓု. မြန်မာေ၇ွှ့ပြောင်းအလုပ်သ မားတွေ ကျန်းမာချမ်းသာကြပါစေ. အားလုံးပြောတာနော် ..
အင်း ခေါင်းစဉ် က စည်းလုံးခြင်းရဲ့အင်အား ရောက်သွားတာက စားခန်းသောက်ခန်း
ပြောခြင်တာလေး အရင်ပြောတာပါ ဦးဓမ္မ. ဦးတေဇ တို့ခေါင်းဆောင်ပြီး ၀ပ်တလုမ်းကျောင်းကို MCU ဖယ်ရီလာ ကြိုဖို့ မြန်မာရဟန်းတော် များနဲ့ ဘင်္ဂလားရဟန်းတော်များ အပါး ၄၃ ပါး စုပေါင်းလက်မှတ်ထိုးပြီး ပါချုပ်ဆီကို စာတင် လိုက်တာ သံဃာအားဘုရားမလွန်သာ ဆိုသလို ပါချုပ်လည်း အကျိုအပို့အတွက် စလုပ်ပေးတာ ၀မ်းသာစရာ ကောင်းလိုက်တာ နော်
အခုတစ်ခါလည်း ဗီဇာကိစ္စ ပေါ်လာပြန်တော့ လည်း သူတို့တွေ (ဘင်္ဂလားရဟန်းတော်)တွေ လာပြီးပြောနေပြန်ပါပြီ အတူတူ လုပ်ကြရအောင်တဲ့ ညီညွတ်ခြင်းရဲ့ အသီးအပွင့်တွေရဲ့ အရသာတွေကို ခံစားပြီးသူတိုင်း သူရဲ့ချိုမြိန်မှုတွေကို သိလေလေ စားချင်လေလေ ဘဲနော် ဒါတွေဟာရိုးသားတဲ့ ဆင်းပဲလေးတွေ ဆိုပေမဲ့ အတူတူလုပ်ဆောင် တဲ့အခါ သူသာတယ် ငါသာတယ် မတွက်ဖို့သိပ် အရေးကြီးတယ် သူဆရာလုပ်တယ် ထင် သူအခွင့်အရေးယူတယ်ထင်ရင် ညီညွတ်ခြင်းတွေလျှော့ စည်းလုံးခြင်းတွေ ပြော ပြီး အလွယ်တကူပြိုကွဲသွားမယ်............ သွေးချင်းညီအကို များစည်းလုံးချင်းသည် အင်အား ဆိုသလိုဘဲ အင်အားတွေတိုးပွားအောင် ဆက်ပြီးစည်းလုံးကြပါစို့ ညီနောင်သွေးချင်းများတို့

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

အဖွဲ့ အနေနဲ့ ရှာဖွေစုဆောင်းထားတဲ့ ဘဏ္ဍာငွေ မျိုးစေ့ လေးကနေ စာလာ (မြန်မာ ဓမ္မာရုံလေး)ပေါ်ပေါက်အောင်
မျိုးစေ့လေးကို လှော်လည်းမစားခြင်တော့ပါဘူး ပြုတ်လည်းမစားတော့ပါဘူး တအားခက်ခဲနေရင်တော့ တစ်မျိုးတစ်ဖုံပေါ့ ဒါမျိုးကို တော့ ခြွင်းချက်အနေနဲ့ ကူညီမှာပါ တင်ပြစရာရှိတာ တင်ပြပါ တင်ပြရတာက ကိုယ့်အခွင့် အရေးပါ သာမညဆိုရင်တော့ သာမညလောက်ပဲဆောင်ရွက်ပေးပါလိမ့်မယ် vip ဆိုရင်တော့ အထူးဆောင်ရွက် ပေးပါလိမ့်မယ် အင်း ဒါထားလိုက်ပါတော့ မဆောက်ရသေးတဲ့ မြန်မာ ဓမ္မာရုံလေးဆီကို သွားရအောင်ဗျာ.......
တပည့်တော်တော့ မရောက်ဘူးသေးပါဘူး ဥက္ကဌ ဆရာတော်ပြောတာနဲ့တင်ဘဲ စိတ်ကူးထဲမှာ မြင်လိုက်ပါတယ် တစ်လံလောက်ကို ဘတ် ၁၅၀၀၀ တဲ့ တစ်ကွက်လောက်ဆိုရင် တော့ ဘယ်လောက်ပေးမလဲမသိဘူး ဒါပေမဲ့ ၀ိသာခါရှုံးပြီး သန်းနဲ့ချီ အောင်များတဲ့ တို့မြန်မာနိုင်ငံသား အလုပ်သမား တွေအားနဲ့ဆိုရင် မဖြစ်သေးတာဘဲရှိမှာ ပါ မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူးဗျာ
ကဲ ပြိုင်တူတွန်းလိုက်ရင် ရွေ့နိုင်ပါတယ် အဖွဲ့ဝင်တွေ တွန်းနေကြတာပါဘဲ ပြိုင်တူ တွန်းဖို့သာ အရေးကြီးတာပါ ပြိုင်တူတွန်းကြပါ အတူတူတွန်းကြပါ တစ်ပါးနဲ့တစ်ပါး ပြိုင်ပြီးတော့ မတွန်းကြပါနဲ့နော် ပြိုင်တွန်း နေရင် တပည့်တော်တို့ အင်တွေ အားတွေ ချွေးတွေ အချိန်တွေ နှလုံးသားတွေနဲ့ ပေးဆပ်ထားတဲ့ MSMO ကျောင်းသာ အဖွဲ့ လေး ယိုင်သွား မယ် တပည့်တော်တို့ရဲ့ အိပ်မက် ကလေးတွေ မိုးမလင်းခင် လန့်နိုးသွားမယ် တပည့်တော်တို့ရဲ့ MSMO လေးကို အိပ်မက် ရှည်ရှည်မက်ခွင့်ရအောင် တပည့်တော်တို့မှာရှိတဲ့ မျိုးစေ့လေးကို ၀ိုင်းဝန်းပြီးတော့ ရေလောင်းသင့်ရင် လောင်းပေးကြပါ ပေါင်းသင်သင့်ရင်ပေါင်းသင်ပေးကြပါ မြေသြဇာတွေ လိုနေရင် မြေသြဇာတွေထည့်ပေးကြပါ လောင်းရိပ်အောက်ရောက်နေရင်လည်း နေခြည်လေးနဲ့ထိတွေ့ ခွင့်ပေးကြပါ ပိုးကောင်လေးတွေကိုက်နေရင်လည်း လက်ပိုက်ကြည့်မနေဘဲ ၀ိုင်းဝန်းပြီးတော့ ဖယ်ရှားပေးကြပါ ကို ယ့်တာဝန် ငယ်တယ် ကြီးတယ်ဆိုတာ ပဓာနမကြလှပါဘူး ကျရာတာဝန်ထမ်းပါမှ အသီးအပွင့်တွေဝေဆာနေတဲ့ MSMO ဆိုတဲ့ ကျောင်းသား သစ်ပင်လေး ဘေးမသီ ရန်မခ အေးမြတဲ့အရိပ်တွေ ပေး ချိုမြိန်တဲ့ အသီးတွေ ကြွေ လှပတဲ့ပန်းလေးတွေနဲ့ မွှေးနေအောင် ပြိုင်တူတွန်းလိုက်ကြပါစို့ နောင်တော် ညီတော် အပေါင်းတို့
ရွှေကံမ (မြေလတ်)




တာဝန်သိသူမှာ တာဝန်ရှိသည်

ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို
စော်ကားလိုက်တာလဲ ဆောင်းပါး ဖတ်ကြညဒီမှာ့်ပါ

ဒီမှာ
မှာ တွေ့ခဲ့တဲ့ ဆောင်းပါးတစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။
အပျော်သဘောနဲ့ဖြစ်စေ၊ ဖက်ရှင်သဘောမျိုးနဲ့ပဲဖြစ်စေ သာသနာတော်ကို ဒီလိုပြုမူတာဟာ
မကောင်းပါဘူး မင်းမော်ကွန်း။

အဖွဲ့စည်းတစ်ခု၏ပျက်စီးကြောင်းတရားများ...

1...အနာယကာဝိနာသန္တိ။ နာယကမရှိခြင်း။
2..နသန္တိဗဟုနာယကာ။ ဆရာများရင်။
3..တီနာယကာဝိနာသန္တိ။ အမျိုးသမီးခေါင်းဆောင်ရင်။
4..နသန္တိသုသုနာယကာ။ ဆရာသိပ်ငယ်ရင်။
ဤတရားလေးပါဟာအဖွဲ့စည်းတစ်ခု၏ပျက်စီးရာအကြောင်းတရားတွေပါပဲ။

Myanmar Student Monks Organization in Thailand. Powered by Blogger.