Thursday, August 13, 2009

ကပ္ပိယကျော်ခေါင်း နှင့် သူမသိသေးသော အကြောင်းအရာများ

တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်းသည်၊ ရွာဦးကျောင်းနောက်ဖက် ဇရပ်အိုကြီး၌ အနားယူနေစဉ်၊ ဆရာတော်ခေါ်သဖြင့် အပြေးအလွှား ကျောင်းကြီးပေါ်သို့ ရောက်ရှိလာ၏၊ ‘‘အမိန့်ရှိပါဘုရား ’’ ဟု၍ လျှောက်ထားလိုက်ရာ ၊ ဆရာတော်သည်း ဤသို့ အမိန့်ရှိလေ၏ ။ ‘‘ ငကျော်ခေါင်း မင်းနဲ့ ငါ နောက်အပတ်ထဲမှာ အညာဖက်ကို ခရီးအတူသွားကြမယ်ကွဲ့ မင်းလည်း ဗဟုသုတ တိုးတာပေါ့ ’’ ဟူ၍ ပြောဆိုလေ၏ ။ ကပ္ပိယကျော်ခေါင် သည် မရောက်ဖူးသောနေရာကို လိုက်ချင်သော်လည်း၊ သူ့အား ‘‘ဗဟုသုတ တိုးတာပေါ့’’ ဟုပြောဆိုသော ဆရာတော့်စကားကို သိပ်ဘဝင်မကျလှပေ ၊ သူသည် သူ့ကိုယ်သူ အင်မတန် ဗဟုသုတ ရှိသူတစ်ယောက်ဟူ၍ ခံယူထားလေ၏ ၊ ဟုတ်လည်းဟုတ်ပေသည်၊ ကပ္ပိယကျော်ခေါင် သည် ညနေစောင်း အချိန်တိုင်း ရွာလယ်က ဒေါပုကုန်စုံဆိုင်သို့ သွားကာ အိမ်ရှင်မများအား အကဲခတ်လေ့ရှိ၏ ။
justify;"ကပ္ပိယကျော်ခေါင် သည် သူအမြဲမပြတ်လေ့လားထားသော ရှားလော့ဟုမ်း၏ စုံထောက် ပညာ နှင့် ဆားပုလင်းနှင်းမောင် တို့ ၏ ပညာများကို လက်တွေ့ အသုံးချလေ့ရှိ၏ ၊ အိမ်ရှင်မများ၏ ဆွဲခြင်းကို ကြည့်သောအားဖြင့် မနက်ဖြန် ရွာဦးကျောင်း၌ အဘယ်ဟင်းများ နေရာယူမည်ကို သူ သေသေချာချာသိလေသည်၊ သို့သော် သူမသိသေးသည်မှာကား ၊ အိမ်ရှင်မများ၏ ဆွဲခြင်းထဲ့၌ ပါသွားသော ကြက်သား ဝက်သားများသည်း အဘယ်ြေုကာင့် ရွာဦးကျောင်းကို ရောက်မလာခဲ့သနည်း၊ ဤသည်ကား ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းအရာထည့်တွင် တစ်ခုအပါအဝင် ဖြစ်လေသည်။
ရွာဦးကျောင်းဆရာတော် နှင့် ကပ္ပိယကျော်ခေါင် တို့ ခရီးထွက်ခဲ့လေပြီ ၊။
ရန်ုကုန်တွင် ခရီးစဉ်တစ်ထောက်နား၍ ကပ္ပိယအတွက် လိုအပ်သော အဝတ်အစားမျုားကို ဝယ်ကာ အညာခရီးကို စတင်လေတော့၏ ။ မန္တလေး ဂေါဝိန်ဆိပ်မှ တောင်တို သင်္ဘောကြီးဖြင့် ဧရာဝတီမြစ်ကြော်အတိုင်း စုန်ဆင်းခဲ့လေ၏ ။ ကပ္ပိယကျော်ခေါင် သည် မြင်သမျှတွေ့သမျှအားလုံးကို အတတ်နိုင်ဆုံးမှတ်သားထားလေ၏၊ ညနေစောင်း အချိန်ခန့်တွင် ဆီမီးခုံ မြို့အနီ၌ တောင်တို သင်္ဘောကြီး သောင်တင်သဖြင့် ၊ ငကျော်ခေါင် နှင့် တစ်ကွ ကာလသားများ အားလုံး ရေထဲဆင်ကာ သင်္ဘောအား တွန်းခဲ့ရလေသည် ။ ငကျော်ခေါင် အတွက် အင်မတန်မှ ထူးဆန်းသော ဖြစ်ရပ်ဖြစ်လေ၏ ၊ သူကြားဖူးသည်မှာ ကားကိုသာ ဆင်း၍တွန်းရသည် ဟု ကြားဖူးထား၏ ၊ ယခုမူ သင်္ဘောကို ဆင်းတွန်းရသဖြင့် ဒိုင်ယာရီ မှတ်ထားရမလောက် အံ့အိုနေမိ၏ ။ နတ်တိုလ ရာသီ၏ ဒီရေတိုက်စာမူကြောင့် ဧရာဝတီဖြစ်၏ ရေကြောင်း ပုံမှန်မဟုတ်သည်ကိုကား ငကျော်ခေါင် တစ်ယောက် သိမထားပေ။ သူသည် ထုံစံအတိုင်း မျက်စိကို ပေကလပ်ပေကလပ်လုပ်ကာ ဧရာဝတီ ရှူ့ ခင်းများကို အလွန်ပင် အံ့အိုလာခဲလေ၏ ၊အတော် မိုးချုပ်မှ ဆရာတော် နှင့် ကပ္ပိယတို့ ၊ သွားလိုရာ မြင်းခြံမြို့နယ် ကံတော်ရွာသို့ ရောက်လေတော့၏၊ ဆရာတော်သည် အလွန်ပင်ပန်း သဖြင့် စောစော ကျိန်းစက်လေ၏ ၊ ငကျော်ခေါင်းမှာကား သဘောဖြူ ရွှေညာသူလေးများနဲ့ လေပန်းကာမအိပ်ပဲ ကျန်နေသေး၏ ၊ ငကျော်ခေါင်း ပြောသောစကားထဲ့တွင် မိမိသည်သာလျှင် အဓိက မိမိသည်သာလျှင်ဇာတ်လိုက် ဖြစ်လေ၏ ။ ။ မက်ဆိုပိုးတေးမီယား စစ်မြေပြင်မှာ စွန့်စားခဲ့သော ဂျမဒါ မင်းထင် အကြောင်း ၊ ကမ္ဘာ့ ပထမဆုံး ကွန်မန်ဒို အော်တိုစကော့ဇန်ီ အကြောင်း ၊ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ၏ စေခိုင်းချက်အရ ဂျူလူမျိုး ခြောက်သန်းကျော်တို့ ကို အရှင်လတ်လတ် သတ်ခဲ့သူ အဒေါ့အိုက်ခမန်း အကြောင်း၊ သဲကန္ဒာရမြေခွေးဟု အမည်းတွင်ခဲ့သော စစ်သူကြီး ရွမ်းမဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားရာ အခြေခံအကြောင်းတရားဖြစ်သော ဂျနီဖာ စာချုတ်အကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်ရာ နော်မန်ဒီကမ်းတက်တိုက်ပွဲ အကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ အကြောက်ဆုံးဖြစ်ခဲ့ရသည့် နေးဗရွမ်း တောင်ကုန်းမှ အမြောက်ကြီးများအကြောင်း၊ နပိုလီယံအကြောင်း ၊ ရိုးမသူရဲကောင်း အားခီးလီး အကြောင်း၊ ထရွိုင်းမြို့တော်ကို ပျက်စီးအောင် ဖန်တီးပေးခဲ့တဲ့ ထရိုဂျင်း သစ်သားမြင်းရုပ်ကြီင်္းအကြောင်း နှင့် ပျောက်ဆုံးနေသော မြို့တော် ရှန်ဗေလား (ခေါ်) ရှန်းဂရီးလား အကြောင်း များကို ရေပက်မဝင် တတွတ်တွတ် ပြောနေလေတော့၏ ၊ သို့သော ကပ္ပိယကျော်ခေါင်း သည် ရန်ကုန်တွင် ခေတ္တနားနေခဲ့စဉ် ရွှင်ပျော်ပျော်စားသောက်ဆိုင်တွင် ထမင်းစားရင်း အလည်၌ တည်ထားသော ပန်းအိုးကို ငပိရည်နဲ့ တော့ခဲ့သည်ကိုမူ ယောင်လို့တောင်မှ မပြောဖြစ်ခဲ့ပေ ၊ သဘောဖြူ ရွှေညာသူလေးများမှာလည်း ကပ္ပိယကျော်ခေါင်းကို အလွန်အထင်ကြီးလေးစားကာ ထန်းမြစ်မီးဖုတ်များကို ပျားရည်နှင့် ဧည့်ခံကြလေတော့၏ ၊ ကပ္ပိယကျော်ခေါင် သည် ၄င်းထန်းဖြစ်များအား ပျားရည်တွင်တော့ကာ အီကြာကွေးကို ငရုပ်ဆီနှင့်စားသကဲ့သို့ အခွံမနွှာပဲ အချောင်းလိုက်ကိုက်လေတော့၏ ။ ထိုအခါ အညာသူလေးများသည် ခိခိခစ်ခစ်ရယ်မောကြလေ၏ ၊ ကပ္ပိယကျော်ခေါင် သည်ကာ သူ၏ ပျက်လုံးများကို ရယ်သည်ဟု အမှတ်ဖြင့် ရော၍ ရယ်ရင်း ထန်းမြစ်များကို အချောင်းလိုက် စားမြဲစားလေတော့သတည်း။ ။ ဤသည်မှာလည်း ကပ္ပိယကျော်ခေါင် မသိသေးသော အကြောင်းတရားများတွင် တစ်ပါးအပါအဝင် ဖြစ်လေတော့သတည်း။ ။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.