Saturday, August 22, 2009

ငါအိုသွားတဲ့အခါ



ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး
ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ၊

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ
အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ
အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ
ငါ့ကို မရွံ့ပါနဲ့
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ၊

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ
စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း
တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေ
စတဲ့ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ
ငါ့ကို မငြိုငြင်ပါနဲ့
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို
မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို
စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ၊

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး
လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့
ငါ့ကို ကူတွဲပေးကြပါ၊

လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်လေ့ကျင့် ပေးခဲ့တာတွေကို သတိရပေးပါ၊

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး
ဝမ်းမနည်းပါနှင့် နားလည်ပေးပါ၊ အားပေးပါ၊

အရင်တုန်းက လူ့ဘ၀တစ်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ
ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေတွေ့ရမှာပါ။

(အိုပယ်ဇာတ်ကားထဲမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.