Wednesday, September 9, 2009

အသိပေးလျှောက်ထားလွှာ

ရိုသေစွာလျှောက်ထားအပ်ပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သီတင်းသုံးနေထိုင်ကြကုန်သော သံဃာတော် အရှင်မြတ်တို့ဘုရား....
မြန်မာသံဃာတော်များ သီတင်းသုံးနေထိုင်သော ကျလမ်စစ်စမ်၊ ဖာစီချလိမ်၊ ၀ပ်တလုံးကျောင်းတိုက်၌ လစဉ်လတိုင်း ဒုတိယပတ် တနင်္ဂနွေနေ့တွင် ဖိကစင် ၆၉. ၀ါလာလပ် မြန်မာ အလုပ်သမားမိသားစုများမှ စုပေါင်း၍ မြန်မာသံဃာတော်များကို ဖူးမျှော်ကြည်ညိုယင်း မြန်မာဆွမ်းဟင်းများကို ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ပါသည်။
ယခုလ ဒုတိယပတ် တနင်္ဂနွေနေ့ (၁၃၊၉၊၂၀၀၉)မှ စတင်ပြီး ဆက်ကပ်လှူဒါန်း မည်ဖြစ်ပါသောကြောင့် ကြွရောက်တော်မူကြပါရန် ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည် သံဃာတော်အရှင်မြတ်တို့ ဘုရား။
အာဂန္တုသံဃာတော်များ သွားလာရေးလာရေးအဆင်ပြေစေရန်အတွက်လည်း စီစဉ်ထားပါသည်ဘုရား။ ကျန်းမာစေကြောင်း ဆုမွန်တောင်းလျက်........

ဒါယကာ ဒါယိကာများကိုယ်စား
ဆရာတော် ဦးဓမ္မ
၀၈-၉၆၃၆၀၁၉၄




No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.