Wednesday, September 9, 2009

ကပ္ပိယကျော်ခေါင်း နှင့် တစ်ပွဲစားဖိုးတေ

တစ်နေ့သ၌ ကပ္ပိယကျော်ခေါင်သည် လူပျိုအပျိုများ စုဝေးရာ ရွာဦးကျောင်းနောက်ဖက် ဇရပ်အိုကြီးသို့  သွားရောက်ကြည့်ရှု့ရင်း လူပျိုများဝိုင်းကို ကျော်ဖြတ်ကာ အပျိုများ စုဝေးရာနေရာသို့ သွားရောက် စကားစမြဲ ပြေကြားရင်း ဤသို့ ငြင်းခုန်ကြလေ၏ ၊
’နင်တို့ မိန်းခလေးတွေ ထောင်းတာ မကောင်းဘူး ငါဟာငါ ထောင်းတာပဲ ကောင်းတယ်’’ ဟုပြောဆိုငြင်းခုန်လေ၏

ထိုအခါ မိန်းခလေးများကလည်း အောင်ကျမခံလို သောကြောင့်၊
‘‘ အံမယ် ကပ္ပိယကများ ပြောရတယ်ရှိသေး ကျမတို့ကလည်း ထောင်းပေးနေကြနော် ရှင့်ဟာရှင် ထောင်းတာထက် အဆတစ်ရာကောင်းတယ် ရှင့် သိလား’’ ဟူ၍ ပြန်လည် ချေပငြင်းခုန်လေတော့၏ ၊ ကပ္ပိယကျော်ခေါင်ဆိုသော သူသည်ကား ငြင်းခုန်းသော နေရာတွင် ရွာဦးကျောင်းဆရာတော်မှ လွဲလျှင် မည်သူ့ ကိုမှ အရှူံးပေးလေ့မရှိချေ ၊ ထို့ကြောင့် ထိုငြင်းခုန်ပွဲသည်လည်း ယောက်ျားလေးထောင်းတာ ကောင်းသူ နှင့် မိန်းခလေး ထောင်းတာကောင်းသူ နစ်ဦးနစ်ဖက် တော်တော်နဲ့ လိုရင်းမရောက်နိုင်ပဲ ရှိနေလေ၏၊ ထိုသို့ ငြင်းခုန်နေစဉ်၊ အနည်းငယ် လည်လည်ဝေဝေ ရှိဟန်တူသော နော်ဖိုးဖိုး ဆိုသော ကောင်မလေးက ကျန်သော မိန်းခလေးများအား မျက်စိမှိတ်ပြကာ ဤသို့ ပြောဆိုလိုက်လေ၏ ၊
’’ကဲ့ ကပ္ပိယကျော်ခေါင်ရယ် ရှင့်တို့ ယောက်ျားတွေ ထောင်းတာ ပိုကောင်းတယ်ဆိုရင် အခုချက်ချင်း လက်တွေ့ထောင်းပြ’’ ဟု ပြောဆိုကာ ငရုပ်ဆုံ နှင့် ငရုပ်ကျည်ပွေ့ကိုအပ်လိုက်တော့မှ၊ ကျော်ခေါင်ခမျာမှာ ကိုယ့်စကားနဲ့ကိုယ် ရွာဘုံအလှူပွဲကြီး တစ်ခုလုံးအတွက် တစ်ပြည့်ခန့် လောက်ရှိသော ငရုပ်သီးများကို ထောင်းပေးလိုက်ရလေတော့၏ ။
ထိုအခိုက် တစ်ပွဲစားဖိုးတေ ရောက်ချလာပြီး ကောင်မလေးများနှင့် ဝိုင်းဖွဲ့ကာ ရောက်တတ် ရာရာများကို ပြောဆိုနေလေ၏ ၊ တစ်ပွဲစားဖိုးတေ ဟူသည်ကား ရွာဦးကျောင်းဆရာတော်၏ တူတော်မောင် ဖြစ်လေ၏၊ တစ်ပွဲစားဟုသော နာမဝိသေသကိုလည်း သမန်ကာချန်ကာ ရယူထားသူတစ်ယောက်တော့ မဟုတ်ပေ၊ သူသည် ရွာဦုးကျောင်းက ကြည်းစည်ခေါက်လိုက်သည်နှင့် တစ်ပြိုင်နဲ အချိန်မှန်မှန် ဆွမ်းတော် လာ စွန့် သူ တစ်ယောက်အဖြစ်နာမည်ကြီးလေ၏၊ ထို့ကြောင့် ကပ္ပိယကျော်ခေါင်၏ ပညာပေးခြင်းကို ခံရလေ့ရှိ၏ ။
ကပ္ပိယကျောင်ခေါင်၏ ပညာပေးပုံမှာ ဤသို့ ဖြစ်လေ၏ ။ ကပ္ပိယကျော်ခေါင်သည် မောင်ဖိုးတေ အား ဦးဦးဖျားဖျား ဆွမ်းတော်ကို စားသည်ဟုဆိုကာ ဆွမ်းဝိုင်း၌ ထမင်း တစ်ပွဲသာ စားခိုင်းလေ၏ ၊ သူ၏ ထမင်းပွဲသည်ကား ကြောင်တစ်ကောင်စာ သာသာလေးသာရှိ၏ ၊ သို့ သော် ကပ္ပိကျော်ခေါင် မရှိသော နေ့များတွင်ကား သူစားသော ထမင်း တစ်ပွဲသည် ရွာဦးကျောင်း ဆရာတော်၏ သပိတ်တစ်လုံးစာခန့် ရှိလေ၏ ။ ထိုအကြောင်းတရား ၂ ပါးကြောင့် သူ့ ကို သူ့ရှေ့ တွင်ပင်လျှင် တစ်ပွဲစားဖိုးတွေ ဟူ၍ ခေါ်ဆို သမုတ်ကြလေ၏ ။ သူ့ နောက်ကွယ်တွင်မူ ကျပ်မပြည့်ဖိုးတေး ဟူ၍လည်း ချစ်စနိုး ခေါ်ကြသူများ ရှိသေး၏ ။ ဤကား တစ်ပွဲစားဖိုးတေ (ဝါ) ကျပ်မပြည့်မောင်ဖိုးတေး ၏ ၊ ရှိစု မဲစု ဂုဏ်ထူးဝိသေသ များဖြစ်တော့သတည်း ။
သို့သော် တစ်ပွဲစားဖိုးတေ၏ အားသာချက်များကား ဤသို့ရှိသေးလေ၏ ။ သူသည် တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် ဗူးဆို ဖရုံသီးသူ မဟုတ်ပေ၊ ထို့ ကြောင့် ဘယ်သူပင် ဘယ်လောက် နှိမ်စေကာမူ ရွာလယ်က နန်းကုတ်ကုတ် ဆိုသော ညိုပြာညက်ကလေး၏ အသည်းစွဲဖြစ်လေ၏၊ ကပ္ပိယကျော်ခေါင်မှာမူ ဆွမ်းလာပို့ သူလုံးမပျော်လေးများအားလုံးကို လိုက်ပိုးနေသောကြောင့် သူ့ကောင်မလေး ဟူ၍ လက်ညှိုညွန်ပြစရာ အတည်တကျ မရှိသေးပေ၊ သို့ သော် သူ၏ စိတ်ထည့်တွင်ကား ရွာလယ်က ဒေါ်ပု ကုန်စုံဆိုင်မှ ဈေးရောင်းအကူ နော်ဖိုးဖိုး သည် သူပြောလိုက်လျှင် အလိုက်သင့် ပါလာနိုင်သည်ဟူ၍ အပိုင်တွက်ထားသော စာရင်းများထဲ့တွင် တတိယ နေရာကို ရယူထားသူကလေး ဖြစ်လေတော့သတည်း။ ။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.