Saturday, October 24, 2009

(chatting)ချက်တင်အတွေးတစ်စ


ဘယ်နေရာမှာ နေတာဆိုလဲ
ငါမသိချေ..အခက်ပွေ၏
ဘယ်သူဘယ်ဝါ ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ဘာလုပ်ကိုင်တယ် ဆိုတာကိုလဲ
ငါမသိချေ...အခက်ပွေ၏
ပျိုငယ် ၊အိုပယ် ဆိုတာကိုလဲ
ငါမသိချေ..အခက်ပွေ၏
သူကငါကို ချစ်ရေးဆိုလဲ
ခေါင်းညိတ်ရလေ..ပီတိဝေ၏
သူကငါကို မုန်းတယ်ဆိုလဲ
ခံစားရလေ..သောကဝေ၏
သို့သော်ငြားလည်း...
ချက်တင်ထိုင်ရင်း
ချစ်ဇာတ်ခင်းကြသဘာဝမို့
ချက်တင်အချစ် စိတ်မညစ်နဲ့
ဆက်၍ချက်ပါ အားပေးပါ၏
ဒါပေသည့်.....
ချက်တင်မှာမြဲ ဒူလာမစွဲဘို့
လက်တို့ ပြီးတော့ ပြောရဦးမယ်(နားထောင်ကြနော်)
၁။ငါတို့နေရာ ဤကမ္ဘာ ချက်တာခေတ်စားသည်။
၂။ချက်တင်စေရာ မနေသာ ဖွေရှာချက်ရသည်။
၃။ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူတွေလဲ ချက်ကြသည်။
၎။ချက်တဲ့ထဲမှာ အများစုဟာ လူလိမ်တွေက များလှသည်။
၅။ချက်တင်မှာဘဲ ထိုင်နေမြဲ ဒူလာစွဲဘို့ နီးခဲ့ပြီ။

ဆန်းသစ်အောင်


Thursday, October 22, 2009

သူငယ်ချင်းတယောက်က ပေးပို့လာတဲ့ ဖော်ဝပ်မေးလ်ပါ။ စာရေးသူနာမည်တော့ မပါလာပါဘူး။ အားလုံးနဲ့ အတူ ကိုယ်တိုင်လဲ.. ဘာတွေလိုအပ်နေလဲဆိုတာ ဒိမေးလ်ကနေ အသိတွေရတာနဲ့ မျှဝေပေးချင်လို့ပါ..။

ရိုးရိုးလေးပါ…

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
(ဟုတ်တယ်..အဲဒီစိတ်ကလေး မွေးသင့်ပါတယ်)

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။
(ကိုယ်.. လိုက်နာမှ ဖြစ်မယ်။ ထစ်ကနဲဆို ..စိတ်က ဆိုး စိတ်လိုက်မာန်ပါလုပ်မိလို့.. )

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ကိုယ်..လိုက်နာဖို့..အချက်တွေ။
အားလုံး ပျော်ရွှင်စေချင်ပါတယ်။

Wednesday, October 21, 2009

M.S.M.O သုံးလပတ်အစည်းဝေးမှတ်တမ်းခွေ ရပြီ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ရဲ့ဒုတိယအကြိမ်သုံးလပတ်အစည်းဝေးမှတ်တမ်းခွေထွက်ရှိနေပြီဖြစ်ရာ
အလိုရှိသူများအနေဖြင့်ဆန်းသစ်အောင်(ဗီဒီယိုထုတ်လုပ်ရေး)အထံသို့ကော်ပီကူးယူနိုင်ပြီဖြစ်ပါကြောင်းသတင်း
ကောင်းပါးအပ်ပါသည်။

မြန်မာအဘိဓာန်စာအုပ်လိုချင်သူများအတွက်

မြန်မာတွေ ဖြစ်ပြီး မြန်မာစကားလုံးသုံးတဲ့အခါမှာ ရေးတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ်၊ ဖတ်တာပဲဖြစ်ဖြစ်၊ မှားဖတ်တာမျိုး၊ အဓိပ္ပာယ်လွဲကောက်တာမျိုး ကြုံခဲ့ဖူးကြမှာပါ... Language Schoolတွေမှာ အင်္ဂလိပ်စာ၊ တရုတ်၊ စပိန်၊ ထိုင်း ဘာသာစကား သင်တန်း ကျောင်းတွေ မြို့တော်ရန်ကုန်ကစလို့ နယ်မြို့လေးတွေအထိ သင်တန်းတွေအများကြီး တွေ့ရပေမယ့် မြန်မာဘာသာ စကားရယ်လို့ ဖွင့်တဲ့သင်တန်းကျောင်း မရှိသေးပါဘူး... U.F.L မှာသာ မြန်မာသာသာစကားကို ဒီပလိုမာတန်း၊ ဘွဲ့တန်းဆိုပြီး တစ်ခုတည်းသာ ရှိပါတယ်... တက်တဲ့သူတွေကလည်း နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေပါပဲ... တကယ်တော့ မြန်မာတွေကိုယ်တိုင် မြန်မာစကားကို မပြောတတ်တာ အများကြီးပါ၊ အများပြည်သူ သွားလာနေတဲ့ နေရာ မျိုးတွေမှာ သတိပေးဆိုင်းဘုတ်တွေ တွေ့ရလိမ့်ရှိပြီးအများစုက သတ်ပုံမှားနေတာတွေ့ရပါတယ်...
ဥပမာ-ဆေးမကျီးသီး ရောင်းဝယ်ရေးဆိုတဲ့နေရာမှာကျီးနဲ့ကျည်းလွဲတာမျိုးတွေပေါ့.....

ဒါဟာ မြန်မာဘာသာ၊ မြန်မာစကားလေ့လာနေကြတဲ့ နိုင်ငံခြားသားတွေအတွက် ရယ်စရာ ပြက်လုံးတွေ စီကာကုံးသလိုနှယ်... မှားကြတာတောာ့ မိမိအပါအ၀င် အားလုံးနည်းပါး ပါပဲ... ခုတော့ စာလုံးပေါင်း သတ်ပုံဖြေရှင်းဖို့အတွက် အတန်သင့်ပူစရာမလိုတော့ပါဘူး... ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနမှ ဒုတိယအကြိမ်ထုတ်ဝေတဲ့ မြန်မာအဘိဓာန်ဆိုတဲ့ စာအုပ်ကို သူငယ်ချင်းဆီမှတဆင့်ရရှိပြီး ဆော့ဝဲလ်စီဒီပါ,ပါလို့ ပြည်ပရောက် သူငယ်ချင်းများအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်... မြန်မာအဘိဓာန်ကို လိုချင်ရင်တော့
ဒီမှာ ကလစ်နှိပ်ပြီး ဒေါင်းလုဝ်ဆွဲသွားနိုင်ပါတယ်...အဆင်ပြေကြလိမ်မ့်မယ်လို့မျှော်လင့်ပါတယ်...
ဆန်းသစ်အောင်

Be Human

Be heedful,
As heedlessness produces futility.

Be enthusiastic,
As delusion retards glory.

Be energetic,
As laziness bans furtherance.

Be responsible,
As irresponsibility resembles with animal.

Be sympathetic,
As heartlessness drives cruelty.

Be mannish,
As easily-surrender declines man-ship.

By Ea Ni Min
21:10:2009

From ဧဏီမင်း's blog.

Saturday, October 17, 2009

ဆုံမလင်္ကာများ

ကျမ်းပြီးမှတ်ထုံး၊ ကမ္ဗတ်ဖုံး၍၊ နိဂုံးအခန်း၊ လက်ရုံးတန်းပိမ့်၊ ခေတ်ဆန်းခုနှောင်း၊ လူအပေါင်းကား၊ မကောင်းကိုးကွယ်၊ ကောင်းကိုးကွယ်ဟု၊ ညာဘယ်မခြား၊မပြုငြားဘဲ၊ စဉ်းစားဝေဖန်၊ကျိုးရှိတန်မှ၊လျော်ကန်ရုံမျှ၊ ကိုးကွယ်ကြလိမ့်။



ဗုဒ္ဓမြတ်စွာ၊သာသနာကို၊ ကောင်းစွာကြိုတင်၊မပြုပြင်သော်၊ အမြင်မှိန်မှေး၊အထင်သေး၍၊ ယဉ်ကျေးဖွယ်ရာ၊အဖြာဖြာနှင့်၊ ဘာသာဝါဒ၊ဟူသမျှတို့၊ စစကုန်သုဉ်း၊ ပြုတ်ပြုတ်ပြုန်းလိမ့်။




ထွတ်ဘုန်းသာသနာ၊ မှိန်သောခါဝယ်၊ ထွေရာကောင်းနိုး၊ ၀ါဒမျိုးဖြင့်၊ အကျိုးမတဲ့၊ ဖြစ်ပြန်ခဲ့မူ၊ တကဲ့တိုင်းကြီး၊ ပြည်အနီး၌၊ တိုင်းသီးပြည်နယ်၊ မျက်နှာငယ်လိမ့်။



သို့နှယ်ကြောင်းရာ၊ စုပေါင်းကာဖြင့်၊ ကောင်းစွာမျှော်ညှိ၊ ဆင်ခြင်မိ၍၊ တို့၏နယ်မြေ၊ တို့အမွေနှင့်၊ တို့မေဘာသာ၊ သာသနာကို၊ တို့သာကြံ့ကြံ့၊ စောင့်ရှောက်အံ့ဟု၊ ခံ့ခံ့မားမတ်၊ စိတ်ထားမြတ်ဖြင့်၊ နာဂတ်သာသနာ၊ ရေးအရာကို၊ တွေးကာသိုက်မြိုက်၊ ရေးသားလိုက်၏။





သိထိုက်သိရာ၊ သိပြီးခါဝယ်၊ စဉ်လာထင်မြင်၊ ပြင်ကာဆင်လျက်၊ စည်ပင်သာယာ၊ သာသနာနှင့်၊ မြန်မာပြည်ထောင်၊ တိုးတက်အောင်လျှင်၊ ခေါင်းဆောင်ရှေ့သွား၊ ရှင်လူများတို့၊ ခွဲခြားမေတ္တာ၊ မထားပါဘဲ၊ များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊ ညီညီကြိုးကုတ်၊ အားသွန်ထုတ်က၊ ဗုဒ္ဓသာသနာ၊ ပြည်မြန်မာသည်၊ ကမ္ဘာထုတ်ချင်း ထွင်းလိမ့်သောဝ်


အနာဂတ်သာသနာအတွက်အ၇ှင်ဇနက္ကဘိဝံသဆ၇ာတော်ေ၇သာခဲတာလေးကိုကူယူတင်ပြလိုက်တာပါ

ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

Friday, October 16, 2009

အိမ်ပြန် နောကျခဲ့သူများ

တေးသီငှက်တို့အိပ်တန်းတက်ချေပြီ
လရောင်က မပီဝိုးတ၀ါး
ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လို့
တခါတခါ အနောက်ဖျားက ခွေးအူသံတွေသဲ့သဲ့။

အမှောင်တွေလွမ်းခြုံထားတဲ့ အခန်းထဲမှာ
နဖူးပေါ်လက်တင်ယင်း ဇောချွေးပြန်နေသူတစ်ယောက်
စိတ်တွေက ကမ္ဘာအနှံ့ပတ်လို့။

တခါတခါ တောင်ဝင်ရိုးစွန်းကိုရောက်လိုက်
တခါတခါ အီဖယ်မျှော်စင်ထိပ်ကိုရောက်လိုက်
တခါတခါ ပိရမစ်တွေနဲ့အတူ လဲလျောင်းလိုက်။

ဘယ်ကလာလို့
ဘယ်ကို ခရီးဆက်မယ်မှန်းမသိတဲ့ ကျွန်တော်ကို
မိဘတွေက "အေကေအမ်"လို့ နာမည်တပ်ခဲ့တယ်
သူတို့ ကျွန်တော့်ကို မပိုင်မှန်းသိပေမဲ့
(ရှေးရိုးဝါဒီတွေအတိုင်း)
ကျွန်တော့်ကို လိုသလိုပုံသွင်းခဲ့ကြတယ်။

အခုဆို ဇာတ်ခုံပေါ်ရောက်ခဲ့တာ
အနှစ်သုံးဆယ်နီးနီးတောင် ရှိခဲ့ပြီ
ကံဆိုးတာက
ကျွန်တော်ကချင်တဲ့အခန်းက ဘယ်တုန်းကမှ ပါဝင်ခွင့်မရှိခဲ့ဘူး။

ဇာတ်ညွန်းဆရာတွေရဲ့ စေရာအတိုင်း
တသွေမတိမ်း ကျွန်တော် အသုံးတော်ခံခဲ့တယ်
အထိုက်အလျောက်လည်း အောင်မြင်မှု့တွေရခဲ့တယ်
ခက်တာက အဲဒါဟာ ကျွန်တော့်မျက်နှာ အစစ်မဟုတ်ခဲ့ဘူး။

အမေ့ရဲ့ နို့ချိုတွေနဲ့ သားတွေ အသက်ဆက်ခဲ့ရတာမှန်တယ်
အဖေ့ရဲ့သွေးတွေနဲ့ သားတွေ ရပ်တည်နေနိုင်တာလက္ခံတယ်
မိဘအရိပ်အေးမြမှန်း သားသမီးတိုင်း ယုံကြည်တယ်
သားသမီးတိုင်း မိဘကျေးဇူး တတ်နိုင်သမျှဆပ်ကြတယ်။

.................
ဝမ်းနည်းပါတယ်
မိဘစေရာတိုင်း သားသမီးတွေ နေရမဲ့ဝါဒကိုတော့ မယုံကြည့်ဘူး
မိဘတို့ကြိုးဆွဲရာ သားသမီးတွေ က ရမဲ့ ရုပ်သေးဝါဒကို မကြိုက်ဘူး။

လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုလိုက်ပါ
သားသမီးတွေမှာလည်း ကိုယ်ပိုင်ပန်းတိုင်တွေ ရှိကြမှာပေါ့
အထက်စီးဆန်တာ ချုပ်တီးခံရတာကို လူတိုင်း မနှစ်ခြိုက်ပါဘူး
လမ်းမှားယင်တည့်မတ်ပေးလိုက်ပါ
ခြေချော်ယင် ဖေးမထူလိုက်ပါ
တွေဝေနေယင် အကြံဥာဏ်ကောင်းလေး ပေးလိုက်ပါ။

ဗြဟ္မဇိုလ်တရားလေးပါးထဲက ဥပေက္ခာသရုပ်ကို
မိဘတွေ မသိမဟုတ် သိမှာပါ
အချစ်တွေလွန်ကဲနေတော့
အကောင်းတွေချည်း မျှော်လင့်နေတော့
မေတ္တာဟာ ဒဏ်ရာအသွင် ပြောင်းသွားတယ်
သွေးသားအရင်းက ရန်သူအသွင်ဆောင်သွားတယ်
ငယ်ငယ်က ချစ်လို့မ၀ခဲ့တဲ့ မျက်နှာဟာ
မတွေ့မမြင်ချင်လောက်အောင် အငြိုးအတေးများသွားတယ်
ဝမ်းနည်း ပူဆွေး ကြေကွဲကြရတယ်။

သေချာတာက
လွန်ကဲမှု့ရဲ့ နောင်တတွေဖြစ်တယ်
ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်သူတွေရဲ့ သင်္ခန်းစာတွေဖြစ်တယ်
ကဗျာဆန်ဆန် ပြောရယင်
အချစ်ကြီးသူတွေရဲ့ ဇကာ ရင်ဘတ်တွေဖြစ်တယ်။

လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပြုလိုက်ပါ
သားသမီးတွေမှာလည်း ကိုယ်ပိုင်ပန်းတိုင်တွေ ရှိကြမှာပေါ့
အထက်စီးဆန်တာ ချုပ်တည်းခံရတာကို လူတိုင်းမနှစ်ခြိုက်ပါဘူး
လမ်းမှားယင် တည့်မတ်ပေးလိုက်ပါ
ခြေချော်ယင် ဖေးမထူလိုက်ပါ
တွေဝေနေယင် အကြံဥာဏ်ကောင်းလေး ပေးလိုက်ပါ
မိဘမေတ္တာဟာ အနှိုင်းမဲ့ အနန္တပါ
ဘယ်အခြေနေ ဘယ်အနေထားကို ရောက်ရောက်
မိဘဟာ မိဘပါ
မိဘ အရိပ်ကို သားသမီးတိုင်း ခိုလှုံလိုကြတာပါပဲ။

ဧဏီမင်း

ဘလော့မှ ကူးယူဖေါ်ပြပါသည်။

ကျေနပ်ပြီ

မထင်ပေါ်ချင်ပါဘူး၊ စင်တော်က ကောက်မှာစိုးလို့။
မဝေဖန်ချင်ပါဘူး၊ လေကန်တယ် ဖြစ်မှာစိုးလို့။
မလိုချင်ပါဘူး၊ ပိုတာတွေ ဖိတ်မှာ စိုးလို့။

လက်တွဲဖော် အားပေး၊ အမှားလေးတွေ ပြင်ရင်း . . .
တတ်သိသည့် ပညာ၊ ထားရှိသည့်စိတ်ဓာတ်၊
မမြင့်မြတ်ရင်နေပါစေ . . .
သူတို့တွေ ပျော်ရွှင်စေဖို့
နောက်ကွယ်က ကူညီရရင် ကျေနပ်ပြီ။

မောင်ပညာ(မန်းတက္ကသိုလ်)

Tuesday, October 6, 2009

ထိုင်းစာ အရေးအဖတ် သင်တန်းဖွင့်မည်

ကျောင်းသားသံဃာတော်များ၏ ဘာသာဘေဒ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းစာသင်တန်းကို တနင်္ဂနွေနေ့များတွင်အပတ်စဉ် ဖွင့်လှစ်ပေးမည်ဖြစ်ပါသောကြောင့်၊ တက်ရောက်သင်ကြားလိုသော သံဃာတော်များသည်၊ ပြန်ကြားရေးအဖွဲ့သို့  စုံစမ်းမေးမြန်းနိုင်ကြောင်း နှင့် တက်ရောက်မည့်သံဃာအရေအတွက်ကို သိလိုပါ၍ ကြိုတင်စာရင်းများပေးပါရန် လျှောက်ထားအပ်ပါသည်။



သင်တန်းဖွင့်လှစ်မည့်နေရာ။ ။ Dear Burma School, MBK ကုန်တိုက်အနီး။
သင်တန်း စတင်မည့်နေ့ ။ ။ရက်အတိအကျ မသိရသေးပါ။( စာမေးပွဲ ပြီးချိန်)။

မှတ်ချက်။ ။ ဤသင်းတန်းကို ကျောင်းသားအဖွဲ့မှ ဖွင့်လှစ်ခြင်းမဟုတ်ပါဘုရား၊ ဒကာများ၏ လျှောက်ထားချက်အရ တက်ရောက်သင်ကြားမည့် သံဃာစာရင်းကိုကောက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့အတွက်ကြောင့် MSMO ကော်မတီဝင်များကို အသေးစိတ်မလျှောက်ထားခဲ့ခြင်းဖြစ်ပါသည်ဘုရား။

မထင်မှတ်ခြင်းမှ ကြံ့ ကြာတတ်ခြင်း

သာသနာပြု မြန်မာ ကျောင်းသားရဟန်းတော်များ ရပ်ဝေးမြေခြား ဒေသန္တရ ခရီးကြွကြရာတွင် မိမိသွားရောက်
သော နိုင်ငံရဲ့  အ၀င်ဂိတ်သည် အဓိက ဖြစ်သည်။ ဖြတ်သန်းခွင့်မပြုလျင် မည်သည့်နိုင်ငံသားမှ ၀င်ရောက်ခွင့်
မရပါ။ ယနေ့ ကာလသည် မြန်မာနိုင်ငံသားများအဖို့  နိုင်ငံတိုင်းက စောင့်ကြည့်ခြင်း ခံစားနေကြရသည်မှာလဲ
မြေကြီး လက်ခတ်မလွဲ ပါ။ ထို့ အတွက်ကြောင့် ဒေသန္တရ ခရီးကြွကြရာတွင် မထင်မှတ်တာလေးတွေက လမ်းခရီး
အနှောက်ယှက်ဖြစ်တတ်ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ပါသည်။
ခရီးကြွကြသူတိုင်း နိုင်ငံ တစ်နိုင်ငံ ကို ၀င်ပြီဆိုရင် အဲဒီနိုင်ငံ ရဲ့  ပါ့မွှား အသေးအဖွဲလေး၊ စည်းကမ်း ကနားလေးတွေကို သတိထားဖို့ ၊လတ်တလော အခြေနေလေးကို သုံးသပ်ထားဖို့ လိုအပ်ပါသည်။ အမှုမဲ့  မနေသင့်၊ မသွားသင့်ကြပေ။ ပညာရှိ သတိဖြစ်ခဲ ဆိုတာလိုပေါ့။
နိုင်ငံတိုင်း သူ့ နိုင်ငံ သူ့ စည်းကမ်းတော့ ရှိနေမြဲပါ။ ဒါပေမယ့် အထူး သတိပြုသင့်သည်မှာ--၆ -၉-၂၀၀၉ နေ့ က
မြန်မာသာသနာပြု စာသင်သား ရဟန်းတော်လေး များ မလေးရှား မှ စင်္ကာပူ နိုင်ငံ အကူးဂိတ်တွင်မြန်မာသတင်း
စာအုပ်လေးများ ဆောင်ယူလာမှုကြောင့် စင်္ကာပူ သို့  ၀င်ရောက်လည်ပတ်ခွင့် ခရီး အဆင်မပြေဖြစ်ခဲ့ရပါသည်။
စာအုပ်များမှာ ပြည်ပသတင်း မြန်မာ စာစောင်ဖြစ်ခြင်း၊ စာအုပ်တွင်း ဓါတ်ပုံများမှာ မြန်မာ ပြည်တွင်းတက်ကြွမှု
ပုံရိပ် လေးများကြောင့် ပင်ဖြစ်ကြောင်း သုံးသပ်မိပါသည်။
ပြသ်သနာမ ဟုတ်ပေမယ့် ပြသ်သနာ လို့ ယူဆလိုက်တဲ့ သူ့ နိုင်ငံရဲ့ ပေါ်လစီကြောင့် များစွာစိတ်ပင်ပန်းဖို့ ဖြစ်
လာရပါသည်။ m.s.m.o မြန်မာကျောင်းသားများ အတွက် လိုအပ်လိမ့်မည် ဟု တွက်ဆမိကြောင်း စဉ်းစားရင်း
အသိပေးတင်ပြပေးခြင်းသာ ဖြစ်သည်။ ဖြန့် ဝေရန် မဟုတ်ပါ။
သာယာချမ်းမြေ့ ကြပါစေ။


ပညာတော်သင်ထောက်ပံ့ကြေး ဆက်ကပ်လှူဒါန်း

၂-၁၀-၂၀၀၉၊ မဟာချိုင်၊
မဟာချိုင်၊ နယ်မြေအသီးသီးရှိ မြန်မာအလုပ်သမားများမှ M.S.M.O မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သို့ ၊ ပညာတော်သင် ထောက်ပံ့ကြေးအဖြစ် အလှူတော်ငွေ ဘတ် (၇၈၇၉၁) အားဆက်ကပ်လှူဒါန်းပါသည်။

၎င်းလှူဒါန်းငွေ= ၇၈၇၉၁ = ဘတ်တိတိကို အဖွဲ့ကိုယ်စား ဘဏ္ဍာရေးမှူး ဦးဗြဟ္မဝံသ မှ ၂-၁၀-၂၀၀၉၊ နေ့တွင် လက်ခံရယူထားကြောင်း လျှောက်ထားအပ်ပါသည်။

Saturday, October 3, 2009

မြန်မာ့ဓလေ့သီတင်းကျွတ်လပြည့်နှင့်အမှတ်တရများ



မြန်မာ့ရိုးရာဆီမီးခွက်လေးများ

ဤလောကကြီးထဲ၌မှီတင်းနေထိုင်ကြသောလူသားများအဖို့တစ်နည်းမဟုတ်

မဟုတ်တစ်နည်းကျေးဇူဆပ်စရာတွေအသီးသီးရှိနေကြသည်မှာအမှန်ပင်

ထိုအထဲတွင်မြတ်ဗုဒ္ဓလည်းအပါဝင်ဖြစ်၏၊သို့သော်မြတ်ဗုဒ္ဓ၏်ကျေးဇူးဆပ်

နည်းကားစိတ်ဝင်စားစရာအင်မတန်ကာင်းလှပေသည်၊လူအများစုကျေးဇူး

ဆပ်နေကြသည်မှာရုပ်ဝတ္ထုပစ္စည်းများဖြင့်ပေးကမ်း၍ဆပ်နေကြချင်းပင်၊

မြတ်ဗုဒ္ဓကားထိုသို့မဟုတ်၊မိမိရဲ့နှလုံးသားထဲမှာတည်ရှိနေသည့်အဘိဓမ္မာ

(၇)ကျမ်းဟူသောဓမ္မဖြင့်ကျေးဇူးဆပ်ခြင်းပင်၊အမေ့ကျေးဇူးဆပ်နည်း(၅)မျိုးအနက်

နောက်ဆုံးနည်းဖြင့်ဆပ်ခြင်းဟုဆိုရပေမည်။တစ်ခုသောနေ့တစ်နေ့မှာမြတ်ဗုဒ္ဓ၏

အထွေးစိတ်ကူးထဲ၌အမေ့မျက်နှာပုံရိပ်မြင်ယောင်လာခဲ့လေပြီ၊ထိုပုံရိပ်ကိုဟိုဟို

ဒီဒီအတွေးနယ်ချဲ့ကြည့်လိုက်သည့်အခါမှာတော့မိမိအားလူလားမြောက်အောင်

အမေရင်းတစ်ယောက်ပမာဆက်လက်ပြုစုစောင့်


သီတင်းကျွတ်လပြည့်ည၌ပဌာန်းရွတ်ဖတ်ပူဇော်နေကြသည့်သ္မီးငယ်လေးများ


ရှောက်ခဲ့သောမိဒွေးတော်ဂေါတမီပင်၊မှန်ပါသည်၊၄င်းမိဒွေးတော်ဂေါတမီဟာ

မိခင်ရင်းမယ်တော်မာယာမရှိတော့တဲ့နောက်ဂေါတမဘုရားလောင်းသိဒ္ဓတ္ထမင်း

သားလေးကိုနို့ချိုတိုက်ကျွေးလျှက်ဆက်လက်ပြုစောင့်ရှောက်ပေးခဲ့သောဒုတိယ

မြောက်မိခင်တစ်ဦးပေတည်း၊(ဘုရားလောင်းတို့၏မိခင်မှန်သမျှသည်ဘုရားလောင်း

ဖွားမြင်ပြီးရက်သတ္တပတ်ကြာတွင်စုတေရရိုးဓမ္မတာဖြစ်သည့်အလျှောက်မယ်တော်မာယာ


သည်လည်းသိဒ္ဓတ္ထမင်းသားလေးကိုဖွားမြင်ပြင်ပြီးနောက်ရက်တစ်ပတ်အကြာတွင်

စုတေရလေ၏
)မြတ်ဗုဒ္ဓကျေးဇူးဆပ်မည့်အချိန်မှာတော့မိဒွေးတော်ကလူ့လောကမှာ

မရှိတော့ပေ၊သို့အတွက်မြတ်ဗုဒ္ဓအနေနဲ့ဥာဏ်တော်ကွန်ယက်ဖြန့်ကျက်ကြည့်လိုက်

သည့်အခါမှာတော့မိဒွေးတော်ဟာတာဝတိသာနတ်ပြည်မှာသန္တုဿိတနတ်သားအဖြစ်နဲ့
ဲ့
နတ်စည်းစိမ်တွေကိုခံစားနေတာကိုမြင်တော်မူခဲ့ပါပြီ။
လပြည့်ညဖယောင်းဆီမီးတိုင်လေးများရဲ့အလှတရားနှင့်အပြိုင်
၊ဒါကြောင့်ကျေးဇူးဆပ်ရေးအတွက်တာဝတိံသာနတ်ပြည်ကိုကောင်းကင်ခရီး

(နှစ်လှမ်းသုံးဖ၀ါး)ဖြင့်ကြွမြန်းပြီးဘ၀ဟောင်းကမယ်တော်ဖြစ်ခဲ့ဘူးတဲ့သန္တုဿိတ

နတ်သားကိုအမှူးပြု၍နတ်ဗြဟ္မာအပေါင်းတို့အားအင်မတန်ထူးဆန်းနက်ရှိုင်းလှစွာ

သောအဘိဓမ္မာ(၇)ကျမ်းကိုဟောကြားတော်မူခဲ့ရာဝါတွင်းသုံးလတိုင်အောင်ကြာ

သွားခဲ့လေ၏၊ဤကားမြတ်ဗုဒ္ဓ၏မယ်တော်အတွက်ထိုက်တန်စွာကျေးဇူးဆပ်လိုက်

ခြင်းပေတည်း၊အဘိဓမ္မာ(၇)ကျမ်းကိုဟောကြားတော်မူပြီးနောက်သီတင်းကျွတ်

လပြည့်နေ့မှာတော့မြတ်ဗုဒ္ဓအနေဖြင့်လူ့ပြည်သို့ပြန်ကြွခဲ့ရာလူ့ပြည်မရောက်ခင်

လမ်းခရီးစဉ်အတွင်းမှာသင်္ကဿနဂိုရ်ပြည်သို့လည်းကြားခရီးစဉ်အဖြစ်ကြွမြန်းခဲ့

ရပြီးလူ့ပြည်သို့ပြန်လည်ကြွချီခဲ့ရာရောက်ခါနီးတွင်လူနတ်ဗြဟ္မာများကမီးရှုးမီးတိုင်

များဖြင့်စည်ကားစွာကြိုဆိုခဲ့ကြသည့်မြင်ကွင်းကားစိတ်ထဲတွင်ကြည်နူးစရာအတိပေတည်း၊

ဤကဲ့သို့သောအလေ့အထများကိုအတုလိုက်၍ယ္ခုခေတ်လူများကလည်းသီတင်းကျွတ်လ

ပြည့်ညရောက်တိုင်းစေတီပုထိုးအစရှိသောမြင့်မြတ်သောနေရာများ၌ဆီမီးများညှိထွန်းခြင်း၊

ဘုရားရင်ပြင်တော်များ၌ဆီမီးတစ်ထောင်ထွန်းညှိခြင်းများ
ပြုလုပ်လာကြလေတော့၏၊အညာဒေသမိမိခလေးဘ၀တုန်းကတော့အမေခိုင်းတဲ့အတိုင်းအိမ်ဝန်းခြံအတွင်း
ရှိရေတွင်း၊အိမ်လှေခါးထစ်၊မီးဖို၊နွားစာခေါင်း၊ပဲစပါးကျည်တိုက်၊အိမ်ပေါက်ဝ၊စသောနေရာများသို့ဆီမီးခွက်
တွေလိုက်ထွန်းရတာကလဲယ္ခုထိမေ့မရနိုင်တဲ့ပျော်စရာပုံရိပ်လေးတွေပါဘဲ၊မြန်မာလူမျိုးတွေရဲ့ချစ်စရာရိုးရာ
ဓလေ့တစ်ခုဖြစ်တဲ့သက်ကြီးရွယ်အိုမိဘဘိုးဘွားများအားမုန့်စတဲ့ပစ္စည်းးတွေကိုလိုက်ပြီးကန်တော့ရသည်က
လဲဤသီတင်းကျွတ်လရဲ့ဆွဲအားတစ်ခုလို့ဘဲဆိုရမလားမသိ၊မိမိခလေးဘ၀တုန်းကတော့အဘိုးအဘွားတွေဆီ
သွားပြီးမုန့်ထုတ်တွေလိုက်ကန်တော့ရသည်မှာမမောနိုင်မပန်းနိုင်ပျော်လို့မဆုံးအောင်ဖြစ်ခဲ့မိတာအမှန်ဘဲ၊
အညာဒေသနေအဘိုးဘွားတွေရဲ့လာရောက်ကန်တော့ကြတဲ့မြေးလေးတွေအတွက်ဆုပေးစကားလေးက
လည်းအခုထိရင်ထဲမှာအမှတ်ရနေဆဲဘဲ....သာဓု.သာဓု..သာဓု..ဤသို့ကန်တော့ရသောအကျိုးအားကြောင့်
ဘုန်းကြီးလို့အသက်ရှည်ပါစေတဲ့လေ...
တကယ်တော့သီတင်းကျွတ်လပြည့်နေ့ဟာဘာသာရေးဘက်ကကြည့်ပြန်ရင်လဲအဘိဓမ္မာအခါတော်နေ့ဖြစ်
သည့်အလျှောက်နေရာတိုင်းမှာအဘိဓမ္မာ(၇)ကျမ်းဝတ်ရွတ်ပွဲ၊အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေ
ကျင်းပကြတာကိုတွေ့ရပါတယ်၊၀ါတွင်းသုံးလပတ်လုံးလောင်းလှူလာခဲ့ကြတဲ့မြို့နယ်ရပ်ကွက်အသီးသီးက
ဆွမ်းလောင်းဓမ္မာရုံတွေဟာလည်းဒီသီတင်းကျွတ်လပြည့်နေ့မှာဘဲစာရေးတံမဲများဖောက်၍ဆွမ်းလောင်း
ပိတ်ပွဲများပြုလုပ်လေ့ရှိကြရပြီးတချို့ဓမ္မာရုံတွေကတော့၎င်းလပြည့်ညမှာတရားပွဲများပြုလုပ်ကြသလိုအချို့
ဓမ္မာရုံတွေကတော့ပျော်ပွဲ၊ရွှင်ပွဲများကျင်းပပြုလုပ်ကြပါတယ်၊
အချုပ်အားဖြင့်ဆိုရသော်ဤသီတင်းကျွတ်လဟာမိုးလေကင်းလွတ်သောလသက်သက်မဟုတ်တော့ဘဲကုသိုလ်
ကောင်းမှုများဖြင့်ပြည့်နှက်သောလဟုပြောကြားရင်းအောက်ဖော်ပြပါလင်္ကာလေးဖြင့်မျိုးဆက်သစ်စာဖတ်
ပရိသတ်များအတွက်စီစဉ်တင်ဆက်လိုက်ရပေသည်။
မယ်တော်မိနတ်၊ကျေးဇူးဆပ်၊ဟောမြတ်အဘိဓမ္မာ။
ဟောကြားခဲ့ရာ၊တာဝတိံသာ၊၀ါတွင်းသုံးလကြာပေတာ။
ဆန်းသစ်အောင်
(ထူးခြားချက်)ဤပို့စ်တင်ဘို့ စာရိုက်နေစဉ်မှာ မမျှော်လင့်ဘဲ helpdesk@web-stat.comမှမိမိ
မေးထဲသို့စာတစ်စောင်ရောက်လာသဖြင့်ဖတ်ကြည့်လိုက်တော့မိမိဘလော့အတွက်မှတ်ပုံတင်
(register)ရန်ပြောကြားလာသည့်စာဖြစ်နေ၏။၊ရှင်းရှင်းပြောရလျှင်ဘလော့အတွက်အခွန်ဆောင်ခိုင်းဖြစ်
ဟန်တူပါသည်၊သို့အတွက်ကြောင့်မိမိအနေဖြင့်ရှေ့ဆက်ပြီးဘယ်လိုဘယ်ပုံလျှောက်လှမ်းရမည်
မသိသေးပါ၊လသားအရွယ်မျှသာရှိသေးသောဤဘလော့လေး၏ရှေ့ခရီးအတွက် စိတ်မကောင်းဖြစ်ရုံမှတပါး..


Thursday, October 1, 2009

ဦးနှောက် နှင့် ကင်ဆာ ကျန်းမာရေး

I hope you do not eat preserved food a lot.
Please take care.
Buddha said,
"To keep the body in good health is a duty... otherwise we shall not be able to keep our mind strong and clear. "
With best regards,



BRAIN DAMAGING HABITS

1. No Breakfast
People who do not take breakfast are going to have a lower blood sugar level. This leads to an insufficient supply of nutrients to the brain causing brain degeneration.

2 . Overeating=2 0

It causes hardening of the brain arteries, leading to a decrease in mental power.

3. Smoking

It causes multiple brain shrinkage and may lead to Alzheimer disease.

4. High Sugar consumption

Too much sugar will interrupt the absorption of proteins and nutrients causing malnutrition and may interfere with brain development.

5. Air Pollution

The brain is the largest oxygen consumer in our 20 body. Inhaling polluted air decreases the supply of oxygen to the brain, bringing about a decrease in brain efficiency.

6 . Sleep Deprivation

Sleep allows our brain to rest.. Long term deprivation from sleep will accelerate the death of brain cells..

7. Head covered while sleeping

Sleeping with the head covered increases the concentration of carbon dioxide and decrease concentration of oxygen that may lead to brain damaging effects.

8. Working your brain during illness

Working hard or studying with sickness may lead to a decrease in effectiveness of the brain as well as damage the brain.

9. Lacking in stimulating thoughts

Thinking is the best way to train our brain, lacking in brain stimulation thoughts may cause brain shrinkage.

10. Talking Rarely

Intellectual conversations will promote the efficiency of the brain





The main causes of liver damage are:



1. Sleeping too late and waking up too late are main cause.

2. Not urinating in the morning.

3 . Too much eating.

4. Skipping breakfast.

5. Consuming too much medication.

6. Consuming too much preservatives, additives, food coloring, and artificial sweetener.


7. Consuming unhealthy cooking oil.

As much as possible reduce cooking oil use when frying, which includes even the best cooking oils like olive oil. Do not consume fried foods when you are tired, except if the body is20very fit.

8. Consuming raw (overly done) foods also add to the burden of liver.

Veggies should be eaten raw or cooked 3-5 parts. Fried veggies should be finished in one sitting, do not store.

We should prevent this without necessarily spending more. We just have to adopt a good daily lifestyle and eating habits. Maintaining good eating habits and time condition are very important for our bodies to absorb and get rid of unnecessary chemicals according to 'schedule.'


The top five cancer-causing foods are:


1.. Hot Dogs


Because they are high in nitrates, the Cancer Prevention Coalition advises that children eat no more than 12 hot dogs a month. If you can't live without hot dogs, buy those made without sodium nitrate.




2. Processed meats and Bacon


Also high in the same sodium nitrates found in hot dogs, bacon, and other processed meats raise the risk of heart disease. The saturated fat in bacon also contributes to cancer.

3. Doughnuts

Doughnuts are cancer-causing double trouble. First, they are made with white flour, sugar, and hydrogenated oils, then fried at high temperatures. Doughnuts, says Adams , may be the worst food you can possibly eat to raise your risk of cancer.

4. French fries
Like doughnuts, French fries are made with hydrogenated oils and then fried at high temperatures. They also contain cancer- causing acryl amides which occur during the frying process. They should be called cancer fries, not French fries, said Adams .

5. Chips, crackers, and cookies


All are usually made with white flour and sugar. Even the ones whose labels claim to be free of trans-fats generally contain small amounts of trans-fats.


PASS THIS TO ALL WHOM YOU LOVE & CARE FOR. ............ .. ...

HAVE A PLEASANT DAY !
copy from my friend's mail.
thanks



ဗိုလ်အိမ်သာ

EE ပါရင်း ကာကွယ် ကြပါစို့
သူငယ်ချင်းတို့ရေ...

၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့
ကောင်လေးတစ်ယောက်သူအရမ်းချစ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ
ဦးနှောက်သွေးကြောပြတ်သွားတာကို ကြုံခဲ့ရတယ်..။ ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့
အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံ ကို မျက်စိထဲက မထွက်ခဲ့ဘူး..။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့ နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။ သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။
မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ..။ ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။
တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်..။
မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။ သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။

“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ်
သေဆုံးသူအများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်.. လို့တွေ့ရမှာပါ.။ ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ” သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။ သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ
ထိုင်ပြီး အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။ ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ.. ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး
ဦးနှောက်သွေးကြောကိုဆောင့်တိုးစေတယ်..။ လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အားကျနေပြီလေ.။ ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့...သူတင်ပြတယ်..။ ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။ ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ
အံ့သြစရာကောင်းပါတယ်..။ ၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။ ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။ အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။ ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်..။ အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။ မြန်မာနိုင်ငံမှာရော..............................HuhHuhHuhHuhHuhHuhHuh

ကဲ...သူငယ်ချင်းတို့ရေ...
မသိခင်ကတော့ ထားပါတော့....သိပြီးမှတော့ ကျွန်တော်တို့တွေ ထိုင်ကမုတ်ခွက် ကိုပြောင်း မသုံးသင့် ဘူးလားဗျာ...။
Myanmar Student Monks Organization in Thailand. Powered by Blogger.