Monday, November 30, 2009

ခေတ်သစ်ဒုက္ခသစ္စာ

ဒီကမ္ဘာလောကသည် သဘာဝကျသော အကြောင်းနုင့်အကျိုး ဆက်နွယ်မူကြောင့်ဖြစ်ပေါ်လာရသည်၊ ပျက်စီးနေရသည်ဟုထင်မိပါသည်။မည်သည့်အရာမျှဖြစ်ခြင်း၊ပျက်ခြင်း၊တရားးတို့နုင့်မကင်းနိုင်ကြပေ။ ကျွန်ပ်အမြင် သဘာဝတရားကို မည်သည့်အရာကမျှ မဖန်တီး မပြူလုပ်နိုင်ပါ။အသိညဏ်မျာပိုင်ရှင်လူသတ္တ၁ါများသည်လည်း အသိဥာဏ်များမြင့်မားလာကြသည်နုင်အမျှ သင်ယူစရာများပိုများလာကြသည်။ ထိုကြောင့် လူသည်သင်ယူမူ့ဖြင့်သာ လူဖြစ်နေကြရသည်။ ယဉ်ကျေးလှပြီ၊ အသိဥာဏ်မြင်မာလှပြီဟု ကြွေးကြော်နိုင်ခြင်မှာ ရှေခေတ်လူများခက်ခက်ခဲခဲ ရှာဖွေတွေရှိခဲ့မူ့ သိမြင်မူ့များကို သင်ယူလေ့လာဆက်ခံမူ့ကြောင့်သာဖြစ်သည်ဟု ကျွန်ပ်တေွးထင်ခဲ့ပါသည်။ ထိုကြောင့်ရှေစကားပုံတခုကိုပြောခြင်ပါသည် ဘာလဲဆိုတော့ ပညာသင်ကြားခြင်မရှိလျှင်ဘာမှ မသိနိုင်ပါတဲ့။ပညာသင်ကြားခြင်မရှိသူ၊အသိဥာဏ်ပညာ အားနည်သူသည် ခေတ်သစ်ဒုက္ခသစ္စာနူင့် ရင်ဆိုင်နေရသောသူ ဖြစ်နေမည်မဟုတ်ပါလော။

Sunday, November 29, 2009

ဘ၀ရဲ့ အမောတွေ ပြေနိုင်ကြပါစေ..........

ဆံပင်ရိတ်မယ်.....

မန်ချီဒါတစ်ယောက် ပုဇွန်တောင်တွင် ဆံပင်သွားညှပ်သည်...။ ဆံပင်ညှပ်ဆိုင်ရောက်တော့....
မန်ချီဒါ - ဆံပင်ညှပ်ခဘယ်လောက်လဲ...
ဆံပင်ညှပ်ဆရာ - ၁၅၀
မန်ချီဒါ - မုတ်ဆိပ် ရိတ်ရင်ရော...
ဆံပင်ညှပ်ဆရာ - ၅၀
မန်ချီဒါ - ကောင်းပြီ... အဲဒါဆို ဆံပင်ရိတ်ပေးပါ...။ Laughing...

အကြောင်းပြချက် ကိုယ်စီ

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့

ကင်းခြေ ပြန်ဖြေလိုက်တာက

*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ"*

သားမက်ရဲ့ မေတ္တာ

မိန်းမကယောကျာင်္းကိုမေးသည်။
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှ
ာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့"


အထိုးခံရမှာ စိုးလို့

ကိုစကူ သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။

လမ်းခရီးတွင် ထိုလူက ကိုစကူ ကို မေးသည်။

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစကူ က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။

သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစကူ ကလည်းမဖြေ။

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။

ထို ဗလကောင်းကောင်းလူက ကိုစကူ အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။

ထိုအခါ ကားပေါ်ပါလာသူများက ကိုစကူ အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။

မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။

ထိုအခါ ကိုစကူ က ယခုလို ပြန်ဖြေလေသည်။


ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။






May.gale
ကဲ ဟာသကြိုက်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်။ မကြိုက်တဲ့သူငယ်ချင်းတွေက မဖတ်နဲ့ ပေါ့။

Saturday, November 28, 2009

တွေးမိသမျှလေးတွေပါ

၂၀၀၈ နှစ် သီတဂူတက္ကသိုလ်(ရန်ကုန်) သင်တန်းတက်ရောက်စဉ်က သီတဂူဆရာတော်ကြီးက မင်းတို့အား
လုံးသင်တန်းပြီးလို့အတန်းဆင်းတဲ့အခါတိုင်း အခုငါရွတ်ပြတဲ့ဆောင်ပုဒ်ကိုမင်းတို့အမြဲတမ်းရွတ်ကြရမယ်နော်
ထိုကဲ့သို့မိန့်ကြားပြီး ငါတို့ဖြစ်ရ ဤလောက၀ယ် ဘ၀သမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါတို့ တို့စွမ်းရာ
ဖြင့် တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံးလပြုအံ့ ဤကဲ့သို့ရွတ်ဆိုပြလေသည်။
စာပေလိုက်နာ နာယူမှတ်ရေး ထေရ်အရှင်လေးတွေအားလုံးသည်လည်း ထိုဆောင်ပုဒ်ကို ဆရာတော်အားကြည်
ညိုလေးစားကြသောအားဖြင့်လည်းကောင်း ထိုဆောင်ပုဒ်ရဲ့ ရွတ်ဆိုလို့ကောင်းသည့်အပြင် လေးနက်သော
အသွင်အပြင်ရှိနေသောကြောင့်လည်းကောင်း ဆရာတော်မရွတ်ဆိုမီကပင် အားလုံးကြားဖူး မှတ်သားဖူးကြသည်။
ထို့ကြောင့် စာရေးသူတို့အားလုံးတစ်ခေါက်ဆိုခြင်းဖြင့် ဆရာတော်နှင့်အတူတကွ လိုက်ပြီး ညီညာစွာ ရွတ်ဆိုလိုက်ကြလေသည်။
ဆရာတော်ကြီးသည် ဘာကြောင့်ဒီဆောင်ပုဒ်ကိုရေးရသနည်းဟုဆိုရင် ထိုဆောင်ပုဒ်ထဲက အသွင်အပြင်တွေကို ကြည့်လိုက်ခြင်းဖြင့်သိနိုင်ပါတယ်၊ ထိုဆောင်ပုဒ်ရဲ့ အဓိပ္ပါယ်ကိုတော့မင်းတို့ တွေးတော
ကြံကြပေတော့အမိန့်မရှိလိုက်သော်လည်းမိမိတို့အားလုံးတို့သည်အမိန့်ရှိလိုက်သလိုပင်ခံစားရလေသည်
ထို့ကြောင့်မိမိသည် အပြန်လမ်းမှာတော့ ခါတိုင်းလို့ ခြေလှမ်းတို့ မသွက်တော့ပေ တစ်လမ်းလုံး ထိုဆောင်
ပုဒ်၏ အနက်အဓိပ္ပါယ်ကို မိမိဘာသာ စွမ်းအားရှိသလောက်ပြန်ကြည့်မိလေသည်။
ငါတို့ဖြစ်ရ ဤလောက၀ယ် ဖြစ်ပေါ်ဘို့ရန် အကြောင်းတရားကို အခြေခံကာ မိမိတို့ ဖြစ်ပေါ်လာကြရသည်
ဘယ်သူဘယ်ဝါ ဖန်ဆင်သောကြောင့် ငါတို့ဖြစ်လာကြသည်မဟုတ်ပေ၊ထိုကဲ့သို့ဖြစ်ပေါ်လာကြသောအခါ ထို
သူတို့သည် လောက သုံးပါးမှာပင်ဖြစ်ပေါ်လာကြရသည်၊ ထိုလောက သုံးပါးမှာ  ၁။သတ္တလောက၊၂
။သင်္ခါရလောက၊ ၃။ သြကာသလောက ဟူ၍ သုံးပါးရှိလေသည်။
ဆက်ရေးပါမည်ဘုရား။

Friday, November 27, 2009

MSMO,ကော်မတီဝင်များ အစည်းအဝေးသဘောတူဆုံးဖြတ်ချက်။

၂၈-၁၁-၂၀၀၈၊ ဝပ်တလုမ်

MSMO,အဖွဲ့၏ အသင်းဝင်ကျောင်းသားရဟန်းတော်များအား အသင်းဝင်ကာဒ်ပြားထုပ်ပေးရန် နှင့် MSMO,အဖွဲ့အား ပုံမှန်ထောက်ပံ့လှူဒါန်နေသော ဒကာဒကာမများအား အသင်းဝင်ကာဒ်ပြားများ ထုပ်ပေးရန်။
ဒေါ်လှဝင်းဦးဆောင်သော မဟာချိုင် ဒကာဒကာမများ၏ ပင့်ဖိတ်ချက်အရ၊ အဖွဲ့ဝင်များကိုယ်စား၊ ၁-၁၂-၂၀၀၉ နေ့တွင် ကော်မတီဝင်သံဃာတော်များ ကြွရောက်၍ ထောက်ပံ့ကြေးများအား လက်ခံရယူရန်။
၃၀-၁၂-၂၀၀၉ နေ့တွင် မဟာချိုင်၌ ကျင်းပပြုလုပ်မည့် ကျောင်းသားသံဃာတော်များအား ပူဇော်ပွဲသို့ ကျောင်းသားများအားလုံးကြွရောက်ရန်။
MSMO,အဖွဲ့ကြီး၏ နှစ်ပတ်လည် စာစောင်ထုတ်ဝေရေးအတွက် စာအုပ်ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရန်။
အခြားသော လိုအပ်သောဆွေးနွေးချက်များအား ဝပ်တလုမ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သွားကြောင်း တင်ပြလျှောက်ထားအပ်ပါသည်။
စာအုပ်ထုတ်ဝေရေးနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား မကြာမီပြန်လည် ကြော်ငြာမည် ဖြစ်ကြောင်း လျှောက်ထားအပ်သည်။

ပရာဘ၀သုတ်ဆောင်ပုဒ်လင်္ကာ

၁။သုစရိုက်တရား၊မလိုလား၊ မှတ်သားပျက်စီးကြောင်း။
၂။သူယုတ်မာကို၊ချစ်ကြည်ညို၊မှတ်သားပျက်စီးကြောင်း။
၃။သူတော်ကောင်းကို၊မချစ်လို၊မှတ်သားပျက်စီးကြောင်း။
၎။သူယုတ်တရား၊နှစ်သက်ငြား၊မှတ်သားပျက်စီးကြောင်း။
၅။အအိပ်လွန်ငြား၊အငိုက်များ၊မှတ်သားပျက်စီးကြောင်း။
၆။အပေါင်းအဖော်၊အလွန်ပျော်၊မှတ်နော်ပျက်စီးကြောင်း။
၇။စကားပြောသော်၊အလွန်ပျော်၊မှတ်နော်ပျက်စီးကြောင်း။
၈။ထကြွလုံးလ၊မရှိက၊မှတ်ကြပျက်စီးကြောင်း။
၉။ထုံထိုင်း၊မှိုင်းဖျင်း၊အလွန်ပျင်း၊မယွင်းပျက်စီးကြောင်း။
၁၀။ဒေါသအမျက်၊ပြင်းစွာထွက်၊မှတ်သိုပျက်စီးကြောင်း။
၁၁။မိအိုဘအို၊မကျွေးလို၊မှတ်သိုပျက်စီးကြောင်း။
၁၂။အလှူခံအား၊လိမ်လှည့်စား၊မှတ်သားပျက်စီးကြောင်း။
၁၃။တစ်ယောက်တည်းသာ၊စားလိုပါ၊မှတ်သားပျက်စီးကြောင်း။
၁၄။အမျိုးဇာတ်မှန်၊အလွန်ခက်ထန်၊မှတ်ရန်ပျက်စီးကြောင်း။
၁၅။ပစ္စည်းမာန၊ထောင်လွှားက၊မှတ်ကြပျက်စီးကြောင်း။
၁၆။မျိုးနွယ်မာန၊ထောင်လွှားက၊မှတ်ကြပျက်စီးကြောင်း။
၁၇။မိန်းမလိုက်စား၊ပျော်ကြူးငြား၊မှတ်သားပျက်စီးကြောင်း။
၁၈။မူးယစ်သောက်စား၊ပျော်ကြူးငြား၊မှတ်သားပျက်စီးကြောင်း။
၁၉။အလောင်းအစား၊ပျော်ကြူးငြား၊မှတ်သားပျက်စီးကြောင်း။
၂၀။မကောင်းမိန်းမ၊လိုက်စားက၊မှတ်ကြပျက်စီးကြောင်း။
၂၁။သူများမယား၊လွန်ကြူးငြား၊မှတ်သားပျက်စီးကြောင်း။
၂၂။အရွယ်အိုလျှက်၊အငယ်မက်၊မှတ်ချက်ပျက်စီးကြောင်း။
၂၃။မသင့်တော်သူ၊စိတ်ချမူ၊မှတ်ယူပျက်စီးကြောင်း။
၂၄။မင်းမျိုးဖြစ်ကာ၊ဥစ္စာကားနည်း၊မှတ်သားပျက်စီးကြောင်း။
၂၅။လောဘကြီးလျှက်၊စည်းစိမ်မက်၊မှတ်ချက်ပျက်စီးကြောင်း။
ပျက်စီးကြောင်းများ၊သိရှောင်ရှားက၊ချမ်းသာရမည်၊စိတ်ဝယ်ရည်၍၊ရွှင်ကြည်နှလုံး အစဉ်သုံးကာ၊သက်ဆုံးဘဝ
နောက်ကာလ၊ရောက်ကြနိဗ္ဗာန်ရွှေပြည်တည်း။

ဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/ အကောင်းဆုံး " ဘာသာတရားဆုချီးမြှင့်

ဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/ အကောင်းဆုံး "
ဘာသာတရားဆုချီးမြှင့်



ဒီဆိုက်မှာပဲ သြဂုတ်လ ၁၁ ရက်နေ့ က ကိုမောင် အင်္ဂလိပ်လိုတင်ထားခဲ့ တဲ
့ဝမ်းမြောက်ဖွယ်သတင်းလေးကို
ကျွန်တော့် ဘလော့ ဂ်မှာ ကိုယ်တိုင်ဘာသာပြန်ထားခဲ့တာလေြး
ပန်တင်ပေးတာပါ...
အခုမှမန်ဘာဝင်ဖြစ်တဲ့ အသင်းဝင်ပါ....

ဗုဒ္ဓဘာသာဝင်တွေအတွက်သတင်းကောင်းတစ်ခုမို.ကြိုးစားပြီးပြန်ဆိုတင်ပြလိုက်ပါတယ်...
ဘာသာပြန်ချွတ်ချော်မှားယွင်းမှုရှိပါကစာရေးသူ၏တာဝန်သာဖြစ်ပါတယ်...

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင်.မား
ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ
္ဘာ.အမွန်မြတ်ဆုံး/
အကောင်းဆုံး " ဘာသာတရားဆုချီးမြှင်.ခဲ.ကြောင်းသိရှိရပါတယ်...

အဆိုပါအထူးတစ်လည်ချီးမြှင်.တဲ.ဆုကိုကမ္ဘာ.ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က
ရွေးချယ်ချီးမြှင်.ခဲ.ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ.သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို.ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ.ကြခြင်းဖြစ်သည်...

ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး...ဘာဖြစ်လို.လည်း
ဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး...
တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကိုတွေ.ရဖို.အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ.အထနဲ.ဆန်.ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ " လို.ဆိုခဲ.ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်...ပြောရယင်
ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "
လို.ပြောခဲ.ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. " ကျွန်
တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို.ကိုယ် ဒါဟာကမ္ဘာ.ပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင်.အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်.
သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်...


အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ.ပါတယ်...

အဖွဲ.ကြီးအနေနဲ.ထိုဆုကိုလက်ခံရယူပေးမယ်.သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း
သိရှိရပါတယ်....


တရားအရသာသိတဲ.သူတွေကတော.ကိုယ်တိုင်ကိုလက်တွေ.ကျင်.ကြံအားထုတ်နေကြပြီ...
တရားမသိ၊အမှားပြည်.နေတဲ. ...ကျွန်တော်တို.ငမိုက်သားများကတော. ...
ဒီသံသရာရေယာဉ်ကြောမှာ ...မြောလို.ကောင်းနေဆဲ....



မူရင်းသတင်းလေးကတော.ဒီလိုပါ...

The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.

This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:


Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."

And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."

However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.

When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."

Thursday, November 26, 2009

မှာချင်တယ် ၀င်းကြည်မရယ် (၂)

ဒီလိုနှင့် ၀င်းကြည်မတယောက် အမေ့နှင့် ရွာဦးကျောင်းဆရာတော်ကို ကန်တော့ကာ ရန်ကုန် ရွှေမြို့တော်ကြီးဆီသို့ ရောက်ခဲ့ပေပြီ။ မြို့ရောက်စ အချိန်တုန်းကဆို မျက်စိကို အနားပေးရသည် မရှိ။ အရာအားလုံးက ကြည့်ချင်စရာတွေ၊ မမြင်ဘူးတာတွေချည်း။

မြို့ရွှေမမတို့ရဲ့ ၀တ်စားထားတဲ့ ပုံစံတွေကို ငေးမိ၊ အားကျမိရင်း . . . ၊ ၀င်းကြည်မ ကိုယ့်ကိုယ်ကို သတိထားမိ လိုက်၏။ မိမိ ၀တ်စားထားသည်များက ဆံပင်က ဘီးစပတ်၊ (၀င်းကြည်မ က ရွာမှာဆို ဆံပင် အရှည်ဆုံး၊ အမေကဆို “ငါ့သမီး ဆံပင်က သိပ်ကောင်းတာ၊ လုံးဝ မဖြတ်ပစ်နဲ့နော်” ဟု မြို့တက်ခါနီး မှာလိုက်သေးသည်။) မျက်နှာမှာက သနပ်ခါးဘဲကြား၊ အင်္ကျီက ရင်ဖုန်း၊ ထမီကြည့်ပြန်တော့ နွေတုန်းက ကိုရင်သာအေးတို့ ရှင်ပြုပွဲမှာ ကွမ်းထောင်ကိုင်ရင်း ၀တ်ဖို့အတွက် ချုပ်ထားတဲ့ ချိပ်ထမီ။

ဒါကြောင့် ဖြစ်မှာ ၊ မြို့ရွှေမမတို့က ၀င်းကြည်မကို ကွက်ကြည့် ကွက်ကြည့်လုပ်ပြီး ရယ်သွားကြ၏။ အစကတော့ “ငါလှလို့ ကြည့်တာနေမှာ” ဟု မိမိကိုယ်ကိုယ်ကို မိမိ အထင်ကြီးမိသော်လည်း သေသေချာချာ ကြည့်လိုက်တော့မှ မိမိရဲ့ “တိုက်ဂေါ” ပုံစံကို ရိပ်မိသွားကာ မိမိ လုပ်ရမည့် အလုပ်တိုက်ဆီသို့သာ စိတ်က ရောက်နှင့်နေတော့သည်။ တဆက်တည်းမှာပင် “နေနှင့်အုံးပေါ့ မြို့ရွှေသူတွေရယ် . . .။ ငါလည်း ညီးတို့လို မြို့ရွှေသူ ဖြစ်တော့မှာပါ။ နောက်မှ ညီးတို့နဲ့ငါ ဘယ်သူနိုင်မလဲဆိုတာ အလှချင်းပြိုင်ကြတာပေါ့ ” ဟု စိတ်ထဲမှ ကြုံးဝါးလိုက်မိ၏။

ဒီလိုနှင့် နာရီလက်တံများက ၀ါးမြိုသွားခဲ့၍ တနှစ်တာကာလ အချိန်တွေ ကုန်ဆုံး သွားခဲ့ပေပြီ။ ကိုရင်ပညာသာမိတို့ စာမေးပွဲများလည်း ဖြေဆိုမှု ပြီးဆုံးခဲ့ပေပြီ။ ကျောင်းပိတ်ရက်အတွင်း ရွာမှာ အပန်းဖြေလို့ ကလေးတွေအတွက် ယဉ်ကျေးမှုတွေ သင်ရင်းဖြင့် အချိန်ကုန်ဆုံးဖို့ စာအုပ်တွေသိမ်းကာ အထုပ်တွေ ပြင်ဆင်ရတော့၏။ အထုပ်တွေပြင်ရင်းဖြင့် ၀င်းကြည်မကို သတိရလိုက်မိ၏။

“ အင်း . . . ဘာလိုလိုနဲ့ ၀င်းကြည်မ မြို့ကို ရောက်တာ တနှစ်တောင် ပြည့်တော့မှာပါလား။ ခုချိန်ဆို ၀င်းကြည်မလည်း နေသားကျလောက်ပြီ၊ အလုပ်အကိုင်ရော အဆင်ပြေလားမသိ။ အင်း . . . မနက်ဖြန်ဆို တနင်္ဂနွေနေ့ပဲ။ ၀င်းကြည်မတို့ အလုပ်ပိတ်မယ် ထင်တယ်။ ရွာကို စာလေးဘာလေးရေးဖို့နဲ့ မှာချင်တာများ မှာလို့ရအောင် ကြွအုံးမှပဲ” ဟု ကိုရင်ပညာသာမိ စိတ်ကူးမိလိုက်၏။

တနင်္ဂနွေနေ့ မွန်းတည့် (၁၂)နာရီခန့် ဆွမ်းစားပြီးသောအချိန်၌ ကျောင်းထိုင်ဆရာတော်ကို ခွင့်ပန်၍ ဘုန်းကြီးဆေးပင် မသုံးဆောင်တော့ဘဲ (စားပြီးတရေး ဘုန်းကြီးဆေးဟု အမျိုးသမီးတဦး ပြောဖူးသည်။ စကားချပ်။) ၀င်းကြည်မတို့ ရှိရာ အလုပ်တိုက်ဆီသို့ ကိုရင် ပညာသာမိ ကြွလာခဲ့၏။

အလုပ်တိုက်ဆီသို့ အရောက် . . . .

အပိုင်း (၃) ဆက်လက်ရေးသားပါမည်။

မောင်ပညာ (မန်းတက္ကသိုလ်)
http://pyinyarzarni.blogspot.com/

တန်းဘိုးမဖြတ်နိုင်သော အရာကို ဆုံးရှုံးခြင်း

    အားကိုးစရာရှိလျှင် အားကိုးတတ်တာသဘာဝတရားပင်ဖြစ်သည်။အားကိုးထိုက်သည်ဖြစ်စေ အားကိုးလို့
ရသည်ဖြစ်စေ အားကိုးကြသည်သာ၊မြတ်စွာဘုရားသည်ပင် သံဃာကို အားကိုးသည်၊ကျွန်ုပ်တို့ဆိုလျှင် ဆိုဖွယ်
ရာမရှိပေ၊အခုတော့ကျွန်ုပ်ကိုယ်တိုင် အားကိုးသောသံဃာတစ်ပါးကိုဆုံးရှုံးရမည်သိလျှက် ကျွန်ုပ်ထိုသတင်းကို
မကြားချင်ပါ၊ ကျွန်ုပ်အားကိုးသောလို့ဆိုသောအားဖြင့်မိမိကိုယ်ကို အမွမ်းတင်ပြီးသောခြင်းမဟုတ်ပါ၊ကျန်သော ရဟန်းသံဃာများလဲအားကိုးသည်သာဖြစ်ပါသည်။
   ဆုံးရှုံးရမည်ကိုသိလျှက်ဆိုရာမှာ ကျွန်ုပ်သည် ဆရာတော်၏ကျန်းမာရေးကိုသိထားပြီးဖြစ်သောကြောင့်ပင်
ဖြစ်ပါသည်။
     နားသည် သောတအာရုံကိုကောင်းကောင်းတမ်းတသည်မှာအမှန်ပင်။ထိုကောင်းသောသဒ္ဒါအသံကို
ကျွန်ုပ်လည်းကြားခြင်သည်။သို့သော် ဆန္ဒသည်သဘာဝတရားနှင့်မကိုက်ညီတော့ပါ၊
  ဆောင်းရာသီ ဘန်ကောက်မှာ မအေးဘူးလို့သူငယ်ချင်းတွေပြောကြသောကြောင့် မထင်မှတ်ခဲ့သော
အရာသည် အယုဒ္ဓယမှာတော့အေးလိုက်သည့်ဖြစ်ခြင်း၊အေးအေးချမ်းချမ်းနဲ့ ကျွန်ုပ်လမ်းလျှောက်နေသော
အချိန်မှာပင်ဖုန်းသံမည်လာလေသည်၊ကျွန်ုပ်ထင်သည်မှာအတန်းတက်ဘို့ခေါ်ဟုပင်ထင်သည် အခုတော့
ထင်သည်နှင့်တခြား  ဆရာတော်ပျံလွန်တော်မူသွားပြီးဟ သူငယ်ချင်းတစ်ပါးရဲ့အသံကို ကြားလိုက်ရသောအခါ ကျွန်ုပ်အနည်းအငယ် ထိန့်လန့်သွားမိသည်မှာအမှန်ပင်၊ ဘာကြောင့်ထိန့်လန့်ရသနည်းဆိုသည်မှာ ဆရာတော်သည် အားငယ်နေသော သံဃာ
နှင့် တပည့်ဒါယကာ+ဒါယိကာမ တို့ရဲ့အတွက်အားကိုးရသောဆရာပင်ဖြစ်သည်။
   အားကိုးထိုက်သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်၊ဆရာတော်သည် အသက်ကိုပင် အလေးမထား တရားဟောခြင်းဖြင့် သာသနာအတွက် မြန်မာတိုင်ရင်းသားများအားလုံးအတွက်သာမက ယူနိုင်သောသူ
တို့အတွက်အားကိုးရသည်မှာ အမှန်ပင်။
    စာရေးသူ ကြားနာဖူးသော ဆရာတော်၏ တရားတော်များသည် တကယ်ပင်မှတ်လောက်ပေသည်
မီးလောက်ပြင်မှာပွင့်သောပန်း၊ သွေးနဲ့ရေးတဲ့သာသနာ၊ အမေ့နိုးဘိုးမကျေငါမသေဘူး၊တရားတော်များ
သည်၊ ဗုဒ္ဓဘာသာဝင် အားလုံးတို့ နာယူသင့်သောတရားပင်ဖြစ်ပါသည်၊ ကျန်သောတရားဒေသနာတို့
သည်လည်း နာယူသင့်သည်သာ၊ သိသာထင်သာ အောင်ဖော်ပြရခြင်းဖြစ်ပါသည်။
   အကျဉ်းအားဖြင့် ဆိုရလျှင် စာရေးသူတို့ သံဃာထုတရပ်လုံးအတွက် တပည့်ဒါယကာ+ဒါယိကာမများ အတွက် ဆရာတော်ကို ဆုံးရှုံရခြင်းသည် တန်ဘိုးမဖြတ်နိုင်သော ပြည်တန်ပတ္တမြား ကို 
ဆုံးရှုံးရသည်ဟုပင် ဆိုပါရစေတော့၊ အစားထိုးလို့မရသောအရာပင်ဖြစ်ပေသည်။




 
 

MSMO,ကော်မတီဝင်များအား အစည်းအဝေးဖိတ်ကြားလွှာ

ရိုသေစွာလျှောက်ထားအပ်ပါသည်၊ MSMO,ကော်မတီဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား၊
၂၈-၁၁-၂၀၀၉ စနေနေ့ နံနှက် ၀၉း၀၀ နာရီးအချိန်တွင် ဝပ်တလုမ်ကျောင်းတိုက်၌၊ ကော်မတီအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့်၊ ကြွရောက်တော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။

Wednesday, November 25, 2009

မှာချင်တယ် ၀င်းကြည်မရယ် (၁)

ရေကြည်ရာနှင့် မြက်နုရာ စီးပွားရှာဖို့ သွားကြတယ်၊ မြို့ကြီး ပြကြီး ဟိုမှာ ဒီမှာ အုတ်သယ် ပန်းရံလုပ် အဟုတ်ကို ကိုက်တယ်။ အေးကြည်မ တို့ အဖော်က တဆွယ်ဆွယ် အမေ့ကို ကန်တော့ကာ မြို့ကို တက်ခဲ့တယ်။

ဒီသီချင်းက ၀င်းကြည်မတို့ ဟို . . . ငယ်ရွယ်စဉ် အချိန်ကတည်းက ကြားခဲ့ရသည့် မောင်ကြေးမုံ ရေးသားထားသော သီချင်းဖြစ်သည်။ လိုက်ဆိုဖြစ်သလို အလွတ်လည်း ရနေသည်။ အချိန်တန်လို့ အပျိုကြီးဖားဖား ဖြစ်လာပြန်တော့လည်း သီချင်းလေးထဲက အေးကြည်မကို အားကျမိရင်း ဒီသီချင်းလေးကိုပင် ပြန်လည်သီဆိုမိပြန်သည်။

ဟုတ်သည်လေ . . .။ တောမှာ တနေ့တာ အလုပ်လုပ်၍ ရသည့် ငွေကြေးနှင့် မြို့မှာ တနေ့တာ အလုပ်လုပ်၍ ရသော ငွေကြေးတို့က နှိုင်းယှဉ်ကြည့်လျှင် မယုံကြည်နိုင်စရာ။

တောမှာ ဆို နံနက်ငါးနာရီထိုးပြီဆိုသည်နှင့် မိုးမလင်းခင်ကတည်းက သနပ်ခါးကို မျက်နှာပြင်မှာ အကုန်တင်၊ နေပူမှာ စိုးသည့်အတွက် ခေါင်းကိုအုပ် လက်နှင့်ခြေထောက်ကို ထုတ်ကာ မီးနေသည်အလား လယ်တောသို့ ဆင်းရတော့၏။ နေ့ခင်း ထမင်းစားရသည့် အချိန်က (၁၂)နာရီ၊ ပြီးတော့ အားလုံးပေါင်းမှ အနားရသည့် အချိန်က (၁)နာရီ၊ ထို့နောက် နေပူကျဲကျဲမှာ လယ်တောထဲသို့ ဆင်းရပြန်၏။ အမိုးအကာက မရှိ။ နေရောင်ခြည်၏ အပူရှိန် လင်းအားထုကို အာခံရင်း ဘ၀ကို မမှု လောကဓံကို အန်တုလျက် အလုပ်လုပ်လိုက်ရသည်များမှာ ညနေ အိမ်ပြန်ချိန်ရောက်တော့ မိုးစုန်းစုန်း ချုပ်ပေပြီ။


အိမ်ပြန်ရောက်လို့ ရေမိုးချိုး၊ အ၀တ်စားလဲ၊ ထမင်းစားပြီးသည်နှင့် ည(၉)နာရီ ထိုးပေပြီ။ ရှေးအစဉ်အလာ မိဘတို့၏ စည်းစနစ်ကြီးမှုကြောင့် ၀င်းကြည်မတို့မှာ အိမ်မလည်ရ။ ရွာမှာရှိသည့် တစ်လုံးတည်းသော တီဗှီ(ရုပ်မြင်သံကြား)ကိုပင် ကြည့်ခွင့် မရရှာခဲ့။ ၀င်းကြည်မတို့ရဲ့ ဘ၀က လူ့အဖြစ်ကို ရရှိသော်လည်း လူ့ငရဲခန်းပမာ။ နေ့စဉ် နေ့စဉ် သီချင်းလေးထဲက အေးကြည်မအဖြစ်ကိုသာ တောင့်တ နေမိတော့သည်။

ဘ၀တဆစ်ချိုးအဖြစ် ပြောင်းလဲနိုင်မည့် နေ့ တနေ့ . . . ။ နွေရာသီ ကျောင်းပိတ်ချိန် ရန်ကုန်မြို့ရှိ စာသင်တိုက်မှ ရွာသို့ ပြန်ကြွလာသော ကိုရင်ပညာသာမိကို လယ်တောမှ အပြန် ၀င်းကြည်မတို့ အိမ်တွင် အမှတ်မထင် တွေ့လိုက်ရ၏။ ၀င်းကြည်မတို့ ရွာရဲ့အစဉ်အလာက စာသင်တိုက်က ပြန်ကြွလာသော စာသင်သား ရှင်ငယ် ရဟန်းငယ်များကို ညဖက်မှာ ပင့်၍ ရေနွေးကြမ်းကပ်၊ တရားဓမ္မများ ဆွေးနွေးလျက် လှူစရာ ရှိသည်များကို လှူ၊ မေးစရာရှိသည်များကို မေးလေ့ရှိကြ၏။

နေ့ခင်းဖက်ကြတော့ အလုပ်ကိုယ်စီနဲ့မို့ မအားလပ်ကြ။ ငယ်စဉ်က ကျောင်းနေဖက်လည်းဖြစ်၊ ကစားဖော် ကစားဖက်လည်းဖြစ်လို့ မြို့ကအခြေအနေများ၊ မြို့ကြီးသူတို့၏ ဟန်ပန်အမူအရာများကို မေးလိုက်ချင်၊ စကားပြောလိုက်ချင်သည်မှ အရမ်း။

သို့သော် . . . ဘ၀တွေက ခြားခဲ့ပေပြီ။ အရွယ်တွေကလည်း လူပျို အပျိုအဖြစ် ရောက်ခဲ့ပြီမို့ ခပ်ဝေးဝေးကသာ ဦးချ ကန်တော့ရင်း အမေတို့နှင့် စကားပြောနေသည်ကိုသာ နားထောင်နေမိတော့သည်။

အချိန်အတော်ကြာသည်နှင့် အမေတို့နှင့် စကားစ ပြတ်သွားသည့်အချိန် ကိုရင်သာမိက (၀င်းကြည်မတို့ ငယ်စဉ် အခေါ်) မိမိဖက်သို့ မျက်လုံးဝင့်၍ “ ဟဲ့ . . . ၀င်းကြည်မ ၊ ဘယ့်နှယ့် . . . ၊ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ တော်တော်ရော ပင်ပန်းသလား၊ မြို့မှာရော အလုပ်မလုပ်ချင်ဘူးလား ” ဟု မေးလိုက်၏။

ကိုရင်သာမိ၏ သုံးချက်ဆင့် အမေးကြောင့် ၀င်းကြည်မ ဘာပြန်ဖြေရမည် မသိ။ ကိုရင်သာမိကို ငေးလို့သာ ငေးကြည့်နေမိပြန်၏။

“ ဟဲ့ . . . ၀င်းကြည်မ၊ ကိုရင် မေးနေတာ ဖြေလိုက်လေ ” ဟု အမေရဲ့ သတိပေးမှုကြောင့် သတိ ပြန်ဝင်လာကာ “ ကိုရင်ရယ်. . . ၊ အလုပ်က မြို့မှာလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ တောမှာ အလုပ်လုပ်ရတာက အရမ်း ပင်ပန်းတယ်လေ။ ၀င်ငွေကလည်း မြို့နဲ့စာရင် အဆ နှစ်ဆယ်လောက် ကွာတာ ကိုရင် အသိပဲလေ။ ဒီမှာက ကိုယ့်ထမင်း ကိုယ်စားပြီး တနေကုန် အလုပ်လုပ်မှ နှစ်ရာလောက် ရတာရယ်။ ပင်ပန်းသလားဆိုတော့ မွေးကတည်းက လုပ်နေရတဲ့ အလုပ်ဆိုတော့ အသားကျနေပါပြီ။ ပင်ပန်းတယ်လို့လည်း မဟုတ်တော့ပါဘူး။ တပည့်တော်တို့က အမေနဲ့သမီး၊ ပြေးကြည့်လို့မှ ဒီနှစ်ယောက်တည်း ရှိတာရယ်။ တပည့်တော်မှ ပိုက်ဆံများများ မရှာနိုင်ရင် ဘယ်သူ ရှာကျွေးမလဲ။ အမေက အသက်ကြီးပြီလေ။ မြို့မှာ အရမ်း အလုပ်လုပ်ချင်တယ် ကိုရင်။ ကိုရင့်အသိ ဒကာ ဒကာမများ ရှိခဲ့ရင် ပြောပေးပါအုံး ကိုရင်ရယ် . . . ” ။

“ ဟဲ့ ၀င်းကြည်မ . . . ၊ နင့် အပူတွေ ကိုရင့်ကို သွားမပေးနဲ့။ ကိုရင်က မြို့မှာ စာကျက်၊ စာသင်၊ စာအန်၊ စာပြန်နဲ့ အားတယ်လို့ကို ရှိတာ မဟုတ်ဘူး။ အားလပ်တဲ့ ရက်တွေမှာ ရွာကို ပြန်ပြီး အနားယူနေတဲ့ အချိန် ကိုရင့် ကို အနှောင့် အယှက် မပေးပါနဲ့အေ . . .” ဟု အမေက ၀င်းကြည်မကို ဟန့်လိုက်၏။

“ ရပါတယ် ဒကာမကြီးရယ်၊ ကိုရင်တို့က ငယ်သူငယ်ချင်းတွေပဲ၊ ပြောပါစေ . . .။ ဒါနဲ့ ခုပြောထားတဲ့ မြို့မှာ အလုပ် လုပ်မလားဆိုတာက ကိုရင့် အသိ ဒကာကြီးတယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း အလုပ်ရှိတယ် လခ ကောင်းတယ်ဆိုတာ သိရတာ။ ၀င်းကြည်မ၊ နင် အလုပ် လုပ်ချင်တယ်ဆိုရင် ကိုရင့် အသိ ဒကာကြီးကို အကြောင်းကြား အသိပေးကြည့်လိုက်မယ်။ အလုပ်က အဆင်ပြေတယ်ဆိုရင်တော့ ရမှာပေါ့” ဟု ကိုရင်က စကား ဆိုလိုက်၏။

ဝင်းကြည်မ ဘယ်လို ၀မ်းသာသွားမှန်း မသိတော့၊ ပါးစပ်ကလည်း ယောင်တိယောင်ကန်းဖြင့် အမှတ်မထင် “ကိုရင်ရေ . . . ဖြစ်နိုင်ရင်၊ မနက်ဖြန်ပဲ မြို့တက်ပြီး အကြောင်းပေးပါတော့ဘုရား”ဟု လျှောက်လိုက်မိ၏။

“ ကိုရင်ရေ၊ ကိုရင့် သူငယ်ချင်းကတော့ ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့ စကားလားဆိုတာတောင် မခွဲခြားတော့ဘူး။ ခွင့်လွှတ်ပါ ကိုရင်” ဟု အမေက အားနာစွာဖြင့် ကိုရင်သာမိကို ပြန်လျှောက်ထားသံကိုပင် ၀င်းကြည်မ သဲသဲကွဲကွဲ မကြားနိုင်တော့။ ဒါတောင်မှ အလုပ်က သေသေချာချာ ရနိုင်မည်ဟု မသိရသေး။ ၀င်းကြည်မတို့ ရင်ထဲမှာ ကုလားဘုရားပွဲကတော့ လှည့်နေပေပြီ။ ၀မ်းသာလွန်းအားကြီး၍ ဘာသံမှပင် မကြားမိတော့။ တခါမှ မရောက်ဖူးသော ရန်ကုန်ရွှေမြို့တော်ကြီးကိုသာ စိတ်ကူးဖြင့် ရော်ရမ်းမှန်းဆကာ မြင်ယောင်နေမိတော့သည် ။

အပိုင်း (၂) ဆက်လက်ရေးသားပါမည်။

ဘုရင်မင်းမြတ်ကြီးအတွက်ဝတ်ရွတ်ဆုတောင်းပွဲမှတ်တမ်း

Tuesday, November 24, 2009

ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအခမ်းအနား

ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်း ဦးအဂ္ဂဝရမှ မိန့်တော်မူသည်။



၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ

၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိ အချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာ အရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။
ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

ဝိမုတ္တိသုခ ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်သည်။

ဖြူးဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း။

နိုဝင်ဘာလ (၂၄)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
သည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။

အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ




Sunday, November 22, 2009

ပညာသင်စရိတ်ထောက်ပံ့လှူဒါန်း (မဟာချိုင်)


ဒေါ်မိုး ဦးဆောင်သော မဟာချိုင်မြို့  DDရုံ မိုစီအလုပ်သမားမိသားစုများမှ မြန်မာကျောင်းသားကျောင်းသားရဟန်းတော်များအဖွဲ့သို့ ၂၂-၁၁-၂၀၀၉ နေ့တွင် ပညာသင်စရိတ် အဖြစ် ဆက်ကပ်လှူဒါန်းသော ဘတ်၂၀၀၀ အား ၊ အဖွဲ့ကိုယ်စား ဥက္ကဌဆရာတော် ဦးဇောတိက မှ လက်ခံရရှိကြောင်း သတင်းရရှိပါသည်။

နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် ဆေးအလှူတော်ငွေဆက်ကပ်လှူဒါန်း

Saturday, November 22, 2009


ဘန်ကောက်မြို့ ဖလန်ကောက် ဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိသော နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးအတွက်၊ စာတုပတီ မြန်မာအလုပ်သမားများအဖွဲ့ ၊ ဖိကစင် ၆၂/၁ မိသားစုများအဖွဲ့ နှင့် စေတနာရှင် မြန်မာအလုပ်သမားများစုပေါင်း၍ ၊ ဆေးအလှူတော်ငွေ လှူဒါန်းပွဲအခန်းအနားကို ဘန်ကောက်မြို့ ဝပ်တလုမ်ကျောင်းတိုက်၌ ပြုလုပ်လှူဒါန်းကျင်းပရာ၊ ဖြူးဆရာတော်၏ တပည့်များဖြစ်ကြသော အရှင်အာလောက နှင့် အရှင်ဇာဂရ တို့မှ လက်ခံရယု၍ လှူဒါန်းမှူအစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေကြကြောင်းကို သိရှိရပါသဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါရန် စေတနာရှင်များအား အသိပေးအပ်ပါသည်။
ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

Friday, November 20, 2009

ဓမ္မစကြာပါဌ်နိသျ (ဆရာတော်ဦးဗုဓ်မူ)

ဆရာတော်ဦးဗုဓ်မူ ဓမ္မစကြာစာအုပ်ကလေးပါဘုရား ဓမ္မစကြာပို့ချကြတဲ့ဆရာတော်များအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်အောင်စကင်ဖတ်ပြီးတင်ပေးလိုက်ပါတယ်ဘုရား
http://www.mediafire.com/?0uyztdvy4z0

Thursday, November 19, 2009

ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း


ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။

ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်
း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄


Tuesday, November 17, 2009

ကျန်းမာရေးအတွက် အိပ်သင့်သော အချိန်များ

စာရေးသူကိုယ်တိုင်မှ အစပြု၍ သူငယ်ချင်း တသိုက်တို့မှာ ညဥ့်ငှက်များ ဖြစ်ကြ၏။
ယခုအချိန်ထိ စောစောစီးစီး အိပ်ရန် ကြိုးစားသည့်တိုင် မအောင်မြင်နိုင်သေးချေ။
စောစောစီးစီးအိပ်၊ စောစောစီးစီး အိပ်ယာမှ ထခြင်းသည် ကျန်းမာရေးအတွက်
ကောင်းမွန်ကြောင်း ရှေးရှေးလူကြီးသူမ ဆရာသမားတို့ သွန်သင် ဆုံးမသည့်တိုင်
လိုက်နာရန် ခက်ခဲဆဲဖြစ်ပြီး ခေတ်လူငယ် ဟူသော အတွေးတပိုင်းတစတို့က
ဝင်ရောက်ဆဲဖြစ်၏။
သို့သော် ယခုအချိန်အခါမှာတော့ သိပ္ပံပညာရှိတို့၏ အသေးစိတ် လေ့လာမှုတို့က
သက်သေခံခဲ့ပြီ ဖြစ်သည်။
စာရေးသူထံသို့ ၀င်ရောက်လာသော မေးလ်များထဲမှ ဗဟုသုတ ရစေနိုင်သော
ယခုမေးလ်ကို စာရေးသူတို့ သူငယ်ချင်း ညဥ့်ငှက်တသိုက်(အထူးသဖြင့် ၀တ်တလုံးသူငယ်ချင်းများ) အတွက်
မျှဝေလိုက်ပါသည်။

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်


အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

Wednesday, November 11, 2009

ကပ္ပိယကျော်ခေါင်း နှင့် တစ်ကြော့ပြန် ဘိုးမှန်

အခု တလော ရွာဦးကျောင်းဆရာတော်၏ အလွန်တရာအားကိုး အားထားရသော တပည့်ကျော် ကပ္ပိယကျော်ခေါင် တစ်ယောက် ပျောက်ခြင်းမလှ ပျောက်နေရခြင်းမှာကား တစ်ကြော့ပြန်ဘိုးမှန် ဆိုသူ၏ ပယောက မကင်းလှပေ၊ ၄င်း တစ်ကြော့ပြန်ဘိုးမှန် ဆိုသူသည် နာမည်နဲ့ လိုက်ဖက်ညီအောင် စကားကို ထပ်ခါတလေ့လေ့ ပြောဆိုလေ့ရှိ၏၊ ပြောပြီးသောစကားကို အနည်းဆုံး တစ်ကြော့ပြန်၍ မပြောရလျှင် စာဝင်အိပ်ပျော်ရှိလှသူမဟုတ်ပေ။
စကားပြောလျှင်လည်း ” ခုနားက ပြောခဲ့သလို ” ဟူ၍ နိဒါန်းချီကာ ပြောဆိုတတ်လေ၏၊ သူပြောသော စကားများတွင် ဂျပန်ခေတ် မြန်မာပြည်အကြောင်းမပါလျှင် မပြီး၊ တစ်ခုခုကို နှိုင်းယှဉ်၍ ပြောရာတွင် လည်း ” ငါ ဂျပန်ခေတ်က လုပ်ခဲ့သလိုမျိုးပေါ့” ” ဂျပန်ခေတ်က ငါ့ အဖိုးကိုင်ခဲ့တဲ့ ဓားမျိုးပေါ့” ” ဇာဇီပြင်ကုန်းမှာ ဂျပန်စစ်သားတစ်ယောက်ကို ငါတို့အဖွဲ့လက်ပြန်ကြိုးတုတ်ခဲ့တုန်းကပေါ့” စသည်စသည်ဖြင့် အာဘောင်အားရင်း သံသံ ပြောဆိုလေ့ရှိ၏။
အခုလည်းကြည့်.. မြို့မှာ ငါးထောင်တန်း ထွက်တယ်ဆိုလား ဘာဆိုလား ကြားတာနဲ့ ၊ ဂျပန်ခေတ်ကို ရောက်သွားပြန်ရော့၊ ” အံမယ်..ငါတို့ ဂျပန်ခေတ်တုန်းက ဆိုရင် လက်ထည့်မှာ ငွေ ၁၀ လောက်ရှိရင် မြို့ကိုသွား ပုဆိုးတစ်ထည်ဝယ် အင်္ကျီးတစ်ထည်ဝယ် မုန့်အဝစား ဒါတောင် ငွေက မကုန်နိုင်သေးလို့ ၊ ဟို…ဂျပန်စကားပြန် လုပ်စားနေတဲ့ ဖိုးလုံးနဲ့  အတူ ယမကာလေး ဘာလေး သောက်လိုက်သေးတယ် မင်းတို့ခေတ်ကျမှ ဘာတွေလည်းကွာ” ဟူ၍ ညဉ်းတွားနေလေတော့၏ ။ သိုသော် ကပ္ပိယကျော်ခေါင် နှင့် ရွာသားလူငယ်တစ်စုတို့သည်လည်း တစ်ကြော့ပြန်ဘိုးမှန်၏ စကားကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် ချေပနိုင်ခဲ့ခြင်း မရှိကြပေ။ ကိုယ့်ကိုကိုယ့် အလွန်ဗဟုသုတ ရှိသူဟု ယူဆထားသော ကပ္ပိယကျော်ခေါင်သည်ပင်လျှင် ဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။ အကြောင်းမှာကား… ဂျပန်ခေတ်က သုံးခဲ့သည်ဆိုသော ငွေစက္ကူကို၎င်း၊ ယ္ခုထွက်နေသည်ဆိုသော ငွေစက္ကူကို၎င်း ကပ္ပိယကျော်ခေါင် နှင့်တကွ ရွာသူရွာသားများ အားလုံး မည်သူမျှ မြင်ဖူးခဲ့ခြင်းမရှိသေး သောကြောင့်တည်း။ ။

Sunday, November 1, 2009

တန်ဆောင်မုန်းလပြည့် (သာမညဖလသုတ်)

မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်ကိုလည်း ပူဇော် ဦးခိုက်လိုက်ပါတယ်)



--
Nibban nasa piccayaw hotu.
Myanmar Student Monks Organization in Thailand. Powered by Blogger.