Saturday, December 12, 2009

A.S.O,သိုးမွေး စက်ရုံမှ ပညာတော်သင်ကြေး ထောက်ပံ့လှူဒါန်း။

၁၃-၁၂-၂၀၀၉၊ နေ့။
ထိုင်နိုင်ငံ မဟာချိုင်ရှိ A.S.O,သိုးမွေးစက်ရုံမှ မြန်မာအလုပ်သမားများ စုပေါင်း၍၊ မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့(ထိုင်းနိုင်ငံ)MSMO,သို့၊ ပညာတော်သင်ထောက်ပံ့ကြေး အဖြစ် အလှူတော်ငွေ ဘတ် ၅၄၅၀- တိတိကို ဆက်ကပ်လှူဒါန်းရာ၊ အဖွဲ့၏ ကိုယ်စား MSMO, ဥက္ကဋ္ဌ ဆရာတော်မှ လက်ခံရယူခဲ့ပြီး၊ ဘဏ္ဍာရေးမှူးများသို့ လွှဲပြောင်းပေးအပ်ကြောင်းသိရှိရပါသဖြင့်၊ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်၊ ကြော်ငြာအပ်ပါသည်။

၎င်း MSMO, အဖွဲ့တွင် ထိုင်းနိုင်ငံအသီးသီးရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် စုစုပေါင်း ၈၅-ပါးရှိပြီး၊ လက်ခံရရှိသော ပညာတော်သင် ထောက်ပံ့ကြေးများအား၊ တစ်နစ်လျှင် နှစ်ကြိမ်နှုန်းဖြင့်၊ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.