Wednesday, December 9, 2009

ပင့်လျှောက်လွှာ


ထိုင်းနိုင်ငံရှိ တက္ကသိုလ် အသီးသီးတို့၌ ပညာသင်ကြားနေကြသော မြန်မာကျောင်းသားရဟနုးတော်များအား။ ပညာရေးအထောက်အပံ့ ဖြစ်စေခြင်းငှာ၊ ၃၀-၁၂-၂၀၀၉၊ နေ့တွင် မဟာချိုင်ရှိ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှ စုပေါင်းကာ ဆွမ်းကြီးလောင်းလှူပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီး၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသောကြောင့်။ မြန်မာကျောင်းသားရဟန်းတော်များ အားလုံး ကြွရောက်တော်မူကြပါရန်၊ စေတနာရှင်များကိုယ်စား ပြန်ကြားရေးမှ ရိုသေစွာပင့်လျှောက်အပ်ပါသည်၊ အရှင်သူမြတ်တို့ဘုရား။

ကားကြို / ပို့ အစီအစဉ်။
ဝပ်တလုမ်ကျောင်းမှ နံနက်- ၀၈း၀၀၊နာရီ ဟီးနိုးကားကြီးတစ်စီးထွက်မည်။
ဝပ်မဟာထမှ နံနက်-၀၈း၀၀၊ နာရီ လုတုပ်ကားတစ်စီးထွက်မည်။

မိမိတို့နှင့် နီးစပ်ရာသို့ကြွရောက် စီနင်းလိုက်ပါနိုင်ပါသည်။

မှတ်ချက်။ ။ ဒကာမ ဒကာမများတို့၏ တောင်းဆိုချက်အရ( ဖြစ်နိုင်လျှင်) မြန်မာသင်္ကန်များဖြင့် ကြွရောက်တော်မူကြပါရန် ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် အရှင်မြတ်တို့ဘုရား။

ဆက်လက်၍၊ ၁-၁-၂၀၁၀၊ နေ့တွင်လည်း၊ MSMO အဖွဲ့အား ဒေါ်လှဝင်း ဦင်္းဆောင်သော မြန်မာအလုပ်သမားများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာတော်သင်ထောက်ပံ့ကြေး ဆက်ကပ်လှူဒါန်းမည် ဖြစ်ပါသောကြောင့်၊ နေရာအခက်အခဲရှိပါသဖြင့် သံဃာအားလုံးတို့၏ကိုယ်စား ကော်မတီဝင်သံဃာတော်များကြွရောက်တော်မူ၍ နေ့ဆွမ်းဘုန်းပေးရန်နှင့် ပညာတော်သင်ထောက်ပံ့ကြေးများအား လက်ခံတော်မူပေးကြပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.