Thursday, December 17, 2009

တွေးမိသမျှလေးတွေပါ

     သမိုင်းဆိုသောအရာကိုအဓိပ္ပါယ်ကောင်းကောင်းတော့မပြန်တတ်ဘူး သို့သော်လည်း လူတွေအများစုလက်ခံ
ထားသော ပညာရှင်တွေဆီကလဲမကူးချင်တော့လူတွေသိတဲ့နည်းပဲပြန်ပါရစေ သမိုင်းဆိုတာ မိမိကိုယ်တိုင်ရေးထား
ခဲ့ကြတာတော့လူတိုင်းသိကြပါတယ် အဲဒါသမိုင်းပဲ ဥပမာ မိမိကကောင်းတာလုပ်ခဲ့ရင် ကောင်းတဲ့သမိုင်းကျန်ခဲ့
တာ သဘာဝပဲလေ မကောင်းတာလုပ်ရင် မကောင်းသော သမိုင်းကျန်နေမယ်ဆိုလဲသိနေကြမှာ။
   အရိယာလောင်းတွေဟာ သူတို့ရဲ့ အတိတ်သမိုင်းကို ကောင်းသော ကျင်လည်ချင်းတွေနဲ့ရေးခဲ့ကြသလို မကောင်းသောကျင်လည်ခြင်းတွေနဲ့လည်း နေသွားခဲ့ကြတာပါပဲ နောက်ဆုံးတော့ မကောင်းမှန်းသိလာတော့
ဆက်မလုပ်တောပဲပြုပြင်ခဲ့ကြတော့ အဆုံးဘ၀မှာသူတို့ကောင်းသောသမိုင်းတွေရေးခဲ့ကြတာပါပဲ၊
   အခုတော့မိမိရဲ့အတွေးတွေကိုဆက်တွေးလိုက်ရင်း" ဆရာဇော်ဂျီ ရဲ့
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။ ဆိုသော ကဗျာ ကလေးကိုပြန်လည်ရွတ်ဆိုမိပါသည်။
  အခုတော့မိမိတို့သည် မိမိတို့ရဲ့ဘ၀ တည်းဟူသော သမိုင်းကို ဘယ်လိုရေးခဲ့ပြီးပြီလည်းဆိုသော အရာကိုပြန်မနည်းစဉ်စားနေရသည် အသက်တွေလည်း ကြီးနေပြီဆက်လက်ပြီး ဘာတွေဖြစ်လို့ဘာတွေလုပ်မည်ဆိုတာကိုမနည်းတွေးနေရတာမို့ အနာဂတ်ဘ၀တွေဟာလည်းမရေရာသော မသေချာသောအရာတွေပြွမ်းနေသည်မှာလည်းမိမိကိုယ်တိုင်အသိ
ဆုံးပင်ဘယ်လိုဘ၀တည်းဟူသောသမိုင်းကို ဆက်ရေးရမလည်း တော့ကောင်းကောင်းသိရတော့မည့်အချိန်ရောက်သင့်ပြီ ဆရာဇော်ဂျီ ပြောသလို အမျှဝေရာ စေတီလည်းမရှိသေးဘူး ငါ့ရွာ ငါ့ဒေသ သစ္စာတန်ဆောင် ဥာဏ်ရောင်ထွန်းပြောင်ဘို့ ဘာမှမလုပ်နိုင်သေးဘူးဆိုတာလည်း သိနေတယ် ဘယ်လိုပင်ဖြစ်လင့်ကစား မိမိတို့ဘ၀ကိုတော့ ကောင်းသောသမိုင်းလေးတွေကျန်နေခဲ့ဘို့တော့လုပ်ကြရမည်မှာ အမှန်ပင်ဖြစ်ပေသည်။
 အတိတ်တွင် ပြုလုပ်ခဲ့သောအရာတွေကိုထားလိုက်ပါတော့ နောက်လာမည့်အချိန်ကလေးတို့ဆက်လက်ကောင်းသောသမိုင်းတွေကိုရေးကြပါစို့၊ ငိုကြွေးခြင်းတွေမကြားတော့တဲ့အချိန်ရောက်မှာတော့ဘာမှမတတ်နိုင်တော့ပေ ဦးပေါ်ဦးကဲ့သို့ လက်ထုတ်မပြနိုင်ပေမဲ့ဘာမှ မပါဘူးဆိုတာလောက်တော့သမိုင်းကလေးရေးခဲ့ပါဦး၊ အလွမ်းတွေပေကျန်နေမယ့်အစား သမိုင်းတွေကျန်နေခဲ့ရင်ကောင်းမှာပါ မိမိတို့ ယခုလက်ရှိ (မြန်မာရဟန်းတော်များအဖွဲ့ဘန်ကောက် )ဆိုသော သမိုင်းကို အားလုံးရေးခဲ့ကြပါပြီ အရင် နောင်တော်ပေါင်းများစွာတို့ မရေးနိုင်ခဲ့ကြသော သမိုင်းကို အခုတော့ ငါတို့အဖွဲ့ဝင်တွေအားလုံး ရေးထိုးနိုင်ခဲ့ကြပြီ၊ နောက်လာမည့်နှစ်တွေမှာလည်း ငါတို့ အဖွဲ့ အစည်း ညီညာစွာ တည်တံ့ဖို့ ဘယ်လိုသမိုင်းတွေကိုဆက်ရေးကြမလည်းဆိုတာကိုတော့ အားလုံးတွေကြရမှာအမှန်ပင်ဖြစ်ပါသည်။
     ဘန်ကောက်ရောက် မြန်မာအလုပ်သမားများလည်း မိမိတို့ရဲ့ သာသနာကိုတည်တံ့အောင် တတ်နိုင်သမျှထောက်ပံ့နေကြတာမို့ မိမိတို့အတွက်လည်း အားဆေးတွေကိုတိုက်ကျွေးသကဲ့သို့ခံစားနေကြမည်ကိုလည်းသိပါသည်၊အားလုံးသော ဘန်ကောက်ရောက်မြန်မာ အလုပ်သမားများတို့သည်လည်း အရင်မရေးနိုင်ခဲ့သော ပညာရေးထောက်ခြင်းသမိုင်းကိုသူတို့ရေးနေကြတာမို့ သမိုင်းကောင်းတွေကိုရေးထိုးကြပင်ဖြစ်သည်မှာအမှန်ပင်ဖြစ်ပေသည်၊ တပည့်တော်တို့ကတော့ မြန်မာဘုန်းကြီးတွေကိုမြန်မာသင်္ကန်းလေးတွေနဲ့ တွေ့လိုက်ရရင် ရင်တွေလှုပ်ခတ်ပြီးဝမ်းသာလိုက်တာ ဦးဇင်းရယ်လို့ပြောလိုက်သောအသံကို ကြားလိုက်ရသောအခါမိမိ အရမ်းပင် ၀မ်းသာသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးမှာနေသော်လည်း အမျိုးဘာသာ သာသနာ ကိုမမေ့ကြသော သူတို့ရဲ့စိတ်ဓာတ်တွေကိုတော့မိမိတို့အားလုံးတွေးပြီးဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါသည်။ သို့သော်လည်းမိမိတို့ ရဟန်းတော်တွေမှာ လည်း မိမိတို့ တတ်သိသော ပညာရပ်တွေကိုလိုချင်သော သူတို့ကို တတ်နိုင်သမျှ စိတ်ရော ကိုယ်ပါ တတ်နိုင်သမျှ ပင်ပန်းခံ့ ပေးကြရဦးမှာမို့ မိမိတို့ အားလုံးလည်း ပညာပေးခြင်းတည်းဟူသော သမိုင်းကလေးတွေကိုလည်း ရေးကြပါစို့၊ (ဆက်လက်ရေးပါမည်ဘုရား)

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.