Thursday, December 31, 2009

မဟာချိုင်၌ ဆွမ်းကြီးလောင်းလှူပွဲကျင်းပပြုလုပ်

၃၀-၁၂-၂၀၀၈၊နေ့- မဟာချိုင် S.S.P, S.F.S.D, S.O.P. အလုပ်ရုံ မိသားစုများ စုပေါင်း၍၊ ဆွမ်းကြီးလောင်းလှူပွဲ ပြုလုပ်ကျင်းပရာ၊ မြန်မာနိုင်ငံမှ ကြွရောက်တော်မူလာသော၊ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် နှင့် အဘိဓမ္မာ ရွေညဝါ ဆရာဖြစ်သင်တန်းတို့၏ နာယက ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တပညာသီဟ မထေရ်မြတ်နှင့်၊ ထိုင်းနိုင်ငံတက္ကသိုလ်အသီိးသီးတို့၌ ပညာတော်သင်ရောက်ရှိနေကြသော မြန်မာရဟန်းတော် ၈၀ ပါး ကြွရောက်တော်မူကြောင်းသိရှိရပါသည်။
၎င်းအလုပ်ရုံမိသားစုများ၏ ဦးဆောင်သူများဖြစ်ကြသော
ဦးစိုးပိုင်
ကိုဂျပန်
မဖြူဖြူအောင်
ကိုကျော်ရဲအောင် တို့မှ၊ အလှူရှင်များ၏ ကိုယ်စား၊ ဘတ်ငွေ ၁၅၀၀၀ တိတိအား၊ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) သို့ဆက်ကပ်လှူဒါန်းခဲ့ကြောင်းကိုလည်း သိရှိရပါသဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။

ဆက်လက်၍ ၄င်း ၃၀-၁၂-၂၀၀၉၊နေ့တွင် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)၏
(၆) လပတ် အစည်းအဝေးကို ဝပ်တလုမ်ကျောင်း၌ ကျင်းပပြုလုပ်ပြီး၊ မြန်မာကျောင်းသားရဟန်းတော် ၈၂ ပါးတို့အာ ပညာတော်သင်စာရိတ်များအဖြစ် တစ်ပါးလျှင် ၁၀၀၀ ဘတ်တိတိ၊ ဆက်ကပ်လှူဒါန်းကြောင်းသိရှိရပါသည်။
၎င်း မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကြီးသည်၊ ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတို့တွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာရဟန်းတော်များ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး၊ အဖွဲ့၏ သက်တမ်းမှာ ၃၁-၁၂-၂၀၀၉၊ နေတွင် (၆) လပြည့်ပြီးဖြစ်ကြောင်းနှင့်၊ အသင်း၏ ရန်ပုံငွေများကိုလည်း ကျောင်းသားရဟန်းတော်များအား (၆) လလျှင်တစ်ကြိမ်း နုန်းဖြင့်၊ ဝေငှဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

1 comment:

  1. အမှားပြင်ဆင်ချက် ။ ။
    ၃၁ ရက်နေ့ (အမှား)အစား ၃၀ ရက်နေ့ဟု (အမှန်) ပြင်ဖတ်ပေးကြပါဘုရား။ ၈၂ ပါးသော သံဃာများကို ပညာသင်ထောက်ပံငွေ တစ်ပါးလျင် ( ၁၀၀၀-ဘတ်စီ) ဆိုလျှင်ပိုမိုတိကျမည်ထင်ကြောင်းပါဘုရား။
    ( ရိုသေစွာဖြင့်.........လာဖတ်သွားသူတစ်ဦး )

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.