Thursday, December 30, 2010

အစည်းအဝေးနှင့် ပညာတော်သင်ကြေးပေးအပ်ရန် ပင့်လျှောက်လွှာ

ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား၊ M.S.M.O မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ မှ ၆) လ တစ်ကြိမ်ပေးအပ်လျှက်ရှိသော၊ ပညာတော်သင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခန်းအနားနှင့်၊ အဖွဲ့ ၏ စည်းမျဉ်း ဥပဒေများကို ပြန်လည် ပြင်ဆင် ဖြည့်စွက်ခြင်း အခန်းအနားများကို ပြုလုပ် ကျင်းပမည် ဖြစ်ပါသောကြောင့်၊ ကျောင်းသားအဖွဲ့ ဝင် သံဃာတော်များအားလုံး ကြွရောက်တော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။

ကျင်းပမည့်နေ့ရက်။ ။ ၁.၁.၂၀၁၁.
ကျင်းပမည့် အချိန်။ ။ ညနေ ၀၃း၀၀ နာရီ
ကျင်းပမည့်နေရာ။ ။ ဝပ်တလုမ်ကျောင်းတိုက်

မှတ်ချက်။ ။ မဟာချိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲမှ အပြန်တွင် ကျင်းပမည်ဖြစ်ပါကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

ရိုသေစွာ ပင့်လျှောက်အပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

ဘုရားတပည့်တော်တို့ M.S.M.O, မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)အား ဦးထိပ်ထားလျက်

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်၊ ၀ပ်ကမ်ဖားရပ်၊ ခေါရင်ခေါင်ရပ်ကွက်၊ Sonpol ပုဇွန်စက်ရုံ မြန်မာပြည်သား မိသား စုများမှ ဒုတိယအကြိမ်မြောက် စုပေါင်းကျင်းပပြုလုပ်အပ်သော၊ နစ်သစ်ကူး ဆွမ်းဆန်တော် လောင်းလှူပွဲ နှင့် M.S.M.O ကျောင်းသားရဟန်းတော်များအား ပညာရေးထောက်ပံ့လှူဒါန်းပွဲသို့ တက္ကသိုလ်အသီးသီးမှ ကျောင်းသားရဟန်းတော်များအားလုံး မပျက်မကွက် ကြွရောက်ချီးမြှင့်ပေးတော်မှုကြပါရန် ရိုသေသေစွာ ပင့်လျှောက်အပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား ။


ကျင်းပမည့်နေ့ရက် ။၁.၁.၂၀၁၁၊ စနေနေ့။

ကျင်းပမည့်အချိန် ။နံနက် ၉ နာရီမှ နေ့လည် ၂ နာရီထိ။

ကျင်းပမည့်နေရာ ။Sonpol ပုဇွန်စက်ရုံ၊ ဝပ်ကန်ဖားနယ်မြေ၊ ခေါရင်ခေါင်ရပ်ကွက်၊

မဟာချိုင်မြို့နယ်၊ထိုင်းနိုင်ငံ။

မှတ်ချက်။ ။ ၁.၁.၂၀၁၁ စနေနေ့ နံနက် ၀၈း၀၀ နာရီတွင်၊ ဝပ်တလုမ်ကျောင်းမှ ကားများ စတင် ထွက်ခွါပါမည်။
နယ်မှ ကြွလာမည့် သံဃာတော်များ၊ ဝပ်တလုမ်းကျောင်းသို့ ၃၁.၁၂.၂၀၁၀ သောကြာနေ့ ညအရောက် ကြွကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

Wednesday, December 29, 2010

တရားတော်နာဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့်ခင်ဗျာ

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (M.S.M.O.)၏
သြ၀ါဒါစရိယဖြစ်တော်မူသော ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါဆရာတော်) မှ ၃၁.၁၂.၂၀၁၀.
နေ့တွင် ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ် Crystal စက်ရုံတွင် ညနေ၃နာရီဆည်းဆာ
တရားပွဲကိုလည်းကောင်း။ ၁.၁.၂၀၁၁.နေ့တွင် ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ်
ဝက်ကန်ဖား.Sonpol စက်ရုံတွင် ည၇နာရီအချိန်တွင်လည်းကောင်း။ ၂.၁.၂၀၁၁.နေ့တွင်
ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ် ၀တ်ဟုန်မြန်မာဘုရားဝင်းအတွင်း၌ ည၇နာရီအချိန်တွင်လည်းကောင်း
၃.၁.၂၀၁၁.နေ့တွင် ထိုင်းနိုင်ငံမဟာချိုင် ၀တ်ထစ်မူစီစံကျောက်၌ ည၇နာရီအချိန်တွင်လည်းကောင်း
တရားရေအေးတိုက်ကျွေးမည် ဖြစ်ပါသောကြောင့် ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေ သူတော်စင်
အပေါင်းတို့အား တရားနာကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

တရားပွဲဖြစ်မြောက်ရေးကော်မတီ

ပင့်လျှောက်လွှာ

ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ဘုရားတပည့်တော်တို့ M.S.M.O, မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)မှ၊ ဦးစီး၍ ပြုလုပ်ကျင်းပအပ်သော၊(ဒုတိယအကြိမ်မြောက်) နစ်သစ် ဆွမ်းဆန်တော် လောင်းလှူပွဲ၊ M.S.M.O ကျောင်းသားရဟန်းတော်များ ရန်ပုံငွေ ပေးအပ်ပွဲနှင့်၊ ကျောင်းဟားရဟန်းတော်များအဖွဲ့ (ထိုင်း၏) အဖွဲ့စည်းမျည်းများ ပြန်လည် အတည်ပြု ရေးဆွဲရေး အစီအစဉ်များကို ပြုလုပ်မည် ဖြစ်ပါသောကြောင့်၊ ကြွရောက်တော်မူကြပါရန်၊ ရိုသေစွာလျှောက်ထားအပ်ပါသည်၊ ကျောင်းသားရဟန်တော် အရှင်သူမြတ်တို့ဘုရာ။

ကျင်းပမည့်နေ့ရက်။ ။ ၁.၁.၂၀၁၁၊ နံနှက်။
ကျင်းပမည့်နေရာ။ ။ Sonpol ပုဇွန်စက်ရုံ၊ ဝပ်ကန်ဖားနယ်မြေ၊ ခေါရင်ခေါင်ရပ်ကွက်၊ မဟာချိုင်၊ ထိုင်း။

မှတ်ချက်။ ။ ၁.၁.၂၀၁၁ နေ့ နံနက် ၀၈း၀၀ တွင်၊ ဝပ်တလုမ်ကျောင်းမှ ကားများ စတင် ထွက်ခွါပါမည်။
နယ်မှ ကြွလာမည့် သံဃာတော်များ၊ ဝပ်တလုမ်ကျောင်းသို့ ၃၁.နေ့ ညရောက်ကြွကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

Tuesday, December 28, 2010

အလှူငွေ ဆက်ကပ်လှူဒါန်း


၂၆.၁၂.၂၀၁၀. နေ့ NASCO စက်ရုံ မြန်မာအလုပ်သမားများမှ M.S.M.O မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူငွေ ၁၂၀၀၀ ဘတ် တိတိကို ဆက်ကပ်လှူဒါန်းရာ၊ ဘဏ္ဍာရေးမူးဆရာတော် ဦးဗြဟ္မဝံသ မှ လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

Saturday, December 25, 2010

ပင့်လျှောက်လွှာ

ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။ ဘုရားတပည့်တော်တို့ M.S.M.O, မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ၊ ဦးစီး၍ ပြုလုပ်ကျင်းပအပ်သော၊(ဒုတိယအကြိမ်မြောက်) နစ်သစ် ဆွမ်းဆန်တော် လောင်းလှူပွဲသို့၊ ကြွရောက်တော်မူကြပါရန်၊ ရိုသေစွာလျှောက်ထားအပ်ပါသည်၊ ကျောင်းသားရဟန်တော် အရှင်သူမြတ်တို့ဘုရာ။

ကျင်းပမည့်နေ့ရက်။ ။ ၁.၁.၂၀၁၁၊ နံနှက်။
ကျင်းပမည့်နေရာ။ ။ Sonpol ပုဇွန်စက်ရုံ၊ ဝပ်ကန်ဖားနယ်မြေ၊ ခေါရင်ခေါင်ရပ်ကွက်၊ မဟာချိုင်၊ ထိုင်း။

မှတ်ချက်။ ။ ၁.၁.၂၀၁၁ နေ့ နံနက် ၀၈း၀၀ တွင်၊ ဝပ်တလုမ်ကျောင်းမှ ကားများ စတင် ထွက်ခွါပါမည်။
နယ်မှ ကြွလာမည့် သံဃာတော်များ၊ ဝပ်တလုမ်ကျောင်းသို့ ၃၁.နေ့ ညရောက်ကြွကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

Tuesday, December 7, 2010

ဒေါက်တာ အာသဘ အား လွမ်းသူ့ပန်းခွေချ၍ ကန်တော့

၇-၁၂-၂-၁၀ ဘန်ကောက်

ဘဝနတ်ထံပျံလွန်တော်မူသွားသော၊ ဆရာတော် ဒေါက်တာ အာသဘ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို M.S.M.O ကျောင်းသား ရဟန်းတော်များအဖွဲ့ ကော်မတီဝင် သံဃာတော်များမှ ကြွရောက်ကာ ဆရာတော်၏ ရုပ်ကလာပ် တည်ရှိရာ ဝတ်မဟာထ ကျောင်းတိုက်တွင် လွမ်းသူ့ပန်ခွေချ၍ နောက်ဆုံး ကန်တော့ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆရာတော် ဒေါက်တာ အာသဘ သည်၊ ထိုင်းနိုင်ငံတွင် သာသနာပြုနေရင်း သက်တော် ၉၉ နစ်၊ သိက္ခာတော် ၈၁ ဝါ အရ၊ ၂၃-၁၁-၂၀၁၀၊ အင်္ဂါနေ့ ညအချိန်တွင်၊ ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့်၊ ယခုအခါ ဆရာတော်၏ ရုပ်ကလာပ်တော်ကို ဆရာတော် သီတင်းသုံးခဲ့ရာ ဘန်ကောက်မြို့ ဝပ်မဟာထ ကျောင်းတိုက် တွင် ထားရှိကြောင်းသိရှိရပါသည်။

Monday, December 6, 2010

ပင့်လျှောက်လွှာ

M.S.M.O ၏ ကော်မတီဝင်သံဃာတော်အရှင်သူမြတ်တို့ဘုရား အားလုံးကိုကြိုတင်လျှောက်ထားပြီးသည့် အတိုင်း 6th December 2010 အ၈င်္ါနေ့ (မနက်ဖန်)တွင် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ သာသနာပြုကြွ ရောက်တော်မူလာသော ဘန္ဒန္တ အာသဘ မထေရ်မြတ်၏ အန္တိမဈာပနသို့ လွမ်းသူပန်းခွေဖြင့် သွားရောက်ပူဇော်မည်ဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်ထားရှိပူဇော်ရာ ဝပ်မဟာထသို့ နေ့ခင်း (၁) နာတရီတိတိအချိန်တွင် ကြွရောက်တော်မူကြပါရန် ရိုသေစွာပင့်လျှောက်အပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

Sunday, December 5, 2010

အလှူငွေ ဆက်ကပ်လှူဒါန်း

ကျောင်းသားရုံးခန်း ရေစက်ချက်ပွဲ နှင့် ရုံးခန်းသုံး အဲယားကွန်း အပါအဝင် လစဉ် ကျောင်းသားများအတွက် ရန်ပုံငွေ လှူဒါန်းနေသော၊ အလှူရှင် မတင်နုနှင့် သူငယ်ချင်းမှားမှ၊

ဇူလိုင်လ အတွက် အလှူငွေ= ၁၄၄၀၊
သြဂုတ်လ အတွက် = ၁၁၈၀၊
စင်တင်ဘာလ အတွက်= ၁၂၀၀၊
အောက်တိုဘာလ အတွက်= ၁၀၄၀၊
စုစုပေါင်း အလှူငွေ = ၄၆၈၀ ဘတ်တိတိကို ဆက်ကပ် လှူဒါန်းရာ ဥက္ကဋ္ဌဆရာတော် ဦးဇောတိကမှ လက်ခံရယူပြီး၊ ဘဏ္ဍာရေးမှူများသို့ လွဲပြောင်း ပေးအပ်လိုက်ကြောင်း သိရှိရပါသည်။

Tuesday, November 30, 2010

၂၀ ရက်နှင့် ၂၇ ရက် အစည်းအဝေး ဆုံးဖြတ်ချက်များ

M.S.M.O ဗဟိုကော်မတီများနှင့် ပညာရေးကော်မတီများ 20th November 2010 နှင့် 27th November 2010 နှစ်ရက်တိုင်တိုင်ကျင်းပြုလုပ်ခဲ့ကြသော အစည်းအဝေးဆုံးဖြတ်ချက်များ

၁) သင်ကြားရေးဆရာများအား တန၈င်္နွေနေ့တွင် အပြန်ခရီစဉ် (၃)ကြိမ်ကားစီစဉ်ပေးရန်။
၂) သင်တန်းကျောင်းနှင့်ရုံးခန်းတွင် အပတ်စဉ် ဗဟိုကော်မတီဝင်သံဃာ(၂)ပါး ရုံးထိုင်ပေးရန်။
အပတ်စဉ် ရုံးထိုင် ဗဟိုကော်မတီဝင် (၂) ပါး၏ တစ်နေ့တာရုံးတာဝန်များ

(၁) ရုံးတွင် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် ဟောရေးပြောရေး ဆက်ဆံရေးကိစ္စများ ဆောင်ရွက်ပေးရန်။

(၂) ဆရာများ၏ သင်တန်းအချိန်များ အတန်းတက်စာရင်းများ လိုအပ်သော စာရွက် စာတန်းများ ကြိုတင်စီမံပေးရန်။

(၃) ကျောင်းသားသစ်လက္ခံရေးနှင့် ဆရာများအတွက်လိုအပ်သောကိစ္စရပ်များ စီစဉ် ညွန်ကြားပေးရန်။

(၄) ရုံးဆင်းချိန်၌ မိမိတို့၏ တစ်နေ့တာလုပ်ဆာင်ချက်များအား ဗဟိုကော်မတီ ရုံးထိုင်မှတ်တမ်း၌ အသေးစိတ်မှတ်တမ်းရေးသားခဲ့ရန်။

(၅) ဆရာစရိတ်များ စီမံပေးရန်နှင့် အပြန်ခရီးစဉ် မော်တော်ကား စီမံပေးရန်။
ကားစီစဉ်ရန်အချိန်

(1) နေ့ခင်း (၁၂)ခွဲမှ (၁)နာရီ တစ်စီး
(2) ညနေ(၃)နာရီခွဲမှ(၄)နာရီ တစ်စီး
(3) ညနေ(၅)နာရီခွဲမှ(၆)နာရီ တစ်စီး

27/ 11 / 2010
M.S.M.O ဗဟိုကော်မတီနှင့်
ပညာရေးကော်မတီ အစည်းအဝေးသဘောတူညီချက်

၃) သင်ကြားရေးဆရာတော်များသည် မိမိဆိုင်ရာသင်တန်းတွင် တာဝန်ယူထားသော ဆရာ(၂)ပါးလုံးသင်ကြားနိုင်ခြင်းမရှိပါက ပညာရေးကော်မတီ (သို့မဟုတ်) ဗဟိုကော်မတီရုံးထိုင်(၂)ပါးအား အချိန်မှီအကြောင်းကြားအသိပေးရမည်။ ယင်းဆရာတော်များမှ ကော်မတီဝင်တစ်ပါးပါးကို သင့်တော်သလိုစီစဉ်ပေးရမည်။

၎) ဒကာ/ဒကာမများ၏တောင်ပန်လျှောက်ထားချက်အရ M.S.M.O ၏သြဝါဒါစရိယဖြစ်တော်မူသော ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟအား ယာယီစံကျောင်းနှင့် M.S.M.O မှပင့်ဖိတ်၍ တရားပွဲများ စီစဉ်ပေးရန်။

အသစ်တစ်ဖန်ထပ်မံဖွဲ့စည်းထားသော တရားပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီဝင်များ
1) ဦးကောဝိဒ(၁)
2) ဦးကုဝေရ
3) ဦးပညာဇောကာတ
4) ဦးသုန္ဒရ
5) ဦးတေဇနိယ
6) ဦးတေဇ
7) ဦးကောဝိဒ(၂)
8) ဦးဗြဟ္မဝံသ
9) ဦးအာစိဏ္ဏ
10) ဦးဝိစိတ္တ

(၅) သီတစ်၈ူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏အဓိပတိဆရာတော် ဘဒ္ဒန္တဒေါက်တာဥာဏိဿရအား ပင့်ဖိတ်၍ သြဝါဒလျှောက်ထားတောင်းပန်လွှာဆက်ကပ်ရန်နှင့် ဆရာတော်ထံမှ သြဝါဒခံယူရန်။

အပတ်စဉ် ရုံးထိုင်(၂)ပါ အလှည့်ကျစာရင်း

(1) 28/11/2010 Sunday ဦးဇောတိက၊ ဦးဗြဟ္မဝံသ၊
(2) 5/12/2010 Sunday ဦးတေဇ၊ ဦးတေဇနိယ၊
(3) 12/12/2010 Sunday ဦးဓမ္မပါလ၊ ဦးသုန္ဒရ၊
(4) 19/12/2010 Sunday ဦကဝိန္ဒ၊ ဦးကုဏ္ဍလ၊
(5) 26/12/2010 Sunday ဦးကောဏ္ဍည၊ ဦးတေဇိန္ဒ
(6) 2/1/2010 Sunday ဦးကောဝိဒ၊ ဦးအာစိဏ္ဏ

Monday, November 29, 2010

အပတ်စဉ် ရုံးထိုင် ဗဟိုကော်မတီဝင် (၂) ပါး၏ တစ်နေ့တာရုံးတာဝန်များ

(၁) ရုံးတွင် ဆွမ်းကွမ်းဝေယျာဝစ္စနှင့် ဟောရေးပြောရေး ဆက်ဆံရေးကိစ္စများ ဆောင်ရွက်ပေးရန်။

(၂) ဆရာများ၏ သင်တန်းအချိန်များ အတန်းတက်စာရင်းများ လိုအပ်သော စာရွက် စာတန်းများ ကြိုတင်စီမံပေးရန်။

(၃) ကျောင်းသားသစ်လက္ခံရေးနှင့် ဆရာများအတွက်လိုအပ်သောကိစ္စရပ်များ စီစဉ် ညွန်ကြားပေးရန်။

(၄) ရုံးဆင်းချိန်၌ မိမိတို့၏ တစ်နေ့တာလုပ်ဆာင်ချက်များအား ဗဟိုကော်မတီ ရုံးထိုင်မှတ်တမ်း၌ အသေးစိတ်မှတ်တမ်းရေးသားခဲ့ရန်။

(၅) ဆရာစရိတ်များ စီမံပေးရန်နှင့် အပြန်ခရီးစဉ် မော်တော်ကား စီမံပေးရန်။
ကားစီစဉ်ရန်အချိန်

(1) နေ့ခင်း (၁၂)ခွဲမှ (၁)နာရီ တစ်စီး
(2) ညနေ(၃)နာရီခွဲမှ(၄)နာရီ တစ်စီး
(3) ညနေ(၅)နာရီခွဲမှ(၆)နာရီ တစ်စီး

27/ 11 / 2010
M.S.M.O ဗဟိုကော်မတီနှင့်
ပညာရေးကော်မတီ အစည်းအဝေးသဘောတူညီချက်

Sunday, November 21, 2010

ပညာတော်သင်စရိတ်ထောက်ပံ့လှူဒါန်ပွဲး

၂၁-၁၁-၂၀၁၀
မဟာချိုင်မြို့နယ်။ ဘန်တိုလပ်ရပ်ကွက်။ ဦးဘိုဝင်းဦးဆောင်သော မဟာကရုဏာစာကြည့်တိုက်မိသားစုနှင့် မြန်မာအလုပ်ရုံ စက်ရုံမိသားစုများပေါင်းစုလှူဒါန်အပ်သော ပညာတော်သင်စရိတ် ( ၂၀၈၁၇၂ )ဘတ်ကို မြန်မာကျောင်းသားရဟန်တော်များအဖွဲ့(m.s.m.o)ထိုင်းနိုင်ငံသို့လှူဒါန်ရာ သံဃာကိုယ်စား ဥက္ကဌ ဆရာတော် ဦးဇောတိကမှ လက်ခံရယူပြီး
အလှူငွေများအား ဘဏ္ဍာရေးမှူးများသို့ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

Wednesday, November 17, 2010

m.s.m.o အဖွဲ့၏ ၃/၂၀၁၀ ပညာဒါန သင်တန်း အချိန်ဇယား

222 pdf


၁။ ။ 21st November 2010 Sunday တွင်သင်တန်းပြန်လည်ဖွင့်လှစ်ရန်။

၂။ ။ သင်ကြားရေးဆရာများတွက် ခရီးစရိတ်ကို နံနက်ပိုင်းတစ်ချိန်၊ နေ့ခင်းပိုင်းတစ်ချိန်၊ ညနေပိုင်းတစ်ချိန် (၃)ချိန်ခွဲ၍စီမံပေးရန်။ ၄င်းကိစ္စကို ကော်မတီဝင်များမှ သင့်တော်သလိုစီမံ၍ အတည်ပြုဆုံးဖြတ်ပေးပါရန်။

ပညာရေးကော်မတီ၏ စာရင်းရှင်းတမ်းများ

333

Tuesday, November 16, 2010

Dhammapada ဓမ္မပဒ ပါဠိမြန်မာ အင်္ဂလိပ်

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.

8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.

၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

၁၀။ ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။

၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။

9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.

10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.

၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.

12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.

14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။

16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂ၀ါ သာမညဿ ဟောတိ။

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ။

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.

20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion. ဒီမှာ အစပိုဒ်ရေးပါဘုရား ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

Dhammapada ဓမ္မပဒ ပါဠိမြန်မာ အင်္ဂလိပ်

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.

22. Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).

23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.

၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။

၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

24. Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory.

၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။

၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့် လည်းကောင်း၊ (သီလ) စောင့်စည်းခြင်း နှင့်လည်းကောင်း၊ (ဣနြေ္ဒကို) ဆုံးမခြင်းနှင့် လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုလုပ်ရာ၏၊ ယင်းသည့် ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။

25. By earnestness, by mindfulness, by restraint and self-control (with regard to moral precepts), the wise man could make an island (in the sea of mental defilements) that a flood of passion cannot sweep away.

၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

၂၇။ မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။

၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကို အားထုတ်ကြကုန်၏၊ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟုဆိုသော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်)ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။

26. Foolish and unintelligent people engage in unawareness. But the wise one guards awareness like the greatest treasure.

27. Do not indulge in negligence, do not be intimate with attachment to lust and desires. The vigilant one who is established in mindfulness and aware can gain Nibbana, the joy supreme.

၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏၊ စိုးရိမ်မှုကင်းသော ရဟန္တာ သည် ဒိဗ္ဗစက္ခုဟုဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏၊ တောင်ထိပ်၌တည်သောသူသည် မြေပြင်၌တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်)သူမိုက်တို့ကို ရှုကြည့်၏။

28. The wise expels unawareness by awareness, negligence by vigilance, climbing the tower of wisdom, sorrow less, the wise one (the Arahant) looks down upon the sorrowing crowd as one standing on the mountain looks down those standing on the ground below.

၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို ချန်၍ သွားသကဲ့သို့၊ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သောပညာရှိသည် မေ့လျော့သူကိုချန်ထား၍ သွား၏၊ သတိလွတ်ကင်း နိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွားများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်း မရှိသူများကို) စွန့်ထား၍သွား၏။

29. Watchful among the unwatchful, vigilant among the heedless, the wise man like a swift horse runs his race, outrunning those leaving behind who are slow.

၃၀။ အပ္ပမာဒေန မဃ၀ါ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ရောက်၏၊ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏၊ (ကုသိုလ် ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။

30. Magha young man rose to the lordship of the gods by mindfulness (in doing meritorious deeds). The wise praise earnestness; negligence in doing virtuous deeds is always blamed.

၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့)သွား၏။

31. The monk who delights in awareness and fears negligence goes to Nibbana destroying all fetters like a fire burning all obstacles both great and small.

၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။

32. The monk who delights in awareness and fears in negligence cannot fall away (from his perfect state) – he is very close upon Nibbana.

ဆည်းပူးပညာ မဟာချူလာ



ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်

ထိုင်းနိုင်ငံတွင် တည်ရှိသော မဟာချူလာလောင်ကွန်တက္ကသိုလ်အမည်ကို ၁၉၉၆ -နှစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပထမနှစ်သင်တန်းသားအဖြစ် အဆောင်(၁၈)တွင် နေထိုင်၍ ပညာသင်စဉ်က ကြာဖူးမိခဲ့၏။ အဆောင် (၁၈) အဆောင်မှူး ဖြစ်သူ အရှင်သာဓိန(ယခု အိန္ဒိယမှ ဒေါက်တာဘွဲ့ပြီး) အထံတွင် အင်္ဂလိပ်စာ အခြေခံဝါကျ (၂၀) သင်ယူရင်း ကြားဖူးမိခဲ့ခြင်းဖြစ်၏။
ထိုစဉ်ကတည်းက မဟာချူလာလောင်ကွန်တက္ကသိုလ်ကို စိတ်ဝင်စားမိသည်။ “တချိန်ချိန်တွင် အခြေအနေများပေးလို့ တက်ရောက်ခွင့်ရရင် တက်ရောက်ချင်စမ်းပါဘိ” ဟု စိတ်ထဲမှလည်း ရည်မှန်းချက်များ ထားရှိမိသည်။ ယခုခေတ် အခါကဲ့သို့ ဆက်သွယ်ရေးများ မကောင်းသဖြင့်လည်း အချိန်ကာလ ကြာမြင့်သည်နှင့် ရည်မှန်းချက်များ ဝိုးတဝါးဖြင့် ပျောက်ကွယ်လု မတတ်ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုင်းနိုင်ငံမှ မဟာချူလာတက္ကသိုလ် အဘိဓမ္မာပါမောက္ခ မစ္စတာကျန်းဘရွန်း၏ စပွန်ဆာပေးမှု၊ မွှေးကော်အိတ် လုပ်ငန်းမှ ကိုကျော်မြင့်၏ စီစဉ်ပေးမှုတို့ဖြင့် ထိုင်းနိုင်ငံသို့ သာသနာပြုခရီး ရောက်ခဲ့ရ၏။ မိမိတက်ရောက်ချင်သည်ကား မဟာချူလာလောင်ကွန်တက္ကသိုလ်မှ မာစတာ(MA)တန်း။ သူတို့ ဖြစ်စေချင်သည်ကား ထိုင်းနိုင်ငံတွင် ထိုင်းစာကိုသင်၊ တတ်မြောက်လျှင် ပြန်လည် ပို့ချပေး။ ဤကဲ့သို့ဖြစ်၏။ ရည်ရွယ်ချက်နှင့် ရလဒ်ကား တခြားစီဖြစ်ခဲ့ပေပြီ။

လမ်းပန်းမြို့မှ မြန်မာဆရာတော်ကြီး

သည်လိုနှင့် ထိုင်းနိုင်ငံ ချင်းမိုင်(မြန်မာအခေါ်ဇင်းမယ်) မြို့အနီး မြန်မာနိုင်ငံတွင် ပြင်ဦးလွင်ခေါ် မေမြို့ကဲ့သို့ လှပချမ်းအေးလှသော လမ်းပန်းမြို့သို့ ထိုင်းစာပေများ သင်ယူရန် ရောက်ခဲ့ရပြန်၏။ လမ်းပန်းမြို့တွင် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာနန္ဒ သီတင်းသုံး နေထိုင်သော ကျောင်းဖြစ်၏။ ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေထိုင်၍ မြတ်ဗုဒ္ဓသာသနာ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဖြန့်ဖြူးခဲ့သည်မှာ အနှစ်ငါးဆယ်နီးပါး ရှိခဲ့ပေပြီ။
ထူးခြားသည်မှာ ယခုအချိန်အထိ ဆရာတော်ကြီးသည် မြန်မာပတ်စ်ပို့ကိုင်၍ မြန်မာနိုင်ငံသားအဖြစ် ခံယူလျက်ပင် ထိုင်းနိုင်ငံတွင် သာသနာပြုနေဆဲဖြစ်၏။ မြန်မာဆရာတော်ကြီး၏ သာသနာပြုမှုတို့ကြောင့် ထိုင်းရဟန်းတော်တို့မှာ မြန်မာစာပေ သင်ကြားခွင့်ရ။ မြန်မာပြည်သို့ ကြွရောက်၍ စာပေးသင်ကြားခွင့်ရကြ၏။ ယခုဆိုလျှင် ဆရာတော်ဘုရားကြီး၏ တပည့် ထိုင်းလူမျိုးများမှာ အဆင့်မြင့်သော နေရာများတွင် အဆင့်မြင်သော မြန်မာနည်း မြန်မာ့ဟန်တို့ဖြင့် ထိုင်းနိုင်ငံတွင်လက်ဆင့်ကမ်း သာသနာ ပြုနေကြပေပြီ။

မျက်ခုံးမွှေးရိတ်ခြင်း ပြဿနာ

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် အလွန်အရေးကြီးလှသောအရာမှာ မျက်ခုံးမွှေး ရိတ်ခြင်းပင်ဖြစ်၏။ မြန်မာပြည်သား ရဟန်းတော်တို့မှာ မြန်မာပြည်တွင် တစ်ခါမှ မျက်ခုံးမွှေးကို မရိတ်ခဲ့ဘူးကြချေ။ ထို့ကြောင့် မျက်ခုံးမွှေးရိတ်ဖို့ဆိုသည်မှာလည်း အခက်အခဲတစ်ခုလို ဖြစ်နေတော့၏။ ထိုင်းလူမျိုးတို့သည် သံဃာတော်တို့ကို ပထမမြင်တွေ့ခွင့် ရသည်နှင့် မျက်ခုံးမွှေးကို အရင်ကြည့်၏။ မျက်ခုံးမွှေး မရှိမှ သူတို့စိတ်ထဲတွင် သံဃာအစစ်ဟု ထင်မှတ်ကြပုံရ၏။ ထို့ကြောင့် ထိုင်းလူမျိုးသံဃာတော်တို့သည် ဆံပင်ကို တစ်လပြည့်၍ (လပြည့်နေ့တိုင်း) အလွန်ရှည်လျားမှ ရိတ်ကြသော်လည်း မျက်ခုံးမွှေးကိုကား သတိထား၍ တစ်ပတ်တစ်ခါ ရိတ်ကြ၏။
ဝပ်ထာ့မအိုးကျောင်းတိုက်သို့ ရောက်ပြီးသည်နှင့် တစ်ပတ်အကြာ ဆရာတော်ကြီး၏ သာသနာပြု အတွေ့အကြုံနှင့် မျက်ခုံးမွှေးကို ယခုအချိန်အထိ တစ်ခါမှ မရိတ်ခဲ့ဘူးကြောင်း၊ ဘမုခဝိနိစ္ဆယ (မျက်ခုံးမွှေးရိတ်ခြင်း၊ မရိတ်ခြင်း အဆုံးအဖြတ်) ကျမ်းကိုလည်း အင်္ဂလိပ်၊ ပါဠိ၊ ထိုင်းဘာသာတို့ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း အမိန့်ရှိကာ ယင်းစာအုပ်ကို စာရေးသူအား စွန့်လိုက်၏။ ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် မြန်မာနည်း မြန်မာ့ဟန် မြန်မာ့ယဉ်ကျေးမှုတို့ဖြင့် ကျောင်းတိုက်၊ စေတီများကို တွေ့ခွင့်ရခဲ့၏။ မြန်မာပြည်နှင့် မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ဆရာတော်၏ မျိုးချစ်စိတ်ကိုကား နိုင်ငံခြားသာသနာပြု မြန်မာရဟန်းတော်တို့ အတုယူသင့်လှ၏။ ဆရာတော်ကြီး၏ ဝပ်ထာ့မအိုးကျောင်းတိုက်တွင် တနှစ်တာမျှ ထိုင်းစာပေတို့ကို သင်ကြားခဲ့ရ၏။ ဆရာတော်ကြီး၏ အရိပ်အာဝါသ အောက်မှာ နေရသည်ကား အလွန်မှ ငြိမ်းချမ်းလှ၏။

ဗီဇာအခက်အခဲ

ဆရာတော်ကြီး၏ ကျောင်းတိုက်မှာ နေရသည်မှာ ပျော်ရွှင် ငြိမ်းချမ်းလှသော်လည်း မပျော်ရွှင်သည်ကား နေထိုင်ခွင့် ဗီဇာကိစ္စပင် ဖြစ်၏။ ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် နေထိုင်ခွင့်ဗီဇာသည် အရမ်းခက်ခဲလှ၏။ မည်သို့ မည်ပုံ ဗီဇာကိစ္စလုပ်ရမည် ဟု မိမိအား ညွှန်ပြမည့်သူ မရှိ။ တက္ကသိုလ်တက်ခွင့်ရရေး ရည်ရွယ်ချက်ကား မည်သို့ရှိသည် မသိ။ လောလောဆယ်တွင် ဗီဇာကိစ္စ အဆင်မပြေ၍ မြန်မာနိုင်ငံသို့ ပြန်လှည့်ရမည့် အခြေအနေဖြစ်၏။ ထိုကဲ့သို့လည်း မဖြစ်ချင်။ ကြံရာမရ ဖြစ်နေစဉ် တစ်လအတွင်းမှာပင် လမ်းပန်းမြို့ ဝပ်ထာ့မအိုးကျောင်းတိုက်သို့ စာပေသင်ကြားရန် မြန်မာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်းနှင့် ဘီအေတန်းတွင် သင်ကြားခဲ့ဖူးသည့် ဂျပန်လူမျိုး ရဟန်းတစ်ပါး ရောက်ရှိလာ၏။ တစ်ပတ်ခန့်အကြာတွင် ယင်းဂျပန်ရဟန်းတော်နှင့် ရင်းနှီး၍ စကားစပ်မိသဖြင့် ဗီဇာအကြောင်း သိခွင့်ရခဲ့၏။ စိတ်မပူဖို့အကြောင်းနှင့် သူကူညီမည့်အကြောင်း ပြောကြားလာ၏။
ထို့နောက် မြန်မာပြည်စာသင်ရာမှ ပြန်ကြွလာသော ထိုင်းလူမျိုး ရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဗီဇာကိစ္စ အဆင်ပြေခဲ့၏။ သို့သော် လမ်းပန်းမြို့နှင့် ဘန်ကောက်မြို့မှာ (၉)နာရီကျော်ကြာ ကားစီးရ၊ ခရီးသွားရ၏။ အသွားအပြန် ဘန်ကောက်သို့ ရှစ်ကြိမ်ခန့် သွားရမှုကြောင့် ကျောင်းတက်ဖို့ စုစောင်းထားသည့် တက္ကသိုလ်တက်ဖို့ ကျောင်းစာရိတ်များမှာ တက်တက်စင်အောင် ကုန်သွားခဲ့ရပြန်ပါသည်။ သည်လိုနှင့် တစ်နှစ်အကြာ မြန်မာပြည်သို့ ကျောင်းစာရိတ်ရှာ ပြန်ခဲ့ရတော့သည်။

ဘန်ကောက်မြို့ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့

မြန်မာပြည်မှ ပြန်အလာ ဘန်ကောက်သို့ ပြောင်းရွှေ့ရန်နှင့် တက္ကသိုလ်တက်ခွင့်ရဖို့ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းခဲ့ရ၏။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်တက်ခွင့်ရဖို့ အသာထား အရေးကြီးသည်ကား မိမိအတွက် ဘုန်းကြီးကျောင်းတစ်ခုခုတွင် ကျောတစ်နေရာစာ နေခွင့်ရဖို့ပင်ဖြစ်၏။ ထိုင်းနိုင်ငံရှိ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာရှိမှ တက္ကသိုလ်ဖောင်တင်ခွင့်၊ ဖြေခွင့်၊ တက်ခွင့်ရ၏။ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှ၏။ အဆက်အသွယ် မရှိလျှင် မည်သို့မျှ အဆင်မပြေနိုင်။ မိမိသည်ကား ထိုင်းလူမျိုးရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဘန်ကောက်မြို့ရှိ မြဘုရားအနီးတွင် ကျောင်းတစ်ဆောင်တွင် အခန်းတစ်ခန်း ရရှိခဲ့၏။

မဟာချူလာ၏ မူလတည်နေရာ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မူလတည်နေရာကား မြဘုရားအနီး ဝပ်မဟာထာ့ကျောင်းတိုက် ဧရိယာတွင် တည်ရှိသောကြောင့် သွားရ လာရ စုံစမ်းရသည်မှာ မိမိအတွက် အလွန်လွယ်ကူလှ၏။ အချက်အလက်တို့ကို သိခွင့်ရပြီးသည့်နောက် ကုန်ကျစာရိတ်တို့ကို တွက်ချက်ရပြန်၏။ အဆင်ပြေလောက်ပြီဆိုမှ ဖောင်တင်၊ ဝင်ခွင့်ဖြေ၊ အောင်စာရင်းထွက်၊ အင်တာဗျူးဖြေ စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်ရတော့၏။ ဝင်ခွင့်ရပြီးနောက် စာမေးပွဲကြေး သွင်းပြီးသည်နှင့် ဗီဇာကိစ္စ၊ တက္ကသိုလ်မှ အဆောင်တွင် အခန်းရဖို့ကိစ္စ လွယ်ကူသွားတော့၏။ (ယခုအချိန် တက္ကသိုလ်တွင် အဆောင်မှ အခန်းရဖို့ အခက်အခဲရှိနေသေး၏။ ဆက်လက်ဆောက်လုပ်နေဆဲ။)

မာစတာတန်းအတွက် လိုအပ်သမျှ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မာစတာခေါ် အမ်အေ (MA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဒီဇင်ဘာလ (၂၅)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသည့် ညီတော်နောင်တော်တို့အတွက် အခက်အခဲ သိပ်မရှိလှချေ။ မူရင်းအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို မိတ္တူကူး၊ မြန်မာပြည်တွင် နေထိုင်သော ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာတို့ကို နိုတြီပြန်ထားပြီးလျှင် ထိုင်းကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၏ နေထိုင်ကြောင်းထောက်ခံစာတို့ ပူးတွဲ တင်ပြရ၏။ သည်လောက်ဆိုလျှင် ဝင်ခွင့်ဖောင်တင်ဖို့အတွက် လုံလောက်ပြီဖြစ်၏။ ဝင်ခွင့်ဖောင်အတွက် ဘတ်(၅၀၀)ငါးရာ (ကျပ် တစ်သောင်းခွဲခန့်) ဖြစ်၏။ သာသနာ့တက္ကသိုလ်မှ မဟုတ်သည့် ပြင်ပနည်းစနစ်တို့ကိုတော့ အတိအကျ မသိချေ။
ဝင်ခွင့်ဖြေချိန်မှာ မတ်လ (၁၉)ရက် နှင့် (၂၀)ရက်။ ဝင်ခွင့်ကို တခါတရံ တစ်ကြိမ် တစ်ရက်နှုံးဖြင့် နှစ်ချိန်၊ နှစ်ရက်ဖြေဆိုရ၏။ တခါတရံ တစ်ရက်တည်း ဖြေဆိုရ၏။ ပုံမှန်တော့ မရှိချေ။ နံနက် (၉)နာရီမှ (၁၁)နာရီအထိ အထွေထွေ ဗဟုသုတနှင့် နေ့ခင်း (၁)နာရီမှ (၃)နာရီအတွင်းအချိန်ကား အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မတ်လ (၂၇)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မတ်လ (၂၈)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား ဧပြီလ (၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဧပြီလ (၁၈)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၆)ရက်နေ့တွင်ဖြစ်၏။ တခါတရံတွင် ကြိုတင် သင်တန်းတက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ မိတ်ဆက်ခြင်းတို့ကို ကြိုတင် အကြောင်းကြား၍ ပြုလုပ်လေ့ရှိ၏။

ဘီအေတန်းအတွက် လိုအပ်သမျှ

မဟာချူလာလောင်ကွန်တက္ကသိုလ်၏ ဘီအေ (BA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဧပြီလ (၁)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ အထက်၌ ဖော်ပြခဲ့ပြီးသာ အမ်အေ(MA) တန်းနှင့် အတူတူပင်ဖြစ်၏။ ပြင်ပမှ ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်မည်ဖြစ်၏။
ဝင်ခွင့်ဖြေချိန်မှာ မေလ (၁၈)ရက်၊ နေ့ခင်း (၁)နာရီမှ (၅)နာရီထိ နှစ်ချိန်ခွဲ ဖြေဆိုရ၏။ ပထမအချိန်မှာ အထွေထွေ ဗဟုသုတကို ဖြေဆိုရပြီး ဒုတိယအချိန်မှာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မေလ (၂၃)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မေလ (၂၅)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား မေလ (၂၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်တော့၏။
ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဇွန်လ (၁)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၈)ရက်နေ့တွင်ပင် ဖြစ်တော့၏။

ကုန်ကျစာရိတ်များ

အမ်အေ(MA) တန်း တက်ခွင့်ရသူတို့သည် ကျောင်းတက် (၂)နှစ်၊ Thesis (၃)နှစ်ဖြစ်၏။ ကုန်ကျစာရိတ်များမှာ အမ်အေတန်း ပထမနှစ်အတွက် ပထမခြောက်လပတ် ဘတ် (၁၄၅၀၀) တစ်သောင်းလေးထောင့်ငါးရာ (ကျပ်ငွေငါးသိန်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၁၃၅၀၀)တစ်သောင်းသုံးထောင် (ကျပ်ငွေလေးသိန်းလေးသောင်းခန့်)၊ (၁)နှစ်လျှင် စုစုပေါင်း ကျပ်ဆယ်သိန်းနီးပါး ပေးသွင်းရမည်ဖြစ်၏။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်လောက် မများသော်လည်း ပထမနှစ်နီးပါး ပေးသွင်းရမည်ဖြစ်သည်။
ဘီအေ (BA) တန်းအတွက် ပထမနှစ် ပထမခြောက်လပတ်အတွက် ဘတ်(၆၅၀၀) ခြောက်ထောင်ငါးရာ(ကျပ်နှစ်သိန်းနှစ်သောင်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၅၅၀၀) (ကျပ်နှစ်သိန်းနီးပါးခန့်)၊ တစ်နှစ်လျှင် ကျပ်လေးသိန်းနှစ်သောင်းခန့် ပေးသွင်းရမည်ဖြစ်သည်။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်ထက်အနည်းငယ် ပိုမိုလျက် ပေးသွင်းရမည်ဖြစ်သည်။

လိုအပ်သော အင်္ဂလိပ်စာ အရည်းအချင်း

အထက်ပါ နှစ်တန်းလုံးအတွက် အင်္ဂလိပ်စာ အထူးကျွမ်းကျင်စွာ ရေးတတ်၊ ပြောတတ်၊ နားထောင်တတ်ရမည်ဖြစ်သည်။ အထူးသဖြင့် နားထောင်နိုင်စွမ်းရှိဖို့ ပိုမိုလိုအပ်မည် ဖြစ်ပြီး သို့မှသာ မိမိသဘောပေါက်သလို ပြန်လည် ပြောဆို ရေးသားနိုင်မည် ဖြစ်သည်။ အတန်းတိုင်းတွင် အဆိုင်းမင့်များ ရေးသားခြင်း၊ ပါဝါပွိုင့်များပြုလုပ်ကာ ပရော်ဂျက်တာဖြင့် တင်ပြခြင်းတို့ကို ဘာသာရပ်တိုင်းတွင် ပြုလုပ်ရမည်ဖြစ်သည်။
အင်္ဂလိပ်စာဝေါဟာရကျွမ်းကျင်မှုကလည်း မိမိတို့အတွက် ပိုမို အထောက်အပံ့ ရနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဘီအေတန်း ပထမနှစ်တွင် Economics in Daily Life, Techniques of Higher Education, Language and Communication, Introduction to Linguistics, Introduction to Philosophy, Introduction to Logic နှင့် Basic mathematics ကဲ့သို့သော ဘာသာရပ်များနှင့် ဝေါဟာရများမှာ မြန်မာပြည်သား ရဟန်တော်များအတွက် တရင်းတနှီး မရှိသောကြောင့် ဝေါဟာရကြွယ်ဝမှုများလည်း လိုအပ်လှပါသည်။ ဘာသာရပ်များ၏ အသေးစိတ်ကို မဟာချူလာ၏ ဆိုဒ်ဖြစ်သည့် http://inter.mcu.ac.th နှင့် မဟာချူလာလောင်ကွန် တက္ကသိုလ်၏ ပုံရိပ်များ၊ သင်ကြားရမည့် အချိန်၊ ဘာသာရပ်အသီးသီးတို့ကိုလည်း မြန်မာဘာသာဖြင့် ရေးသားထားသည့် http://www.pyinnyarzarni.com/ ဆိုဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။

တက္ကသိုလ်ပေါင်းများစွာ

အချိန်လည်းရ ငွေကြေးလည်း အဆင်ပြေသူတို့အတွက် ဘီအေအတန်းမှ စတင်တက်ရောက်ခြင်းဖြင့် (ဘွဲ့အတွက်သာမဟုတ်) မိမိတို့၏ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာများမှာ ဘဝအတွက်သော် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက်သော်လည်းကောင်း များစွာမှ အထောက်အကူပြုမည် ဖြစ်သည်။ အထက်၌ တင်ပြခဲ့သည်မှာ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ အင်တာနေရှင်နယ် အင်္ဂလိပ်အစီအစဉ်အတွက် သီးသန့်ဖြစ်၏။ အခြားတက္ကသိုလ်များဖြစ်သော အိုင်ဘီစီတက္ကသိုလ်၊ မဟာမကုဋ်တက္ကသိုလ်။ မဟီဒေါတက္ကသိုလ်၊ အေဘက်တက္ကသိုလ်၊ စိတ်ဂျွန်းတက္ကသိုလ်၊ အယုဒ္ဓယတက္ကသိုလ်၊ ရန်ခါမ်ဟိန်းတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ပေါင်းများစွာ ကျန်ရှိနေပါသည်။ ယင်းတက္ကသိုလ်များတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း၊ တတ်နိုင်သည့် ငွေကြေးပေါ်မူတည်၍ တက်ရောက်နိုင်ပါသေးသည်။

သင်တန်းချိန်များ

မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် အမ်အေ(MA)တန်းအတွက် တပတ်လျှင် နှစ်ရက်(သို့) သုံးရက် သင်ကြားရမည်ဖြစ်ပြီး၊ ဘီအေ (BA) တန်းတွင် လေးရက် (သို့) ငါးရက် သင်ကြားရမည်ဖြစ်သည်။ အတန်း စတင်ချိန်မှာ နံနက်ကိုးနာရီ ဖြစ်ပြီး သင်တန်းဆင်းချိန်မှာ ညနေ ငါးနာရီဖြစ်သည်။ အင်္ဂလိပ်စာ ထပ်မံလေ့လာလိုသူတို့အတွက် အခြေခံအတန်း၊ အလယ်တန်း၊ အဆင့်မြင့်တန်း စသည်ဖြင့် အတန်းလိုက် ငွေကြေးပေးသွင်း၍ ညနေပိုင်းအချိန်တွင် ထပ်မံသင်ကြားဆည်းပူးကာ အောင်လက်မှတ်များ ရယူနိုင်ပါသေးသည်။

ဝင်ခွင့်အတွက် မသေချာ

ဝင်ခွင့် စာမေးပွဲကိုတော့ ကန့်သတ်သည့် အရေအတွက်ဖြင့်သာ လက်ခံ၏။ ဝင်ခွင့် ဖြေသည်က အရေအတွက်အားဖြင့် တစ်ရာ၊ သို့သော် လက်ခံသည်ကား တစ်ရာလုံး လက်ခံမည် မဟုတ် သုံးဆယ့်ငါး(၃၅)၊ (သို့) လေးဆယ်(၄၀)ဝန်းကျင်သာ လက်ခံမည်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဝင်ခွင့် လက်ခံသည့် ပုံစံကဲ့သို့ ဖြစ်၏။ မိမိက မည်မျှတော်သည် ဖြစ်စေ မိမိထက် ပို၍ တော်သော သူတို့ မိမိအထက်မှာ ရှိနေလျှင်ကား ဝင်ခွင့်အတွက် မသေချာပေ။

မြန်မာပြည်မှ ဗီဇာအတွက်လိုအပ်ချက်များ

မြန်မာနိုင်ငံမှ ထွက်ခွါခွင့်ရရန်အတွက် ထိုင်းသံရုံးသို့ ဗီဇာတင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထောက်ခံစာ၊ သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိန်းဌာနမှ ထောက်ခံစာ၊ ထိုင်းနိုင်ငံမှ မြန်မာရဟန်းတော် တစ်ပါးပါး၏ သာသနာဝင် မှတ်တမ်း၊ ပတ်စ်ပို့နှင့် နေရပ်လိပ်စာတို့ ရယူပြီး မြန်မာနိုင်ငံရှိ သာသနာရေးရုံးနှင့် ဆက်သွယ်လျက် လိုအပ်သည့်အချက်သည့်အချက်အလက်တို့ကို မြန်မာနိုင်ငံရှိ ထိုင်းသံရုံးသို့ စုစောင်း တင်ပြရမည်ဖြစ်သည်။

မြန်မာရဟန်းတော်များအတွက် အခက်အခဲ

ထိုင်းဘုန်းကြီးကျောင်းများတွင် မြန်မာရဟန်းတော်တို့အဖို့ အဆင်ပြေပြေ နေခွင့်ရဖို့ဆိုသည်မှာ အလွန်ခက်ခဲသလို နေခွင့်ရပြီးသည့်နောက် သူတို့၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ နေတတ်ဖို့ရန်မှာလည်း အလွန်ပင်ခဲယဉ်းလှ၏။ ပထမအခက်အခဲမှာ သင်္ကန်းဝတ်ရုံခြင်းဖြစ်၏။ သူတို့၏ အခမ်းအနားတွင် ဝတ်ရုံခြင်း၊ ဘုရားရှိခိုးရာတွင် ဝတ်ရုံခြင်း၊ ဆွမ်းစားရာတွင် ဝတ်ရုံခြင်းတို့မှာ မြန်မာရဟန်းတော်တို့အတွက် အလွန်ပင် စိတ်ပင်ပန်းလွန်းလှ၏။ ဆွမ်းစားရာတွင်လည်း တစ်နာရီခန့်ကြာမြင့်ခြင်း၊ အေးဆေးစွာ ဘုဉ်းပေးသုံးဆောင်တတ်ခြင်းတို့မှာလည်း မြန်မာရဟန်းတော်တို့အတွက် အခက်အခဲတစ်ခုပင် ဖြစ်၏။
ထိုင်းရဟန်းတော်တို့သည် ညနေစောင်းသည်နှင့် မြို့ရွာတွင်းသို့ သွားခြင်း၊ လိုင်းကားစီးခြင်း၊ ဈေးဝယ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို မတွေ့ရတော့ချေ။ ည (၈)နာရီခန့် ရောက်သည်နှင့် မီးပိတ်၍ အိပ်စက်တော့သည်သာ။ နံနက်စောစောထကာ ဘုရားရှိခိုး၊ ဆွမ်းခံထွက်၊ သန့်ရှင်းရေးလုပ်။ ညနေပိုင်းတွင်လည်း ဘုရားရှိခိုး သန့်ရှင်းလုပ်။ တခါတရံ နေ့ခင်းပိုင်းတွင်ပါ ဘုရားရှိခိုးတတ်ကြသေးသည်။ ဘုရားရှိခိုးပြန်တော့လည်း ဒူးထောက်၍ ရှိခိုးရ၏။ တစ်နာရီခန့်ကြာမြင့်၏။ ထိုင်းရဟန်းတော်များမှာ မကြာမကြာ ဘုရားရှိခိုးလေ့ရှိကြ၏။
မြန်မာတက္ကသိုလ်ကျောင်းသား ရဟန်းတော်များအဖို့ စောစောအိပ်စက် အနားယူဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သလို ဘုရားရှိခိုးခြင်း၊ သန့်ရှင်းလုပ်ခြင်း သက်သက်ဖြင့်လည်း အချိန်ကုန်ခံဖို့မလွယ်၊ ဖြစ်နိုင်လျှင် တက္ကသိုလ်မှ အဆောင်တွင် အခန်းရပါက ယင်းအဆောင်တွင် ရက်သတ္တပတ်လျှင် ငါးရက်နေ။ ထိုင်းဘုန်းကြီးကျောင်းများတွင် စနေ၊ တနင်္ဂနွေနှစ်ရက်နေခြင်းက မြန်မာရဟန်းတော်အဖို့ ပို၍ အဆင်ပြေတော့သည်။
ထိုနေရာများတွင် မနေနိုင်၍ အိန္ဒိယနိုင်ငံ၊ သိရီလင်္ကာနိုင်ငံများကဲ့သို့ တိုက်ခန်းများတွင် ငှါး၍ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်တည်း။ ထို့ထက်ပို၍ သတိထားသင့်သည်မှာ မာတုဂါမ(အမျိုးသမီး)များနှင့် တရင်းတနှီး နေလေ့မရှိဘဲ၊ သူတို့ လှူသော ပစ္စည်းဝတ္ထုများကိုလည်း တိုက်ရိုက်အလှူခံခွင့်မရှိ။ လက်ကိုင် ပဝါကဲ့သို့သော ပဝါစ တစ်ခုခုပေါ်တွင် တင်၍ အလှူခံခြင်းပင်ဖြစ်တော့သည်။

ဝပ်တစ်လုံးကျောင်းတိုက်

ယခုအချိန်အခါတွင် မြန်မာကျောင်းသားရဟန်းတော်တို့အတွက် အားကိုးရာ ကျောင်းတိုက်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်၏။ ယင်းကျောင်းတိုက်မှာ ဝပ်တစ်လုံးကျောင်းတိုက်ဖြစ်၏။ ယင်းကျောင်းတိုက်၏ ကျောင်းထိုင်းဆရာတော်သည် မြန်မာလူမျိုးများကို ချစ်ခင်၏။ မြန်မာလူမျိုးတို့၏ အရေးကိစ္စများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေး၏။ မြန်မာကျောင်းသား ရဟန်းတော်တို့၏ ဘဝကို စာနာ နားလည်ပေး၏။ အချိန်နှင့် လုပ်ဆောင်ချက်တို့ကိုလည်း သိထား၏။
ယင်းကျောင်းတိုက်တွင် ယခုအခါ မြန်မာကျောင်းသားရဟန်းတော်များ သီတင်းသုံးနေထိုင်သည်မှာ (၁၀၀)တစ်ရာကျော်ရှိ၏။ ကျောတစ်နေရာစာ ရဖို့ပင် အခက်အခဲများစွာရှိလှ၏။ တစ်လလျှင် ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဘတ်(၅၀၀) ငါးရာ (ကျပ်တစ်သောင်းခွဲ) ပေးရ၏။ အင်တာနက်အသင်းဝင်ကြေးမှာ ဘတ်ရှစ်ရာ(ကျပ်နှစ်သောင်းခွဲခန့်)ပေးရ၏။ သို့သော် ယင်းကျောင်းတိုက်တွင် မြန်မာရဟန်းတော်တို့ နေထိုင်ရသည်မှာ များစွာ အဆင်ပြေလှ၏။ မည်သည့် မြန်မာရဟန်းတော်မဆို ယင်းကျောင်းတိုက်တွင် နေထိုင်ခွင့်တောင်းပါက နေထိုင်ခွင့်ရကြ၏။ သို့သော် ကျောချစရာ နေရာ အခက်အခဲကိုတော့ သတိပြုရမည်ဖြစ်၏။

ပညာသင်ကြားနိုင်ရေး အထောက်အပံ့များ

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသော တက္ကသိုလ်ကျောင်းသားရဟန်းတော်များ စုပေါင်း၍ Myanmar Student Monks Organization in Thailand (MSMO) ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ရှိ၏။ ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ လှူဒါန်းထားသည့် ဝတ္ထုငွေများကို ယင်းအဖွဲ့အစည်းမှ ထိမ်းသိမ်းထား စောင့်ရှေက်ထား၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြန်လည် ခွဲဝေလှူဒါန်းပေး၏။ ကျောင်းသား အနည်းအများပေါ် မူတည်၍ ဘတ်သုံးထောင်မှလေးထောင်အကြား ရရှိကြ၏။ ရံဖန်ရံခါ ဝါဆိုဦးပွဲတော်၊ ကထိန်ပွဲတော်၊ သင်္ကြန်ပွဲတော် စသည့် ပွဲတော်များတွင်လည်း ပညာသင်ကြားဖို့ရန် အထောက်အပံ့များ ရရှိနိုင်ပါသေးသည်။

တိုက်တွန်းချက်

ထိုင်းနိုင်ငံသည် ယခုအချိန်အခါတွင် လွန်စွာမှ ဖွံ့ဖြိုးတိုးတက်နေပြီး ဒီမိုကရေစီထွန်းကားသည် နိုင်ငံတစ်နိုင်ဖြစ်၏။ ထိုင်းနိုင်ငံ ပညာသင်ကြားရသည်မှာ လွတ်လပ်ခွင့်အပြည့်အဝ ရရှိကြ၏။ ဆရာနှင့် တပည့် စာသင်ခန်းထဲတွင် စာပေနှင့်ပတ်သက်သမျှတို့ကို ငြင်းခုံခွင့် အပြည့်ရှိ၏။ ဆရာကလည်း သူမှားရင် သူမှားကြောင်း ဝန်ခံဖို့ ဝန်မလေး။ တပည့်ကလည်း သူမှန်လျှင် မှန်ကြောင်း ပြောဖို့ ဝန်မလေး။ ပြီးတော့လည်း စာသင်ခန်းထဲမှာပင် ပြီးသွားကြ၏။
ရင်ထဲမှာ ဘာမျှ မရှိ။ အမုန်းမရှိ။ အငြှိုးမရှိ။ ချစ်တော်မရှိ။ ပကတိဖြူစင်သော စိတ်ထားများဖြင့် တွေ့ကြ၊ ဆုံကြ၊ အချိန်တန်တော့လည်း ခွဲခွါသွားကြပြန်၏။ ချစ်စရာကောင်းသည် ထူးခြားချက်မှာ တပည့်ကြောင့် ဆရာတည်မြဲခြင်းပင် ဖြစ်၏။ စာသင်နှစ်၏ ပထမခြောက်လပတ် တဝက်ကျိုးသည်နှင့် တပည့်တွေကို သင်ကြားပေးခဲ့သည် ဆရာတို့၏ အရည်အချင်းကို တပည့်တွေက မှတ်ချက်ပေးရ၏။ ကောင်းသလား၊ အလွန်တော်သလား၊ သာမန်တော်သလား၊ ညံ့သလား စသည်တို့ကို ရွေးချယ် မှတ်ချက်ပေးရ၏။ တပည့်တွေ မှတ်ချက်၌ အဆင်မပြေသော ဆရာများသည် နောင် ဒုတိယ ခြောက်လပတ်တွင် ပြန်လည်သင်ကြားခွင့် မသေချာတော့ပေ။
သင်ကြားရေးနှင့် ပတ်သက်သမျှ မိမိထင်မြင်ရာ မှန်သမျှကို စိတ်ထဲမှာ ရှိသည့်အတိုင်း တင်ပြခွင့်ရှိ၏။ စကားပြော၍ တစ်မျိုး၊ စာရေး၍ တစ်ဖုံ၊ တင်ပြချင်သလို တင်ပြခွင့် ရှိ၏။ ပါမောက္ခချုပ်ကို မည်သူမဆို တွေ့ခွင့်ရှိ၏။ မိမိ ပြောဆိုတင်ပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို ပါမောက္ခချုပ်ထံ တင်ပြတောင်းဆိုနိုင်၏။ အင်တာနက်မှာ (၂၄)နာရီအပြည့် စိတ်ကြိုက် သုံးခွင့်ရှိ၏။
ဆရာတို့၏ အရည်အချင်းမှာလည်း ဗုဒ္ဓအဘိဓမ္မာစာပေများမှလွဲ၍ အလွန်ပင် ပြည့်ဝလှ၏။ တပည့်တွေက နိုင်ငံစုံသလို ဆရာတွေမှာလည်း နိုင်ငံစုံလှ၏။ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ ကိုးရီးယား၊ အိန္ဒိယ၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စသည်ဖြင့် စုံလင်လှ၏။ ဗုဒ္ဓစာပေကို ခေတ်အမြင် ခေတ်အတွေးဖြင့်သင်လိုသော၊ နိုင်ငံတကာ ဗဟုသုတရလိုသော၊ အင်္ဂလိပ်စာ ကျွမ်းကျင်လိုသော၊ လောကီစာပေပေါင်စုံတို့ကို အင်္ဂလိပ်လို လေ့လာလိုသော ၊ နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု အောင်လက်မှတ် ဘွဲ့တံဆိပ် ရရှိလိုသော သုတေသီတို့အား အရောက်လှမ်းလို့သာ မဟာချူလာလောင်ကွန်တက္ကသိုလ်သို့ ကြွလှမ်းလာခဲ့ပါဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


မောင်ပညာ (မန်းတက္ကသိုလ်)
မဟာချူလာလောင်ကွန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ
pyinyar08@gmail.com

ပညာသင်ထောက်ပံ့ကြေး

၇.၁၁.၂၀၁၀ အုန်းနွဲ အုန်းယိုင်
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ ပညာသင်ထောက်ပံ့ကြေး အဖြစ်၊ ကိုအောင်နေလင်း (N.B.T)စာအုပ်အမှတ်စဉ်(၁) မြန်မာမိသားစုများမှ အလှူတော်ငွေ (၃၄၄၂) ဘတ် တိတိကို လည်းကောင်း။ ကိုနန်းထိုက် ကော်စက်ရုံ စာအုပ်အမှတ်စဉ်(၅) မြန်မာမိသားစုများမှ အလှူတော်ငွေ (၁၄၁၀)ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာကျောင်းသားအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် ဦင်္းတေဇ မှ လက်ခံရယူပြီး အလှူငွေများအား ဘဏ္ဍာရေးမှူးများသို့ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

Sunday, November 14, 2010

ကုသိုလ်တော်များပွားများစေချင်

၁၄.၁၁.၂၀၁၀
မောင်အောင်ဇော်+မချိုချိုမာ မိသားစုခရစ်စတယ် စက်ရုံမှ၊(M. S.M.O) မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူတော်ငွေ ၅၀၀၀ ဘတ်တိတိ၊ ကိုဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် ဦင်္းဇောတိကမှ အဖွဲ့ကိုယ်စားလက်ခံရယူပြီး၊ အလှူတော်ငွေများအား ဘဏ္ဍာရေးမှူးများသို့ ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

Sunday, November 7, 2010

ပညာသင်ထောက်ပံ့ကြေး

၇.၁၁.၂၀၁၀ ခဲလှိုင်
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ ပညာသင်ထောက်ပံ့ကြေး အဖြစ်၊ A.O.S သိုးမွေးချည်ရုံ မြန်မာမိသားစုများမှ အလှူတော်ငွေ ၈၇၅၀ ဘတ် တိတိကို ဆက်ကပ်လှူဒါန်းရာကျောင်းသားအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် ဦင်္းတေဇ မှ လက်ခံရယူပြီး အလှူငွေများအား ဘဏ္ဍာရေးမှူးများသို့ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

Saturday, November 6, 2010

အစည်းအဝေး ဖိတ်ကြားလွှာ

အစည်းဝေးဖိတ်ကြားလွှာပါဘုရား

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) Myanmar Student Monks Organization in Thailand (M.S.M.O) ၏ ပညာရေးကော်မတီဝင်ဆရာတော်များနှင့် သင်ကြားရေးကုသိုလ်ယူကြသော ဆရာတော်အရှင်သူမြတ်တို့ဘုရား 2/2010 ဒုတိယအကြိမ်ဖွင့်လှစ်ခဲ့သော သင်တန်းသည်၊ သုံးလပြည့်မြောက်ခဲ့ပြီးဖြစ်ပါသည်။

3/2010 သင်တန်းကို တတိယအကြိမ်ဖွင့်လှစ်ရန်အတွက် ပညာရေးကော်မတီဝင်များနှင့် ဆရာများအစည်းဝေးကို 13/11/2010 စနေနေ့တွင် ကျင်းပမည်ဖြစ်ပါသဖြင့် M.S.M.O သင်တန်းကျောင်းသို့ကြွရောက်တော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

ယင်းအစည်းဝေးတွင် ဆရာများအပြောင်းအလဲလုပ်သင့်မလုပ်သင့်ကိုလည်း ဆွေးနွေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် သင်ကြားရေးတွင်ကုသိုလ်ယူကြမည့် ဆရာတော်များအနေဖြင့် ပညာရေးကော်မတီဝင်ဆရာတော်များထံ စာရင်းပေးသွင်းနိုင်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။ ယ္ခုစာရင်းပေးသွင်းလာသောဆရာများနှင့် ယ္ခင်စာရင်းပေးသွင်းထားသောဆရာများကို ပညာရေးကော်မတီများမှ ရွေးချယ်သွားမည်ဖြစ်ပါသည်ဘုရား။

M.S.M.O ဆရာတော်သံဃာတော်အားလုံးတို့အား တစ်ဆက်တည်းလျှောက်ထားလိုသည်မှာ၊ သင်တန်းကျောင်းတွင် ဆွမ်းကွမ်းဝေယျာဝစ္စဆောင်ရွက်ရန်အတွက် ဝေယျာဝစ္စအသင်းဖွဲ့စည်းပေးရန် ဒကာ/ဒကာမများမှ လျှောက်ထားလာပါသည်။ သို့ဖြစ်ပါသောကြာင့် ၄င်းအစည်းဝေးတွင် အဆိုပါကိစ္စကို ပညာရေးကော်မတီဝင်များမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။


ပညာရေးကော်မတီဝင်ဆရာတော်များ

၁) ဦးကောဝိဒ (0877039856) ashinkawwida@googlemail.com
၂) ဦးသုမင်္ဂလ (082-3309260)
sumingala@gmail.com

၃) ဦးပညာသာရဗောဓိ (087-5111275) pyinnyarsare@gmail.com
၎) ဦးစန္နိမာ (0831310279)
bhikkhu.1972@gmail.com
၅) ဦး
န္ဒောဘာသ (0875009576) indomistic@gmail.com
၆) ဦးပညာဇောတ (0814811145)
pyinyar08@gmail.com
၇) ဦးကဝိန္ဒ (0805558708)
ashinkavinda1977@gmail.com
၈) ဦးတေဇနိယ (0824486927)
tejaniya.htay33@gmail.com

၉) ဦးတေဇ (0876840140) ashinteza@gmail.com


သင်ကြားရေးဆရာတော်များ

*ယဉ်ကျေးမှုဘာသာရပ်

၁၀) ဦးကုဏ္ဍလ (0851235054) venukundala@gmail.com


*အ၈င်္လိပ်ဘာသာ

၁၁) ဦးကုဝေရ (0846742634) kuvera123@googlemail.com

၁၂) ဦးသုဝဏ္ဏ (0814125820) uthuthu@gmail.com

၁၃) ဦးတေဇ (0876840140) ashinteza@gmail.com

၁၄) ဦးသိရိန္ဒ (0835789970) vansrd@gmail.com


*ကွန်ပျူတာ

၁၅) ဦးပညာ(0814811145) pyinyar08@gmail.com

၁၇) ဦးနန္ဒောဘာသ (0815676708) ven.shwrnyathar@gmail.com

၁၈) ဦးတေဇိန္ဒ (0824486927) tejaniya.htay33@gmail.com

၁၉) ဦးစန္ဒာသီရိ (0877141927) vencandasiri@gmail.com

၂၀) ဦးကောဝိဒ (၂) (0876743679) thamilata@gmail.com


*အဘီဓမ္မာဘာသာ

၂၁) ဦးကောဝိဒ (၁) (0877039856) ashinkawwida@googlemail.com


*ထိုင်းဘာသာ

၂၂) ဒေါ်ဥမ္မာအေး (0831777912) ohmaraye2010@gmail.com

ဆွေးနွေးမည့်အကြောင်းအရာများ

၁) သင်တန်းသစ်ဆက်လက်ဖွင့်လှစ်ရန်ကိစ္စဆွေးနွေရန်။

၂) သင်ရိုးများကိစ္စဆွေးနွေးရန်။

၃) ဆရာများ ပြန်လည်နေရာချထားရန်တွက်ဆွေးနွေးရန်။

၎) ကွန်ပျူတာများထိန်းသိမ်းပြုပြင်ရေးနှင့်ပတ်သက်၍ဆွေးနွေးရန်။

၅) သင်တန်းကျောင်းဝေယျာဝစ္စဆောင်ရွက်ရန်အတွက်ဆွေးနွေးရန်။

၆) သင်တန်းကျောင်းဝင်ငွေ/ထွက်ငွေများစာရင်းရှင်းရန်။

၇)ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းဝေးကိုအောင်မြင်စွာ ရုတ်သိမ်းရန်။


နေရာ= M.S.M.O သင်တန်းကျောင်း

ရက်စွဲ= 13/11/2010 (စနေနေ့)

အချိန်= 2 နာရီ

Myanmar Student Monks Organization in Thailand. Powered by Blogger.