Thursday, January 14, 2010

ပင့်လျှောက်လွှာပါဘုရား

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ နှစ်ပတ်လည်စာစောင် ဖြစ်မြောက်ရေးအတွက် သံဃာတော်များတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (၁၀.၁.၂၀၁၀.) တနင်္ဂနွေနေ့ နေ့လည် ၂ နာရီ၌ ၀ပ်တလုမ်ကျောင်းတိုက်ကြီးတွင် ကျင်းပခဲ့ကြပါသည်။
၎င်းဆွေးနွေးပွဲ၌ -


(၁) ။ ။ စာအုပ်ဖြစ်မြောက်ရေးတာဝန်ခံ ၃ ပါး၊
(၂) ။ ။ စာမူစုဆောင်းရေးတာဝန်ခံ ၃ ပါး၊
(၃) ။ ။ တည်းဖြတ်ရေးတာဝန်ခံ ၃ ပါး၊
(၄)။ ။ စာစီစာရိုက်တာဝန်ခံ ၃ ပါး၊
(၅)။ ။ စာအုပ်ဒီဇိုင်းတာဝန်ခံ ၃ ပါး၊
စုစုပေါင်း--- ၁၅ ပါး ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။
ဆက်လက်ပြီး
၆) ။ ။ သံဃာတော်များအတွက် ထိုင်းစာ သင်တန်းဖွင့်လှစ်ရန်၊နေရာ၊ ဆရာ အဆင်သင့်ဖြစ်နေပါသည်၊ အားလုံး၏ဆန္ဒကို လျှောက်ထား၍ တက်ရောက်မည့်ကျောင်းသား များလျှင် ဖွင့်လှစ်ရန်။
(၇)။ ။ သံဃာတော်များအတွက် ကွန်ပျူတာ အခြေခံဆရာဖြစ်သင်တန်းဖွင့်လှစ်ရန်နှင့်၊
အထက်ပါအကြောင်းအရာများနှင့်ပက်သက်ပြီးအတည်ပြုရွေးချယ်မည်ဖြစ်ပါသော
ကြောင့် (၁၆.၁.၂၀၁၀. ) စနေနေ့ နေ့လည် (၁း၃၀) နာရီအချိန်တွင် ဝပ်တလုမ်ကျောင်းတိုက်ကြီး
သို့ ကြွရောက်ချီးမြှောက်တော်မူကြပါရန် ရိုသေစွာဖြင့်လျှောက်ထားအပ်ပါသည် ဘုရား။
မှတ်ချက်။ ။နှစ်ပါတ်လည်စာစောင်ဖြစ်မြောက်ရေးသည် ဘုတ်အဖွဲ့ ဖွဲ့၍ကြိုတင်စီစဉ်ရပါသည်၊ ထိုင်းစာသင်တန်းကိုလည်း တက်ရောက်မည့်သင်တန်းသားဦးရေ များမှသာလျှင် ဖွင့်လှစ်ရန်အဆင်ပြေမည်ဖြစ်ပါသည်၊ ဖွင့်မည့်နေရာမှာ ဘန်ကောက်မြို့လယ် မာဘိုခရောင်းကုန်တိုက်အနီး DEAR BURMA ကျောင်းတွင်ဖြစ်ပါသည်၊ ကွန်ပျူတာဆရာဖြစ်သင်တန်းဖွင့်လှစ်ရေးမှာလည်း ဆန္ဒရှိသောပုဂ္ဂိုလ်များကိုသာရွေးချယ်၍ အခြေခံဆရာဖြစ်သင်တန်းပေးမည်ဖြစ်ပါသည်၊ အဖွဲ့၏ ကျောင်းဆောင်ဖြစ်မြောက်ရေးအတွက် အလှူရှင်အချို့လည်းပေါ်လာပြီဖြစ်ပါ၍ ဆွေးနွေးကြရန်နှင့် အများဆန္ဒနှင့်အညီ ရွေးချယ်အတည်ပြုနိုင်ကြရန် ဤအစည်းဝေးကို ကျင်းပရခြင်းဖြစ်ပါသည်ဘုရား၊ ပထမတွင့် ROYAL HOTEL ၌ကျင်းပရန် စီစဉ်ထားသော်လည်း ခန်းမဆောင်ငှားရမ်းမရပါသဖြင့် ဝပ်တလုံးကျောင်းတွင် ကျင်းပရခြင်းဖြစ်ပါသည်၊ ပင်ပန်းသည်ဟုမငြိုငြင်ပဲ ညီညွတ်ရေးကို ရှေ့ရှု၍ မေတ္တာကရုဏာရှေ့ထားကာ ကြွရောက်တော်မူကြပါရန် မေတ္တာရပ်ခံလျှောက်ထားအပ်ပါသည်ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.