Friday, January 8, 2010

သိစေချင်လို့ပါ

လူတိုင်းချမ်းသာချင်ကြသည် လူတိုင်းကြီးပွားချင်ကြသည် လူတိုင်းပညာတတ်ချင်ကြသည် လောဘအာသီသအားဖြင့်မတူကွဲပြားသော်လည်း လိုချင်သောပန်းတိုင်ကတော့အတူတူပင်။စာရေးသူလည်း
စာချတန်းအောင်ချင်သည် သိုသော်မအောင်မြင်ခဲ့ပါ ဘာကြောင့်နည်းဟုစဉ်းစားကြည့်လျှင်းမိမိရဲ့အပြစ်ပင်ဖြစ်
လေသည်၊တစ်ခြားဘယ်သူမှအပြစ်မရှိပါချေ၊တတ်နိုင်သမျှပေးဆပ်ခဲ့ပေမဲ့ပေးဆပ်ချင်းရဲ့ရလာဘ်ကတော့ကုသိုလ်
တရားတွေပင်ရခဲ့ပါသည်။လောကအများလေးစားလောက်သောဘွဲ့တစ်ခုတော့မရခဲ့ပါ။မရသင့်သောကြောင့်မရခဲ့
တာပင်ဖြစ်လေသည်။သိုသော်လည်းအခုတော့မရသင့်ပါပဲလျှက်ရသောအရာတွေ လူတွေ ပုဂ္ဂိုလ်တွေပေများနေသည်
ကတော့နည်းနည်းမဟုတ် များများပင်ဆန်းကျယ်နေသည်ကတော့အမှန်ပါ။
ဥပမာပြဆိုရလျှင် ရဟန်းလောကတွင် အများတကားလိုချင်ကြသော ဘွဲ့တဆိပ်တို့ပင်ဖြစ်ပါသည်။ စာရေးသူအနေဖြင့်
မည်သည့်ပုဂ္ဂိုလ်မျှ ရည်ရွယ်ချင်းမျိုးမရှိပါ စာဖတ်သူတို့ အားလုံးသိစေချင်သောအာသီသတစ်ခုတည်းဖြင့်ရေးသားရခြင်း
ပင်ဖြစ်ပါသည်။နိုင်ငံတော်ကပေးအပ်သော ဘွဲ့တဆိပ်တော်များသည်ဘွဲ့တဆိပ်တော် တစ်ခုချင်းစီတွင် သတ်မှတ်ထားသော
အရည်အချင်းများရှိသည်မှာအမှန်ပင် ထိုအရာများကိုဖော်ပြနေလျှင်စာရှည်နေမည်စိုးပါသောကြောင့် မဖော်ပြတော့ပါ
နောက်တစ်ချိန်အလျှင်းသင့်သောအခါတွင် ဖော်ပြပေးပါမည်။
စာရေးသူကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ရေးသားပါရစေ စာရေသူသည် မိမိဇာတိ ရေနံချောင်းမြို့ ရွှေတောင်(ပါ)တိုက်တွင်
ပထမကြီးတန်းကိုတက်ရောက်စဉ်အချိန်ကပင်ဖြစ်ပါသည်။မိမိသည် စာချဆရာတော် ဦးဇောတိက ကို သတိထားကားကြည့်နေမိ
သည် ထိုဆရာတော်ကား စာချခြင်းအလုပ်မှာ အတော်ပင်ပျော်မွေ့သောဆရာတော်ဖြစ်ကြောင့်သိရှိရပါသည်။
လုံးဝစာမချသောနေရဟူ၍မရှိပါ။စာသင်တိုက်ထံတွင် စာမချရပါက သူသီတင်းသုံးတော်မူခဲ့သော ကျောင်းတိုက်ကိုကြွကာ ကိုရင်လေး
များကိုစာချပေးဘို့အမြဲတမ်းသွားလေသည်။စာသင်တိုက်တွင် နေ့လည်ဆွမ်းဘုဉ်းပေးပြီးနေ့လည် တစ်နာရီနားသောအချိန်တွင်
ဆရာတော်သည် ဘယ်တော့မှ အနားယူလေမရှိပေ။
ဆရာတော်သည် မိမိတစ်နေကုန်စာချတာဝန်အားလုံးပြီးသော်လည်း ညဘက်တွင်မရပ်မနားကိုရင်လေးများ နှင့်ည၀ါဝင်ရွတ်လေ့ရှိ
ပါသည်၊တစ်ခါတစ်ရံ ယမိုက်ရွတ်သော ဦးဇင်းလေးများအနားမှာသွားရောက်ကာ အတူတကွပင်ဝင်ရောက်ကာရွတ်လေ့ရီပါသည်။
ရံဖန်ရံခါ စာသင်သားများနှင့်အပြိုင် ရုပ်တွက် သရုပ်ခွဲအစရှိသဖြင့် ပြောဆိုကာနေလေ့ရှိပါသည်။စာသင်သားရဟန်းကိုရင်များဆွမ်းခံ
ကြွသွားသော်အခါတပါးတည်းသဒ္ဒါကျမ်း ကိုသော် လည်းကောင်း သဂြိင်္ုဟ်ကျမ်းကိုသော်လည်းကောင်းတစ်ပါးတည်းရွတ်ဆိုလေ့ရှိ
သည်မှာ အမြဲမပြတ်ပေ။
တစ်နေ့မှာတော့ စာရေးသူ ကျန်းမာရေးမကောင်းသောကြောင့် စာအံကျောင်းမသွားဘဲ မိမိနေထိုင်ရာ ကျောင်းဆောင်အရှေ့မျက်
နှာစာတွင် လမ်းလျှောက်နေစဉ် မိမိအားလာရောက်နုတ်ဆက်လေသည်။
ဆရာတော်။ ဦးဇင်းလေး စာအံကျောင်းမသွားဘူးလားဘုရား၊
စာရေးသူ။ မှန်ပါ့ဘုရား ကျန်းမာရေးမကောင်းသည့်အတွက် ခွင့်စာတင်ပြီးမတက်ဘဲနေတာပါဘုရား။
မိမိသည် အတော်ပင်လန့်သွားမိပါသည်။ မိမိကို ရိုရိုသေသေပြောဆိုသောအခြင်းအရာတွေကိုကြားရသောအခါအတော်ပင်
လန့်သွားမိပါသည်။
သို့သော်လည်း မိမိသည် ကြောက်ကြောက်နှင့်ပင် ဆရာတော်အားမေးခွန်းလေးမေးရန် တောင်းပန်သောအခါ ဆရာတော်က
မေးရန်ခွင့်ပြုသောကြောင့်မိမိမေးမြန်းမိလေသည်။
ဆရာတော် အခုခေတ်မှာ ဘွဲ့တဆိပ်တော်တွေခေတ်စားနေတာ ဆရာတော်လည်း စာချလာတာ ၁၅ နှစ်တောင်ရှိပြီ ဘွဲ့လေးဘာလေးများမလျှောက်ဘူးလားဘုရား- ဟု ပင် အရဲ့စွန့်ကာလျှောက်ထားလိုက်သည်။
ဆရာတော်သည်မိမိအား မဆိုင်းမတွပင် ဦးဇင်းလေး ဘွဲ့တဆိပ်ရတာ က အတုရတာပါဘုရား အဲဒီဘွဲ့တဆိပ်က အရှင်ဘုရားတို့
တပည့်တော်တို့အားလုံးကို အပါယ် ဘ၀ကိုမရောက်အောင်ဘာမှအာမခံချက်မပေးဘူး အဲဒီတော့ ဘာလုပ်မှာလဲဘွဲ့ရတော့ကော
မိမိ မှားသွားကြောင်းချက်ချင်းသိလိုက်ပါပြီ။ ဆရာတော်၏မိန့်ကြားချက်လည်းသွေးထွက်အောင်မှန်ပါသည်။
ထိုဆရာတော်မိန့်ကြားလိုက်သလိုပင်အပါယ်ဘ၀ကတော့စိတ်မချရတာကတော့ဇရာနှုန်းအပြည့်ပင် သို့သော်လည်း
ယနေ့မြန်မာနိုင်ငံတော်တွင် ဘွဲ့တဆိပ်ရဘို့အတော်ပင် လုံးပန်းနေရသည်ကိုမိမိကိုယ်တိုင်ပင်တွေ့ရှိခဲ့ရပါသည်။အချို့သော
ဆရာတော်ကြီးများကတော့လုံးဝမလိုအပ်ကြောင့်ပြဆိုကြလေသည်။ထိုဆရာတော်များကတော့လက်ချို့ကာ ရေလို့ရပါသည်
စာရေးသူဒီစာကိုရေးရချင်သည် တစ်ခြားသောရည်ရွယ်ချက်မပါသည်မှာအမှန်ပင်ဖြစ်ပါသည်။မည်သူကိုမျှလည်းမရည်ရွယ်ပါ။
သိစေချင်သောကြောင့်ရေးသားရခြင်းဖြစ်ပါသည်။။
ယနေ့နိုင်ငံတော်ကပေးအပ်လာသောဘွဲ့တဆိပ်သည် အဆိပ်ပင်ရေလောင်းဖြစ်သွားမှာစိုးရိမ်မိသောကြောင့်ရင်ထဲမှာလာသော
ခံစားချက်ကလေးကိုထုတ်ဖော်ခြင်းမျှပါ။
ထိုပေးအပ်လိုက်သော ဘွဲ့တဆိပ်တော်ဖြင့် မင်း၏အစေအပါးသို့မရောက်စေချင်ပါ။မင်း၏အမှုတော်ထမ်းမဖြစ်စေချင်ပါ။
မိမိတို့ စာသင်သားများသည်လည်းနောက်နောင် လူကြီးနေရာသို့အမှန်ပင်ရောက်ရှိကြရပါဦးမည် ထိုအခါ အပါယ်လွတ်ကြောင်း
လက်မှတ်ကိုရယူကာ အစေအပါးဖြစ်သော လက်မှတ်ကို ပယ်ခွါ၍ အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်သော သာသနာ့အာဇာနည်းများဖြစ်အောင် ကြိုးစားကာ မိမိတို့ရဲ့ လက်ပေါ်မှာ ကြီးပြင်းလာမည့် တပည့်များကိုလည်း အမျိုးးဘာသာ
သာသနာ အတွက်ပေးဆပ်နိုင်ကြသော ပုဂ္ဂိုလ်များဖြစ်ပေါ်အောင် မွေးဖွားနိုင်ကြပါစေလို့ စာရေးသူဆန္ဒပြုရင်-------------
အမှားမကင်းသောကြောင့် အမှားပါရင် ခွင့်လွတ်ပါ။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.