Sunday, January 24, 2010

ဘယ်လိုလုပ်မလဲ

လွန်ခဲ့သော ဆယ်စုနှစ်အထဲတွင် အရှေ့မှ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံသည် အစ္စလာမ်ဘာသာဝင်နိုင်ငံအဖြစ် ခံယူသွားခဲ့သည်။ ထိုကိစ္စအတွက် ၀မ်းနည်းရမည်လား။ ၀မ်းသာရမည်လား ဝေခွဲရခက်နေစဉ်တွင်ပင် ယခု ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်၌ ထေရ၀ါဒနိုင်ငံပေါင်း (၁၁) နိုင်ငံဖြစ်လာသည်။ သို့သော် ထိုသို့ ရေတွက်၍ ရလာသော ထေရ၀ါဒ (၁၁) နိုင်သည် အနောက်မှ ဖြစ်သည်။ မည်မျှအထိ အနောက်ရောက်သွားသနည်း ဆိုသော် အမေရိကန်သည် ထေရ၀ါဒ (၁၁) နိုင်ငံထဲမှ နိုင်ငံတစ်နိုင်ငံ အဖြစ်ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ဆိုရသော် အရှေ့မှ ထေရ၀ါဒနိုင်ငံ တစ်နိုင်ငံ ပျောက်ဆုံးသွားခြင်းနှင့် အနောက်မှ ထေရ၀ါဒနိုင်ငံများ တိုးပွားလာခြင်းတို့သည် မည်သို့ ဆက်စပ်နေသနည်း။ ထေရ၀ါဒနိုင်ငံသည် အနောက်သို့ အားနဲ့ မာန်နဲ့ တက်သွားပြီလား။ အရှေ့မှ ထေရ၀ါဒနိုင်ငံများ ကျရှုံးတော့မည်လား။

မြန်မာနိုင်ငံတွင် အစပထမ၌ ရွှေကျင် သုဓမ္မာစသဖြင့် စတင်ဂိုဏ်းကွဲသည်။ ထိုဂိုဏ်းကွဲမှုသည် ရဟန်းသံဃာကြားများ၌ အတန်ကြာ အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ထိုကွဲပြားမှုသည် ထိုအချိန်မှ စတင်ပြီးနောက် ပြန်လည်ပေါင်းစပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သည့် အနအထားသို့ တဖြည်းဖြည်းရောက်လာရင်း ယခုဆိုလျှင် သီးသန့်နေထိုင်မှုအထိ ကွဲပြားနေသည်။ ထိုသို့ သံဃာကြား ကွဲပြားလာပြီးနောက် မြန်မာ့သာသနာသည် မိုးကုတ် မဟာစည်စသဖြင့် လူထုကြား စတင်ကွဲပြားလာသည်။ သူ့နည်းက မှန်တယ် ငါ့နည်းက မှန်တယ်ဆိုပြီး ကွဲပြားလာသည်။ ပုတ်ခတ်လာသည်။ ဝေဖန်လာကြသည်။ ဆရာတော် တစ်ပါး၏ စကားကို ငှါးပြောရလျှင် ရင်ထဲစိုက်နေသော အ၀ိဇ္ဇာလှံတံကို နှုတ်ဖို့ တရားစခန်းကို သွားရာ အပြန်တွင် ငါ့ဆရာတော်နည်းမှ မှန်တယ်ဆိုသော ဒိဋ္ဌိလှံတစ်ချောင်း အပိုအစိုက်ခံလိုက်ရသည့် အဖြစ်မျိုး မြန်မာ့သာသနာ့နယ်ပင် တွင်ဖြစ်ပေါ်နေသည်။
ထိုသို့ ကွဲပြားလာရင်း မြန်မာတို့သည် ဂိုဏ်းစိုက်ထူခြင်းကို ၀ါသနာပါသည်ဟု ဆိုရမည်လားမသိရလောက်အောင် ဂိုဏ်းရောဂါရလာသည်။ ထိုဂိုဏ်းစွဲရောဂါတို့သည် နောက်လိုက်ဘ၀မှ နေ၍ ရှေ့ဆောင်ဘ၀သို့ လိုချင်လာကြသည့် အနေအထားသို့ ရောက်လာကြသည်။ ထိုသို့ ဂိုဏ်းကို မည်သို့ထောင်မည်နည်း။ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာများသည် ထေရ၀ါဒဟု ပါးစပ်မှ သွေးစိမ်းရှင်ရှင် ထွက်အောင် အော်နေလင့်ကစား တကယ်တမ်း ဗုဒ္ဓ၏ တရားတော်ကို ထိထိမိမိ ထဲထဲဝင်ဝင် သိသူက ရှားသည်။ သို့သော် မြန်မာတို့အားလုံးသည် မိမိကိုယ်ကို မိမိ ဗုဒ္ဓဘာသာဟု လုံးဝယုံကြည်ထားကြသည်။ ဤနေရာမှ အလွှဲများ စတင်လာသည်။ ဂိုဏ်းဂဏထောင်ချင်သော ပုဂ္ဂိုလ်များက “ချမ်းသာသော၊ အသိဉာဏ်ပညာမြင့်မားသော၊ ရာထူးအာဏာရှိသော” ပုဂ္ဂိုလ်များကို ကပ်ကြသည်။ မိမိ ၀ါဒကို ဘုရားရှင်၏ စကားလုံးများဖြင့် ရိုက်သွင်းသည်။ ယုံကြည်လာသော လူကုံထံများမှ အထောက်အပံ့ကို ရယူ၍ ဘုရားရှင်၏ စကားလုံးများကို ပုံစံပြောင်းကာ ၀ါဒဖြန့်သည်။ ထို့နောက် ထမီကို သာသနာ့အလံလုပ်ကာ ဂိုဏ်းထောင်လာကြပြီး ကျူရှင်ပြီး ကျူရှင်တက်ကာ ကိုယ့်ကိုယ်ကို ငါ ဗုဒ္ဓဘာသာဟုသိသော နိုင်ငံတကာရောက် ဗုဒ္ဓဘာသာဝင်တို့ကို စတင်ဆွဲဆောင်သည်။ မြူဆွယ်သည်။ အစွန်းရောက်စေသည်။ နည်းပညာကို အသုံးပြု၍ ၀ါဒဖြန့်သည်။
လက်ရှိ စာတတ်ပေတတ် ဘုန်းတော်ကြီးများက မိမိ၏ စာတတ်ပေတတ် တပည့်သံဃာတော်များကို နည်းပညာနဲ့ နီးစပ်လျှင် အာရုံပျက်ပြားလွယ်သဖြင့် စာကိုသာ တစိုက်မတ်မတ် ကျက်ခိုင်း ရွတ်အံခိုင်းနေမှန်း သိသဖြင့် ၀ါဒဖြန့်သူများ၏ အကြိုက်ဖြစ်နေသည်။ ထို့အတူ အွန်လိုင်းပေါ်မှ ဗုဒ္ဓဘာသာဆိုသူများသည် တကယ်တမ်း ဒီတရားဟာ ဗုဒ္ဓတရားတော် အမှန်လား။ အမှန်မဟုတ်ဘူးလားဆိုသည်ကို သိသည့်သူများက အလွန့်အလွန်နည်းပါးလာသည်။ တစွန်းတစ ဆွဲထုတ်ထားသော ဘုရားရှင်၏ တရားတော်ကို အဆုံးအထိ ယူမထားသော တရားများကို ကျမ်းကိုး ကျမ်းကားများဖြင့် ရေးသားထားသည်ကို အမှန်ဟု ယုံကြည်လာကြသည်။ အပြင်စာပေလောကတွင် စာပေစိစစ်ရေး ထား၍ ရသော်လည်း E-mail တစ်ခုတွင် blog ကို အကန့်အသတ်မဲ့ လုပ်နိုင်ခြင်းက ကန့်သတ်ဖို့ ခက်ခဲလာသည်။
သို့ဖြင့် မြန်မာ ဘလော့ဂါတို့ ဖျက်သည်ရှိသော် ထေရ၀ါဒနိုင်ငံသည် အနောက်သို့ အရှိန်အဟုန်နှင့် တက်သွားတော့မည်။ မြန်မာနိုင်ငံတွင် ပေါ်လာသော ဂိုဏ်းအသီးသီးများက ထေရ၀ါဒနိုင်ငံဆိုသည့် အခေါ်အဝေါ်ကို မြန်မာနိုင်ငံမှ ကျရှုံးစေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံသည် ကြောင်ကြား ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပေတော့မည်။


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.