Wednesday, February 17, 2010

မေတ္တာရပ်ခံချက်



နောင်တော်ညီတော်အပေါင်းတို့ ၊စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ တိပိဋက ဓမ္မနာဒပရိယတ္တိစာသင်တိုက်ကြီး၏၊ ပဓာနနာယက၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကနိကာယ စီမံအုပ်ချုပ်မှူမဟာနာယက၊ ရွှေစင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ Ph.D (Buddhism) အရှင်သူမြတ်သည်၊၂၈..၂၀၁၀ နံနက် ၀၇း၀၀ အချိန်တွင် ဘန်ကောက်မြို့သို့ ကြွရောက်တော်မူလာရာ၊ထိုင်းနိုင်ငံရှိ တက္ကသိုလ် အသီးသီးတို့တွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ ကော်မတီဝင်များက သွားရောက်ဖူးမျှော်ကြည့်ညို ကန်တော့ကြပြီး၊ ဆရာတော်ဘုရားအား မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) သြ၀ါဒါစရိယဆရာတော်အဖြစ် လက္ခံတော်မူပါရန် တောင်းပန်လျှောက်ထားခဲ့ပါသည်။ ဆရာတော်မှ လက္ခွံတော်မူသဖြင့် ထိုနေ့ညနေပိုင်း ဆရာတော်ရနောင်းမြို့သို့ခရီးမဆက်မီ ကော်မတီဝင်အားလုံးစုစီးလျှက် သြ၀ါဒါစရိယလျှောက်ထားလွှာကိုဆက်ကပ်ခဲ့ပါသည်။ ဆရာတော်ဘုရား၏လက်မှတ် ဥက္ကဋ္ဌ၏လက်မှတ်တို့ ရေးထိုးအတည်ပြုထားသော ၎င်းသြ၀ါဒါစရိယလျှောက်ထားလွှာအား တပည့်တော်များ ပြန်ကြားရေးမှ ထုတ်ပြန်တင်ပြပြီးလည်းဖြစ်ပါသည်။ ထိုနေ့ကချီးမြှင့်သော ဆရာတော်ဘုရား၏ သြ၀ါဒ ကောက်နုတ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်





စာသင်သားရဟန်းတော်များ အချင်းချင်း အပြန်အလှန် လေ့စားမှူရှိကြရန်။



စာသင်သားရဟန်းတော်များ အချင်းချင်း အကျင့်စာရိတ္တဆိုင်ရာ ကူညီစောင့်ရှောက်ကြရန်။



ထိုင်းရဟန်းတော်များနှင့် ၄င်းတို့၏ယဉ်ကျေးမူများကို အံဝင်ခွင်ကျ ကျင့်သုံးနေထိုင်တတ်ရန်။







စသည်ဖြင့်မိန့်ကြားပါသည်။ အသင်းနှင့်ပတ်သက်၍ ဦးဇင်းတို့ အသင်းဖွဲ့ပြီးတာ ခြောက်လတောင်ကျော်ပြီ လုပ်ထုံးလုပ်နည်းအရ သံရုံးကိုအသိပေးအကြောင်းကြား၊ ကမ္ဘာအေးကိုအသိပေးအကြောင်းကြား ရမည်။ သို့မဟုတ်က မိမိတို့အဖွဲ့ကို တောင်ထင်မြောက်ထင် ထင်စရာဖြစ်နေမယ် ဟု သြ၀ါဒ ပေးခဲ့သောကြောင့် အသင်ကော်မတီဝင်များသည် အသင်း၏ ရည်ရွယ်ချက်၊ ကော်မတီဝင်များစာရင်း၊ စာသင်သားအသင်းဝင် lists တို့ကို ၁၄..၂၀၁၀ ရက်နေ့က သံရုံးကို ပေးအပ်ခဲ့ပါသည်။ ကမ္ဘာအေးကိုအသိပေးအကြောင်းကြားဖို့ ကိစ္စကို ကော်မတီဝင်များကိုယ်တိုင်ဆောင်ရွက်ဖို့ရန်အစီအစဉ်ရှိရှိသော်လည်း ဆရာတော်၏သြ၀ါဒဖြင့် ဆောက်ရွက်စရာရှိတာများကို သံရုံးကဘဲဆောင်းရွက်ပေးသွားပါမည်ဟု လျှောက်ထားလာသဖြင့် လက္ခွံခဲ့ပါသည်။ ဤကိစ္စအား သတင်းမထုတ်ပြန်သေးသည်မှာ လုပ်ငန်းမပြီးပြတ်သေးသောကြောင့်သာ ဖြစ်ပါသည် အဲဒီကိစ္စနှင့်ပတ်သက်၍ နောင်တော်ညီတော်တို့အနေနဲ့ သဘောမကျ မနှစ်သက်သော အကြောင်းအရာများပါရှိခဲ့သော် တစ်ပါးနှင့်တစ်ပါး အာဃာတတရားမဖက် မေတ္တာရှေ့ထား အသင်း၏အရှည်ခံ့တည်တံ့ရေးကိုစဉ်းစားလျှက် စုပေါင်း၍အကြံပေး ဆွေးနွေးဖြေရှင်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။





ပြန်ကြားရေးအဖွဲ့



1 comment:

  1. ပြန်ကြားရေးအဖွဲ့မှ ရေးထားသော မေတ္တာရပ်ခံချက်ပို့စ်သည် ဘာဖေါင့်နှင့်ရေးထားပါသလဲဘုရား.စာကောင်းကောင်းဖတ်လို့မရပါ၊ အဆင်ပြေပါက ပြင်စေလိုပါသည်ဘုရား

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.