Friday, February 19, 2010

အကြောင်းကြား လျှောက်ထားအပ်ပါသည်။

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)သံဃာတော်များ အားလုံးသို့ မေတ္တာရပ်ခံ လျှောက်ထားအပ်ပါသည်ဘုရား၊

လက်ရှိအသုံးပြုနေသော မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) ၏ ဘလော့တွင် ဘလော့၏ စည်းကမ်း အဖွဲ့၏ စည်းကမ်းများနှင့် မကိုက်ညီသော ထိုထက်ပိုဆိုးသည်မှာ သာသာနာတော်နှင့် မအပ်စပ်သော ကြမ်းတမ်းသောစကားလုံးများကို အမည်မသိသူများမှ C-Box တွင် စဉ်ဆက်မပြတ် အမျိုးမျိုး ပုတ်ခတ်ရေးသား ပြောဆိုလျှက် စာသင်သားသံဃာတော်များအကြား အခွင့်ကောင်းယူကာ သွေးကွဲအောင်လှုံ့ဆော်ခြင်း အသင်းအား ပြိုကွဲအောင် အမျိုးမျိုးတိုက်ခိုက်နေခြင်းတို့ကို အရှင်မြတ်များကိုယ်တိုင် တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်ဘုရား။

ထို့ကြောင့်= လောလောဆယ်တွင် အဖွဲ့၏ ဂုဏ်သိက္ခာကို ထိမ်းသိမ်းစောင့်ရှောက်သော အားဖြင့် C-Box ကို ခေတ္တပိတ်ထားပါကြောင်း အသိပေး လျှောက်ထားအပ်ပါသည် ကျောင်းသားသံဃာတော် အရှင်သူမြတ်တို့ဘုရား။

အထက်ပါ အကြောင်းအရာ ကိစ္စများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ခေါ်ယူကာ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း။ ရိုသေစွာ လျှောက်ထားအပ်ပါသည် ကျောင်းသားသံဃာတော် အရှင်သူမြတ်တို့ဘုရား။

မှတ်ချက်။ ။ နောက်နောင်များတွင်လည်း ဘလော့၏ စည်းကမ်း အဖွဲ့၏ စည်းကမ်းများနှင့် မကိုက်ညီသော ပို့စ်များကို တွေ့ရှိပါက မူလရည်ရွယ်ချက်များအတိုင်း ပယ်ဖျက်သွားမည် ဖြစ်ကြောင်း အကြောင်းကြား လျှောက်ထားအပ်ပါသည် ကျောင်းသားသံဃာတော် အရှင်သူမြတ်တို့ဘုရား။

အရှင်ဘုရားများ၏ အကြံကောင်း ဥာဏ်ကောင်းများကိုလည်း အဖွဲ့၏ ရည်ရှည်တည်တံ့ခိုင်မြဲရေး အတွက် အောက်ပါ E-Mail လိပ်စာသို့ လိုအပ်သလို ပေးပို့ကြပါရန် လျှောက်ထားအပ်ပါသည် ကျောင်းသားသံဃာတော် အရှင်သူ မြတ်တို့ဘုရား။ informgroup1@gmail.com

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.