Tuesday, February 23, 2010

တန်ပြန်သက်ရောက်မှူ

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မူရှိသည်ဟု နယူတန်၏ အယူအဆများကို ငယ်စဉ်က သင်ယူခဲ့ဖူး၏၊ နံရံသို့ ခဲတစ်လုံးကို ပစ်ချလိုက်၍  ပြန်လည် ကန်ထွက်လာခြင်းသည် တန်ပြန်သက်ရောက်မှူတစ်ခု ဖြစ်သည်ဟု သိခဲ့ရ၏။ ဤသည်မှာ ငယ်စဉ်က အသိဖြစ်လေသည်။

ယနေ့= တပည့်ကျော်ကပ္ပိယကျော်ခေါင်၏ အစ်မတော်တစ်ယောက် ရွာဦ်းကျောင်းသို့ ရောက်ရှိလာပြီး ၄င်းတန်ပြန်သက်ရောက်မှူများအကြောင်းကိုမေးမြန်လေတော့၏၊ သို့သော် သူမေးသော တန်ပြန်သက်ရောက်မှူများမှာကား နယူတန်၏ တန်ပြန်သက်ရောက်မှူမျိုးမဟုတ်၊


ကံ၏နိယာမ၊ ကံ၏အကျိုးပေးမှူ၊ ကံကြောင့်ဖြစ်ပေါ်လာသော ဝဋ်ကြွေးများအကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ခြင်းဖြစ်လေသည်။ ဤနေရာ၌ တန်ပြန်သက်ရောက်မှူဟူသည်၊ မိမိပြုလုပ်မိသောကံ (အလုပ်)၏၊ စွမ်းအားနှင့် ပြုလုပ်ခံရသူ(အရာဝတ္တု)တို့၏ စွမ်းအားကို၊ သတိထားမိဖို့ လိုအပ်လေသည်။

ပုရွက်ဆိပ်ကလေးတစ်ကောင်ကို သတ်ခြင်းသည်၊ ဆင်ကြီးတစ်ကောင်ကို သတ်ရ သလောက် လုံးလမစိုက်ရသဖြင့်၊ သတ္တဝါချင်း တူသော်လည်း အကျိုးပေးခြင်းကွာပေမည်။ အဘယ်ကြောင့်ဆိုသော် ပြုလုပ်ခံရသူတို့၏ စွမ်းအားကွာခြားသောကြောင့်ဖြစ်လေ၏။
မိမိတို့နေ့စဉ် လှုပ်ရှားနေကြရသော ဤလူ့ဘဝ ဒွန္နယာကြီးထည့်တွင် လူပေါင်းစုံ အလွှာပေါင်းစုံဖြင့် ဆက်ဆံကျင်လည်နေကြရသောကြောင့် စကားပေါင်းစုံကို ပုံစံမျိုးစုံဖြင့် ပြောဆိုကာ လှည့်လည်နေကြရသေသည်။
ထို့ကြောင့် မိမိ၏ အမှတ်မထင် ပြောဆိုမိသော စကားကလေး တစ်ခွန်းဖြင့်၊ အလုပ်ထုပ်ခံရခြင်း၊ ရာထူးလျှော့ချခံရခြင်း သံသရာအကြွေးတင်ခံရခြင်း စသော မကောင်းကျိုးများ မတိုးပွားကြစေရန်၊ ထို့သို့ အမှတ်မထင် စကားကလေးတစ်ခွန်းကို ပြောဆိုမိခဲ့ကြ၍ သံသရာ အကြွေးကို ပြန်လည်ကာပေးဆပ်ကြရသော၊ အတီတေ ဗာရာဏသီများ အကြောင်းကို အနည်းငယ် ဖော်ပြလိုက်ပါသည်။

အမ္ဗပါလီ= သိခီဘုရားရှင်လက်ထက်တွင်၊ စေတီရင်ပြင်တစ်ခုသို့ သွားရင်း၊ ရဟန္တာမထေရ်မကြီးတစ်ပါး၏ တံထွေးကို စေတီရင်ပြင်ပေါ်၌ တွေ့ သောအခါ မဆင်မခြင်” ဘယ်..ပြည့်တန်ဆာမတွေကများ ထွေးထားသလဲ” ဟု မဲ့ကာရွဲ့ကာ ပြောဆိုမိသော မိမိ၏ ဝစီဘေဒ အကုသိုလ်ကံကြောင့် ဂေါတမဘုရားရှင်လက်ထက်တွင်၊ ပြည့်တန်ဆာမဖြစ်ရလေသည်။

သီရိမာ=သူသည်လည်း ထိုနည်း၎င်း၊ စေတီရင်ပြင်တစ်ခုတွင် ထိုင်းနေရင်း မိမိ၏ ခြုံပါဝါတွင် ပယ်ကျံနေသော တံထွေးကို တွေ့ရှိသဖြင့်၊ ” အဘယ် ပြည့်တန်ဆာမ ထွေးထား ခဲ့သလဲ” ဟု ပြောဆိုမိခဲ့သဖြင့်၊ ပြည့်တန်ဆာမ အဖြစ်ဖြင့် ပေးဆပ်ရလေသည်။ အမှန်မှာ ၄င်းတံထွေး သည်လည်း ရဟန္တာမကြီင်္းတစ်ပါး၏ အမှတ်မထင် ထွေးခဲ့မိသော တံထွေးဖြစ်ကြောင်း သိရလေသည်။

သာမာဝတီ= သူသည်ကား အလွန်မေတ္တာတရားနှင့်ပြည့်စုံပြီး ထင်ရှားသော မိဖုရားတစ်ဦး ဖြစ်လေသည်၊ သို့သော်- ရှေးဘဝက ပစ္စေကဗုဒ္ဓါ တစ်ပါးအား မီးလျှို့သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင် ဘုရင်ဥတေနမင်းကြီး၏ တောင်ညာစံ မာဂန္ဓီ၏ လက်ချက်ဖြင့် မီးလောင်တိုက်ကို သွင်း၍ အသတ်ခံခဲ့ရသေသည်။

ခုဇ္ဇုတ္တရာ=သူသည်လည်း အလွန်တရား ဥာဏ်ကောင်းသော ဧတဒက်ရ ရဟန္တာထေရီမ တစ်ပါးဖြစ်လေသည်၊ သို့သော်= ရှေးဘဝက ခါးအနည်းငယ်ကုန်းဟန်ရှိနေသော ပစ္စေကဗုဒ္ဓါတစ်ပါးအား ပျော်စေလိုသော သဘောထားဖြင့်၊ ”ငါတို့အိမ်သို့ ဆွမ်းခံကြွတဲ့ဘုန်းကြီးက ဒီလို ဒီလို ကြွတယ်-ဟု ဆိုကာ” မိမိခါးကို ကုန်ကွကွလုပ်၍ လမ်းလျှောက် လှောင်ပြောင် ပြခဲ့ဖူးသော အကုသိုလ်ကံကြောင့် ဤဘဝတွင်၊ ခါးကုန်းခြင်းဟုဆိုသော ဆိုးကျိုးကို ခံစားခဲ့ရလေသည်။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှုလေ့လာမိသဖြင့်၊ အန်မတန်မှ လွယ်ကူစွာ ပြုလုပ်လိုက်ရသော မိမိ၏ အမှတ်မထင် စကားကလေးတစ်ခွန်းသည်၊ ပြုလုပ်ခံရသူတို့၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ဟု ဆိုအပ်သော၊ စွမ်းအားများကြောင့် မိမိအတွက် သံသရာတွင် အကြွေးတင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း။

ရွာဦးကျောင်းဆရာတော်နှင့် ကပ္ပိယကျော်ခေါင်၏ အစ်မတော်တို့ ဆွေးနွေးခန်းအား ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။





No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.