Tuesday, February 23, 2010

အတွေ့သံသရာလည်နေပုံ

ဘာရယ်ကြောင့်မှန်းမသိ ခုတလောမိမိရဲ့အာရုံထဲတွင်း အတွေးအမျိုးမျိုးစဉ်စားစရာအမျိုးမျိုးတွေကြောင့် စိတ်အားရုံပြောင်လဲသွားစေရန်း ကိုယ်နှင့်ရင်နှီ၇ာဘလော့လေးတွေးကို ရှာဖွေပြီးတော့ ဗဟုသုတဖြစ်စရာ ကဗျာစာပေးလေးတွေကို မှတ်သားဖတ်ရူနေမိပါတယ်၊အစာအဟာရကောင်းလေးတွေ စားနေရတဲအခါမျိုးတွေမှာ ကိုယ့်ရဲမိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေကို ပေးဝေးငှခြင်းတဲ့ ဆန္ဒလေးတွေရှိနေသလို ယ္ခုလဲဘဲ ကဗျားကောင်းလေးတပုဒ်ကို အားလုံးသောအဆွေတော်သူငယ်ချင်းတွေးကို ဝေငှပေးလိုက်ပါတယ်။ ကိုယ်တိုင်ေ၇းမဟုတ်ပါ ကဗျာဆရာ ဆောင်ယွန်းလရဲ့ အတွေးပုံရိပ်တွေကို လေးစားဂုဏ်ယူလွန်းလို့ ဒီကျောင်းသားဘလော့လေးမှာ တင်ပေးလိုက်တာပါ။



အတွေ့သံသရာလည်နေပုံ ရင်ခုန်လို့လည်းမရခဲ့သေးဘူး


ဆောင်းယွန်းလ

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀

တရေးတမော မတွေးတောမိကြလို့များ

ဦးဏှောက်တွေ တုံးသွားခဲ့ကြသလား….

မသိတာက ခက်နေခဲ့သလို
မရှိတာကလည်း ခက်နေခဲ့ပြန်ပါတယ်….

လေထဲ ဆောက်ခဲ့မိတဲ့အိမ်တွေ

တိမ်တိုက်တွေထက် ထူပြောခဲ့ပြီး

လွတ်ထွက်သွားတဲ့ ငါးတွေထက်လည်း

အဆပေါင်းများစွာ ခြေတံရှည်နေခဲ့ပြန်ပါတယ်…


မဲမဲမြင်ရာ ရမ်းပစ်နေသူတွေ

ချက်ကောင်းကိုပစ်ဖို့

အကွက်ကောင်းကို လှစ်ဟချောင်းမြောင်းနေသူတွေ

ပစ်မှတ်အလွဲကို

မယုတ်သောဇွဲနဲ့ စိမ်ပြေနပြေပစ်ခွဲနေသူတွေ…



ပစ်ကွင်းဝယ်ဖို့ ဈေးလည်ဆစ်နေသူတွေ

မိမိကိုယ်မိမိ သေကြောင်းကြံသတ်ဖို့

ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့နေသူတွေ

ဇာတ်တူသားစားဖို့ ဇာတ်လမ်းဆင်ပြီး

ပစ်ကွင်းပစ်ကွက် တီထွင်ကြံဆနေသူတွေ….



အသံတကြား မနားတမ်းပစ်နေသူတွေ

ခါးကြားထိုးထားတဲ့ သေနတ်ကို

အချပ်ပိုပစ်ဖဲတချပ်လို လေထဲဝှေ့ယမ်း

မျက်မှန်းနဲ့ လက်တည့်စမ်းနေသူတွေ…



အကာအကွယ်ယူပြီး မီးစင်ကြည့်ပစ်နေသူတွေ

ဗျစ်ရည်တခွက်နဲ့ ညစာစားကောင်းအောင်

အမှောင်ထဲမှာ ပါးစပ်သရမ်းပြီး

ပစ်ချက်ကြမ်းနေသူတွေ

ဆိုင်းဘုတ်တင်ကောင်းအောင်

တရေးနိုးမှ တချက်တချက် ချောင်းပစ်နေသူတွေ….



ညစ်တွန်းတွန်းပြီး ပစ်ခတ်လွန်းသူတွေ

ဖရုဿဝါစာသေနတ်နဲ့ မလိုတမာပစ်ခတ်

တယောက်လည်ပင်းတယောက် တက်နင်းပြီး

လမ်းပျောက်မှာ လမ်းလျှောက်နေသူတွေကြောင့်

အလိုအပ်ဆုံး ကျည်တတောင့်ဟာ

အလိုအပ်ဆုံးနေရာကို ဖြောင့်ဖြောင့်မသွားနိုင်ခဲ့သေးဘူး…..



မြှုံးမိငါးတွေဘဝနဲ့ နုံးချိဖားတွေရဲ့ဘဝလို

ဖားတပိုင်းငါးတပိုင်း ဘဝကိုယ်စီကိုယ်ငှထဲ

ပြုံးလိုက်မဲ့လိုက်ကြ ရွဲ့လိုက်တည့်လိုက်ကြနဲ့

ခေတ်ဆွေးကြီး တအိအိပဲ့ကျလာလိုက်ပုံက

ဟေတီမှာလှုပ်ခဲ့တဲ့ငလျင်ထက် ကြေလွယ်မွလွယ်

ဧရာဝတီမှာတိုက်ခဲ့တဲ့နာဂစ်ထက် တဖျစ်ဖျစ်မြည်

အရှေ့တောင်အာရှကို Hit ဟစ်ခဲ့တဲ့

ခေတ်သစ်ဆူနာမီထက် တဆစ်ဆစ်ကိုက်ခဲ….


ရေလိုက်လွဲနေတဲ့ ဟောဒီခေတ်မဲကြီးထဲမှာ

ငါတို့ဟာ ရေနဲငါးတွေသာဖြစ်တော့တယ်…..။ ။


ဒီကဗျာလေးရဲအဓိပ္ပါယ်ဖွင့်ဆိုချက်တွေုအားလုံးဟာ ဒို့တတွေကိုများ ရည်ညွန်းပြီးတော့များပြောနေတာလာလို့ ကျွန်ပ်၏အတွေးအာရုံများထဲမှာစိတ်ဝင်ပြီးတော့နေပါတော့တယ်၊
by
သြဘာ(ထီလာ)

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.