Friday, February 19, 2010

အသိပေးခြင်း

ဘလော့ admin (တည်းဖြတ်ပိုင်ခွင့်၊ ပြုပြင်နိုင်ခွင့်) နှင့် စီဘောက် password များကို ပြန်ကြားရေးသို့ ပေးအပ်လိုက်ပါကြောင်း ကျောင်းသားအားလုံးသို့ အသိပေးအပ်ပါသည်၊ လက်ရှိဖြစ်ပေါ်နေသော အခြေနေကို ကော်မတီဝင်များမှ အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းသွားမည်ဖြစ်ပြီး လာမည့် ၂၃ ရက်နေ့တွင် ထိပ်တိုက်ဆွေးနွေးကာ ပြုပြင်သင့်တာ ဖြေရှင်းသင့်တာ ညှိနှိုင်းသင့်သည်များကို ချမှတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း အကြောင်းကြားလာပါသည်၊

အဓိကရုဏ်း၏ အရင်းအမြစ်ကို သိနေကြသော တနည်းဆိုသော် ယင်းအဓိကရုဏ်းအကြောင်းရင်းထဲတွင် ပါဝင် ပတ်သက်နေကြသော၊ ယင်းပြဿနာကို ဖြေရှင်းရန် တာဝန်ရှိကြသော မည်သည့်ကိုယ်တော်ကမျှ ဘာမှ အကျိုးအကြောင်းရှင်းပြသည့် ပို့စ်လည်း မတင်၊ (တဦးတစ်ယောက် လေးငါးယောက်နားလည်ခြင်းမျိုးမဟုတ်)ကျောင်းသားအားလုံး နားလည်အောင် ရှင်းလင်းချက်လည်း မထုတ်ပြန်၊ ဟုတ်သယောင်ယောင် တုဏှီဘာဝေ ဆိတ်ဆိတ်နေ နေကြသည့်အတွက် မိမိ ကြားနေသဘောဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြဿနာကို ပြေငြိမ်းရန် ကော်မတီဝင်များကိုယ်စား အမုန်းခံကာ အရဲစွန့် ရေးတင်လိုက်သော "အမှားထဲက အမှားများ" ပို့စ်ကိုရေးတင်မိသည့်အတွက် အချို့က ကိုယ်လွတ်ရုန်းသည်ဟု ဝေဖန်ခံရပါသည်၊ အတော်စိတ်မကောင်း ဖြစ်မိပါသည်၊

ယင်းအတွက်ကြောင့် ဘလော့ admin နှင့် စီဘောက် passward များကို ပြန်ကြားရေးသို့ အချို့သံဃာတို့၏ တောင်းဆိုချက်အရ ပေးလိုက်ပါသည်၊ (စီဘောက် ပက်စ်ဝါ့ကို ၁၇.ရက်နေ့က ပေးခဲ့)

အားလုံး အဖြေကိုရှာနိုင်ပြီး ညီညီညွတ်ညွတ်ဖြင့် အဖွဲ့မပျက်စီးအောင် ဆက်လက် ဆောင်ရွက်နိုင်ကြပါစေ..

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.