Tuesday, February 23, 2010

အကြံပြု လျှောက်ထားလွှာပါဘုရား

(၂၃-၂-၂၀၁၀ (အင်္ဂါနေ့)၊ ၀မ်နွိုင် မဟာချူလာတက္ကသိုလ်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သော မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (ထိုင်းနိုင်ငံ)၏ အစည်းအဝေးကို နေရာ အခက်အခဲနှင့် ကျန်တက္ကသိုလ်များတွင် တက်ရောက်နေသော ရဟန်းတော်များ၏ သွားလာရေး အခက်အခဲများကြောင့်
၂၅-၂-၂၀၁၀ (ကြာသာပတေးနေ့)၊ ၀ပ်တလုံးကျောင်းတိုက်သို့၊ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်ပြီး၊ ကျောင်းသားရဟန်းတော်များမှ ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းစဉ်များ၊ အခက်အခဲများကို ဆွေးနွေးညှိနိုင်းတိုင်ပင် အဖြေရှာ သွားမည် ဖြစ်ပါသောကြောင့်၊ ကျောင်းသားရဟန်းတော်များ အားလုံး မပျက်မကွက် တက်ရောက်နိုင်ကြစေရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။)

ပြင်ပမှနှင့်အဝေးမှ ကြွရောက်လာကြမည့် ကျောင်းသားသံဃာတော်များ၏ ဆန္ဒအရ ကြာသပတေးနေ့ထက် စနေနေ့တွင် ပိုမိုသင့်တော်ပါကြောင်းနှင့် လုံလောက်သောအချိန်နှင့် သင့်လျော်သည့်နေရာတို့ကို အတိအကျ သတ်မှတ် ပေးကြပါရန် သက်ဆိုင်ရာ ကော်မတီဝင်အရှင်မြတ်တို့အား အကြံပြု လျှောက်ထား အပ်ပါသည်ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.