Thursday, February 25, 2010

၂၅-၂-၂၀၁၀ နေ့ M,S,M,O အစည်းအဝေး ဆုံးဖြတ်ချက်များ

၂၅-၂-၂၀၁၀၊ ဝပ်တလုမ်၊

ယနေ့ ဝပ်တလုမ်ကျောင်း၌ ကျင်းပပြုလုပ်သော မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)၏၊ အများသဘောတူ ဆုံးဖြတ်ချင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်များ=
၁။ ။ လာမည့်၊ ၆-၃-၂၀၁၀၊ စနေနေ့ နေ့လည် ၀၁း ၀၀ အချိန်တွင်၊ ဝပ်တလုမ်ကျောင်းတိုက်၌ နောက်ထပ်အစည်းအဝေး တစ်ရပ် ပြန်လည်ကျင်းပပြုလုပ်ရန်။

၂။ ။ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များ၏ ဆွေးနွေးချက်များကို စုစည်း သုံးသပ်၍ ၆-၃-၂၀၁၀၊ နေ့တွင် အများသဘောဆန္ဒကို ခံယူကာ အတည်ပြုဆုံးဖြတ်ကြရန်။

၃။ ။ ဘလော့အစား ဝက်ဆိုဒ်ဝယ်ရန်း ဆုံးဖြတ်ခြင်း။

၎။ ။ တိပိဋကတရားပွဲ ဖြစ်မြောက်ရေးယာယီကော်မတီ တရပ်ကို အောက်ပါ သံဃာတော်များဖြင့် ဖွဲ့စည်းခြင်း၊
၁။ ။ ဦးကောဝိဒ
၂။ ။ ဦးဓမ္မပါလ
၃။ ။ ဦးသြဘာသ
၎။ ။ ဦးကုဝေရ
၅။ ။ ဦးပညာဇောတ
၆။ ။ ဦးနန္ဒိယ
၇။ ။ ဦးတေဇနိယ
၈။ ။ ဦ်းဣန္ဒောဘာသ
၉။ ။ ဦးစက္ကိန္ဒ
၁၀။ ။ ဦးတေဇဓမ္မ
၁၁။ ။ ဦးအဂ္ဂ
၁၂။ ။ ဦးအာစာရ
၁၃။ ။ ဦးဝါယမိန္ဒ
အထက်ပါပုဂ္ဂိုလ်များဖြင့် ယာယီကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါသည်။

မှတ်ချက်။ ။ ယနေ့ - ၂၅-၂-၂၀၁၀၊ ကြာသပတေးနေ့ အစည်းအဝေးတွင် ဆွေးနွေး တင်ပြခဲ့ကြသော၊ အသင်းသား သံဃာတော်များ၏ အကြံပြုတင်ပြချက် မှတ်စုများကို စုစည်း၍၊ မကြာမီအချိန်အတွင်း၊ ( ပြန်ကြားရေး) Informgroup1@gmail.com မှ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း၊ ၄င်းအကြံပြုတင်ပြချက်များကို ကြိုတင်လေ့လာထားကြ၍၊ လာမည့် အစည်းအဝေးတွင် ရွေးချယ်အတည်ပြုသွားကြရန် ဖြစ်ကြောင်း၊ အကြောင်းကြား လျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.