Saturday, March 27, 2010

ခေတ်

ခေတ်က
ဖုန်ထူနေတဲ့ လမ်းတွေနဲ့
သွေးစိမ်း သားစိမ်း စားသောက်တတ်တဲ့ တောကောင်တွေနဲ့
ကနွဲ့ ကလျ စကတ်တိုတိုတွေနဲ့၊

တခါတရံ
မြင်လျက်နဲ့ ငါ့မျက်လုံးတွေ ကန်းထားခဲ့ရ
တခါတရံ
ရှင်လျက်နဲ့ ငါ့ ၀ိဥာဉ်တွေ သေနေခဲ့ရ၊

အဲဒီအကြောင်းတွေ ကဗျာမဖွဲ့ရဲဘူး
တခါတရံ
ငါ့ကလောင်တွေ အဲဒီ ခေတ်ထဲ ဆွံ့အ ခဲ့ရ၊

ဟုတ်တယ်
သားရိုင်းတို့ ကြီးစိုးတဲ့ ခေတ်မှာ
သူတော်ကောင်းတံဆိတ်ခပ်ထားသူတွေလည်း
တခါတရံ ဖားရိုက် ငါးရိုက်ထွက်တယ်။ ။

-- ဧဏီမင်း ဘလော့မှ ဖေါ်ပြပါသည် --

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.