Wednesday, March 10, 2010

ဝေးရာသို့

သိုးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ သိုးရေခြုံတဲ့
ဝံပုလွေ တစ်ကောင်လား၊
ကျီးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ ဒေါင်းယောင်ဆောင်သော
ကျီးတစ်ကောင်ဖြစ်နေသလား၊
ကျီးအာသီးတစ်လုံးကို
မြင်လိုက်တဲ့အခါ
တွေဝေမိတယ်
ငါဟာ အပြင်ပန်းလှပပြီး
အတွင်းပုပ်တဲ့လူတစ်ယောက်ဖြစ်နေသလား၊
ပေးကမ်းကြ လှုဒါန်းကြသော
လူတွေကိုမြင်လိုက်တဲ့အခါ
တွေဝေမိတယ်
ငါဟာ ရယူခြင်းတွေ
ပိုင်ဆိုင်ခြင်းတွေ
ရင်မှာဝေနေလျှက်
ကျေနပ်နေရတဲ့လူတစ်ယောက်ဖြစ်နေသလား၊
အဇာတသတ်ကိုတွေးမိလေတိုင်း
လိစ္ဆ၀ိမင်းတို့ကို
သွေးခွဲအနိုင်ယူခဲ့တဲ့
အမတ်ကြီးရဲ့လုပ်ရပ်ကို
ငါပြန်မြင်မိတယ်၊
ဒေ၀ဒတ်ကိုတွေးမိလိုက်တိုင်း
သံဃာကိုအသင်းခွဲတဲ့
သမိုင်းတွင်လုပ်ရပ်ကို
ငါပြေးမြင်လိုက်မိတယ်၊
ငါတို့ရဲ့ညီညွတ်ပေါင်းစု
ငါတို့တည်ထောင်
ငါတို့အားသစ်လောင်း
ဒီM.S.M.O
ငါတို့--ပြိုကွဲတာကိုမလိုချင်ဘူး
လောကဓံလှိုင်းရေ-----
သွားတော့---ကွယ်
ဝံပုလွေလိုဟန်ဆောင်မှု
ကျီးတစ်ကောင်လို
လှည့်ပတ်နေမှုတွေ
အမတ်တစ်ယောက်လို
ကိုယ့်ဘက်လူ သူ့ဘက်သားတွေ
ဒေ၀ဒတ်လို သွေးခွဲမှုတွေ
ကျီးအာသီးလို
အတွင်းပုပ်ပြီး
အပြင်ပန်းလှနေကြသူတွေ
သွားတော့ကွယ်
ငါတို့နဲ့ဝေးရာ
ဟို--------ဝေးရာကို

1 comment:

  1. နိုင်ငံရေးအရ အရေးကြီးချိန်မှာ သံရုံး (အစိုးရ)ကို ဖားတာတော့ မကောင်းဘူးပေါ့ကွာ..
    ချွေးတွေ အသက်တွေ စတေးသွားကြတဲ့ သံဃာတော်တွေနဲ့ တိုင်းပြည် အာဇာနည်တွေရဲ့ မျက်နှာကို ကြည့်သင့်တာပေါ့ကွာ..

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.