Monday, April 26, 2010

အသိပေးလျောက်ထားလွှာပါဘုရား

သံဃာတော်အရှင်သူမြတ်တို့ဘုရား ယခင်အစည်းဝေးဆုံးဖြတ်ချက်များ နှင့်အညီ M.S.M.O သင်တန်းကျောင်းကို 25/4/2010 တွင် အောင်မြင်စွာ ဖွင့်လစ်သင် ကြားနိုင်ခဲ့ပြီဖြစ်ပါသည်ဘုရား၊ သင်ကြားမည့်ဘာသာရပ်များနှင့် အချိန်စာရင်းများ၊ သင် တန်းဆရာများကိုလည်း အသင်း၏ blog တွင်၎င်း၊ အစည်းဝေးများတွင်၎င်း အသီးသီး အသိပေးလျောက်ထားပြီးဖြစ်ပါသည်ဘုရား၊

23/4/2010/ အစည်းဝေး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် သင်တန်းကာလကို ၁/၂၀၁၀ (၃)လသတ်မှတ်ထားပါသည်၊ စာရင်းပေးသွင်းထားကြသော သင်တန်းနည်းပြဆရာတော်များသည် အားလပ်ရက်ဖြစ်သော ကြောင့် အချို့ဆရာတော်များမှာ ခရီးသွားနေကြ၍ ဆရာအင်အားများလည်း နည်းနေပါသေးသည်ဘုရား၊ ယ္ခုဆွဲထားသော အချိန်ဇယားသည် လက်ရှိဆရာအင်အားနှင့် ယာယီဆွဲထားခြင်းမျှသာ ဖြစ်ပါသည်ဘုရား၊

ခရီးသွားသည့် ဆရာတော်များ၊ စာရင်းပေးသွင်းထားသော်လည်း အကြောင်း ကြောင်းလေးတွေကြောင့် သင်ကြားမှုကို မစတင်နိုင်သေးသော ဆရာတော်များ အဆင်သင့်ဖြစ်လျှင် ပညာရေးကော်မတီများနှင့် ညှီနိုင်းတိုင်ပင်၍ သင့်တော်သလို ထပ်မံစီစဉ်မည်ဖြစ်ပါသည်ဘုရား၊ စာရင်းမပေးသွင်းရသေးသော ဆရာတော်များလည်း ပညာရေးကော်မတီသို့ အချိန်မရွေး စာရင်းပေးသွင်းနိုင်ပါကြောင်း လျောက်ထားအပ်ပါသည်ဘုရား။
အထူးလျောက်ထားလိုသည်မှာ သံဃာတော်များတွက် စနေနေ့တွင် သီးသန့်သင်တန်း များစီစဉ်ထားပါသည်ဘုရား၊ ယခင်ဖွင့်လစ်ခဲ့သော ထိုင်းဘာသာသင်တန်းမှာ ထိုင်းနိုင်ငံ ၏ နိုင်ငံရေးအခြေနေအရ ရပ်နားထားရသဖြင့် ယ္ခု M.S.M.O ရုံးခန်းတွင် ထပ်မံဖွင့်လစ်ခြင်း ဖြစ်ပါသည်ဘုရား၊ ကွန်ပျူတာသင်တန်းဖွင့်လစ်ရန် အတည်ပြုဆုံးဖြတ်ထားကြသော်လည်း ဆရာအခက်ခဲ၊ နေရာအခက်ခဲတို့ကြောင့် ကြံ့ကြာနေခဲ့ပါသည်ဘုရား၊

ကွန်ပျူတာသင်တန်းသည်လည်း သံဃာတော်များအတွက် အင်မတန်မှ အရေးကြီးပါ သည်ဘုရား၊ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်တွင် ကွန်ပျူတာမကိုင်တတ်လျှင်မဖြစ်၍သော်၎င်း၊ တပည့်တော်များသည် ဒကာ၊ ဒကာမများအားပြန်လည်သင်ကြားပေးလျှင် မိမိ ကိုယ်တိုင် စနစ်တကျတတ်မြောက်ရန်လိုအပ်သောကြောင့်၎င်း၊ ဤသင်တန်းကိုဖွင့်လှစ်ရ ခြင်းဖြစ်ပါသည်၊ သင်တန်းအချိန်နှင့် သင်တန်းဆရာများကိုလည်း blog တွင် အသိပေး လျောက်ထားပြီးဖြစ်ပါသည်၊

ကွန်ပျူတာဆရာမှာ စေတနာဖြင့် ပညာဒါနပြုကုသိုလ်ယူ သင်ကြားပေးခြင်းဖြစ်ပါသည်၊ ထိုင်းဘာသာသင်တန်း ဆရာများမှာ စနေနေ့တွင့် (၅၀၀)ဘတ်၊ တန၈င်္နွေနေ့တွင် (၄၀၀)ဘတ် အသီးသီးပေးရပါသည်ဘုရား၊ ၄င်းငွေကြေးသည် လမ်းစရိတ် မျှသာရှိ၍ တစ်ခါတစ်ရံတွင်လည်း ပြန်လည်လှူဒါန်းခဲ့ကြပါသည်ဘုရား၊ သင်တန်းသား/ သူများ လှူဒါန်းသော ဝတ္ထုများကိုလည်း စာရင်းများဖြင့် သေချာစွာလကံ္ခ၍ ရုံးခန်း၏လစာ နှင့် အသုံးစရိတ်တွက် သုံးစွဲမည်ဖြစ်ကြောင်းလည်း အစည်းဝေးများတွင် အတည်ပြုပြီး ဖြစ်သလို ယ္ခုလည်း ထပ်မံ၍အသိပေးလျောက်ထားအပ်ပါသည်ဘုရား၊

သင်တန်းနည်းပြ ဆရာတော်များသည် မိမိစရိတ်ဖြင့် သွားရောက်သင်ကြားပေးရသောကြောင့် ဆရာများ ၏ဆွမ်းစရိတ်ကို အသင်း၏ဘဏ္ဍာထဲမှ သုံးစွဲမည်ဖြစ်ကြောင်းကိုလည်း လျောက်ထား အပ်ပါသည်ဘုရား၊ အချုပ်အားဖြင့်လျောက်ထားလိုသည်မှာ တပည့်တ်ေများသည် ပညာရှင်များမဟုတ်ကြသည်အတွက် ဘုရားတပည့်တော်များ၏ လုပ်ဆောင်ချက်များ ချွတ်ယွင်းတိမ်းချော် နေလျှင်သော်၎င်း၊ လိုအပ်ချက်များရှိနေလျှင်သော်၎င်း၊ အချိန်မရွေး အပြုသဘောဖြင့် ဝေဖန်တည့်မတ် အကြံပေး ပြုပြင်နိုင်ပါကြောင့် ပန်ကြားရင် သံဃာတော်များအား လျောက်ထားလွှာကို ဤမှာတင် နိဂုံးချုပ်အပ်ပါသည် ဘုရား

အရှင်တေဇ

Saturday, April 24, 2010

သင်တန်းပြဆရာများနှင့် ဘာသာရပ် အချိန်စာရင်းများ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏ ပညာဒါန
သင်တန်းပြဆရာများနှင့် ဘာသာရပ် အချိန်စာရင်းများ


၁။ ဦးကုဏ္ဍလ ယဉ်ကျေးမှု တနင်္ဂနွေနေ့  နံနက် ၈နာရီမှ ၁၀နာရီအထိ စတုတ္ထထပ်
၂။ ဦးကုဝေရ အင်္ဂလိပ် ။ ။ တတိယထပ်
၃။ ဦးသြဘာသ ကွန်ပျူတာ ။ ။ ဒုတိယထပ်

၎။ ဒေါ်ဥမ္မာအေး ထိုင်းဘာသာ။ ။ နံနက် ၁၁နာရီမှ ၁နာရီအထိ တတိယထပ်
၅။ ဦးကုဝေရ ယဉ်ကျေးမှု ။ နေ့ လည် ၁နာရီခွဲမှ ၃နာရီခွဲ အထိ စတုတ္ထထပ်
၆။ ဦးသုဝဏ္ဏ အင်္ဂလိပ် ။ ။ တတိယထပ်
၇။ ဦးနန္ဒောဘာသ ကွန်ပျူတာ ။ ။ ဒုတိယထပ်

၈။ ဦးကောဝိဒ အဘိဓမ္မာ ။ ညနေ ၄နာရီမှ ၆နာရီအထိ စတုတ္ထထပ်
၉။ ဦးတေဇ အင်္ဂလိပ် ။ ။ တတိယထပ်
၁၀။ ဦးစန္ဒာသီရိ ကွန်ပျူတာ ။ ။ ဒုတိယထပ်


မှတ်ချက်။ ။စနေနေ့ တွင် ကွန်ပျူတာသင်တန်းကို ဆရာကိုဟိန်းလွင်က ၁နာရီမှ ၃နာရီအထိ၊ ထိုင်းဘာသာ စကားကို ဆရာမဒေါ်ပပက ၃ နာရီမှ ၆ နာရီအထိ ရဟန်းသံဃာတော်များအား သင်ကြားပေးမည် ဖြစ်ပါသည်။

ပညာရေးကော်မတီ
M.S.M.O
ဖလန်ဆောင်၊ ဆွယ်(၆၃)၊ kasikom bank လမ်း၊
ဘန်ကောက်၊ ထိုင်းနိုင်ငံ။

Friday, April 23, 2010

M.S.M.O ရုံးခန်း၌ ပညာဒါန သင်တန်းများဖွင့်လှစ်မည်

၂၃-၅-၂၀၁၀
ပညာရေးအစည်းအဝေးပွဲ။

သင်တန်းချိန်နှင့် ဘာသာရပ်အလိုက် သင်တန်းပြဆရာတော်များ စာရင်း။

နံနက်ပိုင်း= ၀၈း၀၀ နာရီ မှ ၁၀း၀၀ ထိ

ယဉ်ကျေးမှု= (စတုတ္ထထပ်) ဦးကုဏ္ဍလ
အင်္ဂလိပ်စာ= (တတိယထပ်) ဦးကုဝေရ
ကွန်ပျူတာ= (ဒုတိယထပ်) ဦးသြဘာသ

ထိုင်းဘာသာစကား
၁၁း၀၀ မှ နာရီမှ ၀၁း၀၀ နာရီအထိ (တတိယထပ်)ဒေါ်ဥမ္မာအေး

နေ့လည် ၀၁း နာရီ ခွဲ မှ ၀၃း၃၀ နာရီခွဲ(သုံးမျိုး)
ယဉ်ကျေးမှု (စတုတ္ထထပ်) ဦးကုဝေရ
အင်္ဂလိပ်စာ (တတိယထပ်) ဦးသုဝဏ္ဏ
ကွန်ပျူတာ (ဒုတိယထပ်) ဦးနန္ဒောဘာသ

ညနေ ၀၄း နာရီ မှ ၀၆း၀၀ နာရီ (သုံးမျိုး)

အဘိဓမ္မာ (စတုတ္ထထပ်) ဦးကောဝိဒ(၂)
အင်္ဂလိပ်စာ (တတိယထပ်) ဦးတေဇ
ကွန်ပျူတာ (ဒုတိယထပ်) ဦးစန္ဒာသိရီ

စနေနေ့တွင် ရဟန်းတော်များအတွက်သီင်္းသန့် သင်ကြားရန်။

၁။ ကွန်ပျူတာ၊ ၁ နာရီ ၃ နာရီ (ဒုတိယထပ်)ဦးဟိန်းလွင်

၂။ ထိုင်းဘာသာစာ ၊ ၀၃း နာရီ ၁၅း မိနစ်မှ ၀၆း၀၀ နာရီ (တတိယထပ်) ဒေါ်ပပ

၃။ အင်္ဂလိပ်စာ (ထပ်မံကြေငြာမည်)

အထက်ပါ သင်တန်းများကို မည်သူမဆိုလာရောက် သင်ယူတက်ရောက်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

Tuesday, April 20, 2010

ပင့်လျှောက်လွှာပါဘုရာုး

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ပညာရေးကော်မတီဝင်ဆရာတော်များနှင့် သင်ကြားပေးရန် ကုသိုလ်ယူစာရင်းပေးသွင်းထားကြသော သံဃာတော်အရှင်မြတ်တို့ဘုရား (23/4/2010)သောကြာနေ့ (1)နာရီခွဲတိတိအချိန်တွင် သင်ကြားရေးအစီစဉ်များ ဆွေးနွေးတိုင်ပင်ကြရန် ရုံးခန်းတည်ရှိရာ ဖလန့်ဆောင် စွယ်(63) kasikon bank လမ်းသို့ ကြွရောက်တော်မူကြပါရန် ရိုသေစွာလျောက်ထားအပ်ပါသည်ဘုရား။ သင်ကြားရေးအစီစဉ်များကို(24/4/2010)စနေနေ့တွင် စတင်မည်ဖြစ်ပါသည်၊ သင်ကြားရန် စာရင်းမပေးသွင်းရသေးသောဆရာတော်များလည်း ပေးသွင်းနိုင်ပါကြောင်းနှင့်၎င်းဆွေးနွေးပွဲအားကျောင်းသားအားလုံးကြွရောက်နိုင်ပါကြောင်းရိုသေစွာ ပင့်လျှောက်အပ်ပါသည်ဘုရား။

ပညာရေးကော်မတီဝင်ဆရာတော်များ

ဦးကောဝိဒ
ဦးအဂ္ဂ၀ံသ
ဦးသုမင်္ဂလ
ဦးပညာသာရဗောဓိ
ဦးစန္နိမာ
ဦးအိန္ဒောဘာသ
ဦးပညာဇောတ
ဦးကဝိန္ဒ
ဦးတေဇနိယ

ယဉ်ကျေးမှု သင်တန်းပြဆရာ ၈-ပါး

ဦးကောဝိဒ (အကြီး)
ဦးကုဏ္ဍလ
ဦးပညာသာရဗောဓိ
ဦးသုန္ဒရ
ဦးသုမင်္ဂလ
ဦးစက္ကိန္ဒ

အင်္ဂလိပ်စာ ဆရာ ၇-ပါး

ဦးအဂ္ဂ၀ံသ
ဦးအာစာရ
ဦးတေဇနိယ
ဦးဝိသုဒ္ဓ
ဦးအဂ္ဂါစာရ
ဦးက၀ိန္ဒ
ဦးနန္ဒိယ။

ရုံးခန်းလမ်းညွှန်

ဖလန့်စောင့်

စွယ်(၆၃) ကစီကွန်ဘဏ်နှင့်လမ်း

ဖလန့်စောင် ကာဖိုးနှင့်မျက်းစောင်းထိုး

အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

၁၅-၄-၂၀၁၀၊မဟာချိုင်။


ကတွန်ဘန်မြို့နယ် World knitting ဝေါပေါအော ၁၁ လမ်း နေ၊ အလှူရှင်မြန်မာမိသားစုများမှ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း)သို့ အလှူတော်ငွေ ၃၀၀၀ ဘတ် တိတိကို ဆက်ကပ်လှူဒါန်းရာ ဥက္ကဋ္ဌဆရာတော် ဦးဇောတိကမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကြောင်း သိရှိရပါသည်။


ကျန်တာတွေ ဒီမှာဆက်ရေးပါဘုရား

မြန်မာ နစ်ဆန်းတစ်ရက်နေ့ အလှူတော်

၁၇-၄-၂၀၁၀ မဟာချိုင်။

ထိုင်းနိုင်ငံ မဟာချိုင် နို့ဘူးစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာမိသားစုများမှ စုပေါင်း၍၊ မြန်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း) သို့ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း။

နို့ဘူးစက်ရုံမှ ဒေါ်လှဝင်း ဦ်းဆောင်သော မြန်မာမိသားစုများမှ အလှူတော်ငွေ ၁၅၅၀၀ ဘတ်။




နို့ဘူုးစက်ရုံမှ အခြားသော မြန်မာမိသားစုများမှ အလှူတော်ငွေ ၇၂၅၀ ဘတ် တိတိကို၊



မြန်မာကျောင်းသားရဟန်းတော်များအဖွဲ(ထိုင်း) သို့ ဆက်ကပ် လှူဒါန်းရာ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိက မှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကြောင်း သိရှိရပါသည်။

Monday, April 19, 2010

မြန်မာမိသားစုများမှ လှူဒါန်း







ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သို့ (A .O.S )သိုးမွှေးစက်ရုံမိသားစု

များကအလှူတော်ငွေတစ်သောင်းတစ်ထောင်တစ်ရာငါးဆယ်(၁၁၁၅၀)ဘတ်ကို(၁၅.၄.၂၀၁၀)ရက်တွက်ပေးအပ်လှူဒါန်ရာ ရဟန်းတော်များအဖွဲ့ဥကဌဆရာတော်ဦးဇောတိကမှ လက်ခံရယူပြီး ၀မ်းမြောက်အနုမောဒနာဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။









Tuesday, April 13, 2010

မြန်မာမိသားစုများ သင်္ကြန်အကြိုလှူဒါန်း

ဧပြီ-၁၃

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့အတွက် အုန်းယိုင်အထည်ချုပ်စက်ရုံမှ ကိုအောင်နေလင်း ဦးဆောင်သော မြန်မာမိသားစုများက အလှူငွေ တသောင်း တထောင့် သုံးရာ ကိုးဆယ့်ငါး(၁၁၃၉၅) ဘတ်ကို (၁၄-၄-၂၀၁၀) ရက်တွင် ပေးအပ်လှူဒါန်းရာ ရဟန်းတော်များအဖွဲ့ဒုဥက္ကဌ ဦးအဂ္ဂ၀ံသက လက်ခံရယူပြီး ၀မ်းမြောက်အနုမောဒနာခေါ်လွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

အလားတူပင် အုန်းယိုင်အထည်ချုပ်စက်ရုံမှ ကိုထွန်းထွန်းဝင်းနှင့်ကိုအောင်နေ၀င်း ဦးဆောင်သော မြန်မာမိသားစုများက အလှူငွေ နှစ်ထောင့်တရာ (၂၁၀၀) ဘတ်ကို ပေးအပ်လှူဒါန်းရာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဦးတေဇက လက်ခံရယူပြီး ၀မ်းမြောက်အနုမောဒနာခေါ်လွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

Monday, April 12, 2010

ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များ စုပေါင်းအလှူ


၁၂-၄-၂၀၁၀၊ ဘန်ကောက်။

ကိုကြည်ခိုင် ဦင်္းဆောင်သော ဝေလ (၁၀) လမ်းနေ၊ မြန်မာလူငယ်များမှ
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) သို့-အလှူတော်ငွေ ၂၁၅၀=ဘတ် တိတိကို ဆက်ကပ်လှူဒါန်းရာ၊ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိကမှ လက်ခံရယူပြီး၊ ရေစက်သွန်းချ အမျှပေးဝေကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြောင်း သိရှိရပါသဖြင့် အလှူရှင်များအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ကြော်ငြာလိုက်ပါသည်။

Sunday, April 11, 2010

M.S.M.O.ရုံးခန်းဖွင့်ပွဲအခမ်းအနားအစီအစဉ် အောင်မြင်စွာပြီးဆုံး

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ (၁၁) ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြန်မာကျောင်းသားရဟန်းတော်များ၏ သြ၀ါဒါစရိယ ဆရာတော်ဖြစ်သော ရွှေည၀ါဆရာတော်ကြွရောက်ချီးမြှင့်ပြီး သြ၀ါဒကထာများ မိန့်ကြားတော်မူခဲ့သည်။



ရွှေည၀ါဆရာတော်က “ဘုန်းကြီးတို့ မြန်မာပြည်ဖွားကျောင်းသားရဟန်းတော်များကို ခုလိုရေခြားမြေခြား တိုင်းတပါးမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်တွေ့ရတာ ဘုန်းကြီးဝမ်းသာပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားရဟန်းများဟာ အသက် (၂၀) ကနေ (၃၀) ၀န်းကျင်တွေဖြစ်နေတဲ့အတွက် ရဟန်းငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်သူတို့ ဖြစ်တဲ့အားလျော်စွာ မာန်ရွယ်ယစ်ချီဆိုတာလို တခါတရံ တဦးနဲ့တဦး အထင်အမြင်လေးတွေ တိမ်းစောင်းတာ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုအမြင်တိမ်းစောင်းမှုလေးတွေ မဖြစ်စေဘဲ။ တစ်ပါးနှင့် တစ်ပါး အကျိုးမလိုလားတဲ့ အပြုအမှုလေးတွေ ရှိခဲ့ရင်လည်း ပြင်ကြစေချင်ပါတယ်။လောကမှာ အကောင်းကိုကြည့်ပြီး အကောင်းကို မြင်ရင် မပေါင်းနိုင်စရာလူမရှိပါဘူး။ ဒီလိုပါပဲ လောကမှာ အဆိုးကိုကြည့်ပြီး အဆိုးကိုသာ မြင်တတ်သူအတွက် ပေါင်းစရာ လူမရှိပါဘူး။” ဟု သြ၀ါဒစကား ထည့်သွင်း မိန့်ကြားသည်။

ထို့နောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဦးဇောတိကမှ ရွှေည၀ါဆရာတော်ကြီး ကြွရောက်ကာ ရုံးခန်းဖွင့်လှစ်ပေးခြင်းအတွက် ၀မ်းမြောက်ကျေးဇူးတင်ပါကြောင်း မြန်မာကျောင်းသားရဟန်းတော်များ ကိုယ်စားလျှောက်ထားသည်။

“ဦးဇင်းတို့ မြန်မာပြည်သား ကျောင်းသားရဟန်းတော်တွေကို ထိုင်းနိုင်ငံရောက် မြန်မာမိသားစုတွေက ပေးလှူထားတဲ့ကျေးဇူးရှိပါတယ်။ ဒီကိုရောက်နေကြတဲ့ မြန်မာ ဒကာ ၊ ဒကာမတွေ အလုပ်တာဝန်တွေထဲမှာ နစ်မြောနေရတဲ့အတွက် ဘာသာရေး ၊ ပညာရေးပိုင်းတွေမှာ အားနည်းမှုတွေ ရှိနိုင်ပါတယ်။အဲဒီလိုအပ်ချက်လေးတွေကို ဦးဇင်းတို့က ပြန်လည် ဖြည့်ဆည်းပေးလိုတဲ့အတွက် ဒီရုံးခန်းကို ဖွင့်လှစ်ခဲ့တာပါ”ဟု ကျောင်းသား ရဟန်းတော် ဒု-ဥက္ကဋ္ဌ ဦးအဂ္ဂ၀ံသက မိန့်ကြားသည်။

ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာကျောင်းသားရဟန်းတော် (၂၃) ပါးနှင့် ဒကာဒကာမ (၃၀) ခန့် တက်ရောက်ခဲ့ကြသည်။

ယခုဖွင့်လှစ်လိုက်သော ဖလမ်ဆောင် ၊ (၆၃)လမ်းရှိ မြန်မာကျောင်းသားရဟန်းတော်များ ရုံးခန်းတွင် ထိုင်းနိုင်ငံရောက် မြန်မာများကို ဗုဒ္ဓဘာသာယဉ်ကျေးမှု ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ပညာရပ်များကို မြန်မာကျောင်းသားရဟန်းတော်များက သင်ကြားပေးသွားမည်ဖြစ်သည်။

Saturday, April 10, 2010

အသိပေးခြင်း

ကျောင်းသားဝက်ဆိုက်ကို myanmarstudentmonks.blogspot.com မှ msmointhailand.com (အဓိပ္ပါယ်-msmo in thailand) သို့ အမေရိကားတွင်အခြေချနေထိုင်သော သူငယ်ချင်း ကဗျာဆရာ နေသစ်မှူး ၏ ကူညီလှူဒါန်းမှု့ဖြင့် မြန်မာပြည်တွင်းမှ ရဟန်းသံဃာတော်များ ဖတ်ရှု့နိုင်ရန် ဒိုမိန်းကို ပြောင်းလဲလိုက်ပါသည်၊

လုပ်ချင်သည်မှာ msmo.com ဖြစ်သော်လည်း ယင်းမှာ အခြားသူများ ၀ယ်ပြီးဖြစ်နေ၍ မရပါ၊ ထို့ကြောင့် မှတ်သားရ လွယ်ကူစေရန် အထက်ပါအတိုင်း msmointhailand.com (အဓိပ္ပါယ်-msmo in thailand) သို့ ပြောင်းလိုက်ပါသည်၊ အရေးတကြီး စီစဉ်လိုက်ရ၍ တပည့်တော်၏ တစ်ဦးတည်းဆန္ဒနဲ့ လုပ်လိုက်မိသော်လည်း မည်သူ့အကျိုးကိုမှ မဆုတ်ယုတ် မထိခိုက်သည့်အတွက် ရဟန်းတော်များအားလုံး ကျေနပ်နှစ်သက်လိမ့်မည်ဟု မျော်လင့်ပါသည်၊ အကယ်၍ မကျေနပ် မနှစ်သက်သူများ ရှိခဲ့ပါလျင်လည်း တပည့်တော် အနူးအညွတ် တောင်းပန်အပ်ပါသည်၊

တပည်တော်တော့ ကျောင်းသားဝက်ဆိုဒ်လေး blogspot.com မှ .com သို့ ပြောင်းလိုက်ရ၍ များစွာ ကျေနပ်ပီတိဖြစ်မိပါသည်၊ သူငယ်ချင်း ကဗျာဆရာ နေသစ်မှူး ကိုလည်း ကျောင်းသားသံဃာတော်များ အားလုံးကိုယ်စား များစွာ ကျေးဇူးတင်ကြောင်းကို ဤနေရာမှနေ၍ ပြောကြားအပ်ပါသည်၊ .com domin ၀ယ်ယူခ တစ်နှစ်စာ ၁၀- ဒေါ်လာကျပါသည်၊ ယခုနှစ်စာကို ကဗျာဆရာ နေသစ်မှူး မှ ကုသိုလ်ပြုပါသည်။

အသျှင်အဂ္ဂ
10/04/2010

Friday, April 9, 2010

ရုံးခန်း ဖွင့်လစ်ရန် လျှောက်ထားလွှာ

၁၁.၄.၂၀၁၀ တနင်္ဂနွေ ညနေ ၀၃း၀၀ နာရီ၊ ရွှေည၀ါဆရာတော် အမှုးပြု၍ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ရုံးခန်းဖွင့်လစ်မည်။

ဖလန်ဆောင်၊ စွယ် ၆၃၊
Kasikorn Bank အနီး၊
carrefour.(ကာဖိုး) နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသော မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏ ရုံးခန်းကို၊ ၁၁-၄-၂၀၁၀၊ တနင်္ဂနွေ နေ့ ညနေ ၀၃း၀၀အချိန်တွင် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ သြဝါဒစရီယဆရာတော် ဖြစ်တော်မူသော၊ ရန်ကုန် ရွှေညဝါဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်တော်မူ၍ ဖွင့်လစ်ပေးမည် ဖြစ်ပါသောကြောင့်၊ မြန်မာကျောင်းသားရဟန်းတော်များ အားလုံး စုပေါင်းညီညာ ကြွရောက်နိုင်ကြစေရန်၊ ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ သံဃာတော်အရှင်သူမြတ်တို့ဘုရား။


Monday, April 5, 2010

လူသားနှင့် အသိပညာငတ်မွတ်စိတ်

ကမ္ဘာဦးက စပြီး ကနေ့အချိန်ထိ လူသားဟာ ဘာကြောင့် ခေတ်ကာလတလျောက် မပျက်မစီးဘဲ ရပ်တည်နေသလဲဆိုတာ စဉ်းစားမိတိုင်း လူသားရဲ့ အသိပညာငတ်မွတ်စိတ်ကိုပါ တဆက်တည်း တွေးမိတတ်ပါတယ်၊ ဟုတ်ပါတယ်၊ လူသားဟာ လူသားမျိုးနွယ် အဆက်မပြတ်ဖို့၊ လူသား မျိုးမတုံးဖို့ လွယ်လွယ်ကျိုးပမ်းခဲ့ရတာ မဟုတ်ပါဘူး၊ သမိုင်းကို ပြန်ကြည့်ယင် လူသားဟာ မိမိထက် ခွန်အား သို့မဟုတ် ကိုယ်ခန္ဓာကြီးမားတဲ့ သားရိုင်းသတ္တ၀ါတွေနဲ့ အပြိုင် ရှင်သန်ခဲ့ရတာကလား၊ လူသားရဲ့ နေ့စဉ်ဘ၀မှာ အန္တရာယ်ပေါင်းစုံနဲ့ ကြီးပြင်းခဲ့ရတာကလား၊ သက်ရှိသတ္တ၀ါတွေရဲ့ အဲဒီ ဒုက္ခဆင်းရဲအတွေအပြင် မမြင်ရတဲ့ သဘာဝ ဘေးဆိုးတွေနဲ့ တခရီးတည်း တလှေတည်း သွားနေရတာကလား၊ လူသားသာ အသိပညာကို ငတ်မွတ်စိတ်မရှိခဲ့ရင် ဒီကနေ့အချိန်မှာ လူသားဆိုတာ မျိုးတုံးသွားပြီဖြစ်တဲ့ ဒိုင်နိုဆော သတ္တ၀ါကြီးတွေလို အပိုင်းအစလေးတွေပဲ ကျန်တော့မှာဖြစ်ပြီး အဲဒါတွေကိုကြည့်ပြီး လူသားဟာ အသက်ရှင်နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းလောက်သာ နှောင်းခေတ်သတ္တ၀ါတွေ သိကြတော့မှာဖြစ်ပါတယ်၊

အသိပညာဟာ လူသားရဲ့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်တဲ့ လက်နက်ကြီးဖြစ်သလို သာမာန်စက္ခုပသာဒ အကြည်ဓာတ်နဲ့ မမြင်နိုင်တဲ့ ခွန်အားဖြစ်ပါတယ်၊ အဲဒီလက်နက်နဲ့ မိမိထက် အဆမတန် ကိုယ်ခန္ဓာကြီးမားတဲ့ သားရိုင်းသတ္တ၀ါတွေရဲ့ အန္တရာယ်က ကာကွယ်ခဲ့သလို အဲဒီ ခွန်အားတွေနဲ့ပဲ ဒီကနေ့အချိန်ထိ လူသားဟာ ဟန်မပျက် ဆက်လျောက်နေနိုင်ခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့ခေတ်မှာတော့ အပေါ်ယံအာရုံတွေရဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်ယင်း လူသားဟာ ပညာကို မျက်ကွယ်ပြုချင်နေပါပြီ၊ ဒါဟာ လူသားအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး၊ ရေရှည်မှာ လူသားဟာ ပညာကို မျက်ကွယ်ပြုခြင်းရဲ့ မကောင်းကျိုးတွေကို ခံစားရမှာ မလွဲပါပဲ၊ ပညာမယှဉ်တဲ့အလုပ် ပညာမပါတဲ့ ပြကွက်တွေဟာ လူသားအတွက် အန္တရာယ်တွေပါပဲ၊ ပညာဆိုပြီး တလွဲဆံပင်ကောက်နေသူလည်း လောကမှာ အများအပြားပါပဲ၊

ပညာဆိုတာကို အသက်မွေးဝမ်းမှု့ပညာနဲ့ စိတ်ဖွံ့ဖြိုးမှု့ပညာရယ်လို့ နှစ်မျိုးခွဲခြားရမယ်ထင်ပါတယ်၊ ခေတ်ကာလတွေ ပြောင်းလဲရွေ့လျားလာတာနဲ့အမျှ အသက်မွေးဝမ်းမှု့ပညာတွေ အမျိုးမျိုးအဖုံဖုံတိုးတက် ပြောင်းလဲလာပေမဲ့ လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့ကတော့ စိုးရိမ်ရေအမှတ်အောက်ကိုတောင် ရောက်နေခဲ့ပါတယ်၊

လူသားရဲ့ဖန်တီးမှု့ကြောင့် အခုခေတ်ကာလမှာ ရှေ့တန်းရောက်နေတဲ့ အိုင်တီနည်းပညာနဲ့ သိပ္ပံပညာဟာလည်း လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့နဲ့ စာရိတ္တတိုးတက်မှု့ကို တစက်ကလေးမျှ အထောက်အကူ မပြုပါဘူး၊ တကယ်ဆိုယင် သိပ္ပံပညာရဲ့တိုးတက်လာမှု့ကြောင့် ကမ္ဘာကြီးဟာ ပိုပူနွေးလာပြီး ရေခဲတောင်ကြီးတွေပြိုလာတယ်၊ သဘာဝဘေးအန္တရာယ်တွေ ပိုထူပြောလာတယ်၊ ပေါက်ကွဲအားပြင်းတဲ့ လူသတ်လက်နက်တွေ အမျိုးမျိုးပေါ်လာတယ်၊ တကယ်တော့ ကျနော်ဟာ သိပ္ပံကိုဆန့်ကျင်သူတစ်ယောက်တော့ မဟုတ်ပါဘူး၊ သိပ္ပံပညာက လူသားအတွက် ကြီးမားတဲ့အထောက်အကူတွေ ပေးနိုင်ခဲ့တာဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ လူသားရဲ့ စိတ်ဖွံ့ဖြိုးမှု့နဲ့ စာရိတ္တတိုးတက်မှု့ကိုတော့ သိပ္ပံပညာဟာ ဘာအကူအညီမှ မပေးနိုင်ခဲ့ပါဘူး၊

ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၆၂၃ ခုနှစ်က မဇ္ဈိမဒေသမှာ ထူးခြားတဲ့ လူသားတစ်ယောက် ဖွားမြင်ခဲ့ပါတယ်၊ သူဟာ လူသား မိဘနှစ်ဦးက မွေးဖွားလာတာဖြစ်ပြီး လူတွေရဲ့ စိတ်ဖွိံ့ဖြိုးမှု့နဲ့ စာရိတ္တကောင်းမွန်မှု့ကို အလေးထားတဲ့ ဘာသာတရားတစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်၊ သူဟာ ဗုဒ္ဓဂေါတမဖြစ်ပြီး တည်ထောင်ခဲ့တဲ့ ဘာသာတရားကတော့ ဗုဒ္ဓဘာသာပဲဖြစ်ပါတယ်၊ ဗုဒ္ဓရဲ့ဟောပြောချက်များဟာ ခေတ်အဆက်ဆက်ပညာရှင်တွေရဲ့ ချီးမွမ်းမှု့ နှစ်လိုမှု့တွေရရှိခဲ့ပြီး နှစ်ပေါင်း ၂၅၅၃-ခုထိတိုင်အောင် လျောက်လှမ်းခဲ့တဲ့ သမိုင်းတလျောက်မှာလည်း ဗုဒ္ဓဘာသာအမည်နဲ့ သွေးမြေတစ်စက်ကျမှု့ မရှိခဲ့သလို ဗုဒ္ဓရဲ့တရားတော်တွေ ပျံ့ပွားအောင် လုပ်ဆောင်ကြတဲ့နေရာမှာလည်း မသမာတဲ့နည်းတွေနဲ့ သာသနာပြုခြင်း မရှိခဲ့ပါဘူး၊

ဗုဒ္ဓရဲ့ အဆုံးအမတရားတော်တွေကြောင့် လူသားနဲ့ လူသားကမ္ဘာဟာ ပိုပြီးလူသားဆန်လာပြီး ငြိမ်းချမ်းမှု့ကို တည်ဆောက်လာနိုင်ခဲ့ပါတယ်၊ ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်ကြံမိလို့ ဒုက္ခပင်လယ်ဝေခဲ့သူ ဘ၀နာပြီး ဆုံးရှုံးခဲ့သူ ဆိုတာ သမိုင်းမှာ မရှိပါဘူး၊ ဗုဒ္ဓတရားတော်ကြောင့် ဆင်းရဲဒုက္ခက လွတ်မြောက်သွားသူ ကိုယ် စိတ် အေးချမ်းမှု့ကို ရသွားသူတွေပဲ ရှိပါတယ်၊ ဒါ့အပြင် လူတိုင်းနားလည်သဘောပေါက်သင့်တဲ့ သစ္စာလေးပါး တရားဟာလည်း ကမ္ဘာ့ဘာသာကြီးအားလုံးထဲမှာ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်၊

ပြီး… ဗုဒ္ဓဟာ ရုပ်ဝတ္ထုတိုးတက်မှု့ထက် အတွင်းအဇ္ဈတ္တ စိတ်ဖွိံ့ဖြိုးတိုးတက်မှု့ကို ဦးစားပေးပါတယ်၊ စိတ်ဓာတ် ဖွိံ့ဖြိုးရင့်ကျက်တာနဲ့ လူသားဟာ ပူလောင်မှု့တွေကင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်နိုင်တော့တာပါပဲ၊ လူသားမှာ အရေးအကြီးဆုံးဟာ “စိတ်” ဆိုတာ ဗုဒ္ဓရှာဖွေတွေ့ရှိခဲ့ပါတယ်၊ စိတ်ကို ထိန်းချုပ်နိုင်သူ စိတ်ကို အောင်နိုင်သူဟာ အရာအားလုံးကို အောင်နိုင်သူပါပဲ၊ ငွေမချမ်းသာပေမဲ့ လူချမ်းသာသူတွေကို အများအပြား တွေ့ဖူးကြမှာပါ၊ သူတို့တွေဟာ စိတ်ကို ကောင်းကောင်းချုပ်တည်းနိုင်သူတွေပေါ့၊ ဗုဒ္ဓဟာ အတွင်းအဇ္ဈတ္တစိတ် ဖွိံ့ဖြိုးမှု့ကိုပဲဦးစားပေးတယ်ဆိုပေမဲ့ ရုပ်ဝတ္ထုတိုးတက်မှု့အတွက် ဥပေက္ခာတော့ မပြုခဲ့ပါဘူး၊ ချမ်းသာကြီးပွား ကြောင်း တရားလေးပါးတို့ အကရဏီယ (မပြုကျင့်ထိုက်သည့်)တရားတို့ ဟောခဲ့တာ အထင်အရှားပါပဲ၊

ဗုဒ္ဓရဲ့ အဆုံးအမတရားတွေဟာ လူသားနဲ့ လူသားကမ္ဘာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ၊ အဲဒီရတနာတွေကို နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်သည့်တိုအောင် မပျောက်မပျက် ထိန်းသိမ်းခဲ့သူတွေကို ကျေးဇူးတင်ရပါမယ်၊ သူတို့ဟာ နတ်ဘုရားလည်း မဟုတ်ပါဘူး၊ သိကြားမင်းလည်းမဟုတ်ပါဘူး၊ မိရိုးဖလာယုံကြည်သူတွေ အမြင်မှားနေတဲ့ သူရဿတီမယ်တော်လည်း မဟုတ်ပါဘူး၊ ဘုရားသားတော် ရဟန်းသံဃာတွေပါပဲ၊ သူတို့ဟာ ခေတ်အဆက်ဆက် ဆင်းရဲအမျိုးမျိုး ဒုက္ခအဖုံဖုံကိုရင်ဆိုင်ကျော်လွားပြီး လူသားနဲ့ လူသားကမ္ဘာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါတယ်၊ ယခုလည်း ထိန်းသိမ်းစောင့်ရှောက်ဆဲ နောင်လည်း ထိန်းသိမ်းစောင့်ရှောက်နေပါဦးမယ်၊

လူသားအတွက် အသိပညာငတ်မွတ်စိတ်ဟာ အရေးကြီးသလို အသက်မွေးမှု့ပညာထက် စိတ်ဖွိံ့ဖြိုးမှု့ပညာဖြစ်ဖို့လည်း အရေးကြီးပါတယ်၊ ဒါ့အပြင် ယင်းအသိပညာကို မတိမ်ကော မပျက်စီးအောင် ထိန်းသိမ်းသူတွေရဲ့ ကျေးဇူးတရားကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်၊ သူတပါးပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို ကျေးဇူးမှန်းသိခြင်း၊ ယင်းကျေးဇူးကို တတ်နိုင်သမျှပြန်ဆပ်ခြင်းဟာ ပညာရှိသူတော်ကောင်းတွေရဲ့ လမ်းစဉ်ဖြစ်ပါတယ်၊ လူသားဟာ အသုံးအဆောင် အစားအသောက်တွေကို ငတ်မွတ်ပြီး ရှာဖွေသလို အသိပညာကိုလည်း ငတ်မွတ်ပြီး ရှာဖွေကြဖို့လိုပါတယ်။ ။

***သူငယ်ချင်း ဆရာတော် ဘဒ္ဒန္တခေမိန္ဒာဘိဝံသ ၏ သကျသီဟဘိဝံသဘွဲ့တံဆိပ်တော်ရ ပူဇော်ပွဲအတွက် အမှတ်တရ

အရှင်အဂ္ဂ M.A (Thesis)
သာသနတက္ကသီလ ဓမ္မာစရိယ
B.A (Buddhism)
05/04/2010

Sunday, April 4, 2010

m.s.m.o အစည်းအဝေးဆုံးဖြတ်ချက်များ

ဝပ်တလုမ်-၄-၄-၂၀၁၀။

့M.S.M.O အဖွဲ့၏ အစည်းအဝေးတရပ်ကို ယနေ့ နေ့လည်ပိုင်းတွင် ဝပ်တလုမ်ကျောင်း၌ ကျင်းပပြုလုပ်ရာ အောက်ပါလုပ်ငန်းစဉ်များအား ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

ယဉ်ကျေးမှု သင်တန်းပြဆရာ ၈-ပါး

ဦးကောဝိဒ (အကြီး)
ဦးကုဏ္ဍလ
ဦးပညာသာရဗောဓိ
ဦးသုန္ဒရ
ဦးသုမင်္ဂလ
ဦးစက္ကိန္ဒ

ကွန်ပျူတာဆရာ ၈ ပါး။

ဦးပညာလင်္ကလာရ
ဦးပညာဇောတ
ဦးကောဝိဒ(အငယ်)
ဦင်္းစန္ဒာသိရီ
ု ဦးစန္ဒိမာ
ဦးတေဇိန္ဒ
ဦးဣန္ဒော
ဦးသိက္ခိတ

အင်္ဂလိပ်စာ ဆရာ ၇-ပါး

ဦးအဂ္ဂ၀ံသ
ဦးအာစာရ
ဦးတေဇနိယ
ဦးဝိသုဒ္ဓ
ဦးအဂ္ဂါစာရ
ဦးက၀ိန္ဒ
ဦးနန္ဒိယ။

၎င်းအပြင် ပညာရေးကော်မတီ ၉ ပါး ကိုလည်း အထက်ပါ သင်ကြားရေးအဖွဲ့မှ ၃-ပါးစီ ရွေးချယ်ခန့်အပ်သည်။
ယင်းတို့မှာ--

ဦးကောဝိဒ
ဦးအဂ္ဂ၀ံသ
ဦးသုမင်္ဂလ
ဦးပညာသာရဗောဓိ
ဦးစန္နိမာ
ဦးအိန္ဒောဘာသ
ဦးပညာဇောတ
ဦးကဝိန္ဒ
ဦးတေဇနိယ

၁။ဒကာ ဒကာမများ၏ ပညာသင်ကြားရေး ကျောင်းသားဝင်ထွက်စာရင်းကို သင်ကြားရေးအဖွဲ့များက ကိုင်မည်။
၂။စာသင်သားသံဃာစာရင်း စတုပစ္စယ ဒကာ ဒကာမများစာရင်းကို လက်ရှိအသင်း၏ အတွင်းရေးမှုးများ ကိုင်တွယ်မည်။
၃။အသင်း၏ ပန်းဖလတ်ကိုလုပ်ဆောင်မည်။
၎။ပညာသင်ကြားရေး ကြော်ငြာစာကို သင်ကြားရေးကော်မတီဝင်များက လုပ်ဆောင်မည်။
၅။ ၁၁.၄.၂၀၁၀ တနင်္ဂနွေ ညနေ ၃ နာရီမှာ ရွှေည၀ါဆရာတော်အမှုးပြု၍ ရုံးခန်းဖွင့်လစ်မည်။
၆။ အသင်းဗွီနိုင်းကို ဖွင့်ပွဲမှီရင်သုံးမည် မမီရင် ပိတ်ပေါ်မှာ စာလုံးထွင်း၍သုံးမည်
၇။ ပါချူပ်ဆရာတော်ထံဝင်၍ ဆွေးနွေးရန်။ အသင်း၏ဗွီနိုင်းမူကြမ်းကိုဓာတ်ပုံကူး၍ယူသွားရန်နှင့် လက်မှတ်ထိုးရယူရန်။ (အင်္ဂါနေ့သွားရန်)
၈။ သံရုံးသင်္ကြန်တွင်းဆွမ်းစား ၁၂။ ၁၃။ ၁၄။ ၁၅။ အာရုဏ်ဆွမ်း ငါးပါး ကြွရန်။ ကြွမည့်သံဃာကို လက်ရှိသံဃာစာရင်းအားလုံးမှ မဲဖေါက်မည်။
၉။ အသင်း၏ အလှူခံဖြတ်ပိုင်းပြုလုပ်ရန်။

Saturday, April 3, 2010

ကျေးဇူးတင်မော်ကွန်းလွှာ

ယခုကဲ့သို့ M.S.M.O အဖွဲ့ ၏ ရန်ပုံငွေ တရားပွဲဖြစ်မြောက်ရေးအတွက် စေတနာသဒ္ဓါတရား သက်သက်ဖြင့် ချီးမြောက်တော်မူသော M.S.M.O.အဖွဲ့ကြီး၏ သြ၀ါဒါစရိယဖြစ်တော်မူသော တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိကဘွဲ့ တံဆိပ်တော်ရ ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ (Ph.D) ဆရာတော်အား ဦးထိပ်ထား၍၊

Assumption University မှ ဆရာမကြီး ဒေါ်ကြည်ကြည်တင် အမှူးပြုသည့် ဒါယကာ၊ ဒါယိကာမအပေါင်း။

လင်းမ်လိုင်းအထည်ချုပ်စက်ရုံမှ ဦးအောင်၊ ဦးသိန်းအောင်၊ ဦးဗိုလ်ဝင်း၊ ဦးနိုင်၊ ဦးမုတ်ဆိတ်၊ ဦးသန်းဇော်ထွေး၊ ဦးတိုး၊ ဦးကိုဦး၊ ဦးစိန်ဝင်း၊ ဦးထိုက်၊ ဦးဝင်းမြင့်၊ ဦးစုံထရာနှင့်ကုမုဒြာအဖွဲ့ ၊ ဦးထင်ကျော်၊ ဦးစိုး၊ ရန်ကုန်ဦးရှည်ကြီး၊ မော်လမြိုင်ဦးရှည်ကြီး၊ LCUကိုယော (ကျောင်းဆရာ)၊ ကိုငွေခဲ၊ ကိုလစ်၊ ကိုအောင်အစရှိသည့် ဒါယကာ၊ ဒါယိကာမအပေါင်း။

ဘန်ဘွန်ငါးသေတ္တာစက်ရုံအနီးရှိ ထေရ၀ါဒယာယီစံကျောင်းအဖွဲ့နှင့်၊ ဒါယကာ၊ ဒါယိကာမအပေါင်း။

အလင်းပြကြယ်စင်စာကြည့်တိုက်အဖွဲ့၊ ၀ပ်ဟုန်အဖွဲ့၊ သဒ္ဓမ္မရောင်ခြည်အဖွဲ့ အစရှိသည့် ဒါယကာ၊ ဒါယိကာမအပေါင်း။

ဝပ်ကန်ဖား၊ ထီလဖွန်ပုဇွန်စက်ရုံမှ ဦးစိုးပိုင်၊ဦးကျော်ရဲအောင်၊ကိုဂျပန်၊ ဒေါ်ဖြူဖြူအောင် စသောဒါယကာ၊ ဒါယိကာမအပေါင်း။

တရားပွဲအသွားအလာ အဆင်ပြေချောမွေ့ရေးအတွက် ယာဉ်အလှူရှင် ကိုဆန်နီ ဇနီး မမိုးသူမြင့်၊ သား သီဟသူ၊ ကိုဇော်ကြီး+မမျိုးသီတာလွင်၊ ကိုမျိုးအောင်။

တရားဟောဓမ္မကထိကဆရာတော်အတွက် နေရာထိုင်ခင်း အခန်းအလှူရှင် ဒေါ်မြတင်မိသားစုနှင့် ကိုဆန်နီမိသားစု။
လင်းလိုင်းစက်ရုံ တရားပွဲတွင် တရားခွေ ရိုက်ကူးဖန်တီးလှူဒါန်းသူ ဗွီဒီယိုကင်မရာသမား ကိုရဲနိုင် (လင်းရောင်ခြည်-ဗွီဒီယို ထုတ်လုပ်ရေး) ။

အထက်ပါ ကျေးဇူးတင်ရှိထိုက်သူများ အပါအ၀င် -

တရားပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ၀ိုင်းဝန်း ပံ့ပိုး ကူညီပေးခဲ့ကြသော M.S.M.O ကျောင်းသားရဟန်းတော်များအားလုံးနှင့်၊ ကျေးဇူးတင်ထိုက်သည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား တရားပွဲဖြစ်မြောက်ရေးကော်မတီက ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

ပြန်ကြားရေး
တရားပွဲဖြစ်မြောက်ရေးကော်မတီ
M.S.M.O

တရားပွဲနှင့်ပတ်သက်သမျှ စာရင်းများ

1. Assumption University (ဧပက်တက္ကသိုလ်)ညတရားပွဲမှ လှူဒါန်းငွေ -၁၂၂၅၀ (26.MAR.2010)

2. လင်းမ်လိုင်းအထည်စက်ရုံ ညတရားပွဲမှ လှူဒါန်းငွေ - ၅၂၁၁၇ (27.MAR.2010)

3. ဘန်ဘွန် မနက်တရားပွဲမှ လှူဒါန်းငွေ -၄၄၅၀၀ (28.MAR.2010)

4. ထိုင်းယူနစ် ညတရားပွဲမှ လှူဒါန်းငွေ- ၃၂၄၆၅ (28.MAR.2010)

5. လင်းမ်လိုင်း သင်္ကန်းကပ် လှူဒါန်းငွေ -၂၀၀၀ (1.APR.2010)

စုစုပေါင်း ရရှိငွေ ၁၄၃၃၉၂

တရားပွဲသုံးစရိတ် ၁၉၇၇၂
-----------------
လက်ရှိဘဏ္ဍာငွေ ၁၂၃၆၂၀

တရားပွဲဖြစ်မြောက်ရေးအသုံးစရိတ်

စဉ် အမျိုးအမည် ကုန်ကျငွေ ရက်စွဲ
၁။ ဆေးဗူး (၉) ဗူး ၂၃၀ ၂၃.၃.၂၀၁၀
၂။ စုတ်တံ၊ သံခွေ ၄၀ ။
၃။ ဖော့လှီးဓား ၂၅ ။
၎။ ဖော့ ၂၇၂ ။
၅။ ဖော့ဝယ် ကားခ ၁၂၀ ။
၆။ လင်းလိုင်းသို့၊ ဗွီနိုင်းပို့အသွား/ပြန် ကားခ ၂၆၀ ။
၇။ ဆရာတော် နေထိုင်ရေး အသုံးပြုသည့် ကားခ ၂၄၀ ၂၄.၃.၂၀၁၀
၈။ လင်းလိုင်းသို့ ခင်းဖျာများ သွား/ပြန်ကားခ ၃၀၀ ။
၉။ ဗွီနိုင်း (၆) ခု လုပ်ခ ၂၄၀၀ ။
၁၀။ လေယာဉ်ကွင်းသို့ သွား/ပြန် ကားခ ၁၇၀၀ ၂၆.၃.၂၀၁၀
၁၁။ လေယာဉ်ကွင်း သွား/ပြန် ဆီဖိုး ၁၄၀၀ ။
၁၂။ လင်းလိုင်းအတွက် ဖျာငှါးခ ၁၀၀ ၂၃.၃.၂၀၁၀
၁၃။ ဆရာတော်ပြန်အပို့ကားခ ၁၈၀၉ ၃၀.၃.၂၀၁၀
၁၄။ ။ ဆီဖိုး ၉၃၀ ။
၁၅။ ဆရာတော်လေယာဉ်လက်မှတ်ပြောင်းခ ဒေါ်လာ ၁၅၀ ။
၁၆။ မဟာချိုင်-ဘန်ကောက်-လုတု ကားခ ၁၆၀၀ ၂၈.၃.၂၀၁၀
၁၇။ မဟာချိုင်-ဘန်ကောက်-လုတု ကားဆီခ ၁၁၀၀ ၂၈.၃.၂၀၁၀
၁၈။ လင်းမ်လိုင်းစက်ရုံတရားပွဲသို့တက္ကစီခ ၁၅၀ ၂၇.၃.၂၀၁၀
၁၉။ အယုဒ္ဓယ-ဧပက်-ပွဲကြိုကားခ ၅၀၀ ၃၀.၃.၂၀၁၀
၂၀။ ဘန်ဘွန်တရားပွဲလမ်းစရိတ် ၁၅၀၀ ၂၇.၃.၂၀၁၀
၂၁။ ကော်မတီစည်းအဝေးသုံးကားခ ၂၀၀ ၁.၃.၂၀၁၀


စုစုပေါင်း ရရှိငွေ ၁၄၃၃၉၂

တရားပွဲသုံးစရိတ် ၁၉၇၇၂
-----------------
လက်ရှိဘဏ္ဍာငွေ ၁၂၃၆၂၀

လက်ရှိဘဏ္ဍာငွေ (၁၂၃၆၂၀) ကို တရားပွဲဖြစ်မြောက်ရေးဘဏ္ဍာရေးမှူး-အရှင်ကုဝေရ-မှ m.s.m.o အဖွဲ့ ၏ဘဏ္ဍာရေးမှူး အရှင်သုန္ဒရသို့ လွှဲပြောင်ပေးအပ်လိုက်ပြီဖြစ်ပါကြောင်း ။


ပြန်ကြားရေးအဖွဲ့
တရားပွဲ ဖြစ်မြောက်ရေးကော်မတီ
ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

Friday, April 2, 2010

အစည်းအဝေးဖိတ်ကြားလွှာ

အစည်းအဝေးဖိတ်ကြားလွှာ

၁။ ပညာသင်ကျောင်းသား/သူများ အ၀င်/အထွက် စာရင်း နှင့် အဖွဲ့ဝင်ကျောင်းသား သစ်များ registration အတွက်ကော်မတီဝင် ထပ်မံတိုးချဲ့ ဖွဲ့စည်းရန်။
၂။ မြန်မာ အလုပ်သမားများအား စာသင်ပေးရန်အတွက် ပညာရေးကော်မတီ ဖွဲ့စည်းရန်။
၃။ ရုံးခန်း ဖွင့်လှစ်ပွဲ အတွက် ဆွေးနွေးရန်။
အထက်ပါ အချက်အလက်များနှင့် ပတ်သက်ပြီး အစည်းအဝေး ကျင်းပမည် ဖြစ်ပါသောကြောင့်
(၄၊၄၊၂၀၁၀) တနင်္ဂနွေနေ့ ၁း၃၀ အချိန်တွင် ၀ပ်တလုံးကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပါသောကြောင့်
ကျောင်းသားရဟန်းတော်များ အားလုံးမပျက်မကွက် တက်ရောက်ကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။
Myanmar Student Monks Organization in Thailand. Powered by Blogger.