Monday, April 26, 2010

အသိပေးလျောက်ထားလွှာပါဘုရား

သံဃာတော်အရှင်သူမြတ်တို့ဘုရား ယခင်အစည်းဝေးဆုံးဖြတ်ချက်များ နှင့်အညီ M.S.M.O သင်တန်းကျောင်းကို 25/4/2010 တွင် အောင်မြင်စွာ ဖွင့်လစ်သင် ကြားနိုင်ခဲ့ပြီဖြစ်ပါသည်ဘုရား၊ သင်ကြားမည့်ဘာသာရပ်များနှင့် အချိန်စာရင်းများ၊ သင် တန်းဆရာများကိုလည်း အသင်း၏ blog တွင်၎င်း၊ အစည်းဝေးများတွင်၎င်း အသီးသီး အသိပေးလျောက်ထားပြီးဖြစ်ပါသည်ဘုရား၊

23/4/2010/ အစည်းဝေး၏ သဘောတူဆုံးဖြတ်ချက်ဖြင့် သင်တန်းကာလကို ၁/၂၀၁၀ (၃)လသတ်မှတ်ထားပါသည်၊ စာရင်းပေးသွင်းထားကြသော သင်တန်းနည်းပြဆရာတော်များသည် အားလပ်ရက်ဖြစ်သော ကြောင့် အချို့ဆရာတော်များမှာ ခရီးသွားနေကြ၍ ဆရာအင်အားများလည်း နည်းနေပါသေးသည်ဘုရား၊ ယ္ခုဆွဲထားသော အချိန်ဇယားသည် လက်ရှိဆရာအင်အားနှင့် ယာယီဆွဲထားခြင်းမျှသာ ဖြစ်ပါသည်ဘုရား၊

ခရီးသွားသည့် ဆရာတော်များ၊ စာရင်းပေးသွင်းထားသော်လည်း အကြောင်း ကြောင်းလေးတွေကြောင့် သင်ကြားမှုကို မစတင်နိုင်သေးသော ဆရာတော်များ အဆင်သင့်ဖြစ်လျှင် ပညာရေးကော်မတီများနှင့် ညှီနိုင်းတိုင်ပင်၍ သင့်တော်သလို ထပ်မံစီစဉ်မည်ဖြစ်ပါသည်ဘုရား၊ စာရင်းမပေးသွင်းရသေးသော ဆရာတော်များလည်း ပညာရေးကော်မတီသို့ အချိန်မရွေး စာရင်းပေးသွင်းနိုင်ပါကြောင်း လျောက်ထားအပ်ပါသည်ဘုရား။
အထူးလျောက်ထားလိုသည်မှာ သံဃာတော်များတွက် စနေနေ့တွင် သီးသန့်သင်တန်း များစီစဉ်ထားပါသည်ဘုရား၊ ယခင်ဖွင့်လစ်ခဲ့သော ထိုင်းဘာသာသင်တန်းမှာ ထိုင်းနိုင်ငံ ၏ နိုင်ငံရေးအခြေနေအရ ရပ်နားထားရသဖြင့် ယ္ခု M.S.M.O ရုံးခန်းတွင် ထပ်မံဖွင့်လစ်ခြင်း ဖြစ်ပါသည်ဘုရား၊ ကွန်ပျူတာသင်တန်းဖွင့်လစ်ရန် အတည်ပြုဆုံးဖြတ်ထားကြသော်လည်း ဆရာအခက်ခဲ၊ နေရာအခက်ခဲတို့ကြောင့် ကြံ့ကြာနေခဲ့ပါသည်ဘုရား၊

ကွန်ပျူတာသင်တန်းသည်လည်း သံဃာတော်များအတွက် အင်မတန်မှ အရေးကြီးပါ သည်ဘုရား၊ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်တွင် ကွန်ပျူတာမကိုင်တတ်လျှင်မဖြစ်၍သော်၎င်း၊ တပည့်တော်များသည် ဒကာ၊ ဒကာမများအားပြန်လည်သင်ကြားပေးလျှင် မိမိ ကိုယ်တိုင် စနစ်တကျတတ်မြောက်ရန်လိုအပ်သောကြောင့်၎င်း၊ ဤသင်တန်းကိုဖွင့်လှစ်ရ ခြင်းဖြစ်ပါသည်၊ သင်တန်းအချိန်နှင့် သင်တန်းဆရာများကိုလည်း blog တွင် အသိပေး လျောက်ထားပြီးဖြစ်ပါသည်၊

ကွန်ပျူတာဆရာမှာ စေတနာဖြင့် ပညာဒါနပြုကုသိုလ်ယူ သင်ကြားပေးခြင်းဖြစ်ပါသည်၊ ထိုင်းဘာသာသင်တန်း ဆရာများမှာ စနေနေ့တွင့် (၅၀၀)ဘတ်၊ တန၈င်္နွေနေ့တွင် (၄၀၀)ဘတ် အသီးသီးပေးရပါသည်ဘုရား၊ ၄င်းငွေကြေးသည် လမ်းစရိတ် မျှသာရှိ၍ တစ်ခါတစ်ရံတွင်လည်း ပြန်လည်လှူဒါန်းခဲ့ကြပါသည်ဘုရား၊ သင်တန်းသား/ သူများ လှူဒါန်းသော ဝတ္ထုများကိုလည်း စာရင်းများဖြင့် သေချာစွာလကံ္ခ၍ ရုံးခန်း၏လစာ နှင့် အသုံးစရိတ်တွက် သုံးစွဲမည်ဖြစ်ကြောင်းလည်း အစည်းဝေးများတွင် အတည်ပြုပြီး ဖြစ်သလို ယ္ခုလည်း ထပ်မံ၍အသိပေးလျောက်ထားအပ်ပါသည်ဘုရား၊

သင်တန်းနည်းပြ ဆရာတော်များသည် မိမိစရိတ်ဖြင့် သွားရောက်သင်ကြားပေးရသောကြောင့် ဆရာများ ၏ဆွမ်းစရိတ်ကို အသင်း၏ဘဏ္ဍာထဲမှ သုံးစွဲမည်ဖြစ်ကြောင်းကိုလည်း လျောက်ထား အပ်ပါသည်ဘုရား၊ အချုပ်အားဖြင့်လျောက်ထားလိုသည်မှာ တပည့်တ်ေများသည် ပညာရှင်များမဟုတ်ကြသည်အတွက် ဘုရားတပည့်တော်များ၏ လုပ်ဆောင်ချက်များ ချွတ်ယွင်းတိမ်းချော် နေလျှင်သော်၎င်း၊ လိုအပ်ချက်များရှိနေလျှင်သော်၎င်း၊ အချိန်မရွေး အပြုသဘောဖြင့် ဝေဖန်တည့်မတ် အကြံပေး ပြုပြင်နိုင်ပါကြောင့် ပန်ကြားရင် သံဃာတော်များအား လျောက်ထားလွှာကို ဤမှာတင် နိဂုံးချုပ်အပ်ပါသည် ဘုရား

အရှင်တေဇ

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.