Saturday, April 10, 2010

အသိပေးခြင်း

ကျောင်းသားဝက်ဆိုက်ကို myanmarstudentmonks.blogspot.com မှ msmointhailand.com (အဓိပ္ပါယ်-msmo in thailand) သို့ အမေရိကားတွင်အခြေချနေထိုင်သော သူငယ်ချင်း ကဗျာဆရာ နေသစ်မှူး ၏ ကူညီလှူဒါန်းမှု့ဖြင့် မြန်မာပြည်တွင်းမှ ရဟန်းသံဃာတော်များ ဖတ်ရှု့နိုင်ရန် ဒိုမိန်းကို ပြောင်းလဲလိုက်ပါသည်၊

လုပ်ချင်သည်မှာ msmo.com ဖြစ်သော်လည်း ယင်းမှာ အခြားသူများ ၀ယ်ပြီးဖြစ်နေ၍ မရပါ၊ ထို့ကြောင့် မှတ်သားရ လွယ်ကူစေရန် အထက်ပါအတိုင်း msmointhailand.com (အဓိပ္ပါယ်-msmo in thailand) သို့ ပြောင်းလိုက်ပါသည်၊ အရေးတကြီး စီစဉ်လိုက်ရ၍ တပည့်တော်၏ တစ်ဦးတည်းဆန္ဒနဲ့ လုပ်လိုက်မိသော်လည်း မည်သူ့အကျိုးကိုမှ မဆုတ်ယုတ် မထိခိုက်သည့်အတွက် ရဟန်းတော်များအားလုံး ကျေနပ်နှစ်သက်လိမ့်မည်ဟု မျော်လင့်ပါသည်၊ အကယ်၍ မကျေနပ် မနှစ်သက်သူများ ရှိခဲ့ပါလျင်လည်း တပည့်တော် အနူးအညွတ် တောင်းပန်အပ်ပါသည်၊

တပည်တော်တော့ ကျောင်းသားဝက်ဆိုဒ်လေး blogspot.com မှ .com သို့ ပြောင်းလိုက်ရ၍ များစွာ ကျေနပ်ပီတိဖြစ်မိပါသည်၊ သူငယ်ချင်း ကဗျာဆရာ နေသစ်မှူး ကိုလည်း ကျောင်းသားသံဃာတော်များ အားလုံးကိုယ်စား များစွာ ကျေးဇူးတင်ကြောင်းကို ဤနေရာမှနေ၍ ပြောကြားအပ်ပါသည်၊ .com domin ၀ယ်ယူခ တစ်နှစ်စာ ၁၀- ဒေါ်လာကျပါသည်၊ ယခုနှစ်စာကို ကဗျာဆရာ နေသစ်မှူး မှ ကုသိုလ်ပြုပါသည်။

အသျှင်အဂ္ဂ
10/04/2010

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.