Friday, May 28, 2010

Ring of Bell

Life is like the flying of a woodpecker,
It goes up and down.

By egoism, i'm fully i am,
the thing is truly mine
Thus, those who cling for them fall down finally.

Those themselves named as Masters
And announced as possessors of earth and sky
knee down for what they've done one day.

If we cannot foresee what will happen within one second,
If we cannot predict the future of half an hour and one o'clock,
If we don't see the commence of life, previous existence and here after,

So, in which fields you're expert
in which cases you're good at,
For what you're very proud of,
And for what you think highly of yourself.

Ashin Agga
28/052010


ခေါင်းလောင်းသံ

ဘ၀ဟာ ခေါက်ရှာငှက်လိုပဲ
နိမ့်လိုက် မြှင့်လိုက်၊

အတ္တစွဲတွေနဲ့
ငါ မှ ငါ
ငါ့ဥစ္စာ မှ ငါ့ဥစ္စာ
အဲဒီလို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခဲ့သူတွေဟာလည်း
နောက်ဆုံးမှာတော့ ပြိုလဲသွားကြ၊

ကိုယ့်ကိုယ်ကို အရှင်သခင်လို့ သမုတ်ခဲ့သူတွေ
ကိုယ့်ကိုယ်ကို မိုးနဲ့မြေကို ပိုင်သသူလို့ တင်စားခဲ့သူတွေဟာလည်း
တနေ့မှာတော့ အဲဒါတွေကို ဒူးထောက် သွားခဲ့ကြ၊

တစ်စက္ကန့်အတွင်းမှာတောင် ဘာတွေဖြစ်လို့ ဘာတွေပျက်မယ် မမြင်တတ်သေးတာ
နာရီဝက် တနာရီဆိုတဲ့ အနာဂတ်ကိုတောင် ကြိုပြီးမဖတ်နိုင်သေးတာ
ကိုယ့်ဘ၀ အစကိုတောင် မသိဘဲ
ဘယ်ကလာလို့ ဘယ်ကိုခရီးဆက်မယ် မသိနိုင်သေးတာ

ဒါဆို သင် ဘာတွေ တော်နေတာလဲ
သင် ဘာတွေ တတ်နေတာလဲ
သင် ဘာတွေ မာန်တက်နေတာလဲ
သင် ဘာတွေ ဘ၀င်မြှင့်နေတာလဲ။

အသျှင်အဂ္ဂ
28/05/2010

အင်တာနက်တပ်ဆင်ပြီးကြောင်း အသိပေးလျောက်ထားလွှာ

M.S.M.O သံဃာတော်အရှင်မြတ်တို့ဘုရား အပတ်စဉ် စနေနေ့တိုင်းဖွင့်လှစ်လျှက်ရှိသော သံဃာတော်များ အတွက် ကွန်ပျူတာသင်တန်းကို နိုင်ငံရေး အခြေအနေကြောင့် လွန်ခဲ့သောအပတ်က ခေတ္တရပ်နားခဲ့ပါသည်၊ ထိုသင်တန်းကို ယ္ခုပတ် (29/5/2010) တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေး လျှောက်ထား အပ်ပါသည်ဘုရား။

တစ်ဆက်တည်းလျှောက်ထားလိုသည်မှာ

သံဃာတော်များအတွက်ဖွင့်လှစ်ထားသောထိုင်းသင်တန်းကိုလည်း နွေရာသီကျောင်းပိတ်ချိန် ခရီးယာယီ ကြွချီနေကြ၍ ရပ်နားထားကြောင်း လျှောက်ထားပြီးဖြစ်ပါသည်၊ ၄င်းသင်တန်းကိုလည်း လာမည့်အပတ်(5/6/2010)စနေနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါ ကြောင်းလျှောက်ထားအပ်ပါသည်ဘုရား။

ယ္ခုအပတ်တွင် ပညာရေးကော်မတီများအစည်းဝေးကျင်းပ၍ ယာယီရေးဆွဲထားသော အချိန်ဇယားများ
ပြန်လည်ရေးဆွဲခြင်းနှင့် လိုအပ်သောလုပ်ဆောင်ချက်များ ပြန် လည်ပြုလုပ်ရန်ရည်ရွယ်ခဲ့သော်လည်း အဖွဲ့ဝင်အတော်များ မစုံလင်သေးသဖြင့်၎င်း၊

ဒု-ဥက္ကဌဆရာ တော်မှလည်း ပညာရေးကော်မတီများ စုံလင်မှသာလျှင် စည်းဝေးရန်ပို၍သင့်တော်ကြောင်း အကြံပေး သောကြောင့်၎င်း၊ ပညာရေးကော်မတီများ အစည်းဝေးကို မကျင်းပသေးခြင်းဖြစ်ကြောင်း လျှောက်ထား အပ်ပါသည်ဘုရား။

ရုံးခန်းတွင် ဆက်သွယ်ရေးလွယ်ကူစေရန် မရှိမဖြစ်လိုအပ်မှုကြောင့် အင်းတာနက်တပ်ဆင်ပြီးပါ ကြောင်းနှင့် ကွန်ပျူတာများထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အစောင့်တစ်ယောက်ကိုလည်း ခေတ္တ ယာယီ ထားရှိထားပါကြောင်း အသိပေးလျှောက်ထားလိုက်ရပါသည်သံဃာတော်အရှင်သူမြတ်တို့ဘုရား။

အရှင်တေဇ

Tuesday, May 25, 2010

အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (ထိုင်း) သို့ အလှူငွေများဆက်ကပ်လှူဒါန်း

9/5/2010 နေ့= မတင်နုနှင့် သူငယ်ချင်းများမှ ၅၀၃၀ ဘတ် နှင့်
23/5/2010 နေ့ =မမြတ်မြတ်နှင့် သူငယ်ချင်း (ထိုင်းယူနစ်)များ ၄၀၀ ဘတ် တိတိကို ဆရာတော်ဦးဇောတိက မှ လက်ခံရယူပြီင်္း။

23/5/2010 နေ့= မဟာချိုင် ကထွန်ဘန်မြို့နယ်၊ ဝေါပေါအောရပ်ကွက်၊ ဆွယ် (၁၁)၊ (world knitting CO,LTD.) မှ ဒေါ်မေဝင်းနှင့် သူငယ်ချင်းများမှ ၃၃၆၁ ဘတ် တိတိကို ဆရာတော်ဦးနန္ဒောဘာသ မှ လက်ခံရယူပြီး မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

Tuesday, May 18, 2010

Dear Students,

I’d like to announce to you again about Orientation, it was changed on 20th May, 2010. It will be held on the 31st May, 2010 at the same place and time. So, on the 20th May, you should not go to MCU, Wangnoi, Ayutthaya. If you know new students, could you inform them know about that.





For the registration and timetable, I’ll inform to you again.



With Metta



B.A. English Programme

Sunday, May 16, 2010

အပေါ်ကို မော့ကြည့်ပါ


တစ်နေ့သ၌ အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်၊ ပန်းဆိုးတန်းစာအုပ် အဟောင်းဆိုင်များနှင့် အလှန်းဝေးနေသည်အားလျှော်စွာ၊ ဗဟုသုတရလို ရငြားဖြင့် နီးစပ်ရာ ဘလော့ပေါင်းများစွာတို့ကို၊ ဝင်ရောက်ဖတ်ရှု့နေရင်း၊ တစ်နေရာသို့ အရောက်တွင်။
သတိမော့မကြည့်ရ ဟူသော၊ ကန့်သတ် တားမြစ်ချက်ကို တွေ့ရသဖြင့်၊ ကြည့်ဖြစ်အောင် မော့ကြည့်မိလေတော့၏။

မှန်ပါပေသည်၊ ဘန်ကောက်သူလေးများ၏ ဝတ်ပုံစားပုံများနှင့် အလွန်တစ်ရာမှ ပေါများလှသော လူကူးခုန်းကျော် တံထားများသည်၊ တကယ်ပင်လျှင် အပေါ်သို့ မော့မကြည့်ဝံ့စရာ။ သို့သော်လည်း အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်ကား ကြည့်ဖြစ်အောင် ကြည့်မိသည် သာတည်း။

ဘန်ကောက်သူလေးများ၏၊ စကပ်တိုတို ခါးပေါ်ပေါ်၊ ဝတ်စားဆင်ယင် ထားခြင်းသည်ကား ဒီအရပ်နှင့် ဒီဇာတ် လိုက်ဖက်ညီလှ သောကြောင့်၊ အပေါ်ကို မော့မကြည့်ရသည်ကို၊ အကျွနုပ်ကပ္ပိယတစ်ယောက်အနေဖြင့်၊ ဘာမှမပြောလိုတော့ပေ။

သတိ အပေါ်ကို မော့ကြည့်ပါဆိုသော ဆိုင်းပုတ်လေးကြောင့်၊ မလွဲသာ အရှောင်သာ အပေါ်ကို မော့ကြည့်ခဲ့မိ၍၊ (မအေနှင့်) ကော်တုတ် ခံခဲ့ရဖူးသော၊ မြန်မာနိုင်ငံ တစ်နေရာမှ အကျွန်ုပ်၏ ဖြစ်ရပ်ကိုကား၊ လူစုံတုန်းရှင်းပြရပေတော့မည်။

အကျွန်ုပ်သည် ငယ်ပေါင်းသူငယ်ချင်းများဖြစ်သော ဒဂုံတက္ကသိုလ်ကျောင်းသူ လေးများနှင့်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကိုယ့်ဌာနေ ကိုယ်မပြန်ခင်၊ ရန်ကုန်မြို့အနှံ့ ကားစီးလုံးငှားကာ၊ ဘုရားဖူးထွက်လာခဲ့ကြလေ၏။ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ကမ္ဘာအေး၊ စွယ်တော်၊ ထိုမှတစ်ဆင့် ဒဂုံတက္ကသိုလ်သို့ အပြန်လမ်းတွင်၊ မယ်လမုဘုရားကိုလည်း ဝင်ခဲ့ကြလေ၏။

မယ်လမုဘုရားသို့ အရောက်တွင်ကား၊ နေ့လည်က စားတော်စုံခဲ့သမျှ ခဝါချချင်လာသဖြင့်၊ အိမ်သာကို လိုက်ရှာရသေတော့၏၊ အကျွန်ုပ်နည်းတူပင်လျှင် အားလုံးသော မိန်းခလေးများမှာလည်း၊ အိမ်သာအတွက် တီးတိုးတိုင်ပင်နေကြလေပြီ။
အလွန်တစ်ရာမှ လိမ္မာပါးနပ်သော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်၊ ချက်ချင်းဆိုသလို အကဲခတ်မိကာ၊

ဟေ့-ကလေးမလေးတွေ၊ ဟော့-ဟိုမှာ အိမ်သာရှိတယ်၊ ငါအရင်သွားလိုက်မယ် ပြီးမှနင်တို့အလှည့် ဟု ဆိုကာ၊ အိမ်သာရှိရာသို့ ဒုန်းစိုင်းခဲ့လေ၏။

လက်ရှိ မယ်လမုဘုရားဝင်းတွင် အသုံးပြုနေသော အိမ်သာမှာ ထိုစဉ်က ဆောက်လုပ်ဆဲသာ ဖြစ်သေး၍၊ ယာယီအသုံးပြုနိုင်ရန်၊ အထပ်သားများဖြင့် ပြုလုပ်ထားသော အိမ်သာတစ်လုံးသာလျှင်ရှိလေသည်။

အကျွန်ုပ်သည် ဘာကိုမျှဂရုမစိုက်တော့ပဲ၊ အိမ်သာထဲ့သို့ ဝုန်းခနဲဝင်ကာ၊ တံခါးကို ဒုန်းခနဲ ပိတ်လိုက်ပြီး ဆပ်ခနဲထိုင်ချလိုက်ပြီးမှ၊ ဘေးဘီးဝဲယာကို အကဲခပ်မိတော့၏၊ ကျွန်ုပ်၏ ရှေ့တည့်တည့် တံခါးရွက်တွင်ကား၊ ဆေးရောင်အဖြူဖြင့် ရေးထားသော သတိ အပေါ်ကို မော့ကြည့်ပါ ဟူသော သတိပေးစာတမ်းလေးကို၊ လမ်းညွန် မျှားလေးနှင့်တကွ၊ တွေ့ရလေတော့၏။

အကျွန်ုပ်သည်လည်းစိတ်ဝင်စားလွန်းလှသဖြင့်၊ အလို…ဘာများပါလိမ့်ဟု အကြံဖြင့်၊ မျှားပြရာသို့ အစဉ်အတိုင်းလိုက်၍ အပေါ်ကို့ မော့ကြည့်ရာ၊ မျက်နှာကျက်သို့ ရောက်သည့်တိုင်အောင်၊ မျှားက မဆုံးသေချေ၊ ကျွနုပ်သည် စိတ်ဝင်စားလွန်းသော ကြောင့်သာ ခေါင်းကို မော့နိုင်သမျှမော့၍၊ ကြည့်ရှု့နေလေတော့၏။

အကျွန်ုပ်၏ဘဝတွင်၊ ထိုအခါကကဲ့သို့  ဘယ်တုန်းကမျှ ခေါင်းကို ထိုင်လျှက်နှင့် မမော့ဖူးချေတကား။ ခေါင်းကို အစွမ်းကုန် မော့ပြီးမှ၊ လမ်းညွန်မျှားလေး၏ အဆုံးတွင်၊ ရေးသားထားသောစာမှာ (နားနဲ့ မနာ ဖဝါနဲ့သာနာကြပါတော့)၊

ငါ့ (…) စားချင်လို့ကြည့်လား။ ဟူသော စာတန်းလေးကို တွေ့ရသဖြင့်၊ နဂိုကမှ ခေါင်းကို အစွမ်းကုန် မော့ထားရသဖြင့် သိပ်ဘဝင်မကျလှသော အကျွန်ုပ်သည်၊ ဖျင်းခနဲ ဒေါသထွက်လေတော့၏။

အကျွန်ုပ်ကဲ့သို့ပင်လျှင် ၄င်းအိမ်သာကို ဝင်ခဲ့ကြသော၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေးများသည်လည်း၊ အပေါ်ကို မော့ကြည့်ခဲ့ကြမည်မှာ သေချာလေတော့၏။

ထိုမှတစ်ဆင့် အိမ်အပြန်လမ်း ကားပေါ်တွင်ကား၊ ကျွန်ုပ်တို့ လူတစ်စုသည်၊ အနည်းငယ်တိတ်ဆိတ်နေကြပြီးမှ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာဖြင့်၊ ကြိုတင်တိုင်ပင်ထားဖိသကဲ့သို့၊ သတိ အပေါ်ကိုမော့ကြည့်ပါ ဟု ပြိုင်တူရွတ်ဆိုကာ၊ ဝါး..ဟား ဟား။ ဟူ၍ ရယ်မိကြလေတော့သတည်း။

Friday, May 14, 2010

ကွန်ပျူတာနှင့်ထိုင်းသင်တန်းအတွက် လျှောက်ထားလွှာ

သံဃာတော်အရှင်သူမြတ်တို့ဘုရား ကွန်ပျူတာသင်တန်းနှင့်ထိုင်းသင်တန်းကို သံဃာတော်များတွက် M.S.M.O ရုံးခန်းတွင်ဖွင့်လှစ်ထားကြောင်း လျှောက်ထားအသိပေးပြီးဖြစ်ပါသည်ဘုရား၊ ထပ်မံလျှောက်ထားလိုသည်မှာ ထိုင်းသင်တန်းကို ကျောင်းပိတ်ရက်ဖြစ်၍ ခရီးသွားကြသောကြောင့် ခေတ္တခနရပ်နားထားပါသည်၊ ကွန်ပျူတာသင်တန်းကိုတော့ ဆက်လက်ဖွင့်ထားပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား၊ ထိုင်းစာသင်တန်းပြန်လည်ဖွင့်မည့်ရက်ကိုလည်း ထပ်မံ၍ ကြေငြာမည်ဖြစ်ပါကြောင်း လျောက်ထားအပ်ပါသည်ဘုရား။
ပညာရေးကော်မတီ
M.S.M.O

Thursday, May 13, 2010

ANNOUNCEMENT OF B.A

B.A. Program


Dear Students,

Last time I announced to all you about the registration on 17th of May, 2010. Then, I have to change the registration again because on 17th May we have the orientation (all faculties) at Buddhist Holl of Wat Mahadhatu, Bangkok. Some students are uncomfortable to join this activity. Then, the orientation of the Faculty of Buddhism will be held on 20th of May at Wangnoi, Ayutthaya.

For the registration, I will announce to you again.

Then, the first semester will start on 31th May, 2010.


With Regards,

B.A. English Programme

ကွန်ပျူတာဝယ်ယူပြီးကြောင်း လျှောက်ထားလွှာ

သံဃာတော်အရှင်သူမြတ်တို့ဘုရား အားလုံးလျောက်ထားပြီးသည့်အတိုင်း မရှိမဖြစ်လိုအပ်ချက်ကြောင့် COMPUTER (၅)လုံး ယနေ့(13/5/2010)ကြာသပတေးနေ့စွဲဖြင့် ဝယ်ယူခဲ့ပါသည်၊ ဈေးနုန်းများကို အောက်တွင် စာရင်းနှင့်တကွ တင်ပြထားပါသည်၊ MOTHER BOARDသည် SECONDဝယ်လျှင် (၅၀၀၀)ခန့်ကျပါမည်၊ အာမခံမရှိပါ၊ အဟောင်း၏ သဘောအတိုင်း မကြာမကြာပျက်ပါလိမ့်မည်၊ ပြင်ခနှင့် ဈေးချိုသည်နှင့် ကာမိမည်မဟုတ်ပေ၊ သို့အတွက်ကြောင့် အသစ်ကိုဝယ်ရခြင်းဖြစ်ပါသည်၊ အသစ်သည်လည်း အဟောင်းနှင့် ဈေးနုန်းသိပ်အကွာကြီးမဟုတ်လှပါ၊ တစ်လုံးကို(၆၉၅၀) ကျပါသည်၊အာမခံရှိသောကြောင့် ပျက်လျှင်ပူစရာမလိုပါ၊ MONITORသည် ၈ျပန်ဖူ၈ျီစုSECONDဖြစ်ပါသည်၊ ၄င်းသည်ပျက်ခဲပါသည်၊ သို့အတွက်ကြောင့် အဟောင်းကို ရွေးရခြင်းဖြစ်ပါသည်၊(၁၅၀၀)ပေးရ၍ ဖလက်ပြားဖြစ်ပါသည်၊ MONITOR ပုံးကြီးများသည် မီးလုံးကျွမ်းလွယ်၍၄င်း၊ ပျက်တတ်လွယ်၍၄င်း၊ သယ်ရပြုရ ခက်ခဲသောကြောင့်၎င်း၊ ဖလက်ပြားကို ရွေးချယ်ခြင်းဖြစ်ပါသည်၊ ယ္ခုအချိန်သည် အားလုံးလိုလိုခရီးသွားနေကြ၍ အစည်းဝေးပြုလုပ်ရန်မလွယ်ကူသောကြောင့် တိုင်ပင်သင့်သူများကို တိုင်ပင်၍အရေး ပေါ်ဆောင်ရွက်ရခြင်းဖြစ်ပါသည်၊ အားလုံးကိုလည်း လျောက်ထားပြီးဖြစ်ပါသည်ဘုရား။ ဘရားတပည့်တော်၏ ဆောင်ရွက်ချက်များ တစ်စုံတစ်ရာ မှားယွင်းချွတ်ချော်နေလျှင် အချိန်းမရေး ပြုပြင်အကြံပေး၍ တည့်မတ်ပေးကြပါရန် ရိုသေစွာလျှောက်ထားအပ်ပါ သည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။
ကွန်ပျူတာဈေးနှုန်းများ
(1) M/B ASROCK G31M-VS = 1450ဘတ်
(2) CPU CELERON 430 (1.8 GHZ FSB 800 = 1350 ။
(3) DDR 21 GB/800 KINGSTON = 1000။
(4) CASE ATX = 950 ။
(5) KEYBOARD PS/2 = 130 ။
(6) DVD-RW SECURDISC LG 22X GH22 SATA = 750။
(7) MOUSE OPTICAL PS/2 = 130။
(8) HDD SATA2 SEAGATE 250GP/7200RPM = 1450။

MOTHER BOARD = 6950ဘတ်
MONITOR FUJITSU (SECOND) = 1500ဘတ်
ကွန်ပျူတာတစ်လုံး= 8450ဘတ်
MOTHER BOARD ၌ပါသောပစ္စည်းများသည် အားလုံးအသစ်စက်စက်များဖြစ်ပါသည်၊
MONITOR သည် second ဖြစ်ပါသည်။

ကွန်ပျူတာ(၅)လုံး 8450x5=42250ဘတ် (ကွန်ပျူတာငါးလုံး)
အရှင်တေဇ


Tuesday, May 11, 2010

နွေရာသီအလွမ်းပြေ

နွေရာသီကျောင်းပိတ်ရက်မှာ Blog လေး Post လေးတွေဝေးပြီး အထီးကျန်နေလို့ အလွမ်းပြေ ဒီစာလေးကိုရေးမိတာပါ၊ Blog လေးလွမ်းမောနေသလို အားလပ်ရက်မှာအပန်းဖြေ အဝေးတစ်မြေကိုအလည်သွား သူငယ်ချင်းမျာကိုးလည်းလွမ်းမိတယ်၊ သြော် တကယ်တော့ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုတဲ့ အသိတရားနဲ့အတူ အနေဝေးသွားတာနှင့်အမျှ သွေးအေးမေ့ပျောက်တတ်တာ လောကသဘာဝဆိုပေမယ့် တက္ကသိုလ်ကျောင်းကငွေလမင်းကြီးဟာ ကျွန်တော့ရင်ထဲအမြဲသာနေဆဲပါလေ၊ ဗုဒ္ဓရဲ့နိပါတ်တော်ထဲက လုံးလမလျှော့တဲ့ဇနကလို အခိုင်မာဆုံးရဲရင့်မှုတွေနဲ့ အနာဂါတ်ရဲ့မနက်ဖြန်တွေကို အတူလျှောက်လှမ်းဖို့ မပြီးဆုံးသေးတဲ့ပန်းတိုင်အတွက် ရွှေကျောင်းတော်ကြီးဖွင့်မည့်ရက် ရင်မောစွာစောင့်စားရင်း သူငယ်ချင်းတွေကိုလွမ်းမိတယ်၊ ဘဝ ဆိုတာ မျက်ရေတစ်စက် လင်္ကာတစ်ပုဒ်နှင့်အတူ ကမ္ဘာမြေလောင်တိုက်ထဲမှာ ကျဆုံးကြွေပျက်ဖို့ အလွယ်တကူ ရလာတာမဟုတ်သလို အခက်ခဲဆိုတာလည်း တုန်လှုပ်ကျောက်ရွံ့ ခြင်းနှင့်လက်မြှောက်အရုံးပေးဖို့မဟုတ်ဘူးလေ၊ သိမ်မွေ့နက်ရှိုင်းတဲ့ လောကကံကြမ္မာရဲ့ လှည့်စားမှုအောက်မှာ မြောလွင့်ပျံသန်းရင်း အားငယ်လျှင်ဖေးမ လိုအပ်တော့လည်းကူညီ တအူတုန်ဆင်း ညီကိုရင်းပမာ ဒို့တတွေ ရှေ့ဆက်ကြစို့သူငယ်ချင်း…………။

ANNOUNCEMENT FOR STUDY OF B.A PROGRAM

Dear all Students,

The registration of the first year students (new students) will be held on May 17th, 2010
at the registration office.
For the 2nd – 4th year students also must be registered on the 17th – 19th May, 2010.

The Orientation will be held on May 17th, 2010,
time : 12.30 p.m. at Meeting Room (MWK.) Wangnoi, Ayutthaya.
All students must be participated this activity.

The first semester will be started on May 31st, 2010.
The 1st – 3rd year students will take class at Wangnoi, Ayutthaya.
Then, the 4th year students at at Mahachula Building, Wat Mahathat Thaprachan,
Phranakhon, Bangkok.


B.A. English Programme
Tel. 02-226-6026


သင်တန်းသားများသိစေရန်

M.S.M.O ၏ (1/2010) သင်တန်းများကို (25/may/2010 )မှ (11/july/2010)အထိ (၃)လသတ်မှတ်ထားပြီး ကျောင်းသားအသစ်များကို (၄)ပတ် (တစ်လ) လကံ္ခ၍ စာရင်းပိတ်မည်ဖြစ်ပါသည်။ (၄)ပတ်အတွင်း မှီအောင် ကျောင်းမအပ်နိုင်သော ကျောင်းသားများမှာ (2/2010) ဒုတိယအကြိမ်ဖွင့်လှစ်မှသာ တက်ရောက်နိုင်မည်ဖြစ်ပါသည်၊ ဒုတိယအကြိမ်ဖွင့်လှစ်မည့် ရက်ကိုလည်း ကြိုတင်ကြေငြာအသိပေး သွားမည်ဖြစ်ပါသည်။ ကွန်ပျူတာသင်တန်းကို သင်တန်းသား ဦးရေအကန့်သတ်ဖြင့်လက္ခံမည်ဖြစ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

M.S.M.O
ပညာရေးကော်မတီ

Monday, May 10, 2010

ကွန်ပျူတာဝယ်ယူရန် အသိပေးလျောက်ထားလွှာ

M.S.M.O၏ သင်တန်းများကို (25/4/2010) မှစတင်ဖွင့်လှစ်ခဲ့ရာ ယ္ခုဆိုလျှင် (၃) ပတ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်၊ ဆောင်ရွက်ချက်အသီးသီးကိုလည်း ဘလော့တွင် အသိပေး လျှောက်ထားပြီးဖြစ်ပါသည်ဘုရား၊

ဤ(၃)ပါတ်အတွင်း ကွန်ပျူတာသင်တန်းကို ရုံးခန်းသို့ ကြွရောက်လာကြသော ဆရာတော်များ၏ ကွန်ပျူတာများဖြင့် သင်ကြားပေးခဲ့ကြပါသည်၊ သို့သော် ယ္ခုတွင် ကျောင်းသားဦးရေများလာသောကြောင့် ကွန်ပျူတာများ မရှိမဖြစ်လိုအပ်လာပါသည်၊ ကွန်ပျူတာမလုံလောက်သောကြောင့် သင်ကြားသည့် ဆရာများလည်း အခက်ခဲများ များစွာတွေ့ရပါသည်၊

သို့ပါသောကြောင့် ဘတ်(၇၀၀၀) တန်ခန့် ကွန်ပျူတာ (၅)လုံး ဝယ်ယူမည်ဖြစ်ပါကြောင်း အသိပေးလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

ဤကိစ္စသည် အားလုံးစည်းဝေးတိုင်ပင်၍ ပြုလုပ်ရမည့်ကိစ္စဖြစ်သောကြောင့် စောင့်ဆိုင်းခဲ့သည်မှာ သင်တန်းဖွင့်ချိန် (၃) ပါတ်ရှိခဲ့ပါပြီဘုရား၊ ကျောင်းများသည်လည်း ယ္ခုလကုန်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် ခရီးသွားသည့်သံဃာတော်များ စုံညီရန် ဝေးကွာနေပါသေးသည်ဘုရား၊

ယ္ခင်အစည်းဝေးများတွင်လည်း သင်တန်းဖွင့်လှစ်မည့်အကြောင်းများနှင့် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် လျောက်ထားပြီးလည်းဖြစ်ပါသည်ဘုရား၊ သို့ပါသောကြောင့် ဤကွန်ပျူတာဝယ်ယူရန် ကိစ္စကို ဆောင်ရွက်ရပါကြောင်း အားလုံးသော M.S.M.O ၏ သံဃာတော်အရှင်မြတ်တို့အား ရိုသေစွာလျောက်ထားအပ်ပါသည်ဘုရား။

အရှင်တေဇ

Sunday, May 2, 2010

အလှူတော်ငွေများဆက်ကပ်လှူဒါန်း

၂-၅-၂၀၁၀၊ မဟာချိုင်။

မဟာချိုင်နယ်ရှိ၊ ဝပ်ဟုန်၊ ထချလုံ၊ ဂေဟ၊ ရပ်ကွက်အသီးသီးတို့မှ၊ ကိုဝင်းဇော်ထွေး ကိုငွေလုံး ကိုနေမျိုးဇော် တို့ ဦးဆောင်သော မြန်မာအလုပ်သမားများမှ၊ ထိုင်းနိုင်ငံ တက္ကသိုလ်အသီးသီးတို့တွင် ပညာတော်သင် ရောက်ရှိနေကြသော၊ မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့သို့၊ အလှူတော်ငွေ စုစုပေါင်း ၂၁၀၀၀ ဘတ် တိတိ ကို ဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။
Myanmar Student Monks Organization in Thailand. Powered by Blogger.