Friday, May 28, 2010

အင်တာနက်တပ်ဆင်ပြီးကြောင်း အသိပေးလျောက်ထားလွှာ

M.S.M.O သံဃာတော်အရှင်မြတ်တို့ဘုရား အပတ်စဉ် စနေနေ့တိုင်းဖွင့်လှစ်လျှက်ရှိသော သံဃာတော်များ အတွက် ကွန်ပျူတာသင်တန်းကို နိုင်ငံရေး အခြေအနေကြောင့် လွန်ခဲ့သောအပတ်က ခေတ္တရပ်နားခဲ့ပါသည်၊ ထိုသင်တန်းကို ယ္ခုပတ် (29/5/2010) တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေး လျှောက်ထား အပ်ပါသည်ဘုရား။

တစ်ဆက်တည်းလျှောက်ထားလိုသည်မှာ

သံဃာတော်များအတွက်ဖွင့်လှစ်ထားသောထိုင်းသင်တန်းကိုလည်း နွေရာသီကျောင်းပိတ်ချိန် ခရီးယာယီ ကြွချီနေကြ၍ ရပ်နားထားကြောင်း လျှောက်ထားပြီးဖြစ်ပါသည်၊ ၄င်းသင်တန်းကိုလည်း လာမည့်အပတ်(5/6/2010)စနေနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါ ကြောင်းလျှောက်ထားအပ်ပါသည်ဘုရား။

ယ္ခုအပတ်တွင် ပညာရေးကော်မတီများအစည်းဝေးကျင်းပ၍ ယာယီရေးဆွဲထားသော အချိန်ဇယားများ
ပြန်လည်ရေးဆွဲခြင်းနှင့် လိုအပ်သောလုပ်ဆောင်ချက်များ ပြန် လည်ပြုလုပ်ရန်ရည်ရွယ်ခဲ့သော်လည်း အဖွဲ့ဝင်အတော်များ မစုံလင်သေးသဖြင့်၎င်း၊

ဒု-ဥက္ကဌဆရာ တော်မှလည်း ပညာရေးကော်မတီများ စုံလင်မှသာလျှင် စည်းဝေးရန်ပို၍သင့်တော်ကြောင်း အကြံပေး သောကြောင့်၎င်း၊ ပညာရေးကော်မတီများ အစည်းဝေးကို မကျင်းပသေးခြင်းဖြစ်ကြောင်း လျှောက်ထား အပ်ပါသည်ဘုရား။

ရုံးခန်းတွင် ဆက်သွယ်ရေးလွယ်ကူစေရန် မရှိမဖြစ်လိုအပ်မှုကြောင့် အင်းတာနက်တပ်ဆင်ပြီးပါ ကြောင်းနှင့် ကွန်ပျူတာများထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အစောင့်တစ်ယောက်ကိုလည်း ခေတ္တ ယာယီ ထားရှိထားပါကြောင်း အသိပေးလျှောက်ထားလိုက်ရပါသည်သံဃာတော်အရှင်သူမြတ်တို့ဘုရား။

အရှင်တေဇ

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.