Monday, May 10, 2010

ကွန်ပျူတာဝယ်ယူရန် အသိပေးလျောက်ထားလွှာ

M.S.M.O၏ သင်တန်းများကို (25/4/2010) မှစတင်ဖွင့်လှစ်ခဲ့ရာ ယ္ခုဆိုလျှင် (၃) ပတ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်၊ ဆောင်ရွက်ချက်အသီးသီးကိုလည်း ဘလော့တွင် အသိပေး လျှောက်ထားပြီးဖြစ်ပါသည်ဘုရား၊

ဤ(၃)ပါတ်အတွင်း ကွန်ပျူတာသင်တန်းကို ရုံးခန်းသို့ ကြွရောက်လာကြသော ဆရာတော်များ၏ ကွန်ပျူတာများဖြင့် သင်ကြားပေးခဲ့ကြပါသည်၊ သို့သော် ယ္ခုတွင် ကျောင်းသားဦးရေများလာသောကြောင့် ကွန်ပျူတာများ မရှိမဖြစ်လိုအပ်လာပါသည်၊ ကွန်ပျူတာမလုံလောက်သောကြောင့် သင်ကြားသည့် ဆရာများလည်း အခက်ခဲများ များစွာတွေ့ရပါသည်၊

သို့ပါသောကြောင့် ဘတ်(၇၀၀၀) တန်ခန့် ကွန်ပျူတာ (၅)လုံး ဝယ်ယူမည်ဖြစ်ပါကြောင်း အသိပေးလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

ဤကိစ္စသည် အားလုံးစည်းဝေးတိုင်ပင်၍ ပြုလုပ်ရမည့်ကိစ္စဖြစ်သောကြောင့် စောင့်ဆိုင်းခဲ့သည်မှာ သင်တန်းဖွင့်ချိန် (၃) ပါတ်ရှိခဲ့ပါပြီဘုရား၊ ကျောင်းများသည်လည်း ယ္ခုလကုန်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် ခရီးသွားသည့်သံဃာတော်များ စုံညီရန် ဝေးကွာနေပါသေးသည်ဘုရား၊

ယ္ခင်အစည်းဝေးများတွင်လည်း သင်တန်းဖွင့်လှစ်မည့်အကြောင်းများနှင့် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် လျောက်ထားပြီးလည်းဖြစ်ပါသည်ဘုရား၊ သို့ပါသောကြောင့် ဤကွန်ပျူတာဝယ်ယူရန် ကိစ္စကို ဆောင်ရွက်ရပါကြောင်း အားလုံးသော M.S.M.O ၏ သံဃာတော်အရှင်မြတ်တို့အား ရိုသေစွာလျောက်ထားအပ်ပါသည်ဘုရား။

အရှင်တေဇ

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.