Monday, June 28, 2010

နှစ်ပတ်လည် အစည်းအဝေး ပင့်လျှောက်လွှာ

M,S,M,O မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့(ထိုင်း)၏၊ တစ်နစ်ပြည့် နစ်ပတ်လည်နေ့ အစည်းအဝေးနှင့် (၆) လတစ်ကြိမ် ပညာသင်ထောက်ပံ့ကြေးများ ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် ကြိုတင်ညှိနိုင်း အစည်းအဝေးကျင်းပခြင်း။

ယနေ့- (၂၇-၆-၂၀၁၀) နေ့၊ နေ့လည် ၀၂း၀၀ အချိန်၊ M,S,M,O ရုံးခန်း၌ ကော်မတ်ီဝင်များတွေ့ ဆုံဆွေးနွေးပြီး နစ်ပတ်လည်အစည်းအဝေး ပြုလုပ်ကျင်းပမည်နေရာနှင့်၊ နေ့ အချိန်များကို အသီင်္းသီးချမှတ်အတည်ပြုထားပြီး ဖြစ်ပါသောကြောင့်၊ ကျောင်းသားရဟန်းတော်များ အားလုံး ကြွရောက်နိုင်ကြစေရန်၊ အသိပေးလျှောက်ထားအပ်ပါသည်၊ ကျောင်းသား သံဃာတော် အရှင်သူမြတ်တို့ဘုရား။

အစည်းအဝေးကျင်းပမည့်နေရာ။ ။ ဝပ်တလုမ်ကျောင်း
နေ့ရက်။ ။ ၁၀-၁၁- ဇူလိုင်-၂၀၁၀၊ (နစ်ရက် တိတိ)
အချိန်။ ။ နေ့လည် ၀၂း၀၀ မှ ညနေ ၀၅း၀၀ နာရီင်္ထိ။

၎င်းနေ့တွင် ကျင်းပပြုလုပ်မည့် နစ်ပတ်လည် အစည်းအဝေး၌၊ အောက်ပါ အချက်အလက်များကို ဦးစားပေး ဆွေးနွေး သွားမည်ဖြစ်ကြောင်းကိုလည်း၊ ညှိနိုင်းတိုင်ပင် ထည့်သွင်းထားကြောင်း အသိပေးအပ်ပါသည်။

၁။ ။ ကော်မတီဝင်များ၏ တစ်နစ်တာ လုပ်ဆောင်ချက်များ အားနည်းချက် အားသာချက်များကို ကဏ္ဍအလိုက်တင်ပြ ဆွေးနွေးရန်။

၂။ ။ တစ်နစ်အတွင်း ဝင်ငွေ/ ထွက်ငွေများကို ဘဏ္ဍာရေးမူများမှ ရှင်းလင်းတင်ပြရန်။

၃။ ။ (၆)လပတ် အစည်းအဝေး၌ သံဃာတော်များမှ တင်ပြအကြံ့ပုထားသော၊ ဥပဒေ မူကြမ်းများကို ဖတ်ပြပြီး၊ လက်ခံသင့်/ မသင့် အများသဘောတူ စဉ်းစားဆုံးဖြတ်ကြရန်။

၎။ ။ ကော်မတီဝင်များ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းမည့် နေ့ရက်ကို အများသဘောတူ ဆုံးဖြတ် သတ်မှတ်ရန်။

၅။ ။ နစ်ပတ်လည် စာအုပ်ထုပ်ဝေရေးနှင့် ပတ်သက် ဆွေးနွေးရန်။ စသည်စသည်အားဖြင့် စည်းဝေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း အသိပေးလျှောက်ထားအပ်ပါသည် ကျောင်းသားသံဃာတော် အရှင်သူမြတ်တို့ဘုရား။

မှတ်ချက်။ ။ အစည်းဝေးသို့ ကြွရောက်လာသော (ဝပ်တလုမ်ကျောင်းမှ) ပြင်ပ သံဃာတော်များအား ခရီစရိတ် အဖြစ် အသင်းမှ ဆက်ကပ်ရန်၊ (ခရီးစရိတ်နှင့် ပတ်သက်၍ အသေးစိပ်သိလိုလျှင် ပြန်ကြားရေး သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဖုန်း=၀၈၅၁၂၃၅၀၅၄၊ ၀၈၄၆၆၉၀၆၀၇၊ ၀၈၀၅၅၅၈၇၀၈)

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.