Saturday, July 31, 2010

M.S.M.O ပညာရေးကော်မတီများနှင့် သင်ကြာရေးဆရာတော်များ အစည်းအဝေးဆုံးဖြတ်ချက်များ

၃၁-၇-၂၀၁၀။

ယနေ့ M.S.M.O ကျောင်းသားရုံးခန်း၌၊ ပညာရေးကော်မတီဝင်များနှင့် ဘာသာအလိုက် သင်ကြားပို့ချပေးနေသော ဆရာများ၏ အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ရာတွင်၊ အောက်ပါ ဆုံးဖြတ်ချက်များအား ချက်မှတ်ခဲ့ကြပါသည်။

ဆုံးဖြတ်ချက်များ။ ။ လက်ရှိအသုံးပြုနေသော ကွန်ပျူတာငါးလုံးတည်းဖြင့် မလုံလောက်နိုင်၍ ၊ နောက်ထပ် ကွန်ပျူုတာ ငါးလုံ့းဝယ်ယူ အားဖြည့်ပေးရန်။

၂/၂၀၁၀ ဒုတိယအကြိမ် အပတ်စဉ်သင်တန်းများကို၊ ၃ ပုံ ၂ ပုံတက်ရောက်သော ကျောင်းသား/သူများအား၊ သင်တန်းဆက်လက်မှတ် ပေးအပ်ရန်၊ ( ၁/၂၀၁၀- သင်တန်းသား/သူများကိုလည်း ဒုတိယအကြိမ်၂/၂၀၀၁ သင်တန်းဆင်းပွဲတွင် တစ်ပေါင်းတည်း ပေးအပ်ရန်။)

၈-၈-၂၀၁၀ တနင်္ဂနွေနေ့ နေ့လည် ၀၂း၀၀ နာအချိန်တွင်၊ ၂/၂၀၁၀ ဒုတိယအကြိမ်၊ အပတ်စဉ်သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ကြရန်။

၎င်းသင်တန်းဖွင့်ပွဲအခန်းအနားသို့ M.S.M.O ကျောင်းသား ရဟန်းတော်များအားလုံး ကြွရောက်တော်မူနိုင်ကြစေရန် လျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့မြတ်တို့ဘုရား။

Friday, July 30, 2010

စုပေါင်းလှူဒါန်ပွဲး

၂၆-၇-၂၀၁၀၊

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့၊ ပညာတော်သင် ထောက်ပံ့ကြေးအဖြစ်၊( ASIAN) ဗုဒ္ဓသာသနအဖွှဲ့ဒါယကာ ဒါယိကာမ တို့မှ စုပေါင်း၍ အလှူတော်ငွေ ၂၃၁၀၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဆရာတော် ဦင်္းကောဏ္ဍည မှလက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

အလှူတော်ငွေများဆက်ကပ်လှူဒါန်း


၂၇-၇-၂၀၁၀ မဟာချိုင်၊

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း) သို့၊ ပညာတော်သင်ထောက်ပံ့ကြေးအဖြစ်၊ ဒကာ ဒယိကာမများဦ်းဆောင်သော၊ မဟာချိုင်ဂျပန်စက်ရုံ မြန်မာအလုပ်သမားမိသားစုများမှ၊ အလှူတော်ငွေ ၂၀၇၀ ဘတ်တိတိကို၊ ဆက်ကပ်လှူဒါန်းရာ၊ M.S.M.O ကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိက မှ လက်ခံရယူပြီင်္း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

မဟာချိုင် ကြီးမေ(ခ)ဒေါ်ခင်ချိန်ဦးဆောင်သော မြန်မာအလုပ်သမားများစုပေါင်း၍၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူတော်ငွေ ၁၃၈၉၀ ဘတ်တိတိ၊ ကိုဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် ဦင်္းဇောတိကမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အလှူတော်ငွေများအား ဘဏ္ဍာရေးမှူးများသို့ ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

T E I မိသားစုမှအလှူတော်ငွေ ဆက်ကပ်လှူဒါန်း


၂၅-၇-၂၀၁၀၊ အုံးယိုင်။

အုံးယိုင်၊ စွယ်မော်စီ၊ T. E. I စက်ရုံမှ ကိုထွန်းထွန်းဝင်း ကိုအောင်မျိုးနိုင် ကိုအောင်နေဝင်း ကိုမိုး ကိုသန်းထိုက် ကိုအောင်နေလင်း ဦ်းဆောင်သော မြန်မာအလုပ်သမားများစုပေါင်း၍၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူတော်ငွေ ၅၀၀၀ ဘတ်တိတိ၊ ကိုဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များအဖွဲ့ အတွင်းရေးမှူးဆရာတော် ဦင်္းတေဇ မှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အလှူတော်ငွေများအား ဘဏ္ဍာရေးမှူးများသို့ ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

M.S.M.O ပညာရေးကော်မတီများနှင့် သင်ကြာရေးဆရာတော်များ အစည်းအဝေး။

၃၁-၇-၂၀၁၀ နေ့ ၊ ကျောင်းသားရုံခန်း။

M.S.M.O ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)၏၊ ဒုတိယ အကြိမ် ၂/၂၀၁၀- ပညာဒါနသင်တန်းဖွင့်လှစ်ရန်အတွက်၊ အစည်းအဝေးတစ်ရပ်ကို၊ ကျောင်းသားရုံခန်း၌ ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါ၍၊ ပညာရေးကော်မတီဝင်များနှင့် သင်တန်းးပို့ချပေးနေသော ဆရာတော်များအား၊ ကြွရောက်တော်မူကြပါရန်၊ ရိုသေစွာ ပင့်လျှောက်အပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ဘုရား။

ကျင်းပမည့်နေရာ= M.S.M.O ကျောင်းသားရုံခန်း၊ ဖလန်စောင်၊ စွယ် -၆၃။

ကျင်းပမည့်အချိန်= နေ့လည် ၂- နာရီင်္

မှတ်ချက်။ ။ ဆရာအပြောင်းအလှဲရှိပါက စာရင်းပေးသွင်းထားသော ဆရာတော်များအား ဆက်သွယ် အကြောင်းကြာပေးပါမည်။

ကျင်းပမည့်နေ့ရက်= ၃၁-၇-၂၀၁၀၊ စနေနေ့။

Thursday, July 29, 2010

စုပေါင်းအလှူတော်ငွေ ဆက်ကပ်လှူဒါန်း


၂၆-၇-၂၀၁၀၊

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့၊ ပညာတော်သင် ထောက်ပံ့ကြေးအဖြစ်၊ ကိုခင်မောင်လင်း၊ ကိုနန်းထိုက်၊ ကိုမိုး၊ ကိုအောင်နေလင်း၊ တို့မှ စုပေါင်း၍ အလှူတော်ငွေ ၁၈၄၀၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိက မှ လက်ခံရယူပြီ်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြောင်း သတင်းရရှိပါသည်။

အလှူငွေ ဆက်ကပ်လှူဒါန်း


၂၅-၇-၂၀၁၀ မဟာချိုင်၊

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း) သို့၊ ပညာတော်သင်ထောက်ပံ့ကြေးအဖြစ်၊ ဒေါ်လှဝင်း ဦ်းဆောင်သော၊ မဟာချိုင် ခေလှိုင် မြန်မာအလုပ်သမားမိသားစုများမှ၊ အလှူတော်ငွေ ၁၇၃၀၀ ဘတ်တိတိကို၊ ဆက်ကပ်လှူဒါန်းရာ၊ M.S.M.O ကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိက မှ လက်ခံရယူပြီင်္း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

ခဲလှိုင် မိသားစုများမှ အလှူငွေဆက်ကပ်လှူဒါန်း


မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း) သို့၊ ကိုကြည်လှိုင် ကိုမြင့်နိုင် ဦင်္းဆောင်သော- မဟာချိုင်၊ ခဲလှိုင်မိသားစုများမှာ၊ ပညာတော်သင်ထောက်ပံ့ကြေးအဖြစ် အလှူတော်ငွေ ၁၉၀၀၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ M.S.M.O အဖွဲ့၏ ဒု-ဥက္ကဋ္ဌဆရာတော် ဦ်းအဂ္ဂ မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်

လပ်ကီးမိသားစုမှ အလှူတော်ငွေဆက်ကပ်လှူဒါန်း



မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ ပညာသင်ထောက်ပံ့ကြေး အဖြစ်၊ လပ်ကီး မိသားစုနှင့် ဦင်္းရွှေအင် မြန်မာအလုပ်သမား မိသားစုများမှ အလှူတော်ငွေ ၁၇၉၅၀ ဘတ် တိတိကို ဆက်ကပ်လှူဒါန်းရာ၊ ကျောင်းသားအဖွဲ့၏ ဥက္ကဋ္ဌဆရာတော် ဦင်္းဇောတိက မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ၊ အလှူငွေများအား ဘဏ္ဍာရေးမှူးများသို့ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

ကမ်းလွန် ပင်လယ်ပြင် အမှတ် ၂၇

အတောင်ရှိလျက်
ပျံသန်းခွင့် မရှိတဲ့ ငှက်တွေအတွက်
တဖြေးဖြေး ကြုံလှီသွားမဲ့ အားအင်များ ...

ကူးခပ်စရာ လှေ သဗ္ဗာန်ရှိလျက်
ကမ်းက
အခုချိန်ထိ မခွာနိုင်ကြသူတွေရဲ့ မရဲရင့်မှု့များ ...

အရွယ် ခွန်အား ကိုယ်အင်္ဂါတွေစုံပါလျက်
ဘ၀နေ့စဉ်လိုအပ်ချက်အတွက်
တီးတိုးငိုကြွေးသူတွေရဲ့ အသံများ
နှမြောမိတယ်၊

ကမ်းဟာ ဝေးသထက် ဝေးခဲ့ပြီ
လက်ပြနှုတ်ဆက်နေသူတွေ
အမှတ်တရ လက်ဆောင်ပါးသူတွေ
မှတ်မှတ်ရရ လိုက်ပို့ကြသူတွေနဲ့
ကမ်းဟာ လှနေသယောင်ရှိရဲ့၊

ကမ်းကတော့ အရင်တိုင်းပဲ
ရေလှိုင်းရဲ့ တ၀ုန်းဝုန်း ထိခိုက်သံသာ မရှိခဲ့ရင်
ကမ်း ဆိုတာလည်း အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး၊

လူတချို့ အဲဒီကမ်းက ခွာကြတယ်
လူတချို့ အဲဒီကမ်းမှာ ပျော်ကြတယ်
လူတချို့ ဒွိဟစိတ်တွေနဲ့ အဲဒီကမ်းမှာ
ခွာရနိုး ပျော်ရနိုး ။ ။

ဧဏီမင်း ဘလော့မှ ပြန်လည် ဖေါ်ပြပါသည်။

လူတို့နေရာ ဤကမ္ဘာ တဏှာ အုပ်စိုးသည်…….



ငါတို့နေရာ ဤကမ္ဘာသည်ကား ရာသီဥတု အပူအအေး ပြောင်းလဲမှုဒဏ် အကြီးအကျယ်ကို ရင်ဆိုင်နေရပြီး ကမ္ဘာ့လေထုထဲတွင်လည်း ကာဗွန်ဒိုင်အောက်ဆိုက်တွေက အလျင်အမြန်ကို ဖြစ်ထွန်းတိုးတက်လျက်ရှိသည်ဟု သိပ္ပံပညာရှင်များစုက တစ်သံတည်း ထွက်လာနေကြပြီ ဖြစ်သည်။

ကမ္ဘာ့ကြီး ပြောင်းလဲပုံစနစ်တွေကို ဂျိုတုစလောင်းကဖြစ်စေ၊သုသေသနအချက် အလက်တွေဆီကနေဖြစ်စေ ကျနုပ်တို့ တွေ့နိုင်ကြပါတယ်။(မြန်မာက နာဂစ်လိုမျိုး) ဆိုင်ကလုန်း၊တိုင်ဖုန်း၊(အမေရိကန်က ကတ်ထရီနာလိုမျိုး)ဟာရီကိန်းမုန်တိုင်းများ စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့အတူ ကမ္ဘာ့မြေအောက်ကြမ်းပြင် အလွှာရှိ ရေအရင်းအမြစ် ယုတ်လျော့မှုတွေက လှိုင်းတံဘိုးလိုပဲ အရှိန်အဟုန်ပြင်းစွာ ကျနုပ်တို့ တွေ့ကြုံခံစားနေကြရပါပြီ။

ကမ္ဘာ့မြေပေါ်ရှိ ခြောက်သွေ့သဲကန္တာရလွင်ပြင်တွေကိုလည်း တစ်စထက်တစ်စ ကြီးထွားစေကာ ကမ္ဘာကြီးအတွက် အစာအာဟာရ ဆာလောင်မွတ်သိပ်မှုက တိုးပွားလျက်ရှိလာကြချေပြီ။ ဒါကြောင့် ကျုပ်တို့ရဲ့ လူမှုနေမှုစနစ်တွေကို ပြန်လည်ပြုပြင်သုံးသပ်ဖို့ဆိုတာ သံသယတောင် မရှိသင့်တော့ပါဘူး။
ပူနွေးလာတဲ့အတွက်ကြောင့် ကြိုတင်လုပ်နာဆောင်ရွက်ရမည့်ဥပဒေတွေကို စောဒကတက်မယ့် ကမ္ဘာ့သိပ္ပံပညာရှင်တွေ အနည်းအကျဉ်းသာရှိလာနေကြပါတယ်။ ကမ္ဘာကြီး ပိုမို၍ ပူနွေးလာတဲ့အတွက်ကြောင့် ကြိုတင်လုပ်နာဆောင်ရွက်ရမည့် စဉ်းကမ်းများကို အခြေပြုထားတဲ့ ချဉ်းကပ်မှုမျိုးတွေကို ယုတ်စွအဆုံး ကျနော်တို့ ပူပေါင်း ချမှတ်သင့်နေပါပြီ။ “ဆောင်ရွက်ချက်ရဲ့ထိရောက်တဲ့ရလာဒ်ကောင်းတွေဟာ ခက်ခဲကောင်းခက်ခဲမယ်၊ မဖြစ်နိုင်လောက်ဘူးဆိုရင်တော့ လုံဝကျိန်းသေပျက်ကွက်ခဲ့လို့ ကြိုးပမ်းဆောင်ရွက်သူတွေအပေါ်မှာ အပြစ်ပုံကျလာပါလိမ့်မည်”ဟု ကြိုတင်သတိပေးချက်တွေက ထောက်ပြနေပါတယ်။
နိုင်ငံရာပေါင်းများစွာတို့မှ သိပ္ပံပညာရှင်ထောင်ပေါင်းများစွာတို့က ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းရဲ့ တိကျတဲ့အခန်းကဏ္ဍကဆိုင်ရာများတွင် အလုပ်လုပ်နေကြပြီး အမှန်ပြုပြင်ဖို့ သဘောထားထုတ်ပြန်နေရုံသက်သက်မျှမဟုတ်တော့ဘဲ တကယ်လိုက်နာဆောင်ရွက်စရာတွေကိုလဲ အကြံပြု လုပ်ဆောင်နေကြပါပြီ။

ငါတို့နေရာ ဤကမ္ဘာမြေဟာ အစကတည်းက ကမ္ဘာ့သမိုင်းကာလတစ်လျှောက် သူ့သသာဝအတိုင်း ရာသီဥတုပြောင်းလဲခြင်းနဲ့အတူ ပုံမှန်အတိုင်း လည်ပတ်နေခဲ့တာပါ။ စိုးရိမ်စရာကောင်းတာကတော့ မယုံကြည်နိုင်လောက်အောင် သာမာန်ထက် အများကြီး လည်ပတ်ပြောင်းလဲစေလောက်အောင်ထိ ကျုပ်တို့တို့က ပြုမူ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာများကို မီးရှို့ခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေများကို ထိန့်လန့်စရာကောင်းလောက်အောင် အလွန်အကျွန် ထုတ်လွှတ်ခြင်းတို့လည်းပဲ ကမ္ဘာမြေပူနွေးစေတာတွေ ဖြစ်ပေါ်လာစေပါတယ်။ ဖန်လုံးအိမ်ဓာတ်ငွေ့ကြောင့် ဥတုရာသီပြောင်းလဲခြင်းအကျိုးဆက်တွေလဲ ခံစားနေကြရပါပြီ။


ယခုအခါတွင် လျင်လျင်မြန်မြန်ကြီး ရာသီဥတုပြောင်းလဲ လည်ပတ်မှုတွေနဲ့အတူ ကျုပ်တို့ရဲ့ လူနေမှုစနစ်တွေ၊ စီပွားရေးစနစ်တွေနဲ့ အတွေးအမြင်တွေက လိုက်လျောညီထွေဖြစ်ဖို့ အလွန့်အလွန် အခက်တွေ့စေပါတယ်။
ဒီဝက်ဆိုက်မှာတော့ ကမ္ဘာရာသီးဥတုပြောင်းလဲခြင်း သဘာဝအကြောင်းတွေ အများကြီး ဖော်ပြထားပြီး ဖတ်ရသူများအတွက် နားလည်သဘောပေါက်စေလိမ့်မည်ဟု ယုံကြည်နေပါသည်။ စာဖတ်သူများ ရှေ့ဆက်လုပ်ဆောင်စရာတွေနဲ့အတူ နောက်ထပ် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတွေကို တစ်ကမ္ဘာလုံးနဲ့နှိုင်းရယင် အသေးအမွှားမျှသာရှိသေးသည်ဟုအထင်ဖြင့်လည်း စိတ်ဓာတ်ခွန်အားမလျော့သင့်ပေ၊ ကျုပ်တို့နှင့်လက်တွဲကာ ကမ္ဘာကြီးပြောင်းလဲလာမှုနှင့် ပူနွေးလာခြင်း သဘောသဘာဝတွေကို အတူလေ့လာကြပြီးတော့ “အုတ်တစ်ချပ် သဲတစ်ပွင့်”အနေနဲ့ ထူးခြားတာ တစ်ခုခုတော့ သင်လုပ်ဆောင်လာနိုင်လမ့်မည်ဟု ယုံကြည်နေမိပါတယ်။
http://www.global-greenhouse-warming.com/index.html မှဘာသာပြန်ဆိုသည်။

( ကျုပ်တို့ ကမ္ဘာ့လူသားတွေကိုယ်စီမှာ တောက်လောင်နေတဲ့ အတွင်း လောဘမီး၊ ဒေါသမီး၊မောဟမီး တွေကို အရှိန်လျှော့ပစ်လိုက်ယင် ကမ္ဘာကြီးအပူသက်သာလာမှာဖြစ်နိုင်ကြောင်း ဘာသာပြန်သူက တွေးမိနေကြောင်းပါဗျာ)

Wednesday, July 21, 2010

ငယ်ငယ်တုန်းက တို့ဘဝ



















တခါတခါ ငယ်ဘ၀ကို တောင့်တမိတယ်။ အပူအပင် ကင်းတယ်။ အေးချမ်းတယ်။ ရန်ငြှိုးရန်စ အာဃာတ မရှိဘူး။ သူများအတင်း မပြောတတ်ဘူး။ သူများကို ကုံးမတိုက်တတ်ဘူး။ စားချင်တာ လိုချင်တာတွေ အမေ့ကို ပူဆာတယ်။ အခြေအနေ အမျိုးအမျိုးကြောင့် အမေက ဖြည့်ဆည်း မပေးနိုင်ရင်လည်း စိတ်ဆင်းရဲမိတာက ခေတ္တခဏ။ ပြီးတော့လည်း ဟိုလိုလို ဒီလိုလိုနဲ့ မေ့ပျောက်သွားပြန်တယ်။ အနာဂတ်ဆိုတာ မရှိ။ ဘ၀ဆိုတာ နတ္ထိ။ ပစ္စုပ္ပန်မှာ အတိပြီးနေတဲ့ ပျော်ရွှင်မှု။ ဒါက ဆယ်နှစ်သားလောက်အထိ ဖြစ်တည်မှုရဲ့ ခဏတာ။

ငယ်ငယ်က အမေဆင်ပေးတာသာ ဝတ်တတ်တယ်။ အစ်မလျှော်ပေးတဲ့ အဝတ်တွေကိုသာ အနံ့အသက်တွေ သတိမထားမိဘဲ ဝတ်တတ်ခဲ့တယ်။ သူများချောတာ လှတာ မသိ၊ မငေးမိ၊ မတွေးမိ၊ ပကတိ ဖြူစင်ရိုးသားမှုတွေနဲ့လေ . . . ။ ခုများတော့ ဒီလို မဟုတ်ပါလေပြီ။ ဆယ်ကျော်သက် ဘဝ ရောက်လာပြန်တော့ လိုချင်တာတွေ များလာတယ်။ ငေးတတ်လာတယ်။ တွေးတတ်လာတယ်။ ငေးမိတာက အလှအပ၊ တွေးမိတာက ခဏခဏ။ ရေရာလှတယ်လိုတော့ ဘာမှကို မရှိရိုးအမှန်ပါ။

အမေဝယ်ပေးတဲ့ ဗလာစာအုပ်ကို သူများတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ထက် ကောင်းတာတွေ တွေ့တော့ သိမ်ငယ်တတ်လာတယ်။ ကိုယ့်လောက် မကောင်းတာတွေ တွေ့တော့ မာန်တက်လာပြန်တယ်။ ငယ်ငယ်က သတိမထားမိခဲ့တဲ့ ကိုယ့်ရုပ် ကိုယ့်ရည်။ ဆယ်ကျော်သက် ခုများမှာတော့ မှန်ရှေ့မှာ ရပ်မိလာတတ်ပြန်တယ်။ အမလျှော်ပေးခဲ့တဲ့ နှစ်ပေါင်းများစွာ ဒီအတိုင်းဝတ်လာတဲ့ အဝတ်က ခုတော့ ရေမွှေးအကူမပါရင် မဝတ်ချင်သလိုလို။ ကိုယ် လိုချင်တာ ရချင်တာတွေက များလာပြီလေ။ အမေ့ကို ပူဆာပြန်တော့ မိခင်က ဖြည့်ဆည်းပေချင်သား။ ဒါပေမယ့် စလေဦးပုညစကားနဲ့ ပြောရရင် ငွေတွင်းက နက်လွန်းတော့ မိခင်ကလည်း မတတ်နိုင်။ ကိုယ့်ဘ၀ကလည်း ငိုင်တတ်လာပြီလေ။

စာသင်ပြန်တော့ အရင်ကဆို ဆရာမပေးတဲ့ စာကိုသာ တွင်တွင်ရအောင် ကျက်ခဲ့တာ။ ဒါကလည်း ကျက်ချင်လွန်းလို့တော့ မဟုတ်။ အမေ့ တုတ်နဲ့ ဆရာမက နားရင်းအုပ်မှာစိုးလို့သာ ကျက်ခဲ့တာ။ ကျောင်းပိတ်ရက်များဆိုရင်တော့ ပျော်လိုက်သည့် ဖြစ်ခြင်း။ တခါတခါ ကျောင်းဖွင့်ရက်တွေမှာ ကျောင်းသူ ကျောင်းသားတွေ စာကျက်မလား ကျောင်းခြံသန့်ရှင်းရေးလုပ်မလား ဆရာမက ဆန္ဒမဲများ ကောက်ခံပြန်တော့ စာမကျက်ရ ပြီးရော။ အလုပ်လုပ်ဖို့ မငြင်းမိ။ စာမကျက်ရဖို့ကို အခါခါ တောင့်တမိသား။ ဒီတော့လည်း ပျော်ပျော်ပါးပါး အလုပ်လုပ်ကြသည်ပဲပေါ့။

ဆယ်ကျော်သက် ခုများတော့ ဒီလို မဟုတ်။ ကိုယ်က စာသင်ခန်းမှာ ဆရာမမေးတာကို မဖြေနိုင်ဘဲ ငုတ်တုတ်မနေချင်။ စာမေးပွဲ ဖြေရင်လည်း ထိပ်ဆုံးမှာနေရမှ။ အလှအပကိုလည်း ခုံမင်။ ကောင်မလေးတွေ ငြိုငြင်မှာလည်း ကြောက်တတ်လာတယ်။ တခါတလေ အတန်းထဲမှာ မျက်နှာသာရအောင် ဆရာမကြိုက်တတ်တဲ့ နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ အမေပေးတဲ့ မုန့်ဖိုးထဲက ဝယ်ပေးတတ်လာတယ်။ သမားရိုးကျ ပြိုင်ဆိုင်မှုကို မခုံမင်ဘဲ ဘာဖြစ်လို့များ ဒီလို အတွေးတွေ ဝင်လာတယ်ဆိုတာကိုလည်း သတိမထားမိခဲ့ရိုး အမှန်ပါ။

မှောင်မိုက်နေရင် ဘယ်ကိုမှ မသွားရဲ။ ငယ်ငယ်ကတည်းက အမေဆိုပြတဲ့ ကြောင်ကြီးကိုက်လိမ့်မယ် သီချင်းကလည်း နားထဲကမထွက်။ ဒါပေမယ့် ခုများမှာတော့ ခရေပင်အောက်မှာ သရဲတစ္ဆေလည်း မကြောက်တတ်တော့ပြီ။ နံနက်စောစော ခရေပန်းကောက် ချစ်သူဆီ အရောက်ပေးပို့ တတ်လာတယ်။ ပိုးကြေး ပန်းကြေးတွေလည်း ပေးတတ်လာပြန်တယ်။ ဒါတွေကို ဘယ်သူများ သင်ပေးခဲ့တာလည်း မသိ။ ငယ်ငယ်တုန်းက အမေပေးခဲ့တဲ့ မုန့်ဖိုးတွေကို စုမိဆာင်းမိခဲ့ပေမယ့် ခုများတော့ မုန့်ဖိုးဆိုတာ ပိုတယ်မရှိ။ ဘယ်ဆီ ဘယ်ဝယ် မသိပါဘဲ ဆီလိုအပေါက်ရှာ ပျောက်မှန်းမသိ၊ အမြဲတမ်းလိုလို နတ္ထိ(မရှိ)ချည်းသာ ဖြစ်နေပါတော့တယ်။

ဒီလိုနဲ့ ကျော်ဖြတ်ခဲ့ရ တက္ကသိုလ် ကျောင်းသားဘ၀မှာတော့ လဘက်ရည်ဆိုင်ထိုင် ကွမ်းယာလေးက အပြိုင်ဖြစ်လာခဲ့တယ်။ ဖက်ကြမ်းကို မထိ၊ စီးကရက်မှ မီးညှိဖြစ်တော့တယ်။ အမေပေးတဲ့မုန်းဖိုး၊ သောင်းကျော်တာတောင် လူစဉ်မတိုးတော့သလိုပါပဲ။ ဒီလိုနဲ့ အမေ့ဆီ အကြောင်းပြ စာတမ်းရေးခကိုတောင် တစ်သိန်းမက(အဲဒီတုန်းက နှစ်သောင်းလောက်သာ) တောင်းခဲ့ဖူးပြန်တယ်။ အဝတ်အစားတွေက ကော့လို့ပျံ၊ မီးပူတောင် ဆလံပေးခဲ့ရတယ်။ ကွန်ပျူတာ စပီကင်၊ ကျူရှင်တွေဆီမှာ သင်တာကနည်းနည်းရယ်။ လူရှိန်အောင် ဖောင်းလို့ကြွ တောင်းသလောက် မကဘဲ၊ အမေ့ဆီမှ မုန့်ဖိုး၊ တစ်သိန်းနဲ့မကအောင် ဆိုးခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်မှာ ကကြိုးစုံခဲ့ပေါ့။

ဘွဲ့တွေရပြီးနောက် ခေတ်မီတဲ့ အတွေးတွေလား၊ ခေတ်မမီတဲ့ အဆွေးတွေလားတော့ မသိ။ မြန်မာပြည်မှာ မရှိတဲ့ပုံစံ၊ အမေ့ကို အမျိုးမျိုး ပလန်ချ၊ ဒီပုံစံ နေလို့မရတဲ့စတိုင်လ်နဲ့ လူဝင်ဆန့်နိုင်အောင်လို့ နိုင်ငံခြားမှာ ပညာသင်ခွင့် တောင်းခဲ့ပြန်ပါတယ်။ အမေ့အတွေးကတော့ ငါ့သားဆီက အားမာန်၊ ဘ၀ဟန်ပန်တွေ မပျက်ဆီးစေဖို့၊ သားစိတ်ဓာတ်ကို မြှင့်တင်၊ လူရာဝင်စေဖို့အတွက် ရှိသမျှကို ထုခွဲ၊ အမေ မနည်းရှာဖွေခဲ့ရပြန်ပါပေါ့။ ဒီတခါတော့ ဆယ်သိန်းမက အမေလည်း ခါးချိလှပြီလေ။

အမေနဲ့ ဝေးကွာသွားအောင် နိုင်ငံခြားက ခွဲခဲ့ပြန်ပြီလေ။ ချစ်သူကို မတမ်းတ၊ လေဆိပ်မှာ အမေ့မျက်နှာကို ငေးမ၀အောင် ကြည့်ခဲ့မိပါတယ်။ အမေ့ရဲ့ မျက်ရည်တွေက သားဘဝကို ခိုင်မြဲစေတယ်လို့ ယုံကြည်မိတယ်လေ။ နိုင်ငံခြားတိုင်းပြည်ရောက် လေဆိပ်မှာပဲ မျက်စိတွေက မှောက်မှောက်မှားမှား. . . အားလားလား . . . ရန်ကုန်က တောရောက်သွားသလိုပါပဲ။ ကိုယ့်ကိုယ်ကို ဘဝင်ထိ ရန်ကုန်သား ဖြစ်ခဲ့မိတဲ့ ဘဝကို အမြဲတမ်းဂုဏ်ယူနေခဲ့တာလေ။ ခုများတော့ တောသားတစ်ယောက် မြို့ကိုရောက် ကျီးကန်းတောင်မှောက် မျက်စိတွေ အနားပေးလို့မရတဲ့အထိ ရောက်ခဲ့ရပြန်တယ်။ ရန်ကုန်သားဆိုတဲ့ဘဝက ဂုဏ်ငယ်၊ မြို့လယ်က နှစ်ထပ် သုံးထပ် တံတားတွေကိုသာ မျက်စိ ကလယ်ကလယ်နဲ့သာ ငေးမောလို့သာ ကြည့်နေမိပြန်ပါတော့တယ်။

နိုင်ငံခြားတက္ကသိုလ် အပိုအလိုမရှိ၊ အချိန် အတိအကျ သင်တယ်။ အင်တာနက်ဆိုတာက နှစ်ဆယ့်လေးနာရီ တစ်ရက်၊ မီးကလည်း မပျက်မကွက်၊ အလှည့်ကျရက်ဆိုတာ မရှိဘူးလေ။ ကွန်ပျူတာကို အငမ်းမရ ငယ်ငယ်ကတည်းက အမေ့သားတမ်းတခဲ့တာ ခုများတော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ရယ်စရာစကား အမေကြားအောင် သားပြန်ပြောရရင် အမေ့အိမ်မှာပေါ့။ သား နိုင်ငံခြားမသွားခင် အထုတ်အပိုးတွေ ပြင်ဆင်ခဲ့တုန်းကလေ။ “ သားရယ် စာအုပ်တွေက များလိုက်တာကွယ် ဒီလောက်ထိ သယ်မသွားပါနဲ့” လို့ အမေပြောတုန်းခဲ့တာ သားမှတ်မိ နေသေးတယ်။ စာအုပ်ကို တန်ဖိုးထား လေဆိပ်နားရောက်အောင် မနည်း သယ်ခဲ့ရတယ်။ ကီလိုချိန်ပြန်တော့ ပေးတာက နှစ်ဆယ်၊ အမှန်တကယ်က သုံးဆယ်ဖြစ်နေလို့ အနားက ညီလေးက ဖေးဖေးမမ သူ့ထဲက တစ်ဆယ် ယူခဲ့ရပြန်တယ်။

ဒါက အင်တာနက်နဲ့ နှုတ်မဆက်ရသေးခင်ပေါ့။ အင်တာနက်နဲ့ ကျွမ်းဝင်၊ ၀ဘ်ဆိုဒ်တွေ တပုံတပင် သိပြန်တော့။ ဟာ . . . ငါလိုချင်တဲ့ စာအုပ်တွေ မနည်းပါလားဆိုပြီး နေ့နေ့ညည ဒေါင်းလော့လုပ်၊ ကွန်ပျူတာ ဝင်းဒိုးပြုတ်တဲ့ အထိပါပဲ။ သယ်လာတဲ့ စာအုပ်တွေ သူတို့ မဟုတ်သလိုလိုနဲ့ အိတ်ထဲမှာ တုတ်တုတ်တောင် မလှုတ်ကြပါလား။ သြော် . . . နည်းပညာဆန်းကြယ် အမှန်တကယ်ပင် အသိပညာမှာ ငါ တော်တော် မလည်မဝယ်သေးပါတကား . . . ။

အင်တာနက်ကို ဆရာတင် ဒီကြားထဲမှာ တက္ကသိုလ်က စာတွေက တပုံတပင်ပေါ့။ ဘလောဂ်ဂါတွေကို အားကျ၊ နေ့နေ့ညည ဆည်းပူးမိတာက ညီနေမင်း။ မောင်နွေမင်းက အစစ်ပါသေးတယ်။ ခရစ်စ်တဲလ်ကို အကူအညီတောင်း အင်တာနက်က အသိတွေကို စုလို့ ဆောင်းလို့ပေါ့။ ရုရှားက မောင်ဖိုးသား အကျိုးများအောင် ခဏခဏ မေလ်းကနေ စာတွေ ပို့ပေးတယ်။ ဂျီတောကို သုံးတတ်မိပြန်တော့ ကမ္ဘာက ရွာကြီးဖြစ်လို့နေပြီလေ့။ ကမ္ဘာကို ရွာမှတ် ဘလော့ဂ်တွေ လုပ်တတ်လာပြန်တော့ တစ်ခုနဲ့ အားမရ၊ နှစ်ခုကျပြန်တော့ အလုပ်ရှုတ်၊ သုံးခုမြောက်တော့ ငုတ်တုတ်ပါ မေ့တော့တယ်။ ကွန်ပျူတာနဲ့ အင်တာနက်။ သူတို့က လင်နဲ့မယား။ အဆင်ပြေပြန်တော့ သူတို့အပြင် နှစ်ယောက်မရှိ။ ပတ်ဝန်းကျင်ဆိုတဲ့ ဗိုင်းရပ်စ်က ငြိပြန်တော့ ဖိုက်တင် ပလေးကြပြန်ပါသေးတယ်။ ပြီးတော့လည်း သူတို့ မဟုတ်သလိုပါပဲလေ။

ခုများတော့ အခန်းကျဉ်းလေးမှာ ကမ္ဘာကြီးနဲ့ မိတ်ဆက် သောကတွေ ကယောက်ကယက်နဲ့ပေါ့။ မိုးလင်းတာနဲ့ ကွန်ပျူတာဖွင့် နောင်မှ မျက်နှာသစ်တာ အလေ့အကျင့်တစ်ခုလို ဖြစ်နေပြီ။ ကိုးနာရီမှာ ကျောင်းတက် ဆင်းဖို့သတ်မှတ်တာက ငါးနာရီပါ။ အခန်းရောက်လို့ ရေမိုးချိုး လန်းဂွေ့စင်တာကို ဒိုးရသေးတယ်လေ။ ငါးခွဲက ရှစ်ခွဲ သုံးနာရီပဲ သင်လို့တော်တော့တယ်။ အမေရိကန်က ဆရာ၊ သူသင်တာ ကောင်းပေမယ့် ဦးနှောက်က မခံနိုင်၊ တမှိုင်မှိုင် ဖြစ်လို့နေပါပြီ။ အခန်းကို ပြန်အရောက် အိမ်မြှောင် မြည်သံက ကိုးနာရီထိုးသလို တဒေါက်ဒေါက်နဲ့ပေါ့။ ဒီလိုနဲ့ မနေနိုင် ကွန်ပျူတာ နဲ့ အင်တာနက်ကို ဆက်ကိုင်ဖြစ်တယ်လေ။ သတိရလို့ အချိန်ကို ကြည့်ပြန်တော့ အမလေးလေးလေး . . . အမေရေ့ . . . သုံးနာရီတောင် ရှိပြန်ပါပေါ့လား။ ဒါကတော့ နေ့စဉ်မပျက် အခစား ဝင်ခဲ့ရတဲ့ရက်တွေပေါ့။


ကျောင်းအားရက်မှာ အမျိုးအတွက် အကျိုးများစေမယ့် ကိုယ်ကြိုးစားရှာဖွေထားတာတွေကို ပြန်ပြီး ဖောက်သယ် ချရသေးတယ်လေ။ ဒါမှ ပညာရေးကို မှတ်ကျောက်တင် ဘဝရဲ့ သတ်မှတ်ချက်လေး မဆုံးခင်ပေါ့။ လိုချင်တဲ့ လောဘတွေက အတောမသတ်၊ တစ်ခါတစ်ခါ ပတ်ဝန်းကျင်ရဲ့ ပြောချက်တွေကလည်း အထိနာစေတယ်လေ။ ဖုဋ္ဌဿ လောကဓမ်၊ ဝိမုတ္တိ ဂျီတောမှာ အမှန်ရှိတာကို တွေ့တွေ့ နေလေတော့၊ ဒီစာသားက အားပေး၊ လောကဓမ်ဆေးခါးကို မင်္ဂလာတစ်ပါးအနေနဲ့ မကြိုက်လည်း မှီဝဲခဲ့ရပြန်ပါတယ်။ ဦးနှောက်ကို အစာကျွေး ကမ္ဘာ့ဖလား ဘောလုံးပွဲက မဒီလေးတွေနဲ့ အင်တာနက်မှာ ပျော်မြူးမလို့ စဉ်းစာတုန်း ဗြုန်းကနဲဆို စီဘောက်က အော်သွားပြန်တယ်။

သြော် . . . မြတ်ဗုဒ္ဓရဲ့ ဘဝလောကဓမ် တရားတွေသာ အခုအခံမရှိရင် ဦးနှောက်တွေလည်း ပျက်သုဉ်း၊ ဘဝတွေပါ ဆုံးပါးသွားနိုင်တယ်။ ခုများတော့ အကော်ဒီယံ အုန်းကျော် ဆိုထားတဲ့ “ငယ်ငယ်တုန်းက တို့ဘ၀မယ် ပျော်စရာကောင်းလို့ အောင့်မေ့တယ်” သီချင်းလိုပါပဲ။ ငယ်ဘဝကို တောင့်တနေမိပြန်ပါတယ်။ ငယ်ဘဝကို တောင့်တပြန်ရင် ဘဝအသစ်က ပြန်စရမှာကိုး။ ဒီတော့ အစကိုလည်း မရောက်ချင်။ အဆုံးကို သွားပါဆိုတော့လည်း နောက်ဆံတွေက တငင်ငင်၊ အပူအပင်တွေ တပုံတပင်နဲ့ ကြိမ်မီးအုံးသလို ဖြစ်နေပြန်ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်မှာတော့ ငယ်စဉ်အခါ ကလေးတို့ ဘဝကိုသာ အောင့်မေ့တသ သတိရရင်းဖြင့် . . . ငယ်ငယ်တုန်းက တို့ဘ၀ . . .။

(ဒီဆောင်းပါးကို မမျှော်လင့်ဘဲ ရေးဖြစ်သွားတာပါ။ အမေရိကန် နယူးယော့်ခ် ဘရုကလင်းမြို့ရှိ မစိုးရိမ်ကျောင်းမှာ သီတင်းသုံးနေပြီး ညီအကိုအရင်းလို ခင်မင်ရတဲ့ အဆောင်မှူးလေး (ချစ်စနိုးအခေါ် )ရဲ့ အထိမ်းအမှတ် စာစောင်တွေမှာ ဆောင်းပါး တစ်ပုဒ် တစ်ပုဒ်ကတော့ မအားလည်း ရေး၊ အားလည်း ရေးနေရတယ်လေ။ မရေးလို့ကလည်း မရ။ အဆူအငေါက်ခံရမှာလည်း ကြောက်ရသေးသကိုး။ ဒီနေ့တော့ ဇူလိုင်လအတွက် ထုတ်တဲ့ ၀ါဆိုဦးစာစောင်ကို မေလ်းကနေ ပို့လိုက်တာကို ကြည့်မိရင်းက ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။ မျက်နှာဖုံးက ပုံလေးကို ကြည့်ပြီး ဖြူဖြူစင်စင် ကိုရင်လေးတို့ရဲ့ဘဝကို ပြန်လည်တောင့်တ အားကျမိရင်း ရေးဖြစ်သွားတာပါ။) (စကားချပ်)

မောင်ပညာ (မန်းတက္ကသိုလ်)
http://www.pyinnyarzarni.com/
pyinyar08@gmail.com

Monday, July 19, 2010

သွားလာကျက်စားရာနေရာ

နေရာဆိုတာ သွားလာနေထိုင်ရာမို့ ငါတို့ဘယ်ဘုံ ဘယ်ဘ၀မှာ သွားရမယ် ဆိုတာမသိနိုင်လေတော့
ပညာကို အကြောင်းပြု ငွေကိုအကြောင်းပြု ရာထူး ဘွဲထူးကိုအကြောင်းပြု မာန်မာန တံခွန်မထူမိဘို့
သတိကလေးထားဘို့ နည်းနည်းကလေး သတိပေးလိုက်တာပါနော်။
သတ္တ၀ါ အားလုံးအမြင်ရှင်း၍ ဥာဏ်ပညာ လင်းလတ်နိုင်ပါစေ။

ခဲလှိုင်ရပ် မိသားစုတို့မှ အလှူငွေဆက်ကပ်လှူဒါန်း

၁၈.၀၇.၂၀၁၀
Royal King ကလေးနို့ဘူးစက်ရုံ ခဲလှိုင်ရပ် မိသားစုတို့မှ မြန်မာကျောင်းသား ရဟန်းတော်များအား ဒုတိယ အကြိမ်မြောက် ပညာသင်စရိတ် ၁၂၇၅၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ ဘဏ္ဍာရေးမူး ဆရာတော်ဦးဗြဟ္မဝံသ မှလက်ခံရရှိကြောင်း သတင်းရရှိပါသည်။

Friday, July 16, 2010

အလှူတော်ငွေ ဆက်ကပ်လှူဒါန်း

၁၇-၀၇-၂၀၁၀၊ ဘန်ကောက်။

M,S,M,O မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း) သို့၊ အလှူရှင် Dr.ဝေလင်းထွန်း+Dr.သက်ဝေဇင်၊ မိသားစုမှ၊ ပညာတော်သင်ထောက်ပံ့ကြေးအဖြစ် အလှူတော်ငွေ ၃၀၀၀ ဘတ် တိတိကို ဆက်ကပ်လှူဒါန်းသွားကြောင်း သတင်းရရှိပါသည်။

MYANMAR STUDENT MONKS ORGANIZATION IN THAILAND ၏ တနှစ်တာဆောင်ရွက်ချက်

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုငံ) MYANMAR STUDENT MONKS ORGANIZATION IN THAILAND ၏

တနှစ်တာဆောင်ရွက်ချက် အကျဉ်းချုပ်တင်ပြချက်ပါဘုရား။



*(၁) (28/6/2009) တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စနန်းမလွမ်ကွင်းအနီး Royal Hotel တွင် M.S.M.O (Myanmar Student Monks Organization) အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။



*(၂)အသင်း၏ website ဖြစ်သော msmointhailand.com ကို (1/7/2009) ဗုဒ္ဓဟူးနေ့တွင် ဒု-ဥက္ကဋ္ဌ ဆရာတော်မှ ဖန်တီးပြီးစီးခဲ့ပါသည်။



*(၃) အဖွဲ့၏ တံဆိပ်တုံးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို (24/7/2009) ကြာသပတေးနေ့တွင် အောင်မြင်စွာ အတည်ပြုပြီးဆီးခဲ့ပါသည်။



*(၄) (9/7/2009)တွင် သီတစ်ဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ အား အသင်း၏သြဝါဒါစရိယဆရာတော်အဖြစ် လျှောက်ထားခဲ့ကြပါသည်။ ဆရာတော်သည် နုတ်အားဖြင့် လက္ခံ လျှောက်ထားလွှာဆက်ကပ်ရန် ကျန်ရှိနေပါသေးသည်။



*(၅) (15/8/2009)တွင် ဒု-ဥက္ကဋ္ဌဆရာတော်ဦးအဂ္ဂမှ အ၈င်္လိပ်စာသင်တန်းကို ဝပ်တလုမ်ကျောင်းတိုက် တွင် တစ်လခန့်သင်ကြားပို့ချပေးခဲ့ပါသည်။



*(၇) (23/8/2009)တွင် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ ပညာဒါနသင်တန်းကို ဖိကစင်၊ ဝါလာလက်တွင် ဆရာတော်ဦးစန္ဒိမာ၊ ဦးတေဇနိယ၊ ဦးကောဏ္ဍည၊ ဦးတေဇိန္ဒ၊ ဦးနန္ဒောဘာသ တို့ဦးစီး အင်္ဂလိပ်စာ နှင့်ကွန်ပျူတာသင်တန်းများကို ပဌမဆုံးစတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြပါသည်။



*(၈) (27/10/2009) တွင် မဟာချိုင်အ၈င်္လိပ်စာသင်တန်းကို M.S.M.O၏ကိုယ်စား ဦးတေဇနိယမှ သွားရောက် သင်ကြားပေးခဲ့ပါသည်။



*(၉) (29/12/2009) တွင် ရန်ကုန်ဗုဒ္ဓတက္တသိုလ်၏ အကျိုးတော်ဆောင်ချုပ် ရွေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟအား အသင်း၏သြဝါဒါစရီယ ဆရာတော်အဖြစ် ထပ်မံလျှောက်ထားခဲ့ကြပါသည်။



*(၁၀) (28/1/2010) တွင် တိပိဋကဓရ ဓမ္မဘဏ္ဍာ၈ါရိက ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ(Ph.D) အား သြဝါဒါစရိယ ဆရာတော်အဖြစ် ထပ်မံလျှောက်ထားခဲ့ကြပါသည်။



*(၁၁) မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)ရုံးခန်းနှင့် စာသင်ကျောင်းကို (15/3/2010) တွင် ငှားရမ်း (11/4/2010) ရက်တွင် ဖွင့်လှစ်ခဲ့ကြပါသည်။



*(၁၂) မြန်မာကျောင်းသားရဟန်းတော်များအဖွဲ၏သြဝါဒါစရိယဆရာတော်ဖြစ်တော်မူသော တိပိဋကဓရ ဓမ္မဘဏ္ဍာ၈ါရိက ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ(Ph.D)၏ အသင်းရံပုံငွေ ထေရဝါဒအထူးတရားပွဲကို (26/3/2010)မှ(28/3/2010)ထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ပူဇော်ခဲ့ကြပါသည်။



*(၁၃) ပဌမအကြိမ် ရန်ပုံငွေလှူဒါန်းပွဲကို (28/11/2009) ရက်တွင် ဝပ်တစ်လုံးကျောင်းတိုက်ကျင်းပပြုလုပ် လှူဒါန်းခဲ့ကြပါသည်။ စာသင်သားရဟန်းတော် (83) ပါးတို့အား 1000ဘတ်စီ လှူဒါန်းနိုင် ခဲ့ကြပါသည်။



*(၁၄) (3/2/2009)တွင် အုံးနွဲ့၊ ဆွယ်မော်စီမှ မဝါဝါ၏ ယာဉ်မတော်တစ်ဆ ထိခိုက်မှုတွင် မြန်မာကျောင်းသားရဟန်းတော်များနှင် နီးစပ်ရာ ဒကာဒကာမများ စုပေါင်းထည့်ဝင်အလှူငွေ (12000)ဘတ်တိတိကို လှူဒါန်းကူညီနိုင်ခဲ့ကြပါသည်။



*(၁၅) (…/…/…) တွင် M.Aတန်းတက်ရောက်နေသော ဦးတိက္ခ၏ ဗီဇာကျေး အခက်ခဲကို လှူဒါန်းခဲ့ပါသည်။



*(၁၆) (…/…/…)တွင် M.A တန်းတက်ရောက်နေသော ဆရာတော်ဦးနန္ဒော၏ ကျန်းမာရေးစရိတ်ကို လှူဒါန်းခဲ့ပါသည်။



*(၁၇) (6/10/2010)တွင် စူကူဝစ်မှ မနော်ထားမူ၏ ယာဉ်တိုက်မှုတွင် မြန်မာကျောင်းသား ရဟန်းတော်များ စုပေါင်း အလှူငွေ(8000)ဘတ်တိတိကို လှူဒါန်းကူညီနိုင်ခဲ့ကြပါသည်။



*(၁၈) (28/11/2009) အစည်းဝေးဆုံးဖြတ်ချက်နှင့်အညီ အသင်း၏ထာဝရအလှူရှင်များအား ထာဝရစတုပစ္စယ အသင်းဝင်ကတ်ပြား ထုပ်ပေးခဲ့ပါသည်။



*(၁၉) (9/5/2010)မှ စတင် M.S.M.O ကိုယ်စား မဟာချိုင်အ၈င်္လိပ်စာ သင်တန်းကို ဥက္ကဋ္ဌဆရာတော် ဦးဇောတိကမှ ယ္ခုချိန်ထိ ဆက်လက်သင်ကြားနေဆဲဖြစ်ပါသည်။



*(၂၀) (14/6/2010) တွင်M.S.M.O၏ ရုံးခန်းနှင့်သင်တန်းကျောင်းကို မြို့နယ် သံဃာ့နာယက နှင့် မြို့နယ်ရဲစခန်းတို့အား အသိပေးလျောက်ထားပွဲကျင်းပပြုလုပ်ရာ မြို့နယ်သံဃာ့နာယက လက်ထောက်ဆရာတော်နှင့် ဝပ်တစ်လုံးဆရာတော်တို့ ကြွရောက် ချီးမြှောက်ခဲ့ကြပါသည်။



*(၂၁) M.S.M.O ရုံးခန်းတွင် သံဃာတော်များအတွက် ကွန်ပျူတာသင်တန်းနှင့် ထိုင်းဘာသာ သင်တန်းတို့ကို (19/6/2010)တွင်စတင်ဖွင့်လစ် ယ္ခုတိုင်သင်ကြားနေဆဲဖြစ်ပါသည်။



*(၂၂) M.S.M.Oရုံးခန်းနှင့် သင်တန်းကျောင်းတွင် ထိုင်နိုင်ငံရောက် မြန်မာပြည်သားများ အတွက်၊ အ၈င်္လိပ်၊ ကွန်ပျူတာ၊ ယဉ်ကျေးမှု၊ထိုင်းဘာသာနှင့် အဘိဓမ္မာသင်တန်းများကို (25/4/2010) မှ စတင်ဖွင့်လစ် ယ္ခုတိုင်ဆက်လက် သင်ကြားနေဆဲဖြစ်ပါသည်။



သင်တန်းနည်းပြဆရာများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်၊



(1) အ၈င်္လိပ်=ဦးသုဝဏ္ဏ၊ ဦးတေဇ၊ ဦးတေဇနိယ၊

(2) ကွန်ပျူတာ=ဦးပညာဇောတ ဦးနန္ဒောဘာသ၊ ဦးစန္ဒာသီရိ၊

(3) ယာဉ်ကျေးမှု=ဦးကုဝေရ၊ ဦးကုဏ္ဍလ၊

(4) ဘိဓမ္မာ=ဦးကောဝိဒ

(5) ထိုင်းဘာသာ=ဒေါ်ဥမ္မာအေး တို့ဖြစ်ကြပါသည်။



*(၂၃)(10/7/2010) သောကြာနေ့တွင့် M.A ပထမနှစ်တွင် တက်ရောက်နေသာ ဆရာတော်ဦးပုညသေဋ္ဌ၏ ကျန်းမာရေးစရိတ်အား (၅၀၀၀)ဘတ်လှူဒါန်း ကူညီခဲ့ပါသည်။



*(၂၄) (28/11/2009)အစည်းဝေးဆုံးဖြတ်ချက်နှင့်အညီ အသင်း၏ထာဝရအလှူရှင်များအား ထာဝရစတုပစ္စယ အသင်းဝင်ကတ်ပြား ထုပ်ပေးခဲ့ပါသည်။



(၂၅) (…/…/…)တွင် B.Aတန်း တက်ရောက်နေသော ဆရာတော်ဦးဥာဏိက၏ ကျန်းမာရေးစရိတ်ကို လှူဒါန်းခဲ့ပါသည်။



(၂၆) (၁၈-၇-၂၀၁၀) နေ့ အုန်းနွဲ့ အုန်းယိုင်ဒေသတွင် မြန်မာပြည်သားများအတွက် ဆက်လက်၍ ကွန်ပျူတာ ဘာသာ အင်္ဂလိပ်ဘာသာ ထိုင်းဘာသာ သင်တန်းများကို ထပ်မံ ဖွင့်လှစ်ဦးမည် ဖြစ်ပါသည်။



မှတ်ချက်။ ။(10 & 11/7/2010) တွင်ကျင်းပပြုလုပ်အပ်သော မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)၏ နှစ်ပါတ်လည် အစည်းဝေးတွင်တင်ပြသော အသင်း၏တစ်နှစ်တာ ဆောင်ရွက်ချက်အကျဉ်းချုပ်ဖြစ်ပါသည်။





မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

(ထိုင်းနိုင်ငံ)

M.S.M.O

THAILAND

msmointhailand.com

Monday, July 12, 2010

သတ္တ၀ါများနှင့် လောကဓာတ် (Beings and Global Warming)

အဘိဓမ္မာမှာ ကံ ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးက လူတစ်ယောက်(၀ါ)သတ္တ၀ါတစ်ဦး အသက် ဆက်လက်ရှင်သန်နေ(Life Process)ဖို့ ထောက်ပံ့ပေးထားတယ်လို့ ငယ်ငယ်က ဖတ်ခဲ့ဖူးပါတယ်။
အဲဒီလေးမျိုးကတော့....

၁။ ကံက ရုပ်ကို ဖြစ်စေခြင်း

၂။စိတ်က ရုပ်ကို ဖြစ်စေခြင်း

၃။ဥတုက ရုပ်ကို ဖြစ်စေခြင်း ( ဥတုဇရုပ်)

၎။အာဟာရက ရုပ်ကိုဖြစ်စေခြင်း ဟူသတတ်။

ဒီအကြောင်းလေးမျိုးထဲက (၃)ဖြစ်တဲ့ ဥတုဇရုပ်က ကမ္ဘာ့လူသားနှင့် သတ္တ၀ါတွေကို ဘယ်လို အကြောင်းအကျိုး အထောက်အကူပြုကြတယ်လို့ ဂေဟဗေဒ(Ecology)သင်ခဲ့တုန်းက ရင်တွင်းမှာ မေးခွန်းတစ်ခု ဖြစ်ထွန်းခဲဖူးပါသည်။

“ဥတုရာသီ တောကိုမှီ၏”ဟု ဆိုတဲ့အတိုင်း ရာသီဥတုက တောတောင်ကိုမှီရ၏။ ကမ္ဘာ့လူသားများကလဲ ရာသီဥတုကို တဖန် မှီနေရပြန်ပါသည်။ ဒါကြောင့်လဲ ၂၀၀၉ ၊ဒီဇင်ဘာလ၊ ဒိန်းမတ်နိုင်ငံ၊ မြို့တော် ကွန်ပင်ဟေဂင်မှာ ကုလသမဂ္ဂက ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းခြင်း ညီလာခံကို ကျင်းပခဲ့ကြပါသည်။

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ၊ ဥပနိဿယပစ္စည်းမှာတော့ “ဥတု ဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော” တဲ့။ ဆိုလိုချက်ကတော့ ရာသီဥတုကလည်း သတ္တ၀ါတို့အသက်ရှင်သန်ရေးမှာ အားကြီးတဲ့မှီရာ ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဥတုရာသီကောင်းမွန်လာလျင် အပူဓာတ်၊ အအေးဓာတ်မျှတတာကို အမှီရကြပြီး အရွက်၊အပွင့်၊ အသီး ၊ အမှည့် ၊ ဖြစ်ထွန်းလာတဲ့အတွက် အစာအာဟာရတွေလဲ ကောင်းမွန်တဲ့ အဆီသြဇာဓာတ်ကို ဖြစ်စေပါသည်။ အသက်ရှည်စေပါသည်။ ဒါကြောင့်လဲ “ သတ္တ၀ါတွေဟာ အသက်ရှင်သန်ဖို့ အစာအဟာရကို မှီနေကြရတယ်(သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ)”လို့ အပြောများနေကြတာ ထင်ပါသည်။

အင်္ဂုတ္တရနိကာယ်မှာ တရားမစောင့်သော မင်းမျိုးအုပ်ချုပ်သူမှ စတင်၍ အိမ်ရှေ့မင်း၊ မူးမတ် ၊ ထိုမှတဆင့် တိုင်းသူပြည်သားများက အဆင့်ဆင့် တရားမစောင့်ကြ၊ နတ်များက စိတ်ဆိုးကြ၍ ရာသီဥတုစတင်ဖောက်ပြန်လာသဖြင့် မှန်စွာမိုးမရွာ၊ မြေဆီလွှာ မကောင်း၊ နွယ်ချိုသြဇာဓာတ်မျိုးဆုတ်ယုတ်ကျဆင်း၊ ဓာတ်ကြီးလေးမျိုးနဲ့ဖွဲ့စည်းထားတဲ့ သတ္တ၀ါများရဲ့ ကိုယ်က ဘိလပ်မြေ သဲ ညံ့ညံ့နဲ့ ဆောက်ထားအိမ်တစ်လုံး၊ ဟာ့ဝဲညံ့တဲ့ ကွန်ပြူတာတစ်လုံးလိုမျိုး ဖွဲ့စည်းမှုအားနည်းလာကြသည်ဟုဆိုသည်။
မြေဆီလွှာညံ့ဖျင်းခြင်းကြောင့် အာဟာရညံဖျင်းလာခြင်း၊ လူသားအပါအ၀င် သတ္တ၀ါတို့မှာလည်း အနာရောဂါဆန်းပြားစွာပေါ်လာခြင်း၊ အပြင်(ဗဟိဒ္ဓ)ရုပ်ကြောင့် အတွင်း(အဇ္ဈတ္တိက)ရုပ်များဖောက်ပြန်ပျက်စီးမှု လွယ်ကူလာခြင်း၊ မဟာဘုတ်ရုပ်ကို မှီ၍နေရသော နာမ်တရားတွင် လောဘမီး၊ ဒေါသမီး၊ မောဟမီးများ ပိုမိုနှိပ်စက်လာကြသဖြင့် အကြောင်းနှင့် အကျိုးဆက်စပ်လျက်ရှိသော နာမ်ရုပ်တို့သဘောမှာ အတောမသတ်နိုင်တော့ဘဲ ဆုတ်ယုတ်ပျက်စီးမှု သံသရာ ရဟတ်လည်ပတ်နေပေတော့သည်။

လူတစ်ယောက်မှာ နေစဉ်နဲ့အမျှ ကိုယ်တွင်းမှာ အပူအအေးမမျှတခြင်းကြောင့်ဖြစ်စေ၊ အာဟာရချို့တဲ့ခြင်းကြောင်းဖြစ်စေ၊ အနာရောဂါ တစ်မျိုးမျိုး နှိပ်စက်ခံစားနေကြရပါသည်။ ကမ္ဘာကြီးကလဲ ဒီလိုပါပဲ။ ကမ္ဘာကြီးကို ဂူဂယ်အာ့(Google Earth)ကနေ နှိုင်းစာယှဉ်ကြည့်လျင်ကား လူတို့နေထိုင်ရာ တိုင်းပြည်တစ်ပြည်ရဲ့ မြေပုံကို လူတစ်ယောက်ရဲ့ လက် ၊ ခြေ ၊ဦးခေါင်း ၊အစိတ်အပိုင်းများကဲ့သို့ တစ်စိတ်စီ ရှာဖွေကြည့်ရှုခဲ့ရပါသည်။ မြန်မာပြည်မြေပုံကို ရှာတွေ့ဖို့အရေး လူတစ်ယောက်ရဲ့ ပုံခုံးပေါ်က ပွေးကွက်တစ်ကွက်ကို ရှာနေသလိုဖြစ်ခဲ့ပါသည်။ ထိုမြေပုံပေါ်ရှိလူသားများ၏အရွယ်ပမာဏမူကား လူ့ခန္ဓာပေါ်က မမြင်ရတဲ့ ဘက်တီးရီးယားပိုးမျှလောက်သာသာရှိတော့သည်။

နေစဉ်နဲ့အမျှ မတူညီတဲ့ ကမ္ဘာ့အစိတ်အပိုင်းနေရာများတွင် အပူအအေး မမျှတခြင်း၊ အစာအာဟာရရှာပါးခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့သဘာဝဘေးဒဏ်ကို ခံနေစားနေကြရပါသည်။ အပူလွန်တဲ့နေရာ၊ အအေးလွန်တဲ့နေရာ၊ မျှတတဲ့နေရာ၊ မမျှတတဲ့နေရာ ၊ အစာအဟာရပေါများတဲ့နေရာ၊ အစာရေစာရှားပါးတဲ့နေရာ၊ ရေမရှိ ၊ ရေရှိ စတာတွေမျိုးပဲ လူကိုယ်မှာဖြစ်တဲ့ ဝေဒနာတွေမျိုး ကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်လျက် ရှိနေပါသည်။

ဒီလိုကမ္ဘာကြီးမှာ ဘေးဖြစ်အောင် ဘယ်သူလုပ်တာလဲဆိုယင်တော့ အသိဥာဏ်ရှင်ကြီးဖြစ်ပါတယ်ဆိုတဲ့ ကျနုပ်တို့လူသားတွေကပဲ လုပ်ကြပါသည်။ သစ်တော ပြုန်းတီးအောင်၊ လေထုထဲမှာ ကာဗွန်တွေ၊ အဲယားကွန်း မီးသိမ်းဓာတ်ငွေ့တွေ၊ ရေထု လေထုထဲတွေမှာ စည်းကမ်းမဲ့ ပလပ်စတစ်အိပ်စွန့်ပစ်တာတွေ၊ရေနံယိုဖိတ်မှုတွေ၊ ဘတ္တရီ ပလိပ်ပြားတွေ မြစ်ချောင်းကန်တွေထဲပစ်ချတာတွေဟာ တိရစ္ဆာန်သတ္တ၀ါတွေ လုပ်ခဲ့ကြတာမဟုတ်လို့ယုံကြည်နေမိပါသည်။

ဒီကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ သတ္တ၀ါတွေတွေဟာ ရာသီဥတုကို အကြောင်းအကျိုးပြုနေထိုင်ကြပါသည်။ လူသားနဲ့နှိုင်းယှဉ်ရင် အသိဥာဏ်မဲ့ပြီး သညာသိလောက်သာရှိတဲ့ တိရစ္ဆာန် သတ္တ၀ါတွေတောင်မှ ဂေဟဗေဒစနစ်(Ecosystem) အရ ရာသီအလိုက် အပွင့်၊ အသီး၊ အမှဲ့ အစေ့တွေကို ကိုက်ချီစားသောက်ကြပြီး သစ်ပင်ဇီဝမျိုး ပွားများလာအောင် ဆောင်ရွက်ပေးနေကြပါတယ်။

အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေအဖို့ တုန်ခါမှုလှိုင်း(frequency wave)ဖြင့်သာ လောကကြီးကို တုန့်ပြန်တတ်သော သတ္တ၀ါများတွေလောက်တောင်မှ နေမကောင်းဖြစ်နေတဲ့ ကမ္ဘာကြီး ကျန်းမာလာအောင်ပြုစုပေးနိုင်စွမ်းမရှိကြပါတကား။
ပင်လယ်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်း( Coal Reefs) တွေကို မပျက်စီးအောင် ထိန်းသိမ်းပေးတဲ့ ပင်လယ်ဂဏန်း (Crab Condos)ဆိုတာတွေရှိတယ်လို့ ဖတ်ဖူးခဲ့ပါတယ်။ ပင်လယ်ကမ်းခြေကို ဒီရေတိုက်စားခြင်းဒဏ်မှ ကာကွယ်ပေးတဲ့ လမုပင်တစ်ပင်လောက်လဲ ကျုပ်ကတော့ မစိုက်ခဲ့ဖူးချေ။

အချို့သောငှက်မျိုးများကြတော့ သစ်စေ့ သစ်သီးများကို စားသောက်၊ကိုက်ချီပျံသန်းတတ်ကြပါသည်။ မိုင်ထောင်ချီခရီးကို ပါတ်စပိုစ်မပါ၊ ချက်ပွိုင့်မရှိ ပြန်သန်းနိုင်ကြပါသည်။ ကျနော်တို့လို့ ကိုယ့်ဘာသာကိုယ် နယ်နိမိတ်သတ်မှတ်ပြီး အကျဉ်းချမထားခဲ့ကြပေ။ ဒါကြောင့်လဲ သစ်ပင်ဇီဝမျိုးပြန်ပွားတာကို အထောက်အကူဖြစ်ပါတယ်။

အဘိဓမ္မာမှာတော့ နာမ်ဇီဝိတရှိသလို ရုပ်ဇီဝိတ( Bio Chemical )ဆိုတာရှိကြပါသည်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလဲ ဇီဝရုပ်တုံ့ပြန်တုန်ခါခြင်း(Bio Chemical reaction/ Bio Chemical vibration) ဆိုတာရှိပါတယ်။ ဒီလို ခန္ဓာကိုယ်တွင်းဇီဝရုပ်များသည် စိတ်ကြောင့် အတက်အကျဖြစ်ခြင်း၊ အာရုံများကြောင့် ဖြူစင် ညစ်နွမ်းခြင်းနဲ့လည်း သက်ဆိုင်လျက်ရှိပေသည်။ ကံကြောင့် ရုပ်ဇီဝိတဖြစ်ရသည်ဟု ဆိုပါသည်။

“စိတ်ပျိုလျှင်ကိုယ်နု”ဟု မြန်မာစကားပုံအတိုင်းပင် စိတ်ကလည်း ရုပ်ဓာတ်ကို အားပေးကြောင်း သိလာရပါသည်။ အပြင်ဥတုဇရုပ်ကြောင့် အတွင်းဥတုဇရုပ်အချင်းအချင်းဖြစ်စေ ၊ ရုပ်နှင့် နာမ်အချင်းချင်းဖြစ်စေ၊ နာမ်-နာမ် အချင်းချင်းဖြစ်စေ ဆက်စပ်ကာ အကြောင်းအကျိုး(စက္က/cyclin) လည်ပတ်လျက် ရှိနေတော့သည်တကား။

ထိုကြောင့် မြတ်ဗုဒ္ဓက အောက်ပါအတိုင်းမိန့်ဆိုတာ ဖြစ်ပါလိမ့်မည်။

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ ။
တေသဉ္စ ယော နိရောဓော ၊ ဧ၀ံ ၀ါဒီ မဟာသမဏော ။

“အကျိုးတရားအားလုံးဟာ အကြောင်းတရားနဲ့ ကင်း၍ ဖြစ်ရိုးထုံးစံမရှိချေ။ အကြောင်းနှင့် အကျိုးတို့သည် တစ်ခုနှင့်တစ်ခုတည်မှီ၍ လည်ပတ်နေကြရသည်။ အကြောင်းတရားချုပ်လျင် အကျိုးတရားလည်းချုပ်လေတော့သည်”ဟု ငါဘုရားဟောတော်မူ၏။
(ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိ၊ ဗုဒ္ဓ၀ဂ် ၊ ဂါထာ အမှတ်၊၂၈၆ )


မှတ်ချက်။ ။ဤဖော်ပြပါဆောင်းပါးနှစ်ပုဒ်သည် ၂၀၀၉၊ ဒီဇင်ဘာလ၊ ကိုပင်ဟေဂင်တွင် သဘာဝပတ်ဝန်းကျင်ညီးလာခံ ကျင်းပနေဆဲကာလက ရေးနေသည့် အတွေးစာစုများကို ယခုမှ အနားသတ် ပိုစ်တင်လိုက်ရပါသတည်း။

Sunday, July 11, 2010

မူလပန်းတိုင်နှင့် နောက်ဆုံးရည်ရွယ်ချက်

ရဟန်းတော်များ၏ မူလပန်းတိုင်၊ ရဟန်းတော်များနှင့် ခေတ်ပညာ၊ ရဟန်းတော်များနှင့် ကွန်ပျူတာအင်တာနက် အစရှိသဖြင့် မေးခွန်းပေါင်းစုံကို အီးမေး တော်တော်များများတွင် ဖတ်ရှူနေရသဖြင့်၊ ဤ မူလပန်းတိုင်ကို ရေးသားလိုက်ပါသည်။

အမြင်အမျိုးမျိုးရှိသည့်အနက် ဤယခု ရေးသားလိုက်ခြင်းသည်လည်း အမျိုးမျိုးရှိသည့်ထဲမှ တစ်မျိုးဟူ၍ မှတ်ယူတော်မူကြပါရန်။
ကမ္ဘာပေါ်ရှိ မည့်သည်အဖွဲ့အစည်းမဆို မူလပန်းတိုင် ဟူ၍ ရှိကြလေသည်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံကို ဆိုကြပါစို့…။ မြန်မာနိုင်ငံ၏ မူလပန်းတိုင်သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီ်းဆီသို့ ဟူ၍ ဖြစ်လေသည်။


ထိုနည်းတူစွာ အဖွဲ့အစည်းစုံ၌ ပန်းတိုင်မျိုးစုံရှိကြလေသည်။ သို့သော် ဤနေရာ၌ အဖွဲ့ အစည်းနှင့် ဝန်ထမ်းကို ကွဲပြား စေချင်သေးသည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေသော သူများကို နိုင်ငံဝန်ထမ်းဟု ခေါ်သကဲ့သို့၊ သာသနာတော်၏ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နေသူုများကိုလည်း သာသနာ့ဝန်ထမ်းဟုခေါ်လေသည်။

ဆိုလိုသည်မှာ နိုင်ငံဝန်ထမ်းတိုင်း နိုင်ငံတော်၏ ရည်ရွယ်ချက်သို့  ဦ်းတည်နေသလော ဟု မေးစရာဖြစ်လာသကဲ့သို့၊ ဦင်္းမတည် တိုင်းလည်း နိုင်ငံဝန်ထမ်းမဟုတ်တော့ ဟူ၍ကား မဆိုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော်.. စာပို့ သမားသည် စာပို့မည်။ ရုံးဝန်ထမ်းသည် ရုံးအလုပ်ကိုလုပ်မည်။ စစ်သားသည် စစ်သားအလုပ်ကိုလုပ်မည်။ ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအလုပ်ကို လုပ်မည်။ ၄င်းတို့အားလုံး နိုင်ငံတော်၏ မူလပန်းတိုင်ဖြစ်သော ခေတ်မီဖွဲ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြမည်မဟုတ်။ စိတ်လည်း ဝင်စားမည်မဟုတ်ပေ။

သူတို့၏ ပုဂ္ဂလိက ရည်ရွယ်ချက်များကိုသာ ဖြစ်အောင် အကောင်အထည်ဖော်နေကြမည်မှာ သေချာသည်။ စာပို့လုလင်သည် စာတိုက်စာရေးကြီးဖြစ်အောင် ကြိုးစားမည်၊ ရုံးဝန်ထမ်းသည် ရုံးအုပ်ကြီ်းဖြစ်အောင် ကြိုးစားမည်၊ စစ်သားသည် ဗိုလ်ဖြစ်အောင် ကြိုးစားမည်၊ ရပ်ကွက် ဥက္ကဋ္ဌသည် မြို့နယ် ဥက္ကဋ္ဌဖြစ်အောင် ကြိုးစားမည်။

ထို့ကြောင့်.. နိုင်ငံတော်၏ မူလပန်းတိုင်သည် ခေတ်မီင်္ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ဟု ဆိုသော်လည်း ဝန်ထမ်းတစ်ဦင်္်း ချင်းစီ၏၊ နောက်ဆုံးရည်ရွယ်ချက်သည်ကား တစ်မျိုးတစ်ဖုံကွဲပြားနေမည် ဖြစ်၏။ သို့သော်လည်း ၄င်းတို့အားလုံးသည်ကား ဝန်ထမ်း ကောင်းများဖြစ်သည်သာမက နိုင်ငံတော်၏ ဦးတည်ချက်ကိုလည်း တစ်နည်းတစ်ဖုံ အကောင်အထည်ဖော်နေသူများသာဖြစ်လေသည်။

ထိုနည်းတူစွာပင်လျှင် သာသနာတည်းဟူသော အဖွဲ့အစည်းကြီင်္း၏ မူလပန်းတိုင်သည်၊ သန္တိသုခ ခေါ် နိဗ္ဗာန် ဖြစ်လေသည်။ နိဗ္ဗာန် သည် အဖွဲ့အစည်းကြီး၏ မူလပန်းတိုင် သို့သော် ၄င်းအဖွဲ့အစည်းကြီး ရည်ရှည်တည်တံ့နိုင်ရန်အတွက်မူ နိဗ္ဗာန်တစ်ခုတည်း မဟုတ် တော့ပေ၊ များလှစွာသော တာဝန်များကို ထမ်းဆောင်နေကြရသော သာသနာ့ဝန်ထမ်းများရှိပေသည်။ ၄င်းသာသနာ့ ဝန်ထမ်းများ သည်ကား မိမိတို့ သန်ရာသန်ရာ တာဝန်များကို နောက်ဆုံးရည်ရွယ်ချက်သို့ရောက်အောင် ထမ်းဆောင်နေကြလေသည်။

တစ်ချို့က ပရိယတ် တစ်ချို့က ပဋိပတ်၊ စသည်အားဖြင့် ပရဟိတပါမကျန် ထမ်းဆောင်နေကြလေသည်။ သို့သော် သာသနာတော်၏ မူလရည်ရွယ်ချက်ကား နိဗ္ဗာန်သည်သာ ဖြစ်၏။ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အဖွဲ့ကြီင်္းကို စောင့်ရှောက်နေသည်မှာကား ဝန်ထမ်းများသာဖြစ်လေသည်။ ဤသည်ကို လူတိုင်းနားလည်ထားသင့်သည်ဟု ထင်မြင်မိပါသည်။

ဝန်ထမ်းတိုင်း နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို အမြဲတစေကျင့်ကျန် အားထုတ်နေကြသည်မဟုတ်၊ သူ့တာဝန်နှင့်သူ ထမ်းဆောင်နေကြခြင်းသာ ဖြစ်လေသည်။ ဤကဲ့သို့ထမ်းဆောင်နေပါမှလည်း ဤအဖွဲ့အစည်းကြီ်း၏ ဘေးအန္တရာယ်များကို ဘက်ပေါင်းစုံမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အဖွဲ့အစည်းကြီးတစ်ခု အစဉ်တည်မြဲနေဖို့အတွက် လူပေါင်းစုံ ဘက်ပေါင်းစုံမှာ တာဝန်ယူရသကဲ့သို့၊ ဤသာသနာ့အဖွဲ့အစည်းကြီး တည့်တံ့ဖို့အတွက်လည်း၊ ဘက်ပေါင်းစုံမှ ပညာရှင်များ၊ လိုအပ်လေသည်၊ ကွန်ပျူတာ ကျွမ်းကျင်သော ဆရာတော်များက ကွန်ပျူတာဖြင့်၊ ဗုဒ္ဓစာပေများကို မှတ်သားထားနိုင်သကဲ့သို့၊ ဘာသန္တရ စာပေများ ကျွမ်းကျင်သော ဆရာတော်များသည်လည်း၊ ဗုဒ္ဓစာပေများကို အခြားသော ဘာသာစကားများ စာပေများဖြင့် ဘာသာပြန်နိုင်လေသည်၊။

အထက်ပါမေးခွန်းများကို မေးမြန်းကြသော မေးခွန်းရှင်များအား အနည်းငယ်သိထားစေချင်သည်မှာ၊ ဘာသာစကားနှင့် ဘာသာတရားကို ကွဲပြားဖို့ လိုလေသည်။ ဘာသာစကားဟူသည်မှာ ဘာသာတရား မဟုတ်သေးသကဲ့သို့၊ ဘာသာတရားသည်လည်း ဘာသာစကား တစ်ခုမဟုတ်သေးပေ၊ မိမိတို့ထင်ထားသည်မှာ ပါဠိစာပေသည်သာ ဗုဒ္ဓစကား၊ ပါဠိစာဖြင့်ရေးသားထားသော စာသည်သာ ဗုဒ္ဓစာပေ ဟူ၍မှတ်သားထားကြသောကြောင့်၊ အထက်ပါ သို့လော သို့လောမေးခွန်းများကို မရှင်းမလင်း နိုင်ကြခြင်းဖြစ်လေသည်။

အမှန်မှာမူ ပါဠိစာပေသည်လည်း ဘာသာစကားတစ်ခုမျှသာ ဖြစ်သောကြောင့်၊ ပါဠိဖြင့်ရေးသားထားမှ ဗုဒ္ဓစကားဟူ၍ မှတ်ထားရန် မသင့်ပေ၊ ပါဠိစကားကို သုံးသော ပါဠိဘာသာကိုပြောသော လူများသည်လည်း၊ မိမိတို့ ပါဠိဘာသာဖြင့် အကြောင်းအရာပေါင်းစုံကို ၄င်းပါဠိစာပေဖြင့်သာ မှတ်သားထားခဲ့ကြပေလိမ့်မည်၊

ထိုအထဲတွင် ဗုဒ္ဓတရားတော်များကိုလည်း ပါဠိဖြင့် မှတ်သားခဲ့ကြသကဲ့သို့၊ အခြားသော လူ့မူရေးအကြောင်းအရာ၊ နိုင်ငံရေး အကြောင်းအရာ၊ စသည်စသည်အားဖြင့် အကြောင်းအရာများ စုံလင်မည်သာဖြစ်၏။

ထိုမျှလောက် သိထားခဲ့လျှင်ပင်၊ ဘာသာခြားစာပေများကို သင်ယူနေကြသော ရှင်ငယ်ရဟန်းငယ်များအပေါ်၊ နားလည် သဘော ပေါက်နိုင်လောက်ပေသည်။ ဘာသာစကားသည် ဘာသာတရားမဟုတ်ဟူသော အသိကို သိရှိထားဖို့ လိုအပ်လှလေသည်။

ဥပမာအားဖြင့် = ပါဠိစာပေသည်သာလျှင် ဗုဒ္ဓဘာသာဟူ ထင်မှတ်ထားသော လူတစ်ယောက်အား အောက်ပါ မေးခွန်းကို ဖြေစေချင်ပါသည်။

အင်္ဂလိပ်စာဖြင့် ရေးသားထားသော ငါးပါးသီလ ကို ဘယ်ဘာသာဟူ၍ ဆုံးဖြတ်ချင်ပါသည်နည်း၊

ထိုနည်းတူစွာ ရဟူဒီ၊ ဘင်ဂါလီ၊ တရုတ်၊ စသည်စသည် ဘာသာစကားများဖြင့် ရေးသားထားသော ဗုဒ္ဓဘာသာလာ အသုံးအနုန်း အခေါ်အဝေါ်များကို တွေ့ ခဲ့လျှင် အသင်သည်၊ ၄င်း အယူအဆများသည်၊ ပါဠိစာပေးဖြင့် ရေးသားထားခြင်း မဟုတ်သောကြောင့် ဟူသော၊ အကြောင်းပြချက်ဖြင့် ဗုဒ္ဓစကားမဟုတ် ဗုဒ္ဓဘာသာလာ အသုံးအနှုန်းများ မဟုတ်ဟု ဆုံးဖြတ်ချင်ပါသလား.။ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း..။

အလှူငွေဆက်ကပ်လှူဒါန်းခြင်း

၁၁၊၇၊၂၀၁၀၊
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)၊ သို့ လစဉ် ပညာတော်သင် ထောက်ပံ့ကြေးများ ဆက်ကပ်လှူဒါန်းနေသော၊ မူစီ (ဆပ်ချလိုင်) DD စက်ရုံ မြန်မာအလုပ်သမား မိသားစုများမှ၊ စုပေါင်း၍ စတုတ္တအကြိမ် အဖြစ်၊ အလှူတော်ငွေ ဘတ် ၄၀၀၀၊ တိတိကို ဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိပါသည်။

M.S.M.O နစ်ပတ်လည် အစည်းအဝေး

၁၁၊ ၀၇၊ ၂၀၁၀။
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)၏၊ တစ်နစ်ပြည့် နစ်ပတ်လည် အစည်းအဝေးနှင့်၊ တက္ကသိုလ် အသီးသီးတို့တွင် ပညာသင်ကြားနေကြသော၊ မြန်မာကျောင်းသားရဟန်းတော်များအား၊ ဒုတိယအကြိမ်မြောက် ပညာသင် ထောက်ပံ့ကျေး ဆက်ကပ်လှူဒါန်းပွဲ အခန်းအနားကို၊ ၁၀ ရက်၊ ၁၁ ရက်၊ ၇ လပိုင်း ၂၀၁၀ ခုနစ်တွင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ၊ ဝပ်တလုမ်ကျောင်းတိုက်၌၊ နစ်ရက်တိုင်တိုင်၊ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင်၊ တစ်နစ်တာအတွင်း ကော်မတီဝင်များ၏ လုပ်ဆောင်ချက်များနှင့်၊ လုပ်ငန်းအတွေ့ အကြုံများကို၊ ရှင်းလင်းပြောကြားခြင်း၊ အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ခြင်း၊ အစရှိသော ညှိနိုင်းဆွေးနွေးမူများနှင့်အတူ၊ အောက်ပါ ဆုံးဖြတ်ချက်များအား ချမှတ်ခဲ့ကြပါသည်။

ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ။ အဖွဲ့၏ လက်ရှိ စည်းမျဉ်းများကို၊ ကော်မတီဝင်များနှင့်၊ ဆပ်ကော်မတီဝင်များမှ၊ လိုအပ်သည်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီး၊ အဖွဲ့ဝင်ကျောင်းသားများထံသို့ တင်ပြ၍ အများသဘောတူ အတည်ပြုဆုံးဖြတ်ကြရန်။

၂။ ။ အဖွဲ့၏ ကော်မတီဝင်များအား၊ အသစ်တစ်ဖန်ပြန်လည် ဖွဲ့စည်းခြင်း ရွေးကောက်ပွဲကို၊ ဒုတိယနစ်ဝက် (၆) လပတ်တွင်၊ ကျင်းပ ပြုလုပ်ကြရန်။

၃။ ။ အဖွဲ့ဝင် မဖြစ်သေးသော ကျောင်းသားများသည်၊ ဝင်ခွင့်လျှောက်ထားလွှာ ပုံစံများကို ဖြည့်စွက်ပြီး၊ ပြန်ကြားရေးများထံသို့ အပ်နှံရန်။

၎။ ။ ကျောင်းသား အဝင်/အထွက် စာရင်းများကို၊ စာရင်းစစ်များမှ စိစစ်၍၊ ကျောင်းသားဦးရေ အရေအတွက်ကို ပြန်လည်အတည်ပြုပေးရန်။

ပြန်ကြားရေးအဖွဲ့၊ M.S.M.O
ဦးကုဏ္ဍလ= ၀၈၅ ၁၂၃ ၅၀၅၄၊
ဦးကောဏ္ဍည=၀၈၄ ၆၆၉ ၀၆၀၇၊
ဦးကဝိန္ဒ= ၀၈၀ ၅၅၅ ၈၇၀၈၊

Monday, July 5, 2010

ဥာတတ္ထစရိယ နဲ့ Discrimination


ပရိတ်ကြီးရတနသုတ်မှာ အကျင့်(စရိယ)သုံးမျိုး ဖတ်ဖူးခဲ့တယ်။အဲဒါတွေကတော့…

၁။ လောကတ္ထစရိယ
၂။ ဥာတတ္တစရိယ
၃။ ဗုဒ္ဓတ္ထစရိယ လို့ သုံးမျိုးဖြစ်ကြပါတယ်။

အဲဒီသုံးမျိုးထဲက ဥာတတ္ထစရိယယူပုံနဲ့ပတ်သတ်ပီး မကွဲမပြား ၀ိုးတ၀ါးဖြစ်နေမိတဲ့အတွက် လွန်ခဲ့တဲ့တစ်လလောက်က အပေါင်းအသင်းတစ်ယောက်နဲ့ တက္ကစီပေါ်မှာထိုင်ရင်း ဆွေးနွေးဖြစ်ခဲ့ကြသေးတယ်။
ပါဠိတွေမှာ ဥာတိ = ဆွေမျိုး နဲ့ ကုလ= အမျိုး ဆိုတာတွေကို ဘယ်လို ဘယ်ပုံ ကွဲပြား၊တူညီကြတယ်ဆိုတာကို စဉ်းစားနေမိတာလဲ ကြာလှပါပြီ။
ဗုဒ္ဓကတော့ သူ့တရားကို စောက်ရှောက်သူ၊ သူ့တရားကို ကျင့်သူဟာ သူ့ကိုမြင်တဲ့သူလို့ ပြောထားခဲ့ပါတယ်။ မှတ်မိသလောက်တော့ ၀က္ကလိမထေရ်ကို ဒီလိုပြောခဲ့တာထင်တာပဲ။ ဗုဒ္ဓတရားကို မြင်သူက သူ့သားတော်များ၊ သမီးတော်များဖြစ်ကြတယ်။ ဗုဒ္ဓရဲ့ဆွေမျိုးတွေပေါ့။

မေတ္တသုတ်မှာ “မာနသံ ဘာဝယေ အပရိမာဏံ“ တဲ့လေ။ ဆိုလိုချက်ကတော့ မေတ္တာစိတ်ကို အပိုင်းအခြားမဲ့(unlimited space) တိုင်အောင် ပို့လွှတ်ထားရမယ်ဆိုတာပါပဲ။ နောက်ပြီး ” အမျိုးဖြစ်လို့ အဂတိတရားသို့ အစဉ်မလိုက်ရဘူးတဲ့(ကုလေသွ-နာနုဂိဒ္ဓေါ=မျက်နှာကြီးရာ ဟင်းဖတ်မပါရ)လဲ ပါသေးတယ်။ ဒါကလဲ ခွဲခြားဆက်ဆံမှုမရှိရလေအောင် သတိပေး စကားလေးတွေပါပဲ။ တကယ်လို့သာကိုယ့်အမျိုးတွက်သာ အဂတိတရာလိုက်စားကာ လုပ်နေရင်း အခြားတဖက်သား လူမျိုးတွေကို နာကျဉ်အောင်လုပ်နေခဲ့ယင်လည်း မေတ္တာနဲ့ယှဉ်တဲ့သူ၊ ဗြဟ္မ၀ိဟာရနဲ့ နေတဲ့သူလို့ ဘယ်လိုပြောလို့ရပါ့မလဲ။

မင်္ဂလသုတ်မှာတော့ “ဥာတကာနံစ သင်္ဂဟော=ဆွေမျိုးတွေကို ထောက်ပံရမည်“တဲ့လေ။ ဆွေမျိုးကို ယူဆနည်းကတော့ ဒီနေရာမှာ အငြင်းပွားဖွယ်ရာကတော့ အမြင်ကျယ်သည့်အပေါ်တွင်မူတည်ပါလိမ့်မည်။

ဗုဒ္ဓက ပဌမ၀ါဆိုအပြီး ရဟန်းအပါး ၆၀ နဲ့ သံဃာဖွဲ့စည်းလိုက်ပါတယ်။ အဲဒီနောက်မှာ အများသတ္တ၀ါတွေအတွက်ဆိုပြီးတော့ လေ့လာ၊ကျင့်ကြံထားတဲ့အတိုင်း တစ်ကြောင်းတည်းသောလမ်းကို ရဟန်းနှစ်ပါးမသွားစေဘဲ ဓမ္မကို ဖြန့်ချိ့စေဖို့ ဓမ္မဒူတခရီး စေလွှတ်လိုက်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓရဲ့ သတ္တ၀ါအားလုံးအပေါ်မှာထားတဲ့ ခွဲခြားဆက်ဆံမှု(Discrimination)မရှိတာကို ပေါ်လွင်စေပါတယ်။ ဘယ်သူ့အတွက်လဲ လို့မေးလာခဲ့ယင် အားလုံးအတွက်ပဲ(သတ္တာနံ ဟိတာယ=for the good of many)လို့ ဖြေရမှာဖြစ်လို့ပါပဲ။ ငါတို့ရဲ့ မိဘဆွေစင်ခုနစ်ဆက်အတွက်အမျိုးလား၊ သို့မဟုတ် ဘာသာစကားအုပ်စုကွဲတူသူ မွန်- မွန်ချင်း၊ ဗမာ- ဗမာချင်း၊ကရင်-ကရင်ချင်း၊ ရခိုင်-ရခိုင်ချင်း၊ အမျိုးတူသူ(ဥာတတ္ထ/ဥာတိ-အတ္ထ)လား၊

မြန်မာနိုင်ငံအရှိ နိုင်ငံတူသူ အမျိုး(ဥာတိ)လား၊ ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြချင်းတူသူ ကမ္ဘာမြေပေါ်က လူသားအဖြစ်အမျိုးတူ(ဥာတတ္ထ)လား ဆိုတာ မကွဲမပြား ညင်းပွားဖွယ်ရာရှိနေကြမှာတော့သေချာပါတယ်။အမြင်ကျယ်လေလေ အမျိုးဆိုတာကို ယူဆပုံယူဆနည်းက မှန်ကန်ကြယ်ပြန့်လာလေလေဖြစ်မည်မှာ ဧကန်မလွဲပေတည်း။

ကုလသမဂ္ဂမှာပါတဲ့ “ကုလ“ နဲ့ ”သမဂ္ဂ” ပါဠိပုဒ် နှစ်ပုဒ်ကို ပေါင်းစပ်ထားတဲ့ ညီညွတ်တဲ့လူသားမျိုးနွယ်အဖွဲ့အစည်းလို့ အဓိပ္ပါယ်ရမယ်ထင်ပါတယ်။ ဒီလိုနေရာမှာပါတဲ့ ”ကုလ”ပါဠိပုဒ်က ကမ္ဘာမြေပေါ်မှာ ရှိတဲ့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ အမျိုးတူသတ္တ၀ါလို့ အဓိပ္ပါယ်သက်ရောက်နေပြန်တယ်။ ဒါဆိုယင် ကုလ - အမျိုးဆိုတဲ့ နေရာမှာ ချင်းလူမျိုးအချင်းချင်း၊ကချင်လူမျိုးချင်းချင်း၊ မွန်-မွန်ချင်း အမျိုးတူ(ဥာတိ/ကုလ)လို့ယူရင်တော့ ဘောင်ကကျဉ်းနေပြန်ရောပေါ့။ Discrimination လဲဖြစ်နေသလို ရှစ်ပါးသီလတွေမှာပါတဲ့ ဗြဟ္မ၀ိဟာရီ သတ္တ၀ါအားလုံးအပေါ်မှာ တန်းတူမေတ္တာစိတ်ထားအကျင့်ကိုလဲ လွန်ကျူးဖောက်ဖျက်ရာကျနေပြန်တယ်။

ရတနသုတ်တွင်“ ဥာတတ္ထစရိယံ = အမျိုးသား အကျိုးများဖို့အကျင့်“ ။ အမျိုးတူတယ်လို့ ပြောတာက လူသားမျိုနွယ်တူတာလား၊ ဘာသာစကားအုပ်စုတူလို အမျိုးတူလား၊ တစ်နိုင်ငံတည်းနေကြလို့ အမျိုးတူတာလား၊ မွန်၊ဗမာ၊ရခိုင်၊ရှမ်း စတဲ့ ဘာသာစကားအမျိုးတူတာတွေကိုပြောတာလားလို့ တစ်ခါတစ်လေ (လား)ပေါင်းများစွာနဲ့ စဉ်းစားခန်းဝင်နေမိတယ်ဗျာ။ ဒါဆို အမျိုးအဆွေဆိုတာ ကိုယ်ကျင့်တရားအရ အယူအဆတူရာတူရာကို အမျိုးတူလို့သတ်မှတ်ကြမလားပေါ့။ဥပမာ အရိယာအမျိုး၊ ပုထုဇဉ်အမျိုး၊ ကိုယ်ကျင့်တရားတူရာတွေကို စုပြီးအမျိုးလို့ ဆိုယင်တော့ အရိယာပုဂ္ဂိုလ်အုပ်စုက အမျိုးတူတွေပေါ့။

”ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်း“လို့ မြန်မာစကားပုံစကားတစ်ခုတော့ ရှိပါတယ်။ ဒီလိုပဲ ကိုယ်ခင်မင်ရာ၊ ကိုယ်နဲ့ အကျင့်အာစာရတူသူကိုပဲ အမျိုးတူလို့သတ်မှတ်မလားဆိုတာကိုလဲ ကွဲကွဲပြားပြားကျုပ်မသိသေးတာတော့အမှန်ပါပဲ။
တစ်ရစ္ဆာန်များအတွက် နွား၊ နွားချင်းအမျိုးတူ၊ ကြောင် ကြောင်ချင်း၊ခွေး ခွေးချင်းအမျိုးတူ လို့ သတ်မှတ်လို့ရပေမယ့် အဲဒီ နွားတွေ၊ ကြောင်တွေ၊ ခွေးတွေထဲကမှ အခြားကြောင်မျိုးစိတ်၊ ခွေးမျိုးစိတ် ထပ်ကွဲပြားတာကို မျိုးစိတ်ကွဲ(Species) လို့သတ်မှတ်ကြမယ်ထင်ပါတယ်။ဘုရားအလောင်းတော်ဘ၀က မျောက်မျိုးဖြစ်စဉ်တုန်းက သူနဲ့ အမျိုးတူ မျောက်တွေကိုကာကွယ် စောက်ရှောက်ခဲ့တာတွေ မှတ်ဖူးခဲ့ပါတယ်။ခွေးမျိုးကျပြန်တော့လဲ ခွေးတွေကို စောက်ရှောက်ခဲ့ပါတယ်။

လူသားတစ်ယောက်ဖြစ်ဖို့ခက်တယ်(မနုဿတ္တဘာဝဒုလ္လဘ)လို့တော့ ပြောကြတယ်။ လူဆိုတာ နို့တိုက်သတ္တ၀ါတွေထဲက အသိဥာဏ်ရှိဆုံးသောသတ္တ၀ါတစ်မျိုး(Species) လို့ပြောကြမလား။ ဒါဆို ကမ္ဘာမြေပေါ်မှာ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ အမျိုးတူတာကို ပဲ ဥာတိလို့ပြောပြီးတော့ မိဘမျိုးရိုးတော်သူတွေကိုတော့ ကုလလို့တောင်ပြောရမလားလို့ တစ်ခါတစ်လေ ကျနော့်အတွက်တော့ ယောင်တောင်တောင်ပါပဲနော်။

ကြားဖူးထားတဲ့ အမေရိကန်ဥပဒေတွေကတော့ ကိုယ်သာလျှင် ကိုယ့်ရဲ့ အစိုးရ၊ ကိုယ့်ရဲ့တိုင်းပြည်ဖြစ်တယ်။ လူတစ်ဦးသားချင်းစီမှာ ကိုယ်ပိုင် နိုင်ငံရှိပြီးတော့ ကိုယ်ပိုင် အစိုးရရှိတယ်။ ဒါကြောင့် လူတိုင်းမှာ အခွင့်အရေးတန်းတူ ကိုယ်စီရှိကြတယ်လို့တောင်ကြားဖူးထားတယ်။ ”အတ္တာဟိ အတ္တနော နာထော= ကိုယ့်ကိုယ်သာ ကိုယ့်ရဲ့ဘ၀ပိုင်ရှင်ဖြစ်တယ်ဆိုတာနဲ့နီးစပ်မှုတော့ အတော်ရှိသားကလား။ လူသားအားလုံး တန်းတူဖြစ်တယ်ဆိုတဲ့အတိုင်း ပညတ်ကိုတော့ ထိုက်သင့်သလောက်ခွာချထားနိုင်တဲ့ ဥပဒေစကားတွေဟာ အမေရိကန်တွေအတွက်တော့ လူမျိုးစွဲကင်းကင်းတိုးတက်ရေးအတွက်များစွားအထောက်အကူပြုတာကတော့ အမှန်ပါပဲဗျာ။

တကယ်တော့ နိုင်ငံတို့၊ လူမျိုးတို့ဆိုတာ ပညတ်တရားတွေပါပဲ။ နာမည်ပညတ်တွေက တစ်ခုပေါ်တစ်ခုထပ်လာလေလေ ကိလေသာတွေက အားပြင်းလာလေလေပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိလသာနဲ ပညတ်တို့က အကြောင်းအကျိုး လည်ပတ်နေလို့ပါပဲတဲ့လေ။ အာရုံ-အကြောင်းတွေကြောင့် အာရမ္မဏိက-အကျိုးတွေဖြစ်တယ်လို့တော့ ပြောကြပါတာပဲ။ ပညတ်တရားတွေက ကိလေသာတို့ရဲ့ အာရုံပဲတဲ့လေ။ သင်္ခတပရမတ်တွေက ၀ိပဿနာရဲ့ အာရုံပဲတွေတဲ့။ အသင်္ခတပရမတ်တရားတွေကတော့ နိဗ္ဗာန်ရဲ့အာရုံပဲလို့ သီတဂူဆရာတော်ရဲ့တရားထဲမှာ နာကြားထားဖူးပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းများအနက်တစ်ခုဖြစ်တဲ့UNDPရဲ့လုပ်ငန်းတော်တော်များများကိုလေ့လာကြည့်ယင် ကမ္ဘာပေါ်က လူသားအနွယ်ကို ဗဟိုပြုလျက် ကုလ=လူသားမျိုးနွယ်အဖြစ်ယူဆထားပြီး လူတွေဆင်းရဲမွဲတေတာကို တိုက်ဖျက်ရေး၊ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲတွင်းက လွတ်မြောက်ရေးအတွက် ထောင်စုသစ်ရည်မှတ်ချက်ပြည့်မြောက်ဖို့အရေး MDGs (Millennium Development Goals) ကြိုးပမ်းအားထုတ်နေကြတာကို ကြားနေရ၊ ဖတ်နေရပါတယ်။ ကမ္ဘာ့ဖလား ၀ါကာသီချင်းအဆိုတော် ရှကီရာ(Shakira) တောင်မှ အစွဲကင်းကင်းနဲ့ ကမ္ဘာပေါ်က ဆင်းရဲတဲ့ နိုင်ငံများဆီကို အချိန်နဲ့နေရာမရွေးချယ်ဘဲ(Wheneverwherever)သူမသီချင်းခေါင်းစဉ်အတိုင်းကမ္ဘာ့အကျိုးပြုလုပ်ငန်းတွေကို UNDPရဲ့ စေတနာ့သံတမန်အနေနဲ့ လူသားကောင်းကျိုးအတွက် လုပ်ဆောင်နေပါပြီ၊ အင်း ကျုပ်မှာတော့ဖြင့် ကရုဏာ၊မုဒိတာတွေကို ဘောင်ကွပ်ထားဖို့ ကြိုးစားရင်း ဒီမိုး ဒီရေ ဒီလေ ဒီလူ တွေနဲ့ပဲ လုံးထွေးရစ်ပတ်ကာ အတွေးရေစီးကြောင်းထဲမျောပါနေဆဲပါလား။ ကျုပ်ရဲ့ ဥာတတ္ထစရိယကပဲ သူတို့ပြောနေတဲ့ ဥာတတ္ထစရိယ(=အမျိုးသား အကျိုးများရစေဖို့)နဲ့များ လွဲနေရော့သလားလို့ တက္ကစီပေါ်ကအတွေးစတွေကို စုတ်ဆေးချယ်သလိုက်ရပါသည် ဟရို့။

Myanmar Student Monks Organization in Thailand. Powered by Blogger.