Thursday, July 29, 2010

ကမ်းလွန် ပင်လယ်ပြင် အမှတ် ၂၇

အတောင်ရှိလျက်
ပျံသန်းခွင့် မရှိတဲ့ ငှက်တွေအတွက်
တဖြေးဖြေး ကြုံလှီသွားမဲ့ အားအင်များ ...

ကူးခပ်စရာ လှေ သဗ္ဗာန်ရှိလျက်
ကမ်းက
အခုချိန်ထိ မခွာနိုင်ကြသူတွေရဲ့ မရဲရင့်မှု့များ ...

အရွယ် ခွန်အား ကိုယ်အင်္ဂါတွေစုံပါလျက်
ဘ၀နေ့စဉ်လိုအပ်ချက်အတွက်
တီးတိုးငိုကြွေးသူတွေရဲ့ အသံများ
နှမြောမိတယ်၊

ကမ်းဟာ ဝေးသထက် ဝေးခဲ့ပြီ
လက်ပြနှုတ်ဆက်နေသူတွေ
အမှတ်တရ လက်ဆောင်ပါးသူတွေ
မှတ်မှတ်ရရ လိုက်ပို့ကြသူတွေနဲ့
ကမ်းဟာ လှနေသယောင်ရှိရဲ့၊

ကမ်းကတော့ အရင်တိုင်းပဲ
ရေလှိုင်းရဲ့ တ၀ုန်းဝုန်း ထိခိုက်သံသာ မရှိခဲ့ရင်
ကမ်း ဆိုတာလည်း အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး၊

လူတချို့ အဲဒီကမ်းက ခွာကြတယ်
လူတချို့ အဲဒီကမ်းမှာ ပျော်ကြတယ်
လူတချို့ ဒွိဟစိတ်တွေနဲ့ အဲဒီကမ်းမှာ
ခွာရနိုး ပျော်ရနိုး ။ ။

ဧဏီမင်း ဘလော့မှ ပြန်လည် ဖေါ်ပြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.