Friday, August 6, 2010

လျှောက်ထားလွှာပါဘုရား



M.S.M.O ၏သံဃာတော်အရှင်သူမြတ်တို့ဘုရား ယ္ခင်အစည်းဝေးဆုံးဖြတ်ချက်အတိုင်း အလှူငွေဖြတ်ပိုင်း စာအုပ်ပြုလုပ်ပြီးစီးပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား၊

၎င်းစာအုပ်ထဲတွင်ပါသောဖုန်းနံပါတ်များသည် ဥက္ကဋ္ဌ ဆရာတော်၏ အကြံပေးလမ်းညွန်ချက်အရ personal ဖုန်းများထည့်လျှင် ကော်မတီဝင်များပြောင်းလဲသွားသောအခါ နောင်အခက်ခဲရှိမည်စိုးသောကြောင့် သီးသန့်စီစဉ်ထားပါသည်၊

၎င်းဖုန်းများကို ဘဏ္ဍာရေးနှင့် ပညာရေးတို့မှ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ဤအလှူငွေဖြတ်ပိုင်းကို (8/8/2010) တနင်္ဂနွေနေ့ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအမှီ အမြန်စီစဉ်ရသော ကြောင့် အသိပေးလျှောက်ထားခြင်းနောက်ကျသည်ကို တောင်ပန်အပ်ပါသည်ဘုရား၊

အားလုံးဟာကျောင်းသား များဖြစ်ကြသောကြောင့် ယ္ခုအချိန်သည် first semester middle exam များဖြေဆိုနေကြသောကြောင် မအားလပ်ကြခြင်းလည်းဖြစ်ပါသည်၊ ဤဖြတ်ပိုင်းနှင့်ပါတ်သတ်၍ ဆရာတော်များ၏ ဝေဖန်အကြံပေးမှုများ လိုအပ်နေပါသည်ဘုရား၊

ယ္ခုအကြိမ်အနည်းငယ်ထုပ်၍ နောင်တွင်ဆရာတော်များ၏ အကြံပေးမှုပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမည်ဘုရား။

1 comment:

  1. လုပ်ရမည့်ကိစ္စလေးပါ။
    ထပ်ပြီးအကြံပြုရမယ်ဆိုရင် စတုပစ္စယ၊ သင်တန်းကျောင်း အတွက် စသည်အားဖြင့် ကန့် သတ်ထားလျင် သုံးစွဲမှု ၊ (သီးသန့် )ထိန်းသိမ်းမှု တို့နှင့်ပါ ရူပ်ထွေးလာနိုင်သည်။ သင်တန်းကျောင်းဆိုသည်မှာလည်း နောက်ထပ် အများကြီး ထပ်တိုးလာမှာဖြစ်သည်။ ဒီနေရာတွင်
    ကန့်သတ်မထားမှသာလျင် အဖွဲ့ နှင့် ပတ်သတ်ပြီး ကိစ္စရပ်အားလုံး(သင်တန်းကျောင်းအပါအဝင်) ၌ လိုအပ်သလို သုံးစွဲနိုင်ပါမည်။ ဒါကြောင့်
    စတုပစ္စယ၊ သင်တန်းကျောင်း နာမည်များကို မတည့်ဖို့ ကို ပို၍ သဘောကျပါသည်။

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.