Monday, August 9, 2010

၂/၂၀၁၀ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား















ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့သည် ၈-၈-၂၀၁၀ တနင်္ဂနွေနေ့ နေ့ခင်း (၂)နာရီအချိန်တွင် မြန်မာပြည်သူ ပြည်သားများအတွက် ရည်ရွယ်၍ ၂/၂၀၁၀ ဒုတိယ သုံးလပတ်အဖြစ် ဗုဒ္ဓယဉ်ကျေးမှု၊ ဗုဒ္ဓအဘိဓမ္မာ၊ အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာ၊ ကွန်ပျူတာဘာသာ သင်ကြားပေးမှု ဖွင့်ပွဲ အခမ်းအနားကို အစီစဉ် ငါးရပ်ဖြင့် ကျင်းပခဲ့ပါသည်။

ယင်းတို့မှာ -

၁။ နမော တဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခြင်း။

၂။ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူးဆရာတော်အရှင်တေဇဓမ္မမှ သင်တန်းကျောင်း နှင့် ပတ်သက်သည်များကို ပြောကြားခြင်းနှင့် ပညာရေးကော်မတီအဖွဲ့ ဆရာတော် အရှင်ပညာဇောတ မှ သင်ကြားရေးနှင့် ပတ်သက်သည်များကို ပြောကြားခြင်း။

၃။ ကျောင်းသား ကျောင်းသူတို့၏ ကိုယ်စား ကိုအောင်မြင့်မြတ်မှ ပြီးခဲ့သော ၁/၂၀၁၀ နှင့် ပတ်သက်သော အတွေ့အကြုံများနှင့် ဝမ်းမြောက်ဝမ်းသာ စကားပြောကြားခြင်း။

၎။ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌဆရာတော် အရှင်ဇောတိကမှ နိဂုံးချုပ်သြဝါဒစကား ပြောကြားခြင်း။

၅။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခြင်း -တို့ ဖြစ်ကြပါသည်။

အခမ်းအနားမှူးအဖြစ် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ သင်တန်းကျောင်းသူ မပူစူး မှ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင်ဖိကစင့် ၁၂၂ မှ ကိုဘိုဝင်း က ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ သင်တန်းကျောင်းသို့ ပရင့်တာ တစ်စုံ လှူဒါန်းခဲ့ပါသည်။

သင်တန်းကျောင်း တည်နေရာမှာ

ဖလမ်ဆောင် စွယ် (၆၃)
ကာဖိုးကုန်တိုက်အနီး
လိုတပ်စ် နှင့် ဘစ်စီ အကြား
ကစီခွန် ဘဏ်တိုက် အနီး ဖြစ်ပါသည်။

ပို့စ်တင်သူ
ပညာရေးကော်မတီအဖွဲ့ကိုယ်စား
အရှင်ပညာဇောတ

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.