Wednesday, October 27, 2010

အလှူတော်ငွေများဆက်ကပ်လှူဒါန်း

၂၄-၁၀-၂၀၁၀ မဟာချိုင်
ခဲလှိုင်ရပ်ကွက် အောပသော သုံးထပ်ဆောင်မှ မြန်မာအလုပ်သမားများစုပေါင်း၍၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူတော်ငွေ ၁၃၉၃၀ ဘတ်တိတိ၊ ကိုဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် ဦင်္းဇောတိကမှ လက်ခံရယူပြီး၊ အလှူတော်ငွေများအား ဘဏ္ဍာရေးမှူးများသို့ ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

ဆက်ကပ်လှူဒါန်း

၂၄-၁၀-၂၀၁၀
မဟာချိုင်-၀က်ယိုင် ဘန်းပေါ ခရစ်စတယ် စက်ရုံ ဒယကာ ဒါယိကာမများ ဦးဆောင်သော မြန်မာအလုပ်သမားများစုပေါင်း၍၊(M. S.M.O) မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ အလှူတော်ငွေ ၃၆၀၀၀ ဘတ်တိတိ၊ ကိုဆက်ကပ်လှူဒါန်းရာ ကျောင်းသားရဟန်းတော်များအဖွဲ့ ဥက္ကဌ ဆရာတော် ဦင်္းဇောတိကမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အလှူတော်ငွေများအား ဘဏ္ဍာရေးမှူးများသို့ ပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

ပညာတော်သင်ထောက်ပံ့

၂၃-၁၀-၂၀၁၀ မဟာချိုင်၊

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း) သို့၊ ပညာတော်သင်ထောက်ပံ့ကြေးအဖြစ်၊ ဒကာ ဒယိကာမများဦ်းဆောင်သော၊ ROYAL KING ကလေးနို့ဗူး စက်ရုံ မြန်မာအလုပ်သမားမိသားစုများမှ၊ အလှူတော်ငွေ ၁၁၇၆၀ ဘတ်တိတိကို၊ ဆက်ကပ်လှူဒါန်းရာ၊ M.S.M.O ကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဆရာတော် ဦင်္းသုန္ဒရ မှ လက်ခံရယူပြီင်္း ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သတင်းရရှိပါသည်။

ဆက်ကပ်လှူဒါန်း

၂၃. ၁၀ ၂၀၁၀
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့၊ ပညာတော်သင် ထောက်ပံ့ကြေးအဖြစ်၊မော်စီ(T.E.I)စက်ရုံမှ ကိုမိုး ကိုအောင်နေ၀င်းဦးဆောင်ကာ ဒါယကာ ဒါယိကာမ တို့မှ စုပေါင်း၍ှ ကောက်ခံရရှိသော အပတ်စဉ် အလှူတော်ငွေ ၄၂၃၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူးဆရာတော် ဦင်္းတေဇမှ အသင်း၏ကိုယ်စားကြွရောက် အလှူခံ၍ ဘဏ္ဍာရေးမှုးသံဃာတော်များအား လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

လျှောက်ထားလွှာပါဘုရား

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းသံဃာတော်အရှင်သူမြတ်တို့ဘုရား . . . ။
31/10/2010/ တနင်္ဂနွေနေ့တွင့် ကိုဇော်လင်းအောင်+မခင်သန်းနွယ်မိသားစုမှ မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့၏ သင်တန်းကျောင်းတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရန် လျောက်ထား တောင်းပန်လာပါသောကြောင့်။

့ သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ပညာရေးကော်မတီများအား တိုင်ပင်လျှောက်ထားကာ ပင့်သံဃာ(၉)ပါး ပင့်ဖိတ်မည်ဖြစ်ပါသည်ဘုရား၊ ပင့်သံဃာတွင်လည်း တနင်္ဂနွေအပါတ်စဉ်တိုင်း ပင်ပန်းအဆင်းရဲခံ/အကုန်အကျခံကာ ပညာဒါနပေးလှူနေကြသော သင်တန်းနည်းပြဆရာများကို ပင့်ဖိတ်၍ ယင်းဆရာတော်များ မကြွရောက်နိုင်လျှင် မြန်မာကျောင်းသား ရဟန်းသံဃာတော်များအားလုံးကို မဲစနစ်ဖြင့် ပင့်ဖိတ်မည်ဖြစ်ပါသည်ဘုရား။

လှူဒါန်းလာသော လှူဖွယ်များကိုလည်း သင်တန်းကျောင်း အထွေထွေအတွက် တစ်ဝက်ချန်လှပ်ကာ ကျန်တစ်ဝက်ကို ပင့်သံဃာများအား လှူဒါန်းမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး လျှောက်ထားအပ်ပါသည်ဘုရား။

M,S,M,O ရုံးခန်း၊
ဖလန်ဆောင်၊ စွယ် ၆၃၊

Saturday, October 23, 2010

ပညာတော်သင်ထောက်ပံ့ကြေး

၂၃. ၁၀ ၂၀၁၀
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့၊ ပညာတော်သင် ထောက်ပံ့ကြေးအဖြစ်၊မော်စီ(T.E.I)စက်ရုံမှ ကိုထွန်းထွန်းလင်း ကိုကျော်မျိုးနိုင် ကိုအောင်နေ၀င်းနှင့ှ်ဒါယကာ ဒါယိကာမ တို့မှ စုပေါင်း၍ အလှူတော်ငွေ ၁၇၆၀ ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဆရာတော် ဦင်္းတေဇ မှလက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

ပညာတော်သင်ထောက်ပံ့ကြေး

23/10/2010/ စနေနေ့တွင် CHULARLONGKORN UNIVERSITY မှ အစိုင်းနှင့်သူငယ်ချင်းတစ်စုတို့သည် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)သို့

ပညာတော်သင်စရိတ်လှူဒါန်းပွဲကို M.S.M.O သင်တန်းကျောင်းတွင် နေဆွမ်းဆက်ကပ် ကျင်းပပြုလုပ်ရာ အလှူတော်ငွေ ၁၂၀၀၀ဘတ်တိတိကို အသင်း၏ဥက္ကဋ္ဌဆရာတော် ဦးဇောတိကမှ လက္ခံချီးမြှောက် ဘဏ္ဍာရေးမှူးများထံ ပေးအပ်ပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။

Sunday, October 17, 2010

ကဲ့ ..အခု ဘယ်လိုလုပ်မလဲ

တစ်ခါက မြို့ငယ်တစ်မြို့တွင်၊ စီးပွားဥစ္စာ အသင့်အတင့်ရှိသော၊ လက်ထပ်ပြီးခါစ ဗုဒ္ဓဘာသာ ဇနီးမောင်နှံ နစ်ယောက်သည်၊ ဘဝရှေးရေးအတွက် စီးပွားတစ်ခုခုကို လုပ်ကိုင်ရန်ရည်ရွယ်၍၊ မြို့ကြီးတစ်မြို့ကို တက်လာခဲ့လေသည်။

သူတို့ဇနီးမောင်နှံနစ်ယောက်သည်ကား၊ ဟိုစပ်စပ် ဒီစပ်စပ် စီးပွားရေးများကို လုပ်ကိုင်းနေရင်း၊ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ရရှိလေတော့၏၊ ထိုမိတ်ဆွေသည်လည်း သူတို့နည်းတူ လက်ထပ်ခါစ စုံတွဲတစ်တွဲ ဖြစ်လေသောကြောင့် စီးပွားရေးတစ်ခုကို မယ်မယ်ရရ လိုက်ချင်ကိုင်ချင်နေသဖြင့် ဆန္ဒချင်း တူညီနေကာ ပိုမိုရင်းနှီး ခင်မင်သွားကြလေသည်။

တစ်ခု ကွာခြားသည်မှာ နယ်မြို့မှ တက်လာသော ဇနီးမောင်နှံများက ဗုဒ္ဓဘာသာဖြစ်ပြီး၊ မြို့မှ မိတ်ဆွေလင်းမယားသည်ကာ၊ မူဆလင်ဘာသာဝင်များဖြစ်လေသည်။ သို့သော် သူတို့ မိသားစုများသည် ညားခါစ မိသားစုလေးများဖြစ်နေခြင်း၊ စီးပွားတစ်ခုကို ဇောက်ချ၍လုပ်ကိုင်လိုခြင်း အစရှိသော တူညီချက်ကလေးများကြောင့်ပင်၊ အလွန်ရင်းနှီးသွားကြလေသည်။

ဗုဒ္ဓဘာသာ ဇနီးမောင်နှံများက အမြဲတမ်း ဘုရားသွား ကျောင်းတက် လုပ်သကဲ့သို့ မူဆလင် ဇနီးမောင်နှံများသည်လည်း အမြဲတမ်း ဗလီတက် ဝတ်ပြုလေ့ရှိကြသေလည်။ သူတို့စုံတွဲများသည် မိမိတို့ ကိုးကွယ် ဆည်းကပ်သော ဘာသာတရားများကို အလွန်ရိုသေလေးစားသူများ ဖြစ်ကြလေသည်၊ ၄င်းဇနီးမောင်နှံ မိတ်ဆွေများသည်၊ အလုပ်တစ်ခုကို စပ်တူလုပ်ကိုင်းရင်း မြို့မျက်နှာဖုံးတမျှ ကြီးပွားတိုးတက် လာလေတော့သည်။

ဘာသာတရားများနှင့် ပတ်သက်၍မူ မည်သူကမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ၊ တကယ့် မိတ်ကောင်း ဆွေကောင်းများအဖြစ် နေထိုင်လုပ်ကိုင်လာခဲ့ကြလေသည်၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများမှာလည်း၊ ဘာသာတရားကို လိုက်စားသူများပီပီ အလွန်အေးချမ်းသော မိသားစုလေး တစ်စုဖြစ်လေ၏၊ ထို့အတူ မူဆလင်ဇနီးမောင်နှံတို့သည်လည်း အလွန်အေးချမ်းစွာ နေထိုင်တတ်သော ဇနီးမောင်နှံများ ဖြစ်ကြလေသည်။

နစ်ကာလများကြာလာသည်နှင့်အမျှ မူဆလင်ဇနီးမောင်နှံတွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားပြီး၊ ဗုဒ္ဓဘာသာ ဇနီးမောင်တို့တွင် သမီးလေးတစ်ယောက် ထွန်းကားလေတော့၏၊ မူဆလင်းသားလေးသည် မိဘစကားကို အလွန်ရိုသေသူပီပီ မူဆလင်ဘာသာတရားကိုလည်း အလွန်ယုံကြည် သက်ဝင်သူတစ်ယောက် ဖြစ်လာလေ၏။

ထို့အတူ ဗုဒ္ဓဘာသာ သမီးလေးသည်လည်း မိဘစကားကို မြေဝယ်မကျနာခံတတ်ပြီး၊ ငယ်စဉ်ကတည်းက ဥပုသ်သီလများ ဆောက်တည်ကား နွေရာသီကျောင်းပိတ်ရက်များတွင်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဝိပဿနာ ၇ ရက်တရားစခန်းများကိုပင် အရွယ်နှင့်မလိုက်အောင် ဝင်ရောက်တရားထိုင်ဖြစ်လေ၏။

နစ်ဖက်မိဘများ ရင်းနှီးမူကို အကြောင်းပြုကာ သူတို့လူငယ်နစ်ဦးသည် ငယ်စဉ်ကတည်းကပင် ရင်းနှီးသော သူငယ်ချင်းများအဖြစ် နေထိုင်လာခဲ့ကြသည်မှာ၊ ယခု အရွယ်ရောက်သည် အထိဖြစ်လေ၏။ အရွယ်ရောက်လာသည်နှင့်အမျှ၊ လူငယ်တို့သဘာဝ မေတ္တာမျှသွားကြမည်ကိုလည်း နစ်ဖက်မိဘများ စိုးရိမ်းလျှက်ရှိကြလေသည်၊ သို့သော်လည်း မိဘများ၏ မျက်နှာကြောင့်ပင်လျှင် ကောင်လေးနှင့် ကောင်မလေး တစ်တွဲတွဲသွားလာနေသည်ကို မတားရက်နိုင်ကြပေ။

မူဆလင်းမိဘများသည်ကား ၄င်းတို့၏ တစ်ဦးတည်းသောသားကို ဘာသာတူ မူဆလင်းသမီးပျိုတစ်ဦးနှင့် လက်ဆက်ပေးရန် ရွယ်ထားသကဲ့သို့၊ ဗုဒ္ဓဘာသာ မိဘများသည်လည်း မိမိတို့၏ တစ်ဦးတည်းသော သမီးလိမ္မာလေးကို ဘာသာတူ အယူတူသူနှင့်သာ နီးစပ်စေချင်နေလေတော့၏။

သို့သော် အလွန်တရာမှ ရင်းနှီးပြီး စီးပွားအတူလုပ်နေကြသော မိဘများသည်၊ သူတို့၏ သားမသီးများကို မိမိတို့၏ အလိုဆန္ဒအတိုင်း ဖြစ်စေချင်ခဲ့သော်လည်း နောက်ဆုံးတွင်၊ မူဆလင်းသားလေးနှင့် ဗုဒ္ဓဘာသာ သမီးလေးတို့သည် မိဘများတားသည့်ကြားကပင်လျှင် ခိုးရာလိုက်ပြေးသွားတော့၏။

နစ်ဖက်မိဘများ၏ ရင်းနှီးမူကို အခြေခံ၍၊ သူတို့ဇနီးမောင်နှံသည်လည်း၊ ညားခါစတွင် ဘာသာတရားကိုးကွယ်မှူကို၊ မိခင်ဘာသာများကိုသာ စိတ်ကြိုက်ခွင့်ပြုပေးထားလေတော့၏၊ သို့သော် ယခုလက်ရှိအချိန်တွင် သားယောက်ျားလေးတစ်ယောက် ထွန်းကားနေပြီဖြစ်၍၊ မူဆလင်ဘာသာဝင် လင်တော်မောင်ကလည်း မိမိ၏သားလေးကို မူဆလင်ဖြစ်စေချင်နေသကဲ့သို့၊ ဗုဒ္ဓဘာသာ မိခင်သည်လည်း မိမိ၏ သားလေးကို ဗုဒ္ဓဘာသာတို့ ထုံးစံအတိုင်း ရှင်ပြုရဟန်းခံများ ပြုလုပ်ပေးချင်လျှက်ရှိပေသည်။
------------------------------------------------------------------------------

တောမှတက်လာသော ဗုဒ္ဓဘာသာဇနီးမောင်နှံများနှင့် စပ်တူစီးပွားလုပ်တော့မည့်ဟု သိရစဉ်တုန်းက၊ မြို့ပေါ်မှ မူဆလင်ဇနီးမောင်နှံကို ဗလီဆရာများက တားခဲ့သော်လည်း ကိုယ့်စိတ်ကို ကိုယ်နိုင်သည်ဟု ဆိုကာ တားဆီး၍မရခဲ့ဟုသိရသကဲ့သို့၊ ဗုဒ္ဓဘာသာ ဇနီးမောင်နှံများကိုလည်း မူဆလင်များနှင့် အလုပ်အတူတွဲမလုပ်ရန် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှ တားခဲ့သည်က၊ို မိမိတို့သည် မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပါ ဟုဆိုကာ စီးပွားလုပ်ဖြစ်သွားကြသည်ဟု သိရပါသည်။

ယခုလက်ရှိအနေအထားတွင်ကား မိမိတို့သားသမီးများ လက်ထက်ကို ရောက်မှန်းမသိ ရောက်ရှိလာပြီဖြစ်၍၊ မူဆလင်မိဘများ ကိုယ့်စိတ်ကို ကိုယ်နိုင်ခဲ့သကဲ့သို့ ၄င်းတို့၏သားမှာ နိုင်တော့မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာမိဘများသည်လည်း မည်သည့်အကြောင်းကြောင့်မျှ ဘာသာမပြောင်းပဲ နေနိုင်ခဲ့သော်လည်း ၄င်းတို့၏သမီးငယ် နေနိုင်မည်မဟုတ်တော့ပေ၊ သမီးငယ်လေးက နေနိုင်သည်ထားဦးတော့၊ မီမီတို့၏ မြေးလေးသည်ကာ လုံးဝမသေချာတော့ပေ။

အထက်ပါအဖြစ်အပျက်ကို ဖတ်ရူ့ပြီး ယခုကဲ့သို့၊ မိဘနစ်ပါးနှင့် ဘိုးဘွားများ ဗျာများနေရခြင်းသည်၊ မည်သူ့အပြစ် ဟု စာဖတ်သူများရူ့မြင်သုံးသတ်ပါသနည်။

်အလှူတော်ငွေ ဆက်ကပ်လှူဒါန်း

၁၇-၁၀-၂၀၁၀ ဘန်ကောက်၊

ကွယ်လွန်သူများ ဖြစ်ကြသော ကျောင်းဒကာကြီး ဦးမိုးကျော်နှင့် ဦးသာထွန်းတို့အားရည်စူး၍၊ ကျန်ရစ်သူ မိသားစုများ (ခေတ္တ- ဘန်ကောက်) မှ M,S,M,O မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)သို့၊ နဝကမ္မ အလှူတော်ငွေ ၃၀၀၀- ဘတ်တိတိကို ဆက်ကပ်လှူဒါန်းရာ၊ M,S,M,O ကျောင်းသားရဟန်းတော်များအဖွဲ့ ၏ ပြန်ကြားရေး ဆရာတော်ဦးကုဏ္ဍလ မှ လက်ခံရယူပြီး၊ ဘဏ္ဍာရေးမှူးများသို့၊ လွဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းရရှိပါသည်။

Sunday, October 3, 2010

အလှူတော်ငွေများဆက်ကပ်

မဟာချိုင် ဂျပန်စက်ရုံမှ မဇာဦးဆောင်သော မြန်မာပြည်သူပြည်သားများမှမြန်မာကျောင်းသားရဟန်တော်များ(ထိုင်းနိုင်းငံ) သို့ဘတ်၅၀၀၀်တိတိလှူဒါန်ရာဥက္ကဌဆရာတော်ဦးဇောတိမှ လက်ခံရယူကာ ဘဏ္ဍာရေးဆရာတော်များသို့ ပေးအပ်သည်ဟု သီးတင်းရရှိ
Myanmar Student Monks Organization in Thailand. Powered by Blogger.