Wednesday, October 27, 2010

လျှောက်ထားလွှာပါဘုရား

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းသံဃာတော်အရှင်သူမြတ်တို့ဘုရား . . . ။
31/10/2010/ တနင်္ဂနွေနေ့တွင့် ကိုဇော်လင်းအောင်+မခင်သန်းနွယ်မိသားစုမှ မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့၏ သင်တန်းကျောင်းတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရန် လျောက်ထား တောင်းပန်လာပါသောကြောင့်။

့ သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ပညာရေးကော်မတီများအား တိုင်ပင်လျှောက်ထားကာ ပင့်သံဃာ(၉)ပါး ပင့်ဖိတ်မည်ဖြစ်ပါသည်ဘုရား၊ ပင့်သံဃာတွင်လည်း တနင်္ဂနွေအပါတ်စဉ်တိုင်း ပင်ပန်းအဆင်းရဲခံ/အကုန်အကျခံကာ ပညာဒါနပေးလှူနေကြသော သင်တန်းနည်းပြဆရာများကို ပင့်ဖိတ်၍ ယင်းဆရာတော်များ မကြွရောက်နိုင်လျှင် မြန်မာကျောင်းသား ရဟန်းသံဃာတော်များအားလုံးကို မဲစနစ်ဖြင့် ပင့်ဖိတ်မည်ဖြစ်ပါသည်ဘုရား။

လှူဒါန်းလာသော လှူဖွယ်များကိုလည်း သင်တန်းကျောင်း အထွေထွေအတွက် တစ်ဝက်ချန်လှပ်ကာ ကျန်တစ်ဝက်ကို ပင့်သံဃာများအား လှူဒါန်းမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး လျှောက်ထားအပ်ပါသည်ဘုရား။

M,S,M,O ရုံးခန်း၊
ဖလန်ဆောင်၊ စွယ် ၆၃၊

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.