Thursday, December 30, 2010

ရိုသေစွာ ပင့်လျှောက်အပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

ဘုရားတပည့်တော်တို့ M.S.M.O, မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)အား ဦးထိပ်ထားလျက်

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့နယ်၊ ၀ပ်ကမ်ဖားရပ်၊ ခေါရင်ခေါင်ရပ်ကွက်၊ Sonpol ပုဇွန်စက်ရုံ မြန်မာပြည်သား မိသား စုများမှ ဒုတိယအကြိမ်မြောက် စုပေါင်းကျင်းပပြုလုပ်အပ်သော၊ နစ်သစ်ကူး ဆွမ်းဆန်တော် လောင်းလှူပွဲ နှင့် M.S.M.O ကျောင်းသားရဟန်းတော်များအား ပညာရေးထောက်ပံ့လှူဒါန်းပွဲသို့ တက္ကသိုလ်အသီးသီးမှ ကျောင်းသားရဟန်းတော်များအားလုံး မပျက်မကွက် ကြွရောက်ချီးမြှင့်ပေးတော်မှုကြပါရန် ရိုသေသေစွာ ပင့်လျှောက်အပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား ။


ကျင်းပမည့်နေ့ရက် ။၁.၁.၂၀၁၁၊ စနေနေ့။

ကျင်းပမည့်အချိန် ။နံနက် ၉ နာရီမှ နေ့လည် ၂ နာရီထိ။

ကျင်းပမည့်နေရာ ။Sonpol ပုဇွန်စက်ရုံ၊ ဝပ်ကန်ဖားနယ်မြေ၊ ခေါရင်ခေါင်ရပ်ကွက်၊

မဟာချိုင်မြို့နယ်၊ထိုင်းနိုင်ငံ။

မှတ်ချက်။ ။ ၁.၁.၂၀၁၁ စနေနေ့ နံနက် ၀၈း၀၀ နာရီတွင်၊ ဝပ်တလုမ်ကျောင်းမှ ကားများ စတင် ထွက်ခွါပါမည်။
နယ်မှ ကြွလာမည့် သံဃာတော်များ၊ ဝပ်တလုမ်းကျောင်းသို့ ၃၁.၁၂.၂၀၁၀ သောကြာနေ့ ညအရောက် ကြွကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.