Saturday, February 26, 2011

တရားပွဲရှင်းတမ်း


မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ သြ၀ါဒါစရိယ
တိပိဋက ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကရ တရားပွဲရှင်းတမ်း
ဆရာတော်၏ ကျောင်းသားဘဏ္ဍာရေးအတွက် ဒုတိယအကြိမ် တရားပွဲကို မဟာချိုင်မြို့ဝေလ အားကစားကွင်းတွင် မြန်မာ စာသင်သား ရဟန်းတော်များမှ ဦးဆောင်ပြီး ဗိုလ်မှူး ဒေါ်ယဉ်မေ (ငြိမ်း) မိသားစုမှ တရားပွဲမတည်လှူဒါန်းမှု နှင့် မဟာချိုင်မိသားစုများ၏ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒုတိယ တရားပွဲကို ဖူးခက်မြို့တွင် ကျောင်းသားရဟန်းတော်များ နှင့် ဖူးခက်မြို့ မိသားစုများ၏ စုစည်းမှုဖြင့် ကျင်းပခဲ့ပါသည်။
ဆရာတော်၏ အထူးတရားပွဲကိုလည်း ရနောင်းမြို့တွင် ရနောင်းဌာနီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသားများ အတွက်လည်း သီးခြားကျင်းပခဲ့ပါသည်။
မဟာချိုင်တရားပွဲမှ အသုံးစရိတ်များ အားလုံး နှုတ်ပြီး ဒကါများမှ အပ်ငွေ = ၃၅၃၁၆
(
ဒကါများနှင့် စာရင်းစစ်များ ပူးတွဲရှင်းလင်းသည်)
ဆရာတော် အားဆက်ကပ်ငွေ ၃၅၃၁၆

ဆရာတော်မှ အဖွဲ့သို့ပြန်လှူငွေ ၁၀၀၀၀
ဆရာတော် ပြန်လှူငွေထဲမှ လေဆိပ်ကားခနှင့် တက်စီ - ၃၇၀၀
ကျောင်းသား ဘဏ္ဍာရေှးသို့ အပ်ငွေ ၆၃၀၀ ဘတ်

ဖူးခက်တရားပွဲမှ ရရှိငွေ ၆၀၀၀၀ ဘတ်ကို ကော်မတီဝင်များနှင့် ဒကါများ စီမံခန့်ခွဲမှုဖြင့် ဆရာတော်အား ဆက်ကပ်လှူဒါန်းပါသည်။
ဆရာတော်၏ ရနောင်:ဌာနီ ကလေးရန်ပုံငွေတရားပွဲမှာ အခက်အခဲများကြောင့် ရပ်ဆိုင်းခဲ့ရပါသည်။
မှတ်ချက်။ ။ ကျောင်းသား ဘဏ္ဍာရေးအတွက် ဆရာတော်၏ ပထမအကြိမ် တရားပွဲမှ ၁၂၀၀၀၀ ဘတ် လှူဒါန်းနိုင်ခဲ့ပါသည်။ ဒုတိယအကြိမ် ကျောင်းသား ဘဏ္ဍာရေးအတွက် ကျင်းပရာ အခက်အခဲ အမျိုးမျိုးကြောင့် ဘဏ္ဍာငွေ လှူဒါန်းမှု နည်းခဲ့ပါသည်။ ကျောင်းသားဘဏ္ဍာရေးအတွက် တတိယအကြိမ်မြောက် ကျောင်းသာဘဏ္ဍာရး တရားပွဲကို လာမည့်သင်္ကြန်တွင်ဆက်လက်ကျင်းပရန် ကျောင်းသားအဖွဲ့ သြ၀ါဒါစရိယဆရာတော် ရွှေစင် တိပိဋက ဒေါက်တာ ဘဒ္ဒန္တ န္ဓမာလာလင်္ကာရမှ မိန့်ကြားသွားပါသည်။
အသေးစိတ် စာရင်း အချက်အလက်များကို စာရင်းစစ်များနှင့် ဘဏ္ဍာရေးမှူးများထံတွင် စုံစမ်းမေးမြန်းနှိုင်ပါသည်။
တိပိဋကဆရာတော်၏ မဟာချိုင်ဝေလတရားပွဲမှ (အမှိုက်) တရားခွေများကို တစ်ခွေ ဘတ် ၃၀ ဖြင့် ပြန်ကြားရေးမှူးများထံတွင် ၀ယ်ယူပူဇော်နိုင်ပါသည်။ ၎င်းတရားခွေမှရရှိသော ဓမ္မပူဇာအလှူငွေစာရင်းရှင်းတမ်းအား ထပ်မံလျှောက်ထားပါမည်။
-----------------------------------------------------------------------------------------------------------------
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ သြ၀ါဒါစရိယ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဥာဏိဿရ ၏ ၀ပ်တလုံးကျောင်း သြ၀ါဒတရားခွေကို ကျောင်းသားအဖွဲ့ဝင်များအား တစ်ခွေစီ ဓမ္မဒါန ဆက်ကပ်နိုင်ရန် စီစဉ်လျက် ရှိပါကြောင်း ရိုသေစွာ လျောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတို့ဘုရား။

3 comments:

  1. ရလာတဲ့ အလှူငွေတွေကို တရားမ၀င်အလုပ်သမားတွေရဲ့ ကလေးငယ်တွေအတွက် စာသင်ကျောင်း (ပညာရေစင်တာ)လေးတစ်ခု တည်ဆောက်ပေးလိုက်ယင် တံခွန်နဲ့ ကုက္ကားပါပဲလားဘုရား၊

    ReplyDelete
  2. Anonymous ပြောတာမှန်ပါသည်…။ တိပိဋကဆရာတော် ထိုင်းနိုင်ငံသို့ ကြွရခြင်းရွည်ချွက်မှာ ဆရာတော်တည် ထောင်ထားသော ရနောင်းရှိ ရွှေ့ပြောင်းအလုပ်သများ၏ခလေးကျောင်းအတွက် ရန်ပုံငွေတရားဟော ပေးရန်နှင့် ထိုင်းနိုင်ငံ စာသင်သားရဟန်းတော်များအတွက် ရန်ပုံငွေတရားဟောပေးရန်တို့ဖြစ်ပါသည်။ စာသင်သားများအတွက် ရန်ပုံငွေပွဲ ၂ ပွဲမှာဟောဖြစ်ခဲ့သော်လည်း ရနောင်းခလေးများအတွက် ရန်ပုံငွေပွဲ သုံးပွဲမှာ အကြောင်းကြောင်းကြောင့် ပျက်ခဲ့ရသည်။ ပထမပွဲသည် ပွဲတစ်ဝက်ဖြင့်ပင် ရပ်ပေးခဲ့ရသည်။ (သိရသည်မှာ စိတ်ထားညံ့သူ မြန်မာတစ်ချို့မှ နှောက်ယှက်ခဲ့သည်ဟုသိရသည်။) (စာသင်သားများအတွက် ၂ပွဲတွင် မဟာချိုင်ပွဲသည် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။) ဆရာတော်သည် ထို ၂ပွဲမှ ဓမ္မပူဇာအားလုံးအား စာသင်းသားရဟန်းတော်များအသင်းသို့လှူသည်၊ သို့သော် အဖြစ်အပျက်ကိုသိနေသောကြောင့် လက်မခံရက်ကြ၊ ဆရာတော်အား အကုန်ပြန်လည်ဆက်ကပ်ကြသည်၊ တစ်ဖန် ဆရာတော်မှ ရနောင်းခလေးများအတွက်တစ်ဝက် စာသင်သားရဟန်းတော်များအတွက် တစ်ဝက်ခွဲလှူပြန်သည်၊ ဒီတစ်ကြိမ်တွင် ဆရာတော် စိတ်ချမ်းသာစေရန် စာသင်သားရဟန်းတော်များအသင်းအတွက် ၁၀၀၀၀ ကိုသာလက်ခံ ခဲ့ကြသည်။ ကျန်ငွေအား ဆရာတော်ထံ ပြန်လည်ဆက်ကပ်ခဲ့ကြသည်။ ဆရာတော်သည် ထိုငွေအားလုံးအား ရနောင်းမြို့ ခလေးကျောင်းသို့ လှူဒါန်း၍ ထိုညနေတွင်ပင် မြန်မာပြည်သို့ ပြန်လည်ကြွတော်မူသည်။
    Anonymous နှင့် မြန်မာချစ်သူများအားလုံးသာဓုခေါ်ဆိုနိုင်စေရန်ဖြစ်ပါသည်….။

    ReplyDelete
  3. အရှင်ဗိန္ဒုရဲ့ မှတ်ချက်ပြန်ပေးမှုအတွက် သာဓုအနုမောဒနာ ခေါ်လိုက်ပါ၏ဆရာတော်ဘုရား

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.