Friday, February 25, 2011

်ရွေးကောက်ပွဲကော်မတီိ ဆရာတော်များအား လျှောက်ထားလွှာ

သို့
m.s.m.o ရွေးကောက်ပွဲကျင်းပရေးကော်မတီ၊

အကြောင်းအရာ။ ။ရွေးကောက်ပွဲ ရက်စွဲအား ပြန်လည် ပြောင်းရွေ့သတ်မှတ်ပေးပါရန် လျှောက်ထားခြင်းကိစ္စ။

ရိုသေစွာလျှောက်ထားအပ်ပါသည်၊ ဆရာတော်အရှင်သူမြတ်တို့ဘုရား၊ m.s.m.o ဗဟိုကော်မတီဝင်များမှ၊ ၁၅.၁.၂၀၁၁၊ တွင် ပြုလုပ်ကျင်းပခဲ့သော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ၊ m.s.m.o အဖွဲ့၏၊ ဒုတိယအကြိမ် ဗဟိုကော်မတီရွေးကောက်ပွဲအား၊ ၂၇.၂.၂၀၁၁ နေ့တွင် သတ်မှတ်ခဲ့ကြသည်ကို ကြားသိရပါသည်ဘုရား။

သို့ပါသော်လည်း အစည်းအဝေး ခန်းမ ငှါး၍မရခြင်း၊ အချို့သော ရွေးကောက်ပွဲဝင် ကျောင်းသား ရဟန်းတော်များ၏ နာမည်စာရင်း အဆင်သင့် မဖြစ်သေးခြင်း၊ ချင်းမိုင်ကျောင်းသားများ လာရောက်ရန် အခက်အခဲရှိခြင်း၊ ကျောင်းသားစာရင်းများ ပြန်လည်စီစစ်ရန် လိုအပ်ခြင်းတို့ ကြောင့် ရွေးကောက်ပွဲရက်ကို (၁၃ ၊ ၀၃ ၊ ၂၀၁၁) ရက် တနင်္ဂနွေနေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်းကိုလည်း ထပ်မံကြားသိရပြန်ပါသည်ဘုရား။

နောက်ဆုံးထပ်မံ သတ်မှတ်လိုက်သော ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့သည်လည်း ဘုရားတပည့်တော်တို့ ချင်းမိုင်းတက္ကသိုလ်ကျောင်းသားများ၏၊ စာမေးပွဲဖြေဆိုရမည် ရက်နှင့် တိုက်ဆိုင်နေပါသောကြောင့်၊ ၄င်း ၁၃၊ ၀၃၊ ၂၀၁၁ နေ့အား ပြန်လည် ပြင်ဆင် သတ်မှတ်ပေးတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။

လျှောက်ထားသူများ
ချင်းမိုင်ကျောင်းသားရဟန်းတော်များ၊
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။

မှတ်ချက်။ ။(ချင်းမိုင်ကျောင်းသားများမှ ပို့ပေးလာသော စာအား၊ ပြန်ကြားရေးမှ တင်ပြအပ်ပါသည်)။

1 comment:

  1. ရွေးကောက်ပွဲကော်မရှင် အဲ.... ရွေးကောက်ပွဲကော်မတီ တဲ့ ၊ ဒီကော်မတီက ဘယ်လိုဘယ်ပုံ အဖွဲ့အတွက် တာဝန်ထမ်းရွက်ပေးမယ်ဆိုတာကိုလဲ ရွေးကောက်ပွဲ ကော်မရှင်(/တီ) အထက်က လူကြီးမင်းများရှိသေးယင် statement လေးထုတ်ပေးပါအုံးလား ဆရာတော်များဘုရား.

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.