Tuesday, March 22, 2011

ကော်မတီများ အစည်းအဝေးကျင်းပြီးစီးခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဗဟိုကော်မတီ အဟောင်းများ၊ အသစ်များနှင့် ပညာရေးကော်မတီများ အစည်းအဝေးကို (၁၉-၃-၂၀၁၁) နေ့ မွန်းလွဲ (၂)နာရီတွင် ပညာသင်ကြားရေးကျောင်း၌ ကျင်းပခဲ့ကြပါသည်။
အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အစည်းအဝေးအချိန်များကို အတိအကျ ရောက်လာရန်နှင့် နာရီအချိန်အတိုင်းအတာဖြင့် ကန့်သတ် ဆွေးနွေးတင်ပြကြရန်။
၂။ ပညာသင်ကြားရေးကျောင်းသို့ ဆွမ်းစားကြွရာတွင် ပုဂ္ဂလိက ဖြစ်ပါက အလှူခံနိုင်ခွင့်ရရှိကြရန်နှင့် ဝေယျာဝစ္စ လှူဒါန်းလာပါက ရုံးခန်းရန်ပုံငွေအဖြစ် ထားရှိကြရန်။
၃။ နာရေးကိစ္စ၊ ရပ်ဝေးကိစ္စမှလွဲ၍ အစည်းအဝေးသုံးကြိမ်ပျက်ပါက ဗဟိုကော်မတီအဖြစ်မှ အလိုအလျောက် ရပ်ဆဲရန်။
၎။ ပညာသင်ကြားရေး ရုံးခန်းတွင် ရုံးအဖွဲ့မှူး နှစ်ပါးထားရှိ၍ ပထမခြောက်လပတ်တစ်ပါး၊ ဒုတိယ ခြောက်လပတ်တစ်ပါး တာဝန်ပြောင်းလဲ ထမ်းဆောင်ရန်။
၅။ အသင်းပိုင် သင်္ကန်းများ ထားရှိရန်၊
၆။ တရားဝင်ကျောင်းသားမဟုတ်ဘဲ ပညာသင်ကြားရေးကျောင်းသို့ အာဂန္တုများ ရောက်ရှိလာခဲ့ပါက ယင်းအာဂန္တုများကို ရည်ရှည်လက်မခံကြရန် ဆွေးနွေးဆုံးဖြတ်ကြသည်။
၇။ ထို့နောက်ပညာသင်ကြားရေး ကော်မတီ (၉) ပါးအား အတည်ပြု ရွေးချယ်ကြသည်။ (သတင်းတင်ပြပြီး)
ပြီးနောက် ဘဏ္ဍာရေးမှူးအဟောင်းများက ဘဏ္ဍာရေးမှူးအသစ်များသို့ လက်ကျန် ဘဏ္ဍာရေး စာရင်းများကို အပ်နှံကြပါသည်။
လက်ကျန် ဘဏ္ဍာရေးငွေများမှာ စုစုပေါင်း သုံးသိန်းကိုးသောင်းသုံးထောင်ကိုးရာကိုးဆယ်ရှစ် (၃၉၃၉၉၈)ဘတ် ကျန်ရှိပါသည်။
၈၀ ရာခိုင်နှုံး ပင်မငွေများမှာ လေးသောင်းသုံးထောင် လေးရာတစ်ဆယ့်ခြောက် (၄၃၄၁၆)ဘတ် ဖြစ်ပြီး၊ ၂၀ ရာခိုင်နှုံး ပင်မငွေများ သုံးသိန်းလေးသောင်းကိုးထောင်ကိုးရာ ရှစ်ဆယ့်နှစ် (၃၄၉၉၈၂) ဘတ်ဖြစ်ပါသည်။
လက်ရောက်ငွေသား ပေးအပ်ခြင်းမှာ တစ်သောင်းခုနစ်ထောင်နှစ်ရာနှစ်ဆယ် (၁၇၂၂၀) နှင့် အကြွေ လေးရာကိုးဆယ်တစ် (၄၉၁)ဘတ် ဖြစ်ပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ညနေ (၄)နာရီတွင် ပြီးဆုံးသွားကြောင်း သတင်းရရှိပါသည်။

အလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်တော်များအဖွဲ့(M.S.M.O)အား Royal King ကလေးနို့ဗူး စက်ရုံမှ တစ်သောင်းကိုးထောင့်နှစ်ရာ (၁၉၂၀၀)ဘတ်တိတိကို (20.3.2011)တနင်္ဂနွေနေ့ နေ့လည် (၁)နာရီတွင် လှူဒါန်းရာ ယင်းလှူဒါန်းငွေကို အရှင်အာစိဏ္ဏမှ လက်ခံရယူ၍၊ ယင်းအရှင်မြတ်မှ တဆင့် ဘဏ္ဍာရေးမှူး (၂)ဆရာတော် အရှင်ဝိသုဒ္ဓသို့ ပြန်လည် ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးမှ သတင်းရရှိပါသည်။

Monday, March 21, 2011

ဘ၀ဆိုတာ..ဒါလား


“ ၀လုံး ” ကြောင့်
“ ဘ ”ကတင့်တယ်တာလား

“ ဘကုန်း ” ကြောင့်
“ ၀ ” ကမိုက်မဲတာလား

ဘာကြောင့်ဆိုတာ မသိပေမယ့်
“ ဘ ” နဲ့ “ ၀ ”ဆိုတဲ့
စာနှစ်လုံးကြား
တခါတလေ
ကျနော်လေ

မူးမူးနေတာ အခါခါပေါ့

ကဗျာလည်းမဟုတ် စာလည်းမဟုတ်တော့
ဘ၀ဆိုတဲ့ ဇာတ်ထုပ်မှာ
ရှင်းနေရင်းနဲ့
ရှုပ်ရှုပ်သွားတယ် သူငယ်ချင်းရယ်

ဘ၀ဆိုတာက

ခဏ တစ်ကိုယ်စာရလို့
လိုရာမရလို့ တွေးမပူနဲ့

ရှေးလူ ဘေးသူတွေ ဘယ်လိုပြုပြု

ကိုယ့်လမ်းကြောင်းသာ ကိုယ်ရှု
ကိုယ်ပြုတာ ကိုယ့်ကံတရားမို့
ခံစားဖို့လည်းရဲရမယ်
စံစားဖို့လည်းရဲရမယ်

ရှေးလူ ဘေးသူ
ဖြောင့်နေတဲ့ ဒီလမ်း
သူငယ်ချင်းရယ် ကိုယ့်ကျတော့
ဘာလို့ များ မဖြောင့်တန်းရတာလဲ

အို..ဒါပာာ
ကိုယ့် ကံတရားမို့ 
ဥာဏ်များဖို့လည်း မစဉ်းစား
ရဲရဲရင့်ရင့် နင်းသွားမှာပေါ့ . . . . .


စိတ်ညစ်စရာကို ခဏတွေးရုံနဲ့
အနိမ့် . . . အမြင့် ကြမ္မာကို လောင်းကြေးထပ်ပုံတဲ့ပွဲ

ဘာ့ကြောင့်များ သွေးပျက်လို့နေမှာလဲ

လောကဓံဆိုတာ ဥာဏ်မွဲသူအတွက်
ကြီးလေးတဲ့အရှုံးဆိုရင် အံကိုခဲလို့ ပြုံးထားလိုက်ပါ

အံကိုကျိတ် မာန်အပြည့်နဲ့ 
“ ငါ ” ပော့ . . . ဆိုပြီး

လာသမျှဒဏ်
လည်ဆင်းခံဖို့ အသင့် ပြင်

လောကဓံ ဆိုတဲ့ မီး အပူတွေကြား
သက်ဆင်းဖို့ ကြိုးစားဖူးတာလည်း အခါခါပါ

ကျနော်လေ တခါတလေမှာတော့
ပြုံးတောင် မပြုံးရဲတော့ဘူး သူငယ်ချင်းရယ်

ရုန်းမှ တိုက်မှ ဘ၀တဲ့

ရှုံးရ စိုက်ရလည်း
ခဏပေါ့ကွာ ရတာမလိုတိုင်း
အရှုံးမမှတ်နဲ့ အရာရာတိုင်းဟာ
အသုံးတတ်သူ အတွက် အမြတ်တွေပါ သူငယ်ချင်းရေ

“ ဘ၀ ” ဆိုတာ တိုက်ပွဲပေါ့

ပာုတ်လား သူငယ်ချင်း
ဒါ ဆို အရှူံး အမြတ်ရယ်လို့ ချိန်ထိုး

အရှိန်တိုးပြီးလည်း မစဉ်းစားကြည့်တော့ပါဘူး နော်

“ အသုံးတတ်သူ အတွက် အမြတ် ”ဆိုတာ
လောကဓံရဲ့ ဇာတ်ရှိန် တက်တဲ့အထိ
ခဏတော့ စောင့်ကြည့်ချင်သေးတယ် သူငယ်ချင်းရယ်

လက် ခြေဗလာနဲ့
စခဲ့တဲ့ "ဇာတ်" မျက်ရည်မပါ

"က"တတ်ဖို့ကြိုးစား ရိုးသားခြင်းကို တံဆိပ်လိုခတ်နှိပ်

အဆိပ်ဆိုတဲ့
အတိတ်ကို အန်ထုတ်
နာကျင်စရာကြုံတိုင်း ဟန်လုပ်ပြုံးပြ

အသုံးမကျဘူးဆိုတဲ့ စကားလုံး
သူငယ်ချင်းရဲ့ ရာဇ၀င်မှာဘယ်တော့မှ မသုံးနဲ့

ဒီတစ်ခါရှုံးရင်
နောက်တစ်ခါပြန်ရုန်း
"၀လုံး"ရှေ့မှာ "ဘ"ကို ကပ်ထား
ဘ၀ဆိုတာ ဘယ်တော့မှအမြဲမခါးဘူး ချစ်သူငယ်ချင်း။

Sunday, March 20, 2011

ပညာသင်ကြားရေးကျောင်း တာဝန်ကျ ဆရာတော်များ စာရင်း

အရှင်ကောဝိဒ(ချူလာ)၊ အရှင်ဗြဟ္မဝံသအရှင်သြဘာသ (၂၀-၁၂-၂၀၁၁) (၈-၅-၂၀၁၁) (၂၆-၆-၂၀၁၁)

၂။ အရှင်စန္ဒိမာအရှင်ပညာဇောတအရှင်ကောဝိဒ (မကုဋ်)(၂၇-၁-၂၀၁၁) (၁၅-၅-၂၀၁၁) (၃-၇-၂၀၁၁)

၃။ အရှင်သုဝဏ္ဏ၊ အရှင်ဝိသုဒ္ဓ(ယော)အရှင်တေဇိန္ဒ(၃-၄-၂၀၁၁) (၂၂-၅-၂၀၁၁) (၁၀-၇-၂၀၁၁)

၎။ အရှင်ကုဝေရ၊ အရှင်ဝိယတ္တအရှင်ကောဏ္ဍည(၁၀-၄-၂၀၁၁) (၂၉-၅-၂၀၁၁) (၁၀-၇-၂၀၁၁)

၅။ အရှင်ရာဇိန္ဒ၊ အရှင်အစ္ဆရိယအရှင်ပညာစာရ(၁၇-၄-၂၀၁၁) (၅-၆-၂၀၁၁) (၁၇-၇-၂၀၁၁)

၆။ အရှင်ကဝိန္ဒ(သာဓု)၊ အရှင်ရေဝတအရှင်ဂန္ဓသာရ (၂၄-၄-၂၀၁၁) (၁၂-၆-၂၀၁၁) (၂၄-၇-၂၀၁၁)

၇။ အရှင်တေဇဓမ္မ၊ အရှင်အာစာရအရှင်ကဝိပိယ (၁-၅-၂၀၁၁) (၁၉-၆-၂၀၁၁) (၃၁-၇-၂၀၁၁)

ကျန်ရှိနေသေးသော သတင်းများအား ဆက်လက်တင်ပြပေးပါမည်။

ပညာရေးကော်မတီအဖွဲ့ ဆရာတော်များစာရင်း (၁၉-၃-၂၀၁၁)

အရှင်ကောဝိဒ (0877039856) ashinkawwida@googlemail.com

၂။ အရှင်စန္ဒိမာ (0831310279) bhikkhu.1972@gmail.com

၃။ အရှင်သုဝဏ္ဏ (0814125820) uthuthu@gmail.com

၎။ အရှင်ကုဝေရ (0846742634) kuvera123@googlemail.com

၅။ အရှင်ရာဇိန္ဒ (080-5555031) urajinda.08@gmail.com

၆။ အရှင်ကဝိန္ဒ (0805558708) ashinkavinda1977@gmail.com

၇။ အရှင်တေဇဓမ္မ (0876840140) ashinteza@gmail.com

၈။ အရှင်ဗြဟ္မဝံသ (084-663-5885) ashinbramhavamsa@gmail.com

၉။ အရှင်ပညာဇောတ (0814811145) pyinyar08@gmail.com

Friday, March 18, 2011

ဗဟိုကော်မတီဝင် ဆရာတော်တို့၏ မေးလ်လိပ်စာများနှင့် ဖုန်းနံပါတ်များ


၁။ ဥက္ကဋ္ဌ အရှင်ဣန္ဒောဘာသ
uindobhasa@gmail.com (087-500-9576)
၂။ ဒုတိယ ဥက္ကဋ္ဌ အရှင်ဗြဟ္မဝံသ ashinbramhavamsa@gmail.com (084-663-5885)
၃။ အတွင်းရေးမှူး(၁) အရှင်သြဘာသ ashinaubasa@gmail.com (082-765-8279)
၎။ အတွင်းရေးမှူး(၂) အရှင်ပညာဇောတ pyinyar08@gmail.com (081-481-1145)
၅။ ဘဏ္ဍာရေးမှူး(၁) အရှင်ကောဝိဒ (ပအို့ဝ်) porekhams@gmail.com (089-017-4276)
၆။ ဘဏ္ဍာရေးမှူး(၂) အရှင်ဝိသုဒ္ဓ (ယော) visuddhayaw@gmail.com (084-671-4772)
၇။ ဘဏ္ဍာရေးမှူး(၃) အရှင်တေဇိန္ဒ tejeinda09@gmail.com (082-330-9312)
၈။ စာရင်းစစ်မှူး(၁) အရှင်ဝိယတ္တ viyata1985@gmail.com (080-556-7872)
၉။ စာရင်းစစ်မှူး(၂) အရှင်ကောဏ္ဍည condannathazi@gmail.com (084-669-0607)
၁၀။ စာရင်းစစ်မှူး(၃) အရှင်အစ္ဆရိယ ven.acchariya@gmail.com (085-359-8213)
၁၁။ ပြန်ကြားရေးမှူး(၁) အရှင်ပညာစာရ pyinnyalay@gmail.com (082-446-5482)
၁၂။ ပြန်ကြားရေးမှူး(၂) အရှင်ရေဝတ ven.revata09@gmail.com (085-022-2013)
၁၃။ ပြန်ကြားရေးမှူး(၃) အရှင်ဂန္ဓသာရ gandasarass@gmail.com (082-764-1470)
၁၄။ အသင်းဝင်ကြီးကြပ်ရေးမှူး(၁) အရှင်အာစာရ ashinarezerar@gmail.com (085-048-2401)
၁၅။ အသင်းဝင်ကြီးကြပ်ရေးမှူး(၂) အရှင်ကဝိပိယ ashinkavipiya@gmail.com (083-760-9146)

Wednesday, March 16, 2011

အစည်းအဝေးပွဲ ဖိတ်ကြားလွှာ

ရိုသေ လေးမြတ်စွာ ပင့်လျှောက်အပ်ပါသည် -

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ ကိုယ်စား ဗဟိုကော်မတီဝင်အသစ်များ၊ အဟောင်းများနှင့် ပညာရေးကော်မတီ အရှင်မြတ်တို့ဘုရား . . . .

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲတွင် ကျင်းပ ပြုလုပ်ခဲ့သော မပြီးပြတ်သေးသည့် စာရင်းဇယားများ၊ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြန်လည်အပ်နှံခြင်း၊ ဗဟိုကော်မတီဝင် အသစ်များနှင့် အဟောင်းများ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း၊ ပညာရေးဆိုင်ရာများ ဆွေးနွေးညှိနှိုင်းတိုင်ပင် အဖြေရှာခြင်း၊ ပညာရေးကော်တီအား အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ကို တိုင်ပင် ဆွေးနွေး ကျင်းပပြုလုပ်မည်ဖြစ်ရာ -

မြန်မာသက္ကရာဇ် ၁၃၇၂-ခုနှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) စနေနေ့တွင် နေ့လည် (၂)နာရီမှ ညနေ (၄)နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မပျက်မကွက် ကြွရောက် ချီးမြှင့်တော်မူကြပါရန် ရိုသေလေးမြတ်စွာ ပင့်လျှောက်အပ်ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား။

နေရာ

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

ပညာသင်ကြားရေးကျောင်းဆောင်

ဖလန်ဆောင် (၆၃)လမ်း၊ ကစီခွန်ဘဏ်အနီး

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

လမ်းမပျောက်အောင်.လမ်းလျှောက်မယ်


ညတွေက တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့ မြှောက်ပင့်ကြတယ် ...

ဘ၀တွေက ထိုးနှက်မှုကြောင့်
တချို့ ကတိုးတက်
တချို့ ကစိတ်ပျက်ကြတယ် ...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...

ဒူးမခေါက်သရွေ့ ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့ ပြေးမကြောက်ဘူး...

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်ဘ၀အတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။

ဂုဏ်ယူနေမယ်..သူငယ်ချင်း

သူငယ်ချင်း..........မင်းအားငယ်နေလား..........

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။

သူငယ်ချင်း..........အရမ်းဝမ်းနည်းနေလား......

မင်းမျက်ရည်တွေသုတ်ပစ်လိုက်!

သူတို့ကမင်းရဲ့စိတ်ဓါတ်ကို

ပျော့ညံ့ညံ့ ဖြစ်စေတယ်။

သူငယ်ချင်း..........စိတ်ပျက်နေပြီလား..........

ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းကြည့်

မင်းမြင်ရတဲ့ အရာကို

လှေကားထစ်လို နင်းတက်စမ်း။

သူငယ်ချင်း..........ရင်ဖွင့်ချင်လား........

မျိုသိပ်မထားပါနဲ့

အဲဒါကိုအစ က စပြော

ငါတို့..နားထောင်နေတယ်။

သူငယ်ချင်း..........အသည်း ကွဲ နေလား.....

ဒါဆို...မင်းကံကောင်းပြီ!

အဲဒီ တစ်ယောက် က

မင်းအချစ်နဲ့ မတန်သေးဘူး။

သူငယ်ချင်း..........အထီးကျန်နေလား..........

တစ်ယောက်တည်း မနေနဲ့

ငါတို့နဲ့ အတူ

ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။

သူငယ်ချင်း..........မင်းကို သူတို့ အထင်သေးနေလား....

ဒေါသမဖြစ်နဲ့!

မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ

သူတို့ မမြင်နိုင်သေးလို့ပါ။

သူငယ်ချင်း..........မင်း.....ပန်းတိုင်ရောက်ပြီလား.......

တက်.....မထောင်နဲ့ဦး

ငါနောက်လှေကြည့်လိုက်ဦးမယ်။

သူငယ်ချင်း..........မင်းဘ၀အောင်မြင်ပြီလား.......

ဂုဏ်ယူပါတယ်

မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ)

မင်းသူငယ်ချင်းတွေ....လက်ခုပ်တီးနေကြတယ်......။

အောင်မြင်မှုဆိုတာ-တိုက်ယူမှရတာ

ပြုံးသူတွေနိုင် ရှုံးသူတွေမှိုင်တဲ့ဒီပွဲမှာ

အပြုံးတွေမဝေနိုင်ခဲ့လို့ 

ငေးငိုင်ကာ နေရတော့မှာလား..?

သူငယ်ချင်း

မျှော်လင့်စိတ်ကူး

ဒီတစ်ခါလည်းမထူးဘူးဆိုပြီး

ရူးမိုက်စွာ ဆုံးဖြတ်

ပညာရေးကို အဆုံးမသတ်ပါနဲ့ 

စဉ်းစားပါ သူငယ်ချင်း

မညီညာတဲ့ ပညာရေးလမ်းကောက်

ဆူးကြောက်လို့ ဒူးထောက်ခဲ့သူတွေ

အောင်မြင်မှုသရဖူပန်း

ဘယ်သူများ ဆင်မြန်နိုင်လို့ လဲ..?

ဒီမှာ သူငယ်ချင်း

လဲရင် ပြန်ထ

လွဲရင် ပြန်စလို့ (၁ လုံး ၂လုံး ၃လုံးမပါ)

ပြန်ချမည့်အားမာန်မွေး

အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်

ကမ်းမမြင်တဲ့ ပင်လယ်ပြင်မှာ

ဇနက. .က.လက်ပစ်ကူး

မေခလာက ရူးနေသလား...? တဲ့

နောက်ဆုံးတော့

ဇွဲရှိသူအတွက်

မေခလာ ကယ်ရတာပဲမဟုတ်လား

ဒီလိုပါပဲ

အခက်အခဲမှန်သမျှကို

လက်တွဲကာကြံဆလို့ 

ပညာရေးဆိုတာ တိုက်ပွဲတစ်ခု

တိုက်ရဲရင်တိုက်

အရှုံးဆိုတာ ဂရုမစိုက်နဲ့ ပေါ့

အချိန်နဲ့ ဖွဲ့ စည်း

ပညာရေးဆိုတဲ့ ခရီးကြမ်းမှာ

ဒဏ်ရာဆိုတာရှိမှာပဲ

နောင်တလည်းမရနဲ့ 

(လွန်သွားပြီ )

ကံကြမ္မာကိုလည်း မ.တ. နဲ့ 

(သူလည်း မ.မနိုင်ဘူး)( လေးလို့  )

အားနည်းချက်ကိုပြန်သုံးသပ်

ဥာဏ်လေးနဲ့ -ဆုံးဖြတ်

ဝီရိယလေးအမြဲကပ်

သံယောဇဉ်တွေ ခဏဖြတ်

ဒိုလေးတို့ ကိုဘေးချိတ်

တိတ်တိတ်ကလေး စိတ်စိုက်

တိုက်ရဲမှ အောင်မှာပေါ့ ..။

Monday, March 14, 2011

မြန်မာကျောင်းသား ရဟန်းတော်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲသတင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို (13-3-2011) တနင်္ဂနွေနေ့တင် နေ့ လည် (၁) နာရီမှ ညနေ (၆)နာရီအထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ VIENGTAI HOTEL, SEVENTH FLOOR, (42) RAMBUTTRI ROAD, BANGLAMPU တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် အရှင်ဝိသုဒ္ဓ (M.A;First-Year) မဟာချူလာလောင်ကွန် တက္ကသိုလ်မှ ဆောင်ရွက်ပြီး၊ အခမ်းအနားကို အစီစဉ် အောက်ပါ အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပခဲ့ကြပါသည်။

၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
၂။ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ သြဝါဒါစရိယတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဒေါက်တာဂန္ဓမာလာလင်္ကာရ မှ ကျောင်းသားများအား သြဝါဒချီးမြှင့်ခြင်း။
၂။ ကျောင်းသားအဖွဲ့ ဗဟိုကော်မတီဆရာတော် ဥက္ကဋ္ဌအရှင်ဇောတိကမှ အဖွင့်အမှာစကားပြောကြားခြင်း။
၃။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှ ရွေးကောက်ပွဲအစီအစဉ်လျှောက်ထားပေးခြင်း။
၎။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစတင်ကြောင်းလျှောက်ထားပေးခြင်း။
၅။ ရွေးကောက်ပွဲကော်မရှင်မှ ဗဟိုကော်မတီအသစ်ကို အတည်ပြုကြေညာပေးခြင်း။
၆။ ကော်မတီအသစ်က တာဝန်ပြီးဆုံးသွားသော ကော်မတီဝင်များအထံမှ ဆိုင်ရာစာရွက်စာတမ်းများ ရှင်းလင်းရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး နှုတ်ဆက်အမှာစကားများ အသီးသီးပြောကြားပေးခြင်းနှင့်
၇။ ရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပေးခြင်းတို့ ဖြစ်ကြပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲ၏ ရလဒ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဥက္ကဋ္ဌဆရာတော် အရှင်ဣန္ဒောဘာသ ( မဲ ရမှတ် - ၄၀ )။
၂။ ဒုတိယ ဥက္ကဋ္ဌဆရာတော် အရှင်ဗြဟ္မဝံသ ( မဲ ရမှတ် - ၂၇ )။
၃။ အတွင်းရေးမှူးဆရာတော် အရှင်သြဘာသ ( မဲ ရမှတ် - ၃၈)။
၎။ ဒုတိယ အတွင်းရေးမှူးဆရာတော် အရှင်ပညာဇောတ ( မဲ ရမှတ် - ၂၀ )။
၅။ ပထမ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ကောဝိဒ (ပအို့ဝ်) ( မဲ ရမှတ် - ၂၉)။
၆။ ဒုတိယ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ဝိသုဒ္ဓ (ယော) ( မဲ ရမှတ် - ၂၀ )။
၇။ တတိယ ဘဏ္ဍာရေးမှူးဆရာတော် အရှင်တေဇိန္ဒ ( မဲ ရမှတ် - ၁၀ )။
၈။ ပထမ စာရင်းစစ်ဆရာတော် အရှင်ဝိယတ္တ ( မဲ ရမှတ် - ၃၁ )။
၉။ ဒုတိယ စာရင်းစစ်ဆရာတော် အရှင်ကောဏ္ဍည ( မဲ ရမှတ် - ၁၅ )။
၁၀။ တတိယ စာရင်းစစ်ဆရာတော် အရှင်အစ္ဆရိယ ( မဲ ရမှတ် - ၁၃ ) ။
၁၁။ ပထမ ပြန်ကြားရေးဆရာတော် အရှင်ပညာစာရ ( မဲ ရမှတ် - ၃၂ )။
၁၂။ ဒုတိယ ပြန်ကြားရေးဆရာတော် အရှင်ရေဝတ ( မဲ ရမှတ် - ၁၉ )။
၁၃။ တတိယ ပြန်ကြားရေးဆရာတော် အရှင်ဂန္ဓသာရ ( မဲ ရမှတ် - ၁၃ )။
၁၄။ ပထမ အသင်းဝင်ကြီးကြပ်ရေးမှူးဆရာတော် အရှင်အာစာရ ( မဲ ရမှတ် - ၃၁ )။
၁၅။ ဒုတိယ အသင်းဝင်ကြီးကြပ်ရေးမှူးဆရာတော် အရှင်ကဝိပိယ ( မဲ ရမှတ် - ၂၀ )။

ထို့နောက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအချင်းချင်း၊ ကော်မတီဝင်အဟောင်းများနှင့် အသစ်များအချင်းချင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဖုန်းနံပါတ်များ ရယူခြင်း၊ ဝေယျာဝစ္စများ လုပ်ကိုင် ဆောင်ရွက်ကြခြင်း - စသည်တို့ကို ပြုလုပ်၍ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲ (၁၃-၃-၂၀၁၁) တနင်္ဂနွေနေ့ ညနေ ၆းနာရီ မိနစ် ၂၀းခန့်တွင် အောင်မြင်ပြီးမြောက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Saturday, March 12, 2011

အရှင်အစ္ဆရိယ ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

အရှင်အစ္ဆရိယ ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

(၁) ဘွဲ့ တော် …. အရှင်အစ္ဆရိယ
(၂) သက်တော်… ၃၂-နှစ်
(၃) သိက္ခာတော်… ၁၂-ဝါ
(၄) အိုင်တီနံပါတ်…၅၂၀၁၂၀၁၀၇၇၊
(၅) မွေးရပ်ဇာတိ..ဗန်းမော်၊ ကချင်ပြည်နယ် ။
(၆) မွေးသက္ကရာဇ်.. ၁၆၊ ၀၇၊ ၁၉၇၈
(၇) ပညာဆည်းပူးခဲ့သော ကျောင်းတိုက်များ၊
မစိုးရိမ်(မန္တလေးမြို့)
မင်္ဂလာကျောင်း (ရွှေကူမြို့၊ ကချင်ပြည်နယ်)
ဝါယာလက်ကျောင်း(မြောက်ဒဂုံ၊ ရန်ကုန်)
(၈) အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ (လောကီအတန်းအောင်မြင်မှု ရှိလျှင်လည်း ဖော်ပြရန်) ပထမကြီးတန်းအောင်
(၉) လက်ရှိပညာဆည်းပူးနေသော တက္ကသိုလ် (သို့ မဟုတ်) ကောလိပ် မဟာချူလာတက္ကသိုလ်၊ ဘန်ကောက်။ (B.A, Second Year, MCU) English Program,

ကားကြိုပို့ အစီအစဉ်

ရွေးကောက်ပွဲကျင်းပရာနေရာသို့ ကားများကိုအောက်ပါအတိုင်းစီစဉ်ပေးထားပါသည်ဘုရား
၁။ဝပ်မဟာထပ် တက္ကသိုလ်အတွင်း။ လွတ်တုကားဖြင့် နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်တွင် စတင်ထွက်ပါမည်ဘုရား။
၂။ဝပ်တလုံးကျောင်းမှ ဘစ်စကားကြီးဖြင့် နံနက်(၁၂)အချိန်တွင် စတင်ထွက်ပါမည်ဘုရား။
ညနေပိုင်းတွင် ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးပါမည်ဘုရား။

ရွေးကောက်ပွဲးကျင်းပရေးကော်မတီ

Friday, March 11, 2011

ရွေးကောက်ပွဲ အခမ်းအနား အစီအစဉ်


၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ရန်။

၂။ ဗဟိုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရန်။

၃။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲအစီအစဉ်လျှောက်ထားပေးရန်။

၎။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစတင်ကြောင်းလျှောက်ထားပေးရန်။

၅။ ရွေးကောက်ပွဲကော်မရှင်မှ ဗဟိုကော်မတီအသစ်ကို အတည်ပြုကြေညာပေးရန်။

၆။ ကော်မတီအသစ်က တာဝန်ပြီးဆုံးသွားသော ကော်မတီဝင်များအထံမှ ဆိုင်ရာစာရွက်စာတမ်းများ ရှင်းလင်းရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး နှုတ်ဆက်အမှာစကားများ အသီးသီးပြောကြားပေးကြရန်။

၇။ ရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းပေးကြရန်။

Myanmar Student Monks Organization in Thailand. Powered by Blogger.