Tuesday, March 22, 2011

ကော်မတီများ အစည်းအဝေးကျင်းပြီးစီးခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ဗဟိုကော်မတီ အဟောင်းများ၊ အသစ်များနှင့် ပညာရေးကော်မတီများ အစည်းအဝေးကို (၁၉-၃-၂၀၁၁) နေ့ မွန်းလွဲ (၂)နာရီတွင် ပညာသင်ကြားရေးကျောင်း၌ ကျင်းပခဲ့ကြပါသည်။
အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ အစည်းအဝေးအချိန်များကို အတိအကျ ရောက်လာရန်နှင့် နာရီအချိန်အတိုင်းအတာဖြင့် ကန့်သတ် ဆွေးနွေးတင်ပြကြရန်။
၂။ ပညာသင်ကြားရေးကျောင်းသို့ ဆွမ်းစားကြွရာတွင် ပုဂ္ဂလိက ဖြစ်ပါက အလှူခံနိုင်ခွင့်ရရှိကြရန်နှင့် ဝေယျာဝစ္စ လှူဒါန်းလာပါက ရုံးခန်းရန်ပုံငွေအဖြစ် ထားရှိကြရန်။
၃။ နာရေးကိစ္စ၊ ရပ်ဝေးကိစ္စမှလွဲ၍ အစည်းအဝေးသုံးကြိမ်ပျက်ပါက ဗဟိုကော်မတီအဖြစ်မှ အလိုအလျောက် ရပ်ဆဲရန်။
၎။ ပညာသင်ကြားရေး ရုံးခန်းတွင် ရုံးအဖွဲ့မှူး နှစ်ပါးထားရှိ၍ ပထမခြောက်လပတ်တစ်ပါး၊ ဒုတိယ ခြောက်လပတ်တစ်ပါး တာဝန်ပြောင်းလဲ ထမ်းဆောင်ရန်။
၅။ အသင်းပိုင် သင်္ကန်းများ ထားရှိရန်၊
၆။ တရားဝင်ကျောင်းသားမဟုတ်ဘဲ ပညာသင်ကြားရေးကျောင်းသို့ အာဂန္တုများ ရောက်ရှိလာခဲ့ပါက ယင်းအာဂန္တုများကို ရည်ရှည်လက်မခံကြရန် ဆွေးနွေးဆုံးဖြတ်ကြသည်။
၇။ ထို့နောက်ပညာသင်ကြားရေး ကော်မတီ (၉) ပါးအား အတည်ပြု ရွေးချယ်ကြသည်။ (သတင်းတင်ပြပြီး)
ပြီးနောက် ဘဏ္ဍာရေးမှူးအဟောင်းများက ဘဏ္ဍာရေးမှူးအသစ်များသို့ လက်ကျန် ဘဏ္ဍာရေး စာရင်းများကို အပ်နှံကြပါသည်။
လက်ကျန် ဘဏ္ဍာရေးငွေများမှာ စုစုပေါင်း သုံးသိန်းကိုးသောင်းသုံးထောင်ကိုးရာကိုးဆယ်ရှစ် (၃၉၃၉၉၈)ဘတ် ကျန်ရှိပါသည်။
၈၀ ရာခိုင်နှုံး ပင်မငွေများမှာ လေးသောင်းသုံးထောင် လေးရာတစ်ဆယ့်ခြောက် (၄၃၄၁၆)ဘတ် ဖြစ်ပြီး၊ ၂၀ ရာခိုင်နှုံး ပင်မငွေများ သုံးသိန်းလေးသောင်းကိုးထောင်ကိုးရာ ရှစ်ဆယ့်နှစ် (၃၄၉၉၈၂) ဘတ်ဖြစ်ပါသည်။
လက်ရောက်ငွေသား ပေးအပ်ခြင်းမှာ တစ်သောင်းခုနစ်ထောင်နှစ်ရာနှစ်ဆယ် (၁၇၂၂၀) နှင့် အကြွေ လေးရာကိုးဆယ်တစ် (၄၉၁)ဘတ် ဖြစ်ပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ညနေ (၄)နာရီတွင် ပြီးဆုံးသွားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.