Friday, March 11, 2011

ရွေးကောက်ပွဲ အခမ်းအနား အစီအစဉ်


၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ရန်။

၂။ ဗဟိုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရန်။

၃။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲအစီအစဉ်လျှောက်ထားပေးရန်။

၎။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစတင်ကြောင်းလျှောက်ထားပေးရန်။

၅။ ရွေးကောက်ပွဲကော်မရှင်မှ ဗဟိုကော်မတီအသစ်ကို အတည်ပြုကြေညာပေးရန်။

၆။ ကော်မတီအသစ်က တာဝန်ပြီးဆုံးသွားသော ကော်မတီဝင်များအထံမှ ဆိုင်ရာစာရွက်စာတမ်းများ ရှင်းလင်းရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး နှုတ်ဆက်အမှာစကားများ အသီးသီးပြောကြားပေးကြရန်။

၇။ ရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းပေးကြရန်။

1 comment:

  1. တရားမျှတသော ရွေးကောက်ပွဲဖြစ်ပါစေဟု ဆန္ဒပြုပါတယ်ဘုရား။ အရှင်ဘုရားတို့ ရွေးကောက်ပွဲအဖွင့်မှာ ဂျပန်ပြည် ဆူနာမီတွင်း ဆုံးပါးသွားတဲ့ သူများအတွက်
    မေတ္တာပို့ ၀မ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ပေးသင့်ကြောင့်ပါဘုရား၊ ဂျပန်နိုင်ငံက ဗုဒ္ဓနိုင်ငံများအတွက် အလှူရှင်ကြီးဖြစ်ပါတယ်ဘုရား။ ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာတို့အနက် မနောကံမေတ္တာအနေဖြင့် ကျေးဇူးတုံ့ပြန်သင့်သည်ဟုထင်ပါတယ်။ ဒိထက်တတ်နိုင်ယင် ဘန်ကောက်ရှိ ဂျပန်သံရုံးကို သွားရောက်ပြီး စုပေါင်း လွမ်းသူပန်းခွေသွားရောက် ပေးအပ်သင့်ကြောင်းလဲ အကြံပြုချင်ပါတယ်။

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.