Monday, March 14, 2011

မြန်မာကျောင်းသား ရဟန်းတော်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲသတင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို (13-3-2011) တနင်္ဂနွေနေ့တင် နေ့ လည် (၁) နာရီမှ ညနေ (၆)နာရီအထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ VIENGTAI HOTEL, SEVENTH FLOOR, (42) RAMBUTTRI ROAD, BANGLAMPU တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် အရှင်ဝိသုဒ္ဓ (M.A;First-Year) မဟာချူလာလောင်ကွန် တက္ကသိုလ်မှ ဆောင်ရွက်ပြီး၊ အခမ်းအနားကို အစီစဉ် အောက်ပါ အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပခဲ့ကြပါသည်။

၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
၂။ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ သြဝါဒါစရိယတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဒေါက်တာဂန္ဓမာလာလင်္ကာရ မှ ကျောင်းသားများအား သြဝါဒချီးမြှင့်ခြင်း။
၂။ ကျောင်းသားအဖွဲ့ ဗဟိုကော်မတီဆရာတော် ဥက္ကဋ္ဌအရှင်ဇောတိကမှ အဖွင့်အမှာစကားပြောကြားခြင်း။
၃။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှ ရွေးကောက်ပွဲအစီအစဉ်လျှောက်ထားပေးခြင်း။
၎။ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစတင်ကြောင်းလျှောက်ထားပေးခြင်း။
၅။ ရွေးကောက်ပွဲကော်မရှင်မှ ဗဟိုကော်မတီအသစ်ကို အတည်ပြုကြေညာပေးခြင်း။
၆။ ကော်မတီအသစ်က တာဝန်ပြီးဆုံးသွားသော ကော်မတီဝင်များအထံမှ ဆိုင်ရာစာရွက်စာတမ်းများ ရှင်းလင်းရယူ၍ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ပြီး နှုတ်ဆက်အမှာစကားများ အသီးသီးပြောကြားပေးခြင်းနှင့်
၇။ ရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပေးခြင်းတို့ ဖြစ်ကြပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲ၏ ရလဒ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဥက္ကဋ္ဌဆရာတော် အရှင်ဣန္ဒောဘာသ ( မဲ ရမှတ် - ၄၀ )။
၂။ ဒုတိယ ဥက္ကဋ္ဌဆရာတော် အရှင်ဗြဟ္မဝံသ ( မဲ ရမှတ် - ၂၇ )။
၃။ အတွင်းရေးမှူးဆရာတော် အရှင်သြဘာသ ( မဲ ရမှတ် - ၃၈)။
၎။ ဒုတိယ အတွင်းရေးမှူးဆရာတော် အရှင်ပညာဇောတ ( မဲ ရမှတ် - ၂၀ )။
၅။ ပထမ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ကောဝိဒ (ပအို့ဝ်) ( မဲ ရမှတ် - ၂၉)။
၆။ ဒုတိယ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ဝိသုဒ္ဓ (ယော) ( မဲ ရမှတ် - ၂၀ )။
၇။ တတိယ ဘဏ္ဍာရေးမှူးဆရာတော် အရှင်တေဇိန္ဒ ( မဲ ရမှတ် - ၁၀ )။
၈။ ပထမ စာရင်းစစ်ဆရာတော် အရှင်ဝိယတ္တ ( မဲ ရမှတ် - ၃၁ )။
၉။ ဒုတိယ စာရင်းစစ်ဆရာတော် အရှင်ကောဏ္ဍည ( မဲ ရမှတ် - ၁၅ )။
၁၀။ တတိယ စာရင်းစစ်ဆရာတော် အရှင်အစ္ဆရိယ ( မဲ ရမှတ် - ၁၃ ) ။
၁၁။ ပထမ ပြန်ကြားရေးဆရာတော် အရှင်ပညာစာရ ( မဲ ရမှတ် - ၃၂ )။
၁၂။ ဒုတိယ ပြန်ကြားရေးဆရာတော် အရှင်ရေဝတ ( မဲ ရမှတ် - ၁၉ )။
၁၃။ တတိယ ပြန်ကြားရေးဆရာတော် အရှင်ဂန္ဓသာရ ( မဲ ရမှတ် - ၁၃ )။
၁၄။ ပထမ အသင်းဝင်ကြီးကြပ်ရေးမှူးဆရာတော် အရှင်အာစာရ ( မဲ ရမှတ် - ၃၁ )။
၁၅။ ဒုတိယ အသင်းဝင်ကြီးကြပ်ရေးမှူးဆရာတော် အရှင်ကဝိပိယ ( မဲ ရမှတ် - ၂၀ )။

ထို့နောက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအချင်းချင်း၊ ကော်မတီဝင်အဟောင်းများနှင့် အသစ်များအချင်းချင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဖုန်းနံပါတ်များ ရယူခြင်း၊ ဝေယျာဝစ္စများ လုပ်ကိုင် ဆောင်ရွက်ကြခြင်း - စသည်တို့ကို ပြုလုပ်၍ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲ (၁၃-၃-၂၀၁၁) တနင်္ဂနွေနေ့ ညနေ ၆းနာရီ မိနစ် ၂၀းခန့်တွင် အောင်မြင်ပြီးမြောက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.