Wednesday, March 16, 2011

အစည်းအဝေးပွဲ ဖိတ်ကြားလွှာ

ရိုသေ လေးမြတ်စွာ ပင့်လျှောက်အပ်ပါသည် -

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ ကိုယ်စား ဗဟိုကော်မတီဝင်အသစ်များ၊ အဟောင်းများနှင့် ပညာရေးကော်မတီ အရှင်မြတ်တို့ဘုရား . . . .

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (MSMO)အဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲတွင် ကျင်းပ ပြုလုပ်ခဲ့သော မပြီးပြတ်သေးသည့် စာရင်းဇယားများ၊ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြန်လည်အပ်နှံခြင်း၊ ဗဟိုကော်မတီဝင် အသစ်များနှင့် အဟောင်းများ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း၊ ပညာရေးဆိုင်ရာများ ဆွေးနွေးညှိနှိုင်းတိုင်ပင် အဖြေရှာခြင်း၊ ပညာရေးကော်တီအား အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ကို တိုင်ပင် ဆွေးနွေး ကျင်းပပြုလုပ်မည်ဖြစ်ရာ -

မြန်မာသက္ကရာဇ် ၁၃၇၂-ခုနှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) စနေနေ့တွင် နေ့လည် (၂)နာရီမှ ညနေ (၄)နာရီ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မပျက်မကွက် ကြွရောက် ချီးမြှင့်တော်မူကြပါရန် ရိုသေလေးမြတ်စွာ ပင့်လျှောက်အပ်ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား။

နေရာ

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

ပညာသင်ကြားရေးကျောင်းဆောင်

ဖလန်ဆောင် (၆၃)လမ်း၊ ကစီခွန်ဘဏ်အနီး

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

1 comment:

  1. ပင့်လျှောက်သူ /များ
    ပုံ/ ....... ကော်မတီ အဖွဲ့ (သို့) ဒါရိုက်တာတစ်ဦး

    ရပ်ကွက်၊
    နိုင်ငံ၊

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.