Monday, March 21, 2011

ဘ၀ဆိုတာ..ဒါလား


“ ၀လုံး ” ကြောင့်
“ ဘ ”ကတင့်တယ်တာလား

“ ဘကုန်း ” ကြောင့်
“ ၀ ” ကမိုက်မဲတာလား

ဘာကြောင့်ဆိုတာ မသိပေမယ့်
“ ဘ ” နဲ့ “ ၀ ”ဆိုတဲ့
စာနှစ်လုံးကြား
တခါတလေ
ကျနော်လေ

မူးမူးနေတာ အခါခါပေါ့

ကဗျာလည်းမဟုတ် စာလည်းမဟုတ်တော့
ဘ၀ဆိုတဲ့ ဇာတ်ထုပ်မှာ
ရှင်းနေရင်းနဲ့
ရှုပ်ရှုပ်သွားတယ် သူငယ်ချင်းရယ်

ဘ၀ဆိုတာက

ခဏ တစ်ကိုယ်စာရလို့
လိုရာမရလို့ တွေးမပူနဲ့

ရှေးလူ ဘေးသူတွေ ဘယ်လိုပြုပြု

ကိုယ့်လမ်းကြောင်းသာ ကိုယ်ရှု
ကိုယ်ပြုတာ ကိုယ့်ကံတရားမို့
ခံစားဖို့လည်းရဲရမယ်
စံစားဖို့လည်းရဲရမယ်

ရှေးလူ ဘေးသူ
ဖြောင့်နေတဲ့ ဒီလမ်း
သူငယ်ချင်းရယ် ကိုယ့်ကျတော့
ဘာလို့ များ မဖြောင့်တန်းရတာလဲ

အို..ဒါပာာ
ကိုယ့် ကံတရားမို့ 
ဥာဏ်များဖို့လည်း မစဉ်းစား
ရဲရဲရင့်ရင့် နင်းသွားမှာပေါ့ . . . . .


စိတ်ညစ်စရာကို ခဏတွေးရုံနဲ့
အနိမ့် . . . အမြင့် ကြမ္မာကို လောင်းကြေးထပ်ပုံတဲ့ပွဲ

ဘာ့ကြောင့်များ သွေးပျက်လို့နေမှာလဲ

လောကဓံဆိုတာ ဥာဏ်မွဲသူအတွက်
ကြီးလေးတဲ့အရှုံးဆိုရင် အံကိုခဲလို့ ပြုံးထားလိုက်ပါ

အံကိုကျိတ် မာန်အပြည့်နဲ့ 
“ ငါ ” ပော့ . . . ဆိုပြီး

လာသမျှဒဏ်
လည်ဆင်းခံဖို့ အသင့် ပြင်

လောကဓံ ဆိုတဲ့ မီး အပူတွေကြား
သက်ဆင်းဖို့ ကြိုးစားဖူးတာလည်း အခါခါပါ

ကျနော်လေ တခါတလေမှာတော့
ပြုံးတောင် မပြုံးရဲတော့ဘူး သူငယ်ချင်းရယ်

ရုန်းမှ တိုက်မှ ဘ၀တဲ့

ရှုံးရ စိုက်ရလည်း
ခဏပေါ့ကွာ ရတာမလိုတိုင်း
အရှုံးမမှတ်နဲ့ အရာရာတိုင်းဟာ
အသုံးတတ်သူ အတွက် အမြတ်တွေပါ သူငယ်ချင်းရေ

“ ဘ၀ ” ဆိုတာ တိုက်ပွဲပေါ့

ပာုတ်လား သူငယ်ချင်း
ဒါ ဆို အရှူံး အမြတ်ရယ်လို့ ချိန်ထိုး

အရှိန်တိုးပြီးလည်း မစဉ်းစားကြည့်တော့ပါဘူး နော်

“ အသုံးတတ်သူ အတွက် အမြတ် ”ဆိုတာ
လောကဓံရဲ့ ဇာတ်ရှိန် တက်တဲ့အထိ
ခဏတော့ စောင့်ကြည့်ချင်သေးတယ် သူငယ်ချင်းရယ်

လက် ခြေဗလာနဲ့
စခဲ့တဲ့ "ဇာတ်" မျက်ရည်မပါ

"က"တတ်ဖို့ကြိုးစား ရိုးသားခြင်းကို တံဆိပ်လိုခတ်နှိပ်

အဆိပ်ဆိုတဲ့
အတိတ်ကို အန်ထုတ်
နာကျင်စရာကြုံတိုင်း ဟန်လုပ်ပြုံးပြ

အသုံးမကျဘူးဆိုတဲ့ စကားလုံး
သူငယ်ချင်းရဲ့ ရာဇ၀င်မှာဘယ်တော့မှ မသုံးနဲ့

ဒီတစ်ခါရှုံးရင်
နောက်တစ်ခါပြန်ရုန်း
"၀လုံး"ရှေ့မှာ "ဘ"ကို ကပ်ထား
ဘ၀ဆိုတာ ဘယ်တော့မှအမြဲမခါးဘူး ချစ်သူငယ်ချင်း။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.