Wednesday, March 16, 2011

အောင်မြင်မှုဆိုတာ-တိုက်ယူမှရတာ

ပြုံးသူတွေနိုင် ရှုံးသူတွေမှိုင်တဲ့ဒီပွဲမှာ

အပြုံးတွေမဝေနိုင်ခဲ့လို့ 

ငေးငိုင်ကာ နေရတော့မှာလား..?

သူငယ်ချင်း

မျှော်လင့်စိတ်ကူး

ဒီတစ်ခါလည်းမထူးဘူးဆိုပြီး

ရူးမိုက်စွာ ဆုံးဖြတ်

ပညာရေးကို အဆုံးမသတ်ပါနဲ့ 

စဉ်းစားပါ သူငယ်ချင်း

မညီညာတဲ့ ပညာရေးလမ်းကောက်

ဆူးကြောက်လို့ ဒူးထောက်ခဲ့သူတွေ

အောင်မြင်မှုသရဖူပန်း

ဘယ်သူများ ဆင်မြန်နိုင်လို့ လဲ..?

ဒီမှာ သူငယ်ချင်း

လဲရင် ပြန်ထ

လွဲရင် ပြန်စလို့ (၁ လုံး ၂လုံး ၃လုံးမပါ)

ပြန်ချမည့်အားမာန်မွေး

အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်

ကမ်းမမြင်တဲ့ ပင်လယ်ပြင်မှာ

ဇနက. .က.လက်ပစ်ကူး

မေခလာက ရူးနေသလား...? တဲ့

နောက်ဆုံးတော့

ဇွဲရှိသူအတွက်

မေခလာ ကယ်ရတာပဲမဟုတ်လား

ဒီလိုပါပဲ

အခက်အခဲမှန်သမျှကို

လက်တွဲကာကြံဆလို့ 

ပညာရေးဆိုတာ တိုက်ပွဲတစ်ခု

တိုက်ရဲရင်တိုက်

အရှုံးဆိုတာ ဂရုမစိုက်နဲ့ ပေါ့

အချိန်နဲ့ ဖွဲ့ စည်း

ပညာရေးဆိုတဲ့ ခရီးကြမ်းမှာ

ဒဏ်ရာဆိုတာရှိမှာပဲ

နောင်တလည်းမရနဲ့ 

(လွန်သွားပြီ )

ကံကြမ္မာကိုလည်း မ.တ. နဲ့ 

(သူလည်း မ.မနိုင်ဘူး)( လေးလို့  )

အားနည်းချက်ကိုပြန်သုံးသပ်

ဥာဏ်လေးနဲ့ -ဆုံးဖြတ်

ဝီရိယလေးအမြဲကပ်

သံယောဇဉ်တွေ ခဏဖြတ်

ဒိုလေးတို့ ကိုဘေးချိတ်

တိတ်တိတ်ကလေး စိတ်စိုက်

တိုက်ရဲမှ အောင်မှာပေါ့ ..။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.