Wednesday, March 2, 2011

လျှောက်ထားလွှာ


မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) (13 03 2011) ရက် တနင်္ဂနွေနေ့ တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအတွက် အတန်းလိုက်ရွေးချယ် ခြင်းခံကြရသော သံဃာတော်အရှင်သူမြတ်တို့ဘုရား၊-----

အရှင်ဘုရားများ၏ အောက်ပါအချက်အလက်များပါဝင်သော ထေရုပ္ပတ္တိအကျဉ်းကို (တစ်လအတွင်းရိုက်ကူးထားသော ပတ်စပို့ သုံး တစ်ပိုင်းပုံ ဓာတ်ပုံဖိုင်တစ်ခုနှင့်တကွ) newclass123@gmail.comသို (04, 03, 2011)ရက် သောကြာနေ့ နောက်ဆုံးထားပို့ ပေးတော်မူကြ ပါရန် ရိုသေစွာ အသိပေးလျှောက်ထားဝံ့ပါသည် သံဃာတော် အရှင်သူမြတ်တို့ ဘုရား။

() ဘွဲ့ တော်

() သက်တော်

() သိက္ခာတော်

() အိုင်တီနံပါတ်

() မွေးရပ်ဇာတိ

() မွေးသက္ကရာဇ်

() ပညာဆည်းပူးခဲ့သော ကျောင်းတိုက်များ

() အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ (လောကီအတန်းအောင်မြင်မှု ရှိလျှင်လည်း ဖော်ပြရန်နှင့် အောင်လက်မှတ်မိတ္တူတင်ပြနိုင်လျှင် တင်ပြပေးပါရန်)

() လက်ရှိပညာဆည်းပူးနေသော တက္ကသိုလ် (သို့ မဟုတ်) ကောလိပ်

ရွေးကောက်ပွဲကျင်းပရေးကော်မတီ

2 comments:

  1. အိုင်တီ/အိုင်ဒီ (ID) နံပါတ်ဆိုတာ ပါတ်စပို့စ်နံပါတ်လား သံဃာတော်များဘုရား

    ReplyDelete
  2. ဟုတ်တယ် (၄) အိုင်တီနံပါတ်ဆိုတာ ဘာကို ဘာပြောတာလဲ မသိဘူး
    မဆီမဆိုင် ဒီနေရာမှာ Information Technology (IT) ၀ါ (အိုင်တီ)
    ကိုပြောတာလည်း မဖြစ်နိုင်ဘူး
    Identity or Identification (ID) ၀ါ (အိုင်ဒီ) ကို ပြောတာဖြစ်လောက်တယ်
    ဒါဆိုရင် Student ID နံပါတ်လား?
    ဒါမှမဟုတ် Passport ID နံပါတ် လား ?

    ရှင်းနေတာကို ခက်အောင်တော့ မလုပ်လိုက်ကြပါနဲ့

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.