Wednesday, March 9, 2011

အသိပေးလျှောက်ထားလွှာ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) Myanmar Student Monks Organization (Thailand) သံဃာတော်အရှင်သူမြတ်တို့ဘုရား---

M.S.M.O ဗဟိုကော်မတီအသစ်အတွက် အောက်ပါအတိုင်း နေရာရာထားပါသည် သံဃာတော် အရှင်သူမြတ်တို့ ဘုရား။

ရွေးကောက်ပွဲကျင်းပရေးကော်မတီက ၂၅ပါးသော ရွေးကောက်ပွဲဝင် ကော်မတီလောင်းများမှ ၁၈-ပါးကို ဗဟိုကော်မတီအသစ်အတွက် ရွေးချယ်ရာထားခဲ့ပါသည်။ ထို၁၈ပါးမှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်နေရာအတွက် လေးပါးကို ဆက်လက်ရွေးချယ်ရာထားခဲ့ပါသည်။ ထိုလေးပါးမှ နှစ်ပါးကို ရွေးကောက်ပွဲလာ MSMOကျောင်းသားသံဃာတော်များက ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်နေရာအတွက် မဲဖြင့်ရွေးချယ်ရပါမည်။ မဲအများဆုံးရသောသူသည် ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယ မဲအများဆုံးရသောသူသည် ဒုတိယဥက္ကဋ္ဌဖြစ်လာပါလိမ့်မည်။

အခြားကျန်ရှိနေကြသောကော်မတီလောင်းများမှ နှစ်ပါးကို ရွေးချယ်၍ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်နေရာများတွင် ရွေးချယ်မခံရသော ကော်မတီလောင်းနှစ်ပါးနှင့် ပေါင်းပြီး အတွင်းရေးမှုးနှင့် ဒုတိယအတွင်းရေးမှုး နေရာများအတွက် လေးပါးရာထားသွားပါမည်။ ထိုလေးပါးမှ နှစ်ပါးကို ရွေးကောက်ပွဲလာ MSMOကျောင်းသားသံဃာတော်များက မဲဖြင့်ရွေးချယ်ရပါမည်။ အတွင်းရေးမှုးနေရာများအတွက်လည်း မဲအများဆုံးရသောသူသည် အတွင်းရေးမှုးဖြစ်ပြီး ဒုတိယ မဲအများဆုံးရသောသူသည် ဒုတိယအတွင်းရေးမှုးဖြစ်လာပါလိမ့်မည်။

ဤနည်းအတိုင်းပင်လျှင် ဘဏ္ဍာရေးမှုး၊ စာရင်းစစ်မှုးစသည့်နေရာများအတွက်လည်း ကျန်ရှိနေသေးသောကော်မတီလောင်းများအထဲမှ သုံးပါးကျစီ ရွေးချယ်၍ အတွင်းရေးမှုး နေရာစသည်တို့ တွင် ရွေးချယ်မခံရသော ပုဂ္ဂိုလ်နှစ်ပါးစီတို့ နှင့် ပေါင်းပြီး ငါးပါးကျစီ နေရာ ရာထားသွားပါမည်။ ရွေးကောက်ပွဲလာ MSMOကျောင်းသားသံဃာတော်များက သုံးပါးကျစီပေါ်ထွက်လာအောင် မဲဖြင့်ရွေးချယ်ပေးရပါမည်။

ဤသို့ အားဖြင့် ဘုရားတပည့်တော်တို့ ၏ရွေးကောက်ပွဲကို ကျင်းပလိမ့်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးဝံ့ပါသည် သံဃာတော်အရှင်သူမြတ်တို့ ဘုရား။

ရွေးကောက်ပွဲကျင်းပရေးကော်မတီ

1 comment:

  1. ဆန္ဒာဂတိ စတဲ့ အဂတိကင်းပြီး ကြိုတင်မဲတွေမရှိတဲ့ ရွေးကောက်ပွဲကြီးမှ သန့်ရှင်းဖြူရှင် သာသနာ့အာဇာနည်တွေ မြင်တွေ့ရမှာကို စိတ်လှုပ်ရှားနေမိပါတယ် ဘုရား

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.