Saturday, April 16, 2011

ပညာသင်စရိတ်ထောက်ပံ့လှူဒါန်း

(A.O.S)သိုးမွှေးစက်ရုံမိသားစုများမှ မြန်မာကျောင်းသားရဟန်းတော်
များအတွက် (၄)လစာ ပညာသင်ထောက်ပံ့ငွေ ၁၁၄၆၀(တစ်သောင်းတစ်ထောင်လေးရာခြောက်ဆယ်)
ကျပ်ကို လှူဒါန်းပါသည်။
အလှူငွေကို ဘဏ္ဍာရေးမှူး(၁)ဦးဝိသုဒ္ဓ အားအပ်နှံပြီဖြစ်သည်။

Tuesday, April 12, 2011

ကျန်းမာရေးစရိတ် ထောက်ပံ့လှူဒါန်းခြင်း



31/March 2011

မဟာချုလာလောင်ကွန်းတက္ကသိုလ်(ချင်းမိုင်)တွင် ပညာသင်ကြားနေသော
အရှင်ပညာဇောတသည် ကျန်းမာရေးမကောင်းပါသဖြင့် မြန်မာကျောင်းသား
ရဟန်းတော်များအဖွဲ့မှကျန်းမာရေးစရိတ်အလှူငွေ(၂၁၅၀၀)ဘတ်တိတိကို
ထောက်ပံ့လှူဒါန်းပါသည်။
အရှင်ပညာဇောတ
B.A တတိယနှစ်၊ မဟာချုလာလောင်ကွန်းတက္ကသိုလ်(ချင်းမိုင်)

လှူဒါန်းသူ...(မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကိုယ်စား) ဦးနေမိန္ဒ(B.A) ပထမနှစ်၊(ချင်းမိုင်)

အသိပေးလျှောက်ထားခြင်း

သံဃာတော်အရှင်သူမြတ်တို့ဘုရား...တိပိဋကဆရာတော်ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ
၏ကျောင်းသားရန်ပုံငွေတရားပွဲကို မူလကသင်္ကြန်ကာလအတွင်း ကျင်းပရန်
စီစဉ်ထားခဲ့ပါသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရန်ပုံငွေတရားပွဲကို
ရွေ့ဆိုင်းလိုက်ရပါသည်။
နောင်ကျင်းပဖြစ်လျှင်လည်း အချိန်နှင့်နေရာကိုအတိအကျသတ်မှတ်ပြီးမှ
ထပ်မံအသိပေးလျှောက်ထားပါမည်ဘုရား။

မဟာချိုင်ယဉ်တိုက်မှု အလှူငွေပေးအပ်လှူဒါန်း









မဟာချိုင်ယဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရခဲ့ကြသော မြန်မာအလုပ်သမားများကို M.S.M.O မြန်မာကျောင်း
သားရဟန်းတော်များအဖွဲ့၊MWRN ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့တို့ဖြင့် ယာယီဖွဲ့စည်း
ထားသော ကူညီထောက်ပံ့ရေးကော်မတီမှအဖွဲ့ဝင်များ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ အလှူငွေပေးအပ်
လှူဒါန်းခဲ့ကြသည်။

မဟာချိုင်ယဉ်တိုက်မှု ကူညီခဲ့သောမှတ်တမ်းဓာတ်ပုံနှင့်အလှူရှင်များစာရင်း







မဟချိုင်ယဉ်တိုက်မှုအတွက် ကူညီထောက်ပံ့ဆောင်ရွက်ရန် M.S.M.O မြန်မာကျောင်းသားများအဖွဲ့၊ ၀တ်တလုံးကျောင်းတိုက်မှမြန်မာသံဃာတော်များ၊ A.S.M.A ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၊
MWRN ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်အဖွဲ့ နှင့် တစ်ခြားသောစေတနာအလှူရှင်များ
အဖွဲ့အသီးသီးတို့မှ စုပေါင်းရရှိသောအလှူငွေများကို အဓိကတာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသော
M.S.M.O နှင့် MWRN အဖွဲ့ဖြင့် ယာယီဖွဲ့စည်းထားသော ကူညီထောက်ပံ့ရေးကော်မတီသို့ အလှူငွေ
များပေးအပ်လှူဒါန်းခဲ့ကြသည်။

အောက်ပါဖိုင်တွင် အလှူရှင်များစာရင်းကိုကြည့်ရှုနိုင်ပါသည်။
car accident







M.S.M.Oမှ ယာဉ်တိုက်မှု့ ထောက်ပံ့ငွေပေးအပ်ခြင်း

M,S,M,O မြန်မာကျောင်းသားရဟန်းတော်များမှ ယာဉ်တိုက်မှု့ ထောက်ပံ့ငွေပေးအပ်
ဧပြီလ (4,4,2011)ရက်နေ့ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများ
လိုက်ပါလာသည့် ကားတစ်စီးနဲ့ ကုန်တင်ကား တစ်စီးတို့ ယာဉ်တိုက်မှု့ဖြစ်ပွားရာသေဆုံးသူ
အများအပြား ရှိခဲ့ပါသည်။
ထိုင်းနိုင်ငံ မြို့တော် အနောက်တောင်ဘက် မိုင် ၆၀ ကျော်လောက်အကွာမှာရှိတဲ့
စမုန့်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ တလကုန်းဈေးရှေ့မှာ ထိုင်းနိုင်ငံပိုင် Galland
(ဂါလန်ရုံ)ရေထွက်ပစ္စည်း စက်ရုံက မြန်မာအလုပ်သမားများအား တင်ဆောင်ထားသော
ထွက်ခွာခါနီး ဖယ်ရီကားကို အရှိင်ပျင်းစွာမောင်နှင်လာသော ကုန်တင်ကားတစီးက
နောက်မှ ၀င်တိုက်ကြောင်း သိရှိရ၍ ၅-၄-၂၀၁၁ အဂါင်္နေ့တွင် M.S.M.Oကျောင်းသားအဖွဲ့စည်းမှ
အတွင်းရေးမှုးဆရာတော် အရှင်သြဘာသ၊ ဘဏ္ဍာရေးမှုးဆရာတော်အရှင်ကောဝိဒ၊ အရှင်ဝိသုဒ္ဓ
ပြန်ကြားရေးဆရာတော် အရှင်ပညာစာရ၊ အသင်းဝင်ကြီးကြပ်ရေးမှုးဆရာတော် အရှင်အာစာရတို့
သွားရောက်ကာ ဘတ်ငွေ ၁၅၀၀၀ ကိုထောက်ပံ့ကူညီခဲ့ပါသည်။

၎င်းယာဉ်တိုက်မှု့ ဖြစ်ပွားရာသို့ကြွရောက်လာသောမြန်မာရဟန်းတော်များနှင့်မြန်မာ
ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကွန်ယက် (M W R N)တို့ပူးပေါင်း၍
၎င်းယာဉ်တိုက်မှု့တွင် ထိခိုက်၊ သေဆုံး ၊ဒဏ်ရာ ရရှိသူများအား ကူညီထောက်ပံ့ရန်
အတွက် ယာယီကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပါသည်။


ကော်မတီဝင်ရဟန်းတော်များ
၁။ ဦးဇောတိက (၀ပ်အရုဏ်)zawtik@gmail.com (084 646 5663)
၂။ ဦးကောဝိဒ (၀ပ်တလုံး) ashinkawwida@gmail.com (087 703 9856)
၃။ဦးကုဝေရ (၀ပ်တလုံး) (084 674 2634)
၎။ ဦးပညာသာရဗောဓိ (၀ပ်တလုံး) pyinnyarsare@gmail.com (087 511 1275)
၅။ဦးသြဘာသ (M.S.M.O) ashinaubasa@gmail.com (082 765 8279)
၆။ ဦးဝိသုဒ္ဓ(M.S.M.O) visuddhayaw@gmail.com (084 671 4772)
၇။ဦးပညာစာရ(M.S.M.O) pyinnyarlay@gmail.com (082 446 5482)

ကော်မတီဝင်လူပုဂ္ဂိုလ်များ
၁။ ဦးအောင်ကျော် ( MWRN) (086 755 5337)
၂။ ဦးတိုး ( HRDF) (086 891 5803)
၃။ ဦးဗိုလ်ဝင်း (မဟာကရုဏာစာကြည့်တိုက်) (083 545 7457)
၎။ ကိုဇော် (MWRN) (085 404 4592 )
၅။ ကိုဇော် (MWRN) (089 414 2797)
၆။ ဦးလှစန်း (MWRN) (088 863 1982)
၇။ ကိုကျော်သူ (ဒို့မြန်မာအမျိုးဂုဏ်ပြန်လည်မြှင့်တင်ရေးအဖွဲ့) (087 999 9115)
၈။ ဦးမြင့်လွင် (MWRN) (089 455 3077)
၉။ ဦးသီလ (MWRN) (087 764 7967)
၁၀။ ကိုစည်သူ (MWRN) (089 7719 189)
၁၁။ ကိုမိုးသီး (ရပ်ထိုင်းအဖွဲ့) (085 385 4481)
၁၂။ ဦးမောင်သန်း (အနှိုင်းမဲ့နာရေးကူညီမှုအသင်း) (085 175 0648)
၁၃။ ကိုမောင်မောင်ခိုင် (ဓမ္မပါလအဖွဲ့) (080 021 3508)
၁၄။ ဦးမြင့်အောင် (MWRN) (083 014 3860)
၁၅။ ဦးမောင်ဝင်း (စိတ်သုခပန်းအသင်း) (085 373 2664)




လူနာများအား လှုဒါန်းရန်လျာထားချက်
• လက်ရှိဆေးရုံသုံးရုံရှိ လူနာဦးရေ ၅၀ ဦး (အရေးပေါ် လူနာ ၆ ဦး အပြင်လူနာ ၄၄ ဦး)။
သေသူ (၉) ဦး ( ထိုင်း ၂ ဦး ၊ မြန်မာ ၇ ဦး)။
• စုစုပေါင်း( ၁၀။၀၄။၂၀၁၁ )နေ့အထိအလှူခံရရှိငွေ ၂၁,၆၅၀၃ ဘတ်တိတိ
• သေဆုံးသူမိသားစုများအား တစ်စုလျှင် ထောက်ပံ့လှူဒါန်းငွေ ၃၀၀၀ ဘတ် ။ ၎င်းအလှူပွဲတွင် ၀ိုင်းဝန်းလှူဒါန်းငွေ
တစ်ဦးလျှင် ၁၇၈၀ ဘတ် (စုစုပေါင်း ထောက်ပံ့ငွေ ၄၇၈၀ ဘတ်)
• အတွင်းလူနာတစ်ဦးလျှင် ၁၂၀၀၀ နှုန်းစီထောက်ပံ့လှူဒါန်းမည်။
• အပြင်လူနာတစ်ဦးလျှင် ၁၅၀၀ ဘတ်နှုန်းစီ ထောက်ပံ့လှူဒါန်းမည်။
မှတ်ချက်။ ။အပြင်လူနာများမှ ဒဏ်ရာပိုမိုဆိုးရွားသောလူနာများအား သတ်မှတ်ချက် ၁၅၀၀ အပြင် လိုအပ်သလို ပိုမိုထောက်ပံ့လှူဒါန်းသွားမည်။

ကော်မတီ၏ဆက်လက်ရပ်တည်မှုအစီအစဉ်
၁။ ကော်မတီသည် (၁၀။ ၀၄။ ၂၀၁၁ )နေ့တွင် အလှူငွေ လိုက်လံအလှူခံမှုအား ရပ်ဆိုင်းသည်။
၂။ စေတနာအလျှောက် အလှူရှင်ပေါ်ပေါက်လာပါက လက်ခံ၍စီမံခန့်ခွဲလှူဒါန်းပေးမည်။
၃။ ကော်မတီ၏သက်တမ်းသည် အပြင်/ အတွင်းလူနာများ ဆေးရုံမှဆင်းသွားသည့်နေ့အထိ ကူညီရေးကိစ္စများအား လုပ်ကိုင်ဆောင်ရွက် တည်ရှိနေမည်။
၎။ M W R N သည် ဆေးရုံကုသပြီးလွန်ကာလများ၌ သက်ဆိုင်သူများရသင့်ရထိုက်သောအကျိုးခံစားခွင့်များ ရရှိမှု ရှိ /မရှိ ဆက်လက်စောင့်ကြည့်ရန်ဖြစ်ပြီး အကယ်၍ ၎င်းကိစ္စများဆုံရှုံးခဲ့သော် ကော်မတီသည် ဥပဒေလမ်းကြောင်းမှအကျိုးဆောင်ပေးရန်ပြန်လည်အသက်ဝင်လှူပ်ရှားမည်။


ဆက်လက်၍ငွေရှင်းတမ်းများနှင့်မှတ်တမ်းဓာတ်ပုံများကိုလည်းတင်ပေးနေသည်။

Monday, April 4, 2011

တရားပွဲ ကျင်းပ ပြီးစီးခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (M.S.M.O) အဖွဲ့အား ASIAN ( တိမ်ပြာ ) မိသားစုများနှင့် အကျိုးဆောင်ဒါယကာ ဒါယိကာမတို့မှ တရားချီးမြှင့်ပေးပါရန် ပင့်လျှောက်လာ၍ -
ကော်မတီမှ တာဝန်ပေး ပင့်လျှောက်ချက်အရ ကျောင်းသားရဟန်းတော်များအဖွဲ့ ကိုယ်စား အရှင်ဝိသုဒ္ဓ (ဘာသန္တရဆေကဓမ္မာစရိယ) P.S.E.(Dip), B.A ( Indo Aryan ), M.A ( First year ) မဟာချူလာလောင်ကွန်တက္ကသိုလ် (ဘန်ကောက်)မှ (၃-၄-၂၀၁၁)နေ့တွင် ည (၆)နာရီမှ (၁၀)အထိ တရားဓမ္မများကို ထာ့ကျင်ဂေဟ (၁၀)ထပ် တိုက်အောက်တွင် ဟောကြားခဲ့ပါသည်။ ယင်းတရားပွဲသို့ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ဝိသုဒ္ဓ(ယော)နှင့် ပြန်ကြားရေးမှူးဆရာတော် အရှင်ပညာစာရတို့ ကြွရောက် ချီးမြှင့်ခဲ့ကြပါသည်။
ဓမ္မပူဇာဝတ္ထုငွေ စုစုပေါင်း နှစ်သောင်းနှစ်ရာကိုးဆယ် (၂၀၂၉၀)ဘတ်တိတိကို တရားနာပရိသတ်များ၏ ကိုယ်စား အကျိုးဆောင် ဒါယကာ ဒါယိကာများမှ တရားဟောဆရာတော် အရှင်ဝိသုဒ္ဓအား ဆက်ကပ်လှူဒါန်းရာ၊ ယင်းအရှင်မြတ်မှ တဆင့် ကျောင်းသားရဟန်းတော်များအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဆရာတော် အရှင်ဝိသုဒ္ဓ(ယော)ထံသို့ တပါးတည်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ကော်မတီ၏စည်းဝေး ဆုံးဖြတ်ချက်အရ ယင်းတရားပွဲမှ ရရှိလာသည့် ဓမ္မပူဇာ ၀တ္ထုငွေများကို မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ပညာသင်ကြာရေး ကျောင်းတွင် လိုအပ်လျှက် ရှိသော ကွန်ပျူတာများအတွက် ထပ်မံ ဖြည့်တင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Saturday, April 2, 2011

ကမ္ဘာကြီး မယိမ်းယိုင်စေဖို့



သတင်းကို အထိတ်တလန့် ဖတ်၊
ကမ္ဘာကြီး ပျက်တော့မယ်တဲ့။
ကမ္ဘာပျက်ဖို့ အစ၊
ကောလာဟလ တဲ့။
လွန်ခဲ့တဲ့ (၁) နှစ်၊
ဟာသ အဖြစ် ရုပ်ရှင်တောင် လုပ်လိုက်ကြသေးတယ်။
နှစ်ထောင့်ဆယ့်နှစ် ကမ္ဘာပျက်ခြင်း ဖြစ်မည် - တဲ့။
သူ သူ ငါ စမ်းတဝါး၊
လမ်းသလားတောင် မပျက်ခဲ့ကြပါဘူး။
ပျော်ရွှင်စရာ ဟာသများ၊
သူရော ငါပါ ပြောခဲ့ကြသေးတာပဲ။
ခုများတော့ နှစ်ထောင့်ဆယ့်တစ် အလယ်၊
မျက်စိ သူငယ်၊ နားသူငယ် ဖြစ်ရတော့မယ်။
စာပေကို ပြေးလှန်၊
အင်း…
ဒါဟာ ကမ္ဘာပျက်ခြင်း အမှန်တော့ မဟုတ်နိုင်ပေဘူး။
နိဒါန်းအစ သရုပ်ပြခြင်းကတော့ ဖြစ်နိုင်တယ်၊
သူသူ ငါ မကယ်နိုင်တာလည်း ကျိန်းသေတယ်။
မကောင်းမှုတို့ ဦးတည်ရာ၊
အရှက်နဲ့ အကြောက်၊
သူ့တို့ကို စောင့်ရှောက်ရင်ခဲ့ရင်ပေါ့။
မေတ္တာတရားကို အရင်းတည်၊
စာနာမှု ညှာတာမှုတွေ ကိုယ်စီနဲ့ပေါ့။
သောကရောက်တုန်း အားပေး၊
ပျော်ရွှင်မှုလေးတွေ ရှိစေဖို့ပေါ့။
သူချမ်းသာတာ ကိုယ်ဝမ်းမြောက်၊
မနာလိုစိတ်တွေ မရောက်ခဲ့ဘူး ဆိုရင်ပေါ့။
ငြိမ်းချမ်းမှုတွေ ကိုယ်စီရ။
ကမ္ဘာကြီးလည်း လှပနေမှာပဲပေါ့။
သူသူ ငါငါလည်း သောက မရောက်နိုင်တော့ဘူးပေါ့။
စိမ်းလန်းလို့ စိုပြေ၊
ဘဝအခြေတွေ တင့်နေကြစေဖို့ပေါ့။
ဓန အခြေတွေ မြင့်လို့ ဝေဆာကြစေဖို့ပေါ့။
သူလည်း ထိန်း၊
ငါလည်း သိမ်း၊
ကမ္ဘာကြီး မယိမ်းယိုင်စေဖို့၊
တို့များ စောင့်ရှောက်ကြပါစို့ကွယ်။

ပြေးထွက်သွားပြီ



သဘာဝ မဟုတ်တဲ့ အေးခဲမှုတွေကြားမှာ၊
ဘယ်လိုမှ မအေးစက်နိုင်။
ခန္ဓာကိုယ်က အေးစက်
စိတ်တွေက ချွေးထွက်နေတယ်။
ဘာလုပ် ရမှာလဲ?။
ဒါဟာ ဘဝ၊ ဒါဟာ အစ၊
ကမ္ဘာ ပျက်ခြင်းရဲ့ နိယာမလား။
သမိုင်း ပညာရှင်၊ သိပ္ပံ ပညာရှင်တွေက ကာကွယ်၊
ဘယ်အချိန်မှာ ဘယ်လိုဖြစ်၊
ရှေးဖြစ်တွေ ကြိုတွက်ကြပေမယ့်၊
ရှေးသနစ်တွေ ကြိုချက်ကြပေမယ့်၊
အချိန်တန်တော့ ဆွဲယူ၊
လဲသူက လဲ၊ ကွဲသူက ကွဲ၊ မွဲသူက မွဲ၊ ဆဲသူက ဆဲ။
မြေသြဇာကို ငါတို့သုံး၊
ခုတော့ လူလုံးလည်း မလှနိုင်တော့။
တဖန် ပြန်လည်ကာ ပေးဆပ်၊
သဘာဝရဲ့ ဒဏ်ရာ ဒဏ်ချက်ပေပဲ။
သြော် . . . တွေးတုန်း ငေးတုန်း ငေးတုန်း ရေးတုန်း။
“ဝုန်း”ဆို အသံမြည်လာတယ်။
အတွေးစတို့ အပိုင်းပိုင်း ပြတ်၊ တွေးမရလို့ ဒီအတိုင်းတိုင်း ရပ်။
ကြောက် ကြောက် လန့် လန့် ထအကြည့်၊
ဘာမှ မရှိပါဘူး။
ကိုက်မိသည့် ကြောင် နှစ်ကောင်က ပြေးထွက်သွားပြီ။


မောင်ပညာ (မန်းတက္ကသိုလ်) http://www.myozarni.com/
Myanmar Student Monks Organization in Thailand. Powered by Blogger.